ရင်ပေါင်တိုင် – ၂၀၂၂ ဒီဇင်ဘာ ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာမှာ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးချိန်က ကျန်ခဲ့တဲ့လက်နက်ကြီးကျည်ကို ဆော့ကစားမိတဲ့ လသားကလေးတစ်ဦးနဲ့ ငါးနှစ်အရွယ်ကလေးတစ်ဦး မနေ့ကသေဆုံးခဲ့တယ်လို့ ဒေသခံကိုဂဠုန်ကပြောပါတယ်။
နေအိမ်ရှေ့မှာတွေ့ရတဲ့ လက်နက်ကြီးကျည်ကို လူကြီးတွေက အန္တရာယ်မဖြစ်နိုင်ဘူးအထင်နဲ့ ပစ်ထားမိခဲ့ကြပြီး ကလေးနှစ်ဦးဆော့ကစားချ်ိန်မှာပေါက်ကွဲခဲ့တာလို့ပြောပါတယ်။
” ငါးနှစ်အရွယ်ကလေးက မျက်နှာတခြမ်းထိတယ်၊လက်နှစ်ဘက်ထိပြီးနေရာတင်ပွဲချင်းပြီးသေတယ်၊ လသားအရွယ် ကလေးကတော့ ဆေးရုံပို့တဲ့အချိန်ဆုံးသွားတာ”လို့ ကိုဂဋ္ဌုန်ကပြောပါတယ်။
သေဆုံးသူတွေဟာ အသက်ငါးနှစ်အရွယ်မောင်ထက်ဘုန်းနိုင်နဲ့ လသားအရွယ်မောင်ဟိန်းသူရကျော်တို့ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကစစ်သားတွေက ရင်ပေါင်တိုင်ကျေးရွာကို သြဂုတ်လ ၁၁ရက်ကနေ၁၄ရက်နေ့အထိ စစ်ကြောင်းထ်ိုးခဲ့ပြီး ရဟတ်ယာဥ်တွေနဲ့ပါပစ်ခတ်ခဲ့ချိန်က ကျန်ခဲ့တဲ့လက်နက်ကြီးအကြွင်းအကျန်တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းထိုးခဲ့တဲ့ကျေးရွာတွေထဲမှာ နောက်ထပ်လက်နက်ကြီးအကြွင်းအကျန်တွေကျန်ရှိနိုင်တာကြောင့် ဒေသခံရွာသားတွေအနေနဲ့ သတိထားကြဖို့ လည်း လိုအပ်တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
#Dailynews

