မတ္တရာ – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဘိုးတော်တောင်ကွေ့အနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားခုနှစ်စီးကို ဒီကနေ့ ညနေ ၄:၃၀ ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစု တာဝန်ရှိသူကပြောပါတယ်။
သပိတ်ကျင်းကနေ ထွက်ခွာလာတဲ့ စစ်ကားတွေကို မတ္တရာမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကောင်းကင်တော်လှန်ရေးအင်အားစုကတာဝန်ရှိသူကပြောပါတယ်။
” သပိတ်ကျင်းကနေ မတ္တရာမြို့နယ်ထဲကို နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကားတွေပါ၊ ရိက္ခာပို့တဲ့ကားတွေမဟုတ်ပါဘူး၊ ကျွန်တော်တို့မိုင်းဆွဲတိုက်ခိုက်တော့ ထိခိုက်မှုတော့ရှိပါတယ်၊ အတိအကျသတင်းမရသေးပါဘူး”လိူ့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ စဥ့်ကူးပကဖတို့ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဒီကနေ့ထုတ်ပြန်ထားပါတယ်။
#Dailynews

