သတင်းများ

မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်ကို ဆော့ကစားမိလို့ ပေါက်ကွဲပြီး ကလေးငယ်နှစ်ဦးသေဆုံး

December 17, 2022

ရင်ပေါင်တိုင် – ၂၀၂၂ ဒီဇင်ဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးချိန်က ကျန်ခဲ့တဲ့လက်နက်ကြီးကျည်ကို ဆော့ကစားမိတဲ့ လသားကလေးတစ်ဦးနဲ့ ငါးနှစ်အရွယ်ကလေးတစ်ဦး မနေ့ကသေဆုံးခဲ့တယ်လို့ ဒေသခံကိုဂဠုန်ကပြောပါတယ်။ နေအိမ်ရှေ့မှာတွေ့ရတဲ့ လက်နက်ကြီးကျည်ကို လူကြီးတွေက အန္တရာယ်မဖြစ်နိုင်ဘူးအထင်နဲ့ ပစ်ထားမိခဲ့ကြပြီး ကလေးနှစ်ဦးဆော့ကစားချ်ိန်မှာပေါက်ကွဲခဲ့တာလို့ပြောပါတယ်။ ” ငါးနှစ်အရွယ်ကလေးက မျက်နှာတခြမ်းထိတယ်၊လက်နှစ်ဘက်ထိပြီးနေရာတင်ပွဲချင်းပြီးသေတယ်၊ လသားအရွယ် ကလေးကတော့ ဆေးရုံပို့တဲ့အချိန်ဆုံးသွားတာ”လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။ သေဆုံးသူတွေဟာ အသက်ငါးနှစ်အရွယ်မောင်ထက်ဘုန်းနိုင်နဲ့ လသားအရွယ်မောင်ဟိန်းသူရကျော်တို့ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကစစ်သားတွေက ရင်​ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ရက်ကနေ၁၄ရက်နေ့အထိ စစ်​ကြောင်းထ်ိုးခဲ့ပြီး ရဟတ်ယာဥ်တွေနဲ့ပါပစ်ခတ်ခဲ့ချိန်က ကျန်ခဲ့တဲ့လက်နက်ကြီးအကြွင်းအကျန်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးခဲ့တဲ့ကျေးရွာတွေထဲမှာ နောက်ထပ်လက်နက်ကြီးအကြွင်းအကျန်တွေကျန်ရှိနိုင်တာကြောင့် ဒေသခံရွာသားတွေအနေနဲ့ သတိထားကြဖို့ လည်း လိုအပ်တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

December 16, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 16, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရွှေနွယ်သွေးသပိတ်ဟာ စစ်အာဏာရှင်ကို လူထုသပိတ်နဲ့ဆန့်ကျင်တော်လှန်လာတာ ဒီနေ့ဆို ၅၈၂ ရက်ရှိလာပါပြီ။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကလေးမြို့ပင်မသပိတ်၊ လူထုနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 16, 2022

ကလေးမြို့ – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဟာ ဒီကနေ့ညမှာ ဒေသခံပြည်သူတွေနဲ့အတူ ၆၇၈ ရက်မြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မြို့ အာဏာသိမ်းစစ်တပ်စခန်းများ တိုက်ခိိုက်ခံရပြီးနောက် ကျေးရွာများဆီ လက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ထည့်နေ

December 16, 2022

ကော်သူးလေ – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း) ဒီကနေ့ နံနက်အစောပိုင်း ကော့ကရိတ်မြို့က အာဏာသိမ်းစစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် အခုအချိန်မှာ ပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေဆီကို စစ်တပ်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ထည့်နေကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့နံနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ တံတားကျိုးဂိတ်၊ ခမရ ၂၃၁ တပ်ရင်းအပါအဝင်နေရာတချို့ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွါးခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ ထုံးစံအတိုင်း မြေပြင်တပ်တွေကို ကူဖို့ လေကြောင်းကနေ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ကာ မိနစ် ၂၀ ဝန်းကျင်ပစ်ခတ်ခတ်ခဲ့ပါတယ်။ ထိတွေ့ပစ်ခတ်မှုတွေပြီးဆုံးသွားပေမယ့်လည်း အာဏာသိမ်းစစ်တပ်ဘက်က ပြည်သူတွေနေထိုင်တဲ့မြို့တောင်ဘက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတုန်းပါ။ “ဒါကသူတို့ထုံးစံပဲ၊ သူတို့အလုပ်ခံရရင် အမြဲပြည်သူဆီပဲပစ်ထည့်တာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲဖြစ်ပွါးရာမှာ နှစ်ဘက်ထိခိုက်ကျဆုံးတွေနဲ့ပတ်သက်လို့ အတိအကျမသိရသေးပါဘူး။ အာဏာသိမ်းစစ်တပ်က ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ပစ်ထည့်နေတာကြောင့် […]

အပြည့်အစုံဖတ်ရန်

ပုသိမ်-မုံရွာလမ်းမပေါ်မှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒပြ

December 16, 2022

စစ်ကိုင်းတိုင်း – ၂၀၂၂ ဒီဇင်ဘာ ၁၆ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့နေ့စဉ်မပြတ်တော်လှန်ဆန့်ကျင်နေတဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ၆၄၅ ရက်မြောက်နေ့အဖြစ် ဒီကနေ့ ပုသိမ်-မုံရွာလမ်းမကြီးပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

လက်နက်ထုတ်လုပ်ရင်းပေါက်ကွဲလို့ ဒဏ်ရာရထားတဲ့ ရဲဘော်နှစ်ဦး ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေ

December 15, 2022

ယောဒေသ – ၂၀၂၂ ဒီဇင်ဘာ ၁၅ (မော်ကွန်း) ပြီးခဲ့တဲ့ ၂၀၂၂ မတ်လက ယောဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှာ လက်နက်ထုတ်လုပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့တဲ့ တော်လှန်ရေးရဲဘော်တချို့ဟာ အခုအချိန်ထိကောင်းမွန်စွာဆေးကုသမှုမခံယူရသေးဘဲ ခွဲစိတ်ကုသဖို့ အကူအညီတွေလိုအပ်နေကြောင်း မော်ကွန်းကသတင်းရရှိပါတယ်။ ယောဒေသတောင်ပိုင်း၊ ကပစ အမှတ် ၄ က ယောဧရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ လက်နက်ထုတ်လုပ်ဖို့ ယမ်းကြိတ်နေရင်း ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာပါ။ ဒီလိုပေါက်ကွဲခဲ့လို့ ရဲဘော် လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ရဲဘော်နှစ်ဦးဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး ထိခိုက်ဒဏ်ရာရခဲ့တာလို့ ယောဧရာရဲ့ တာဝန်ရှိသူ မရွှေဧရာကမော်ကွန်းကို ပြောပါတယ်။ နည်းပညာကောင်းကောင်းနားမလည်သေးချိန်မှာ ယမ်းကြိတ်ဖို့ အသားတွေ၊ အသီးတွေကြိတ်တဲ့ကြိတ်စက်နဲ့ လုပ်မိခဲ့ကြတယ်လို့ သူကဆိုပါတယ်။ “ကြိတ်စက်ရှိတော့ကြိတ်တဲ့ချိန်မှာ … ဖြစ်တာကလည်း သုံးလပိုင်းနေပူပြင်းတဲ့အချိန်ဆိုတော့ပေါက်ကွဲတာပေါ့”လို့ မရွှေဧရာကပြောပါတယ်။ ရဲဘော်လေးဦးမှာ ရဲဘော်နှစ်ဦးကဆေးရုံမှာ တစ်ပတ်တက်ရောက်ကုသခဲ့ရပြီး ကျန်နှစ်ဦးကတော့ ဒဏ်ရာတွေပြင်းထန်တာကြောင့် နှစ်လဝန်းကျင်ဆေးကုသမှုခံယူခဲ့ရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ ညနေဆည်းဆာသပိတ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းဆန္ဒထုတ်ဖော်

December 15, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း “ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ”ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဒီကနေ့ ညနေဆည်းဆာသပိတ်ဖြစ်ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

December 15, 2022

ယင်းမာပင် – ၂၀၂၂ ဒီဇင်ဘာ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်သပိတ်စစ်ကြောင်းတွေထဲက တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ -CJ #Dailynews

အပြည့်အစုံဖတ်ရန်

မတ္တရာမှာ အာဏာသိမ်းစစ်တပ်၊ စစ်ကား ခုနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲ

December 14, 2022

မတ္တရာ – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုးတော်တောင်ကွေ့အနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားခုနှစ်စီးကို ဒီကနေ့ ညနေ ၄:၃၀ ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူကပြောပါတယ်။ သပိတ်ကျင်းကနေ ထွက်ခွာလာတဲ့ စစ်ကားတွေကို မတ္တရာမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူကပြောပါတယ်။ ” သပိတ်ကျင်းကနေ မတ္တရာမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကားတွေပါ၊ ရိက္ခာပို့တဲ့ကားတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တော့ ထိခိုက်မှုတော့ရှိပါတယ်၊ အတိအကျသတင်းမရသေးပါဘူး”လိူ့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ စဥ့်ကူးပကဖတို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ဆောင်းတွင်း နံနက် ၂:၃၀ မှာ စစ်ကြောင်းထိုးလို့ ဆားလင်းကြီးမှာ ဒေသခံတွေထွက်ပြေးကြရ

December 14, 2022

ဆားလင်းကြီး – ၂၀၂၂ ဒီဇင်ဘာ ၁၄ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ဟာ ဆောင်းတွင်း နံနက် ၂:၃၀ မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း၊ ကြေးစင်တောင်တဝိုက် ပုသိမ်-မုံရွာလမ်းဘေးဝဲယာကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ “၁၂ရက်နေ့ကစလို့ လက်ပံတောင်း မြန်မာ-ဝမ်ပေါင်က တရုတ်တွေ နှစ်သစ်ကူးအိမ်ပြန်တာကို လုံခြုံရေးယူတယ်ဆိုပြီး လက်ပံတောင်း၊ ကြေးစင်တောင်တန်းတဝိုက်မှာ ပြည်သူတွေရဲ့ရွာတွေကို ဝင်ရောက်မွှေနှောက်နေတာတွေ အခုအချိန်ထိပြုလုပ်နေတာ”လို့ ဒေသခံကပြောပါတယ်။ နံနက် ၂:၃၀ ကနေ ၅:၀၀ လောက်ထိ ရရာဆိုင်ကယ်၊ ကား၊ နွားလှည်းတွေနဲ့ ဒေသခံတွေဟာထွက်ပြေးခဲ့ရပြီး အအေးဓာတ်လွန်ကဲနေတဲ့ ဆောင်းတွင်းအချိန်ဖြစ်တာကြောင့် ကလေးသူနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးစိုးရိမ်ရတယ်လို့ သူကပြောပါတယ်။ မနေ့ညကလည်း လက်ပံတောင်း၊ ကြေးစင်တောင်နားမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒုံးနောရွာနေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒုံးနောရွာနဲ့ဂုံနောရွာ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရေဦးက ရွာမိသာရွာကို အာဏာသိမ်းစစ်တပ်မီးရှို့

December 13, 2022

ရေဦး – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရွာမိသာရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။ “လက်နက်ကြီးနဲ့အရင်ထုတာ၊ အဲ့ဒါကြောင့်အားလုံးပြေးကြတာ၊ အခုမှစပါးတွေရိတ်ခါစ၊ အကုန်မီးထဲပါကုန်ပြီ၊ ဖုန်းတွေလည်းဆက်မရတော့ဘူး၊တစ်ယောက်တစ်နေရာစီအကုန်ကွဲနေကြပြီ”လို့ ရွာမိသာရွာကဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဝင်ရောက်လာပြီးရွာကိုမီးရှို့တာကြောင့်ဒေသခံရွာသားတွေထွက်ပြေးနေရပါတယ်။ နေထိုင်ရာထိုင်ခင်းအတွက် လှည်းပါသူတွေက လှည်းပေါ်မှာနေထိုင်နေရပြီး လှည်းမပါသူတွေက လမ်းဘေးမှာပဲနေနေရတယ်လို့ ဒေသခံကပြောပါတယ်။ ညောင်လှ၊ မူးဆုံ၊ ယူကလစ်ခြံဘက်မှာအထိုင်ချနေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ရွာထဲဝင်ရောက်လာတာဖြစ်ပြီး စစ်သားတွေရှိနေသေးတာကြောင့်နေအိမ်ပျက်စီးမှုအခြေနေကိုအတိအကျမသိရသေးဘူးလို့ ဒေသခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 158 159 160 161 162 163 164 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."