သတင်းများ

အာဏာသိမ်းစစ်တပ််မီးရှို့လို့ ရေစကြို၊ တောင်ဦးရွာက နေအိမ် ၁၆ လုံးမီးလောင်ပျက်စီး

October 19, 2022

ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်က တောင်ဦးကျေးရွာကို အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ မနေ့က ဝင်ရောက်မီးရှို့ခဲ့တာကြောင့်နေအိမ် ၁၆လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံရွာသားတွေဆီကသိရပါတယ်။ မီးလောင်သွားတဲ့ အိမ် ၁၆ လုံးမှာ ၁၀ လုံးဟာ ပြာကျခဲ့တယ်လို့ ရွာထဲရှင်းလင်းရေးဝင်လုပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။ ” အိမ်က အိမ်ကြီးအိမ်ကောင်းတွေပဲ ရှို့ခံရတာ၊တိုက်အိမ်တွေပဲ၊သူတို့ကအိမ်ထဲက ယူချင်တာတွေယူပြီးအိမ်တွေကိုမီးရှို့ခဲ့တာ၊အကုန်ပျက်စီးတာတော့ ၁၀လုံးပါ “လို့ ဒေသခံက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရွာသားတွေလည်းရွာထဲ ပြန်ဝင်ရောက်လာပြီး နေအိမ်မီးလောင်သွားတဲ့မိသားစုဝင်တွေအတွက် ငွေကြေးထောက်ပံ့မှုလိုအပ်လျက်ရှိတယ်လို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲဝင်ရောက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ မနေ့က ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်သား ခြောက်ဦးသေဆုံးခဲ့တယ်လို့ ရေစ​ကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ကထုတ်ပြန်ထားပါတယ်။ ပုံစာ – တောင်ဦးရွာက မီးရှို့ခံထားရတဲ့နေအိမ်များ။ ဓာတ်ပုံ – Yesagyo […]

အပြည့်အစုံဖတ်ရန်

ရင်ပေါင်တိုင်ကျေးရွာအနီး လေကြောင်းကနေ ပစ်ခတ်တာကြောင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရ

October 19, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအနီး ဒီကနေ့ နံနက်မှာ အာဏာသိမ်းစစ်တပ်ကရဟတ်ယာဥ်သုံးပစ်ခတ်တာကြောင့် အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ရဟတ်ယာဥ်သုံးစီးနဲ့ စစ်သားတွေကို ပုထိုးသာကျေးရွာနဲ့ရင်ပေါင်တိုင်ကျေးရွာမှာ ချသွားပြီး တိုက်လေယာဉ်နှစ်စီးက ကာပစ်​ပေးချိန်မှာ နုန်းတန်းကျေးရွာက အမျိုးသမီးနှစ်ဦး ထိမှန်ခဲ့တာလို့ပြောပါတယ်။ “သူတို့က မြေပြင်ကိုရမ်းပစ်သွားတာ၊ ထိသွားတဲ့အမျိုးသမီးနှစ်ယောက်ကတော့သေတယ်ကြားတယ်၊ဒါပေမဲ့သေချာတော့အတည်မပြုနိုင်သေးဘူး”လို့ ဒေသခံကပြောပါတယ်။ ရင်ပေါင်တိုင်ကျေးရွာအနောက်မြောက်ထောင့်မှာရှိတဲ့ထန်းတောက လူနေအိမ်နဲ့ လူနေတဲတွေကို ဒီနေ့ညနေ ၄:၀၀နာရီဝန်းကျင်မှာ စစ်တပ်ကမီးရှို့ခဲ့တယ်လို့ သူကပြောပါတယ်။ ပျားအိုကျေးရွာက ဒေသခံရွာသား ၁၅ယောက်ကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတယ်လို့ သူက​ပြောပါတယ်။ “ကြားတာတော့ မနေ့က သူတို့ထဲက အကောင်ကြီး​ကြီးနှစ်ယောက်ထွက်ပြေးတယ်ကြားတယ်ဗျ၊ ထွက်ပြေးတဲ့ဟာကိုသူတို့က ဒီဘက်မှာခိုလှုံနဲ့အထင်နဲ့စီးနင်းတဲ့သဘောနဲ့လာတာ”လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်မုံရွာနမခကနေ လာတဲ့ စစ်သားတွေဖြစ်ပြီးထောက်ပို့ရဟတ်ယာဉ်နှစ်စင်းနဲ့နှစ်ကြိမ် လာရောက်ပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်။ ပုလဲမြို့နယ်က ​ပုထိုးသာရွာ၊ရွာသစ်ရွာနဲ့ ယင်းမာပင်မြို့နယ်က […]

အပြည့်အစုံဖတ်ရန်

မြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးထဲပါဝင်နေ

October 18, 2022

ရန်ကုန်-၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း) မြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar) က ဒီနေ့ထုတ်ပြန်လိုက်တဲ့ ၂၀၂၂ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အင်တာနက်လွတ်လပ်မှုအခြေအနေကို ကဏ္ဍသုံးခုပေါင်း အမှတ် ၁၀၀ ပေးထားပြီး မြန်မာနိုင်ငံဟာ ၂၀၂၁ မှာ ၁၇ မှတ်နဲ့ ၂၀၂၂ မှာ ၁၂ မှတ်သာရတယ်လို့ အစီရင်ခံစာမှာဆိုထားပါတယ်။ အဲဒီအစီရင်ခံစာအရ အင်တာနက်လက်လှမ်းမီသုံးစွဲနိုင်မှုကဏ္ဍမှာ စစ်တပ်ဟာ နိုင်ငံအနှံ့အင်တာနက်ဖြတ်တောက်မှုတွေလုပ်တာ၊ မိုဘိုင်းဒေတာ အခွန်အခတွေတိုးမြှင့်ကောက်ခံတာတွေကြောင့် ၂၅ မှတ်မှာ ၂ မှတ်သာရရှိခဲ့ပါတယ်။ အကြောင်းအရာကန့်သတ်မှုကဏ္ဍမှာ အွန်လိုင်းပေါ်က တော်လှန်ရေးအတွက်စည်းရုံးမှုတွေနဲ့ တက်ကြွလှုပ်ရှားမှုတွေကို ပြင်းထန်စွာဖိနှိပ်မှုတွေကြောင့် ရမှတ် ၃၅ မှတ်မှာ ၆ မှတ်သာရပြီး သုံးစွဲသူအခွင့်အရေးချိုးဖောက်မှုကဏ္ဍမှာတော့ ရမှတ် ၄၀မှာ […]

အပြည့်အစုံဖတ်ရန်

ရေစကြို၊ တောင်ဦးရွာကို မီးရှို့နေတဲ့အာဏာသိမ်းစစ်တပ် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

October 18, 2022

ရေစကြို – ၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တောင်ဦးရွာကို မနေ့ မွန်းလွဲ ၂:၀၀ နာရီက မီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ် စစ်သားတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ရေစကြိုမြို့နယ်ထဲကို အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ တောင်ဦးရွာကိုမီးရှို့နေချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ ” ရွာက်ို မီးရှို့နေချိန်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ၊ သူတို့ဘက်ကလည်းပြန်လည်ပစ်ခတ်ပါတယ်၊ မီးလောင်တဲ့နေအိမ်ကိုတော့အတိအကျမသိရသေးပါဘူး၊ အဝေးကနေလှမ်းမြင်ရတာတော့မီးများတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိုင်၊ တာဝန်ရှိသူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ သံပြာချောင်းရွာဘက်ကနေ စစ်ကြောင်းထိုးလာပြီး တောင်ဦးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မနေ့က မနက် ၉:၀၀ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊Salingyi Special Task Force (SSTF)၊ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၆ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 18, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၆ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ်

October 18, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး” ၅၂၇ ရက်မြောက်သပိတ် ချီတက်ဆန္ဒထုတ်ဖော်

October 18, 2022

ယင်းမာပင် – ၂၀၂၂ အောက်တိုဘာ ၁၈(မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး “သွေးမအေးတဲ့ ရွှေနွယ်သွေး” သပိတ်ရဲ့ ၅၂၇ ရက်မြောက် ဒီကနေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ပခုက္ကူမှာ ဘုန်းကြီးကားတစ်စီး မိုင်းထိပြီး ဆရာတော်ပျံလွန်တော်မူ၊ သုံးဦးဒဏ်ရာရ

October 17, 2022

ပခုက္ကူ – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ပခုက္ကူမြို့၊ ညောင်လှရွာအနီးမှာ မနေ့ နေ့လယ်က ဘုန်းကြီးကားတစ်စီးမိုင်းထိပြီး ကားပေါ်ပါလာတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကားပေါ်ပါ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မိုင်းထိပြီးနောက် အနီးနားမှာ မိုင်း ၁၀လုံး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ​ဒေသခံတစ်ဦးကပြောပါတယ်။ “လမ်းမှာထောင်ထားတဲ့မိုင်းပေါ့၊ ဘုန်းကြီးကားကို တမင်ခွဲတာတော့မဟုတ်လောက်ဘူး၊ ကားကမိုင်းနင်းမိပြီးရပ်ထားတုန်း ပျူစောထီးတွေ ရောက်လာတယ်၊ မိုင်းနင်းမိတဲ့နေရာက ရွာနဲ့နီးတယ်၊ လမ်းကလည်းအများပြည်သူပိုင်လမ်းပါပဲ”လို့ ဒေသခံကပြောပါတယ်။ မိုင်းထိတဲ့ကားဟာ ပခုက္ကူအလယ်တိုက်ကျောင်းက ကားလို့ပြောပါတယ်။ မိုင်းထိတဲ့ကားမှာ သေနတ်ပစ်ခတ်ခံထားရတဲ့ အရာတွေတွေ့ရှိပေမယ့် ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရဘူးလို့ သူကပြောပါတယ်။ ညောင်လှရွာလမ်းမှာ တွေ့တဲ့မိုင်းတွေကို ပျူစောထီးတွေကလာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

“ထကြွ တော်လှန် ကျောင်းသားထုအားမာန်” ကလေးမြို့ပင််မသပိတ် ၆၁၈ ရက်မြောက်ဆန္ဒထုတ်ဖော်

October 17, 2022

ကလေးမြို့ – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးပင်မသပိတ်အင်အားစုရဲ့ ရက်ပေါင်း ၆၁၈ ရက်မြောက် ဒီကနေ့ဆန္ဒဖော်ထုတ်မှုဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

မြိုင်၊ သရက်ကန်ကျေးရွာက အာဏာသိမ်းစစ်တပ် လက်လုပ်လက်နက်ကြီးနဲ့ အချက် ၂၀၀ ကျော်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိ

October 17, 2022

မြိုင် – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာအတွင်းက အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကို မနေ့ည ၉:၃၀ ဝန်းကျင်က လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးမှုတွေရှိခဲ့တယ်လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင် တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေတပ်စွဲထားတဲ့ သရက်ကန်ကျေးရွာကို ၆၀မမ၊ ၈၀မမ၊ ၁၀၀မမ၊ ၁၂၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သူကပြောပါတယ်။ “ကျွန်တော်တို့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာပါဗျ၊ နေအိမ်တွေပျက်စီးတယ်လို့လည်းသိရပါတယ်၊ ငါးယောက်သေတယ်လို့သိရပါတယ်၊အခြားဒဏ်ရာရသူတွေကိုတော့ ရွာထဲမှာဆေးကုနေတယ်လို့သိရပါတယ်”လို့ ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင်က ဗိုလ်မီးပွားကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေကိုလက်လုပ်လက်နက်ကြီးနဲ့ အချိန်တစ်နာရီကျော်ကြာ အချက်ရေ ၂၀၀ ကျော် အဝေးကနေ လှမ်းပစ်ခတ်ခဲ့တာလို့ ဗိုလ်မီးပွားကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီးနဲ့ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ အခုတိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့(မြိုင်) […]

အပြည့်အစုံဖတ်ရန်

ကော်သူးလေ၊ နို့တကောမြို့နယ်ကို ကျူးကျော်လာတဲ့ အာဏာသိမ်းစစ်တပ်ကို KNLA ၊ နဂါးနီပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်၊ ခြောက်ဦးသေပြီး ၁၆ ဦးအရှင်ဖမ်းမိ

October 17, 2022

ကော်သူးလေ – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း) ကော်သူးလေ၊ နို့တကောမြို့နယ်(ကြာအင်းဆိပ်ကြီး)၊ တဂေးရွာနားမှာ ကျူးကျော်လာတဲ့ အာဏာသိမ်းစစ်တပ်ကို KNLA၊ နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ခြောက်ဦးသေဆုံးပြီး ၁၆ ဦးဖမ်းဆီးရမိကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ နို့တကောမြို့နယ်၊ တဂေးကျေးရွာအနီးမှာ အာဏာသိမ်းစစ်တပ် စကခ ၁၃ လက်အောက်ခံ ခမရ ၃၅၈ က ကျူးကျော်ဖို့ကြိုးစားလာတာကြောင့် အောက်တိုဘာ ၁၅ ရက်ကတစ်ကြိမ်၊ ၁၆ ရက်က တစ်ကြိမ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ သေဆုံး၊ ဖမ်းမိခဲ့သူတွေအပြင် ထွက်ပြေးသူ ၂၃ ဦးရှိတယ်လို့ဆိုပါတယ်။ ဒီတိုက်ပွဲတွေကနေ အာဏာသိမ်းစစ်တပ်ဘက်က MA1 ၇လက်၊ MA2 ၁လက်၊ MA3 ၇လက်၊ MA4 ၂လက်၊၆၀မမ ကွန်မန်ဒိုပြောင်း ၁လက်၊5.56ကျည် ၁၃၀၀၊လက်ပစ်ဗုံး […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ၅၈၅ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

October 17, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးရွာပေါင်းစုံလူထုသပိတ်ဟာ ၅၈၅ ရက်မြောက် သပိတ်ကို ဒီကနေ့မှာ ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 169 170 171 172 173 174 175 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."