ပခုက္ကူ – ၂၀၂၂ အောက်တိုဘာ ၂၃ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့ပတ်လမ်းနဲ့ မြို့သစ်လမ်းဆုံနေရာမှာ စစ်ဆေးရေးလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဒီကနေ့မနက်ပိုင်းက မိုင်းဆွဲခံရပြီး နှစ်ဦးနေရာတင်သေဆုံးခဲ့တယ်လို့ Yesagyo Revolution Group ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားရှစ်ယောက်က စစ်ဆေးရေးပြုလုပ်ဖို့ လာချိန်အသင့်ထောင်ထားတဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။
“သူတို့အဲ့နေရာနားမှာစစ်နေတာတော့ကြာပြီ၊ မိုင်းကွင်းထဲမရောက်လာသေးလို့ မဆွဲခဲ့တာပါ၊ဒီနေ့မိုင်းဆွဲတော့နှစ်ယောက်ကနေရာတင်လဲကျပြီးသေတယ်”လို့ Yesagyo Revolution Group ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခြားစစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပခုက္ကူ ဆေးရုံကြီးကိုပို့ဆောင်ကုသထားတယ်လို့သိရကာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်ကရဲတွေ အင်အားထပ်တိုးရောက်ရှိလာတယ်လို့ဆိုပါတယ်။
သစ်ဆွဲကား(၁၂ဘီးကား)ကိုလည်း မိုင်းစအနည်းငယ် ထိမှန်သွားတာကြောင့် တော်လှန်ရေးအဖွဲ့သားအားလုံး ကိုယ်စားတောင်းပန်ကြောင်း Yesagyo Revolution Group မှ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Yesagyo Revolution Group
#Dailynews

