ရန်ကုန် – ၂၀၂၃ ဖေဖေါ်ဝါရီ ၁၉ (မော်ကွန်း) သာကေတ ၁၃ ရပ်ကွက် ခိုင်ရွှေဝါရေကန်ဘောင်မှာ ဒီနေ့လယ် ၁:၂၀ ခန့်က ရပ်ကွက်လူမိုက်ပြူစောထီးအဖြစ်နာမည်ကြီးသူနေမျိုးအောင် သေနတ်နဲ့ရှစ်ချက်ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။ ၎င်းဟာ အာဏာသိမ်းပြီးနောက်ပိုင်း စကစတပ်နဲ့ပူးပေါင်းကာ ဒလန်သတင်းပေးလည်းလုပ်သလိုရပ်ကွက်ကိုခြိမ်းခြောက်နေသူဖြစ်ပြီး သူကိုယ်တိုင်လည်း စနိုက်ပါနဲ့ပစ်လို့ ဆိုင်ကယ်ကယ်ရီသမားအချို့သေဆုံးဒဏ်ရာရခဲ့တာတွေရှိတယ်လို့ ၎င်းရပ်ကွက်နေသူတစ်ဦးကပြောပါတယ်။ “အရင်က သူ့ကိုယ်သူနှစ်ပွင့်ကောက်တင်ပြီး ရပ်ကွက်ကိုခြိမ်းခြောက်တာတွေရှိတယ်။ သူ့ကြောင့်ထွက်ပြေးရတဲ့သူတွေလည်းမနည်းဘူး။ အဲဒါတွေနာကျည်းပြီး အခုလိုအပစ်ခံရတာပဲ” လို့ ၎င်းကပြောပါတယ်။ “PDF တွေက နေမျိုးအောင်ပုံမှန်ရှိတတ်တဲ့ ရေကန်ဘောင်မှာကြိုစောင့်ပြီး သေချာမှဝင်ပစ်သွားတာ။ နေမျိုးအောင်တပည့်တွေက သေနတ်လည်းမြင်ရော ဘယ်သူမှဘာမှမလုပ်ရဲတော့ဘူးလေ” လို့ ဖြစ်ပျက်ခဲ့ပုံကို ၎င်းကဆက်ရှင်းပြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ လက်ရှိအချိန်ထိထုတ်ပြန်တာမတွေ့ရသေးပါဘူး။ လက်ရှိမှာ စကစတပ်တွေ ရပ်ကွက်တွင်းမှာခြေရှုပ်နေကြတာကြောင့် ဆိုင်ကယ်တွေတစ်စီးမှမထွက်ရဲဘဲလူရှင်းနေတယ်လို့ဆိုပါတယ်။ အစစ်ဆေးအဖမ်းဆီးတွေရှိနိုင်တာကြောင့် ရပ်ကွက်တွင်းနေသူတွေကတော့ ဒီညဧည့်စာရင်းတိုင်တာတွေကြိုတင်လုပ်ဆောင်ကြမယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က သာကေတ ၈ […]
စစ်ကိုင်းတိုင်း-၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) လူထုသပိတ်တွေနေ့စဉ်မပြတ်ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်းထဲကသပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ စစ်အာဏာရှင်ကိုဆန့်ကျင်လာတာ ၇၀၉ ရက်မြောက်နေ့အဖြစ် ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ကန့်ဘလူ – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုင်းရိုးရွာအနီးက စစ်ရှောင်တဲမှာ မနေ့ မနက် ၁၁:၀၀ ဝန်းကျင်မှာ အမျိုးသားနှစ်ဦးကို အာဏာသိမ်းစစ်တပ်ကမီးရှို့သတ်သွားတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတစ်ဦးကပြောပါတယ်။ “သတ်ခံရတာက အမျိုးသားနှစ်ယောက်ပါ၊ စောင်တွေကျန်ခဲ့လို့ပြန်ယူချိန်သတ်ခံလိုက်ရတာ၊စစ်ကြောင်းကထိုးနေတုန်းပဲ’လို့ စစ်ရှောင်တွေကိုကူညီပေးနေသူ ကိုတက်တိုးကပြောပါတယ်။ သတ်ခံရသူတွေက အသက် ၂၂ နဲ့ အသက် ၃၂နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး သူတို့စီးလာတဲ့ဆိုင်ကယ်နှစ်စီးနဲ့အတူ ထွန်စက်ပေါ်မှာမီးတင်ရှို့သတ်ခံလိုက်ရတာဖြစ်တယ်လို့ ကိုတက်တိုးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၇ရက်၊ မနက်ပိုင်းမှာ အင်းလယ်ကြီးရွာကနေ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်ခတ်ပြီးစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ပုံစာ – ကိုင်းရိုးရွာအနီးမှာ မီးရှို့သတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး ဓါတ်ပုံ – Supplied #Dailynews
အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာ ပြည်သူ ၅၀၀ ကျော်နဲ့ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လမ်းမပေါ်ချီတက်ဆန္ဒပြကြတဲ့ ပြည်သူတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးပေးကာ လိုက်ပါဝန်းရံခဲ့ကြပါတယ်။ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ ပါဝင်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews
သပိတ်ကျင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးမှာ ဒီနေ့ မနက် ၅:၂၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ လောက်ပါလာတဲ့ ခြောက်ဘီးကား သုံးစီးကို ရှေ့ထွက်မိုင်းသုံးလုံးပဒေသာမိုင်းနှစ်လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။ “နောက်ဆုံးအစီးကိုဆွဲတော့ ရှေ့ကနှစ်စီးက အသားကုန်ပစ်တာ၊ အစောကလက်နက်ငယ်ပဲ၊ ခဏနားပြီး လက်နက်ကြီးတွေရောပါလာတာ၊ တော်တော်ပြန်ပစ်သွားပါတယ်၊ ပြည်သူတွေထိခိုက်မှုရှိမရှိစုံစမ်းဆဲပါ”လို့တကောင်းပကဖတာဝန်ရှိသူကပြောပါတယ်။ စစ်ကားပေါ်က စစ်သား ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို တကောင်းမြို့ထဲက လူနာတင်ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။ မြတောင်ဘက်ကနေ မန္တလေးဘက်ကိုဆင်းလာတဲ့ အာဏာသိမ်းစစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ဓါတ်ပုံ – တကောင်းပ.က.ဖ #Dailynews
ရန်ကုန် – ၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) ဒီကနေ့ရန်ကုန်မြို့မှာအချိန်အခါမဟုတ်လေပြင်းတိုက်ပြီး မ်ိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ ဒီလိုမိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် မြို့ထဲရှိစျေးနဲ့လမ်းဘေးဆိုင်ခန်းတွေလည်းအပြေးလွှားပိတ်သိမ်းခဲ့ကြတာပါ။ “ဒီမိုးကတော့ပွဲဖျက်ပြီဟေ့” ဆိုပြီး မဟာဗန္ဓုလလမ်းပေါ်မှာအနှေးယာဉ်မောင်းသူတစ်ဦးကမိုးသက်လေပြင်းတွေကြားလှမ်းအော်သွားပါတယ်။ လာနီညာဖြစ်စဉ်အနည်းအငယ်ကျန်ရှိသေးတာကြောင့်အခုလိုအချိန်အခါမဟုတ်မိုးရွာသွန်းတာဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းသူဦးဝင်းနိုင်ကရေးသားမှတ်ချက်ပြုပါတယ်။ စစ်ကောင်စီရဲ့ မိုးလေဝသနှင့်ဇလဗေသညွှန်ကြားမှုဦးစီးဌာနကတော့ နောက်နှစ်ရက်အတွင်း ရန်ကုန်မြို့နဲ့အနီးတဝိုက်မှာမိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာခိုင်နှုန်းအပြည့်ဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ရန်ကုန်မြို့ရဲ့နေရာတစ်ချို့မှာဆိုလည်း မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးကြွေကြတာတွေပါရှိတယ်လို့လူမှုကွန်ယက်စာမျက်နှာတွေပေါ်ရေးသားထားကြပါတယ်။ Photo: Mawkun and Myanmar Fire Service Department #Dailynews
အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊အရာတော်မြို့ပေါ်လယ်တီရပ်ကွက်က ဒေသခံ ၅၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေ ၅ : ၀၀ ဝန်းကျင်က ဖမ်းဆီးထားပြီးနောက် နေအိမ်တွေကိုမီးရှို့နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ “မြို့ပေါ်ရပ်ကွက်ဆိုတော့စစ်တပ်ထိန်းချုပ်နယ်မြေထဲမှာရှိတော့ မလုပ်လောက်ဘူးလို့ထင်တာပေါ့နော်၊ ရပ်ကွက်ဆိုတော့ မီးမရှို့လောက်ဘူးထင်တာ၊ သူတို့ကသေနတ်တွေပစ်ဖောက်ဝင်လာပြီး မီးရှို့ တာ၊ခုထိမီးမငြိမ်းနိုင်သေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လယ်တီရပ်ကွက်ကို အာဏာသိမ်းစစ်တပ်ကစစ်ကား ခုနစ်စီးအင်အား ၁၅၀ ဝန်းကျင်နဲ့ဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးမရှို့ခင်နေအိမ်တွေထဲက ပစ္စည်းတွေကို အရင်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။ လယ်တီရပ်ကွက်က အရင်ကကျေးရွာဖြစ်ပြီးမြို့တိုးချဲ့လာတာကြောင့် ရပ်ကွက် ဖြစ်လာတာဖြစ်ပြီးနေအိမ်ပေါင်း ၂၀၀ ဝန်းကျင်ရှိတယ်လို့ဒေသခံကပြောပါတယ်။ နေအိမ်ထက်ဝက်ခန့်မီးလောင်ပျက်စီးနေပြီး မီးလာငြိမ်းသူမရှိဘူးလို့ ဒေသခံကပြောပါတယ်။ အရာတော်မြို့ ခြေရာတော်ဘုရားအနီးမှာ ဖေဖော်ဝါရီ ၁၅ရက်နေ့က အာဏာသိမ်းစစ်တပ်စစ်ကားတစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကမြို့ထဲစစ်ဆေးရေးတင်းကျပ်ထားပြီးနောက် လယ်တီရပ်ကွက်ကိုမီးရှို့တာဖြစ်နိင်တယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
ရန်ကုန်၊၂၀၂၃-ဖေဖော်ဝါရီ၁၇(မော်ကွန်း) လတ်တလောမှာ ရာသီအကူးအပြောင်းနဲ့အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ဖျားနာတာတွေအဖြစ်များနေတယ်လို့ ကျန်းမာရေးနယ်ပယ်ကသိရပါတယ်။ တုတ်ကွေးဖျားနာမှုနဲ့ ကိုဗစ်လက္ခဏာတွေက ဆင်တူတဲ့အတွက် ဖျားနာလျှင် နီးစပ်ရာကျန်းမာရေးဌာနတွေသွားရောက်ပြီး စနစ်တကျကုသမှုခံယူသင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကပြောပါတယ်။ “ဒီမှာကအရင်ထက်စာရင် ကိုဗစ်ကိုနည်းနည်းလေးပေါ့လာကြတယ်ပေါ့။ အခုဆိုတခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ဗီဇကွဲတွေ့တယ်ဖြစ်တာလည်းများနေတယ်ဆိုတော့ မပေါ့စေချင်ဘူး၊ ပုံမှန်တုပ်ကွေးဖြစ်တယ်ထင်ပြီး မပေါ့စေချင်ဘူး။ ပေါ့လိုက်လို့ ကိုဗစ်ဖြစ်နေမယ်၊ ဖျားတာရက်ကြာမှလဲသိမယ်ဆို အန္တရာယ်ရှိနိုင်တော့ ဖျားတာပဲဆိုပြီး မပေါ့ဘဲစနစ်တကျကုသမှုခံယူဖို့လိုတယ်။ကာကွယ်ဆးထိုးထားလည်း ကိုဗစ်ပြန်ဖြစ်နိုင်တဲ့အတွက် မပေါ့ဆဖို့ သတိပေးချင်ပါတယ်လို့”၎င်းကပြောပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာကိုဗစ်လူနာတွေ့ရှိမှုနည်းလာတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်တွေအရ အရင်ထက်လူနာတွေ့ရှိမှုနည်းလာပြီး တစ်ချို့ရက်တွေမှာ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုမရှိဘူးလို့ ဆိုပါတယ်။ စစ်ကောင်စီရဲ့ ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာတော့ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄,၃၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ်နှစ်ဦးသာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပုံစာ- ယနေ့ နေ့လယ်က အချိန်အခါမဟုတ်မိုးရွာသွန်းနေစဉ် အမိုးအကာမပါဘဲ သွားလာနေသူတစ်ဦး […]
ရန်ကုန်-၂၀၂၃၊ဖေဖော်ဝါရီ-၁၅(မော်ကွန်း) ရွှေထည်လက်ဝတ်ရတနာ၊အနုပညာပစ္စည်းမှာယူမှုအများဆုံးနိုင်ငံဖြစ်တဲ့ ကိုရီးယားနိုင်ငံဘက်က ပစ္စည်းမှာယူမှုရပ်နားထားဆဲဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းကပြောပါတယ်။ ရွှေနဲ့ပြုလုပ်တဲ့ လက်ဝတ်ရတနာတွေ၊ ပြည်တွင်းကထွက်ရှိတဲ့ တန်ဖိုးနည်းကျောက်တွေကို လက်မှုပညာနဲ့ ပေါင်းစပ်ကာ လော့ကတ်၊လက်စွပ်၊နားကပ် စတဲ့လက်ဝတ်ရတနာအချောထည်တွေကို ဂျပန်၊ကိုရီးယား၊တရုတ်နဲ့၊ စင်ကာပူနိုင်ငံတွေကို တင်ပို့ရောင်းချနေတာပါ။ ဒီလိုရောင်းချရာမှာ ကိုရီးယားနိုင်ငံကမှာယူမှုအများဆုံး ဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ အရင်မှာယူခဲ့နိုင်ငံအချို့က လုပ်ငန်းရှင်တွေ ရွှေထည်ဝယ်ယူဖို့ လာရောက်ဆွေးနွေးတာမျိုးရှိပေမယ့် ကိုရီးယားနိုင်ငံကတော့ ဆွေးနွေးတာမရှိသေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ “၂၀၁၈-၂၀၁၉ လောက်ကနေစပြီး ရွှေထည်ပစ္စည်းတွေရော၊ရွှေအတုံးအခဲတွေပါ ပြည်ပတင်ပို့တာက ကိုဗစ်ကာလမှာ ခဏနားသွားတဲ့သဘောပါ။ အခုကအရင်ဝယ်တဲ့နိုင်ငံအချို့က ကုမ္ပဏီတွေကနေ ပြန်ဝယ်ယူဖို့ အသင်းနဲ့လာရောက် ဆွေးနွေးစုံစမ်းတာတွေရှိပါတယ်။ရွှေထည်လက်ဝတ်ရတနာ ဝယ်ယူတာအများဆုံးကတော့ ကိုရီးယားနိုင်ငံကပါ သူတို့ကတော့ အခုထိပြန်ဝယ်ဖို့လာဆွေးနွေးတာတော့မရှိသေးဘူး အဲ့ဒါကလဲ ကမ္ဘာ့ရွှေစျေးကွက်အခြေနေကိုစောင့်ကြည့်နေတာကြောင့်ထင်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူကပြောပါတယ်။ ရွှေဈေးကွက်မှာတရားမဝင်ကူးသန်းရောင်းဝယ်တာတွေပပျောက်ပြီး တရားဝင်ရွေဈေးကွက်ဖြစ်ပေါ်လာ ဖို့ရည်ရွယ်ချက်နဲ့ ၂၀၁၈ ဇန်နဝါရီလကစတင်ကာ ရွှေ၊လက်ဝတ်ရတနာ၊ရွှေဖြစ်ပြုလုပ်တဲ့ အနုပညာပစ္စည်း၊ […]
စစ်ကိုင်းတိုင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း) သပိတ်အင်အားကောင်းကောင်းနဲ့ နေ့စဉ်မပြတ်လမ်းမပေါ်ထွက် ချီတက်နေတဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်နဲ့အတူ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာလူထုပဲဖြစ်ပြီး လူထုအားနဲ့သာ တော်လှန်ရေးကိုဆုံးခန်းတိုင် ဆင်နွှဲရမှာဖြစ်တယ်လို့ သပိတ်ကထုတ်ပြန်ပါတ ယ်။ အညာဒေသပြည်သူလူထုဟာ ရရာလက်နက်ဆွဲကိုင်တော်လှန်နေကြတဲ့အပြင် အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖျက်ဆီးမီးရှို့ခဲ့ကြပေမယ့်လည်း တော်လှန်ရေးအပေါ်မှာ ထားတဲ့စိတ်ဓာတ်တွေဟာ ယိုင်လဲမသွားသေးဘူးလို့ သပိတ်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ဒါကြောင့် အညာဒေသလို မီးလောင်ပြာကျမဖြစ်တဲ့နေရာတွေက ပြည်သူတွေအနေနဲ့ တော်လှန်ရေးမှာ နိုင်ရာနေရာကနေ တတ်စွမ်းသလောက်ပါဝင်ပေးကြဖို့ သပိတ်ကော်မတီဝင်ကပြောပါတယ်။ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ လမ်းမပေါ်ချီတက်ဆန္ဒပြလာတာ ဒီနေ့နဲ့ဆို ၇၀၇ ရက်ရှိပါပြီ။ ဓာတ်ပုံ – CJ #Dailynews
ရန်ကုန်- ၂၀၂၃ ဖေဖော်ဝါရီ ၁၆(မော်ကွန်း) ပြီးခဲ့တဲ့နှစ်ရက်အတွင်း ပြည်နယ်နဲ့တိုင်းဒေသကြီး လေးခုမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၃၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။ အခုလ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ မွန်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊တနင်္သာရီတိုင်း တို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း အခုလို စစ်ကောင်စီတပ်သားတွေ သေဆုံး၊ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တိုက်ပွဲ ဖြစ်ပွားမှုအခြေနေကတော့ မွန်ပြည်နယ်မှာတစ်ခု၊စစ်ကိုင်းတိုင်းမှာခြောက်ခု၊ မကွေးတိုင်းမှာငါးခုနဲ့ တနင်္သာရီတိုင်းမှာ တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် အထက်ပါနှစ်ရက်အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာခံရပြီး အကြမ်းဖက်ခံရမှုကြောင့် မန္တလေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ ပြည်သူလေးဦးအသက်ဆုံးရှုံးခဲ့ရပြီး သေနတ်နဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်မှာ ပြည်သူနှစ်ဦးအသက်ဆုံးရှုံးခဲ့ရတယ်လို့ နေ့စဉ်စစ်ရေးသတင်းအကျဉ်းချုပ်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ #Dailynews
ခင်ဦး-၂၀၂၃ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို ဖေဖော်ဝါရီ ၈ ရက်ကစပြီး စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ဒေသခံ တစ်သောင်းဝန်းကျင် စားနပ်ရိက္ခာနဲ့ဆေးဝါးများ အခက်အခဲဖြစ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အဓိကကတော့ စစ်ဘေးရှောင်များတဲ့အတွက် စားစရာပေါ့၊ အချိန်မှန်မစားရဘူး။ အဝတ်အထည်ပိုင်းကလည်း အခက်အခဲဖြစ်တယ်။ နေစရာဆိုတာကတော့ တောတွေထဲမှာလည်းနေရတယ်၊ တချို့ကတော့ အနီးရွာတွေကစာသင်ကျောင်းတွေမှာနေကြတယ်။ စစ်ရှောင်တွေထဲမှာ မီးနေသည်တို့ သက်ကြီးရွယ်အိုတွေတို့ပါတော့ ဆေးဝါးအခြေအနေကတော်တော်လေးအခက်အခဲဖြစ်တယ်”လို့ သူကပြောပါတယ်။ စစ်ဘေးရှောင်အရေး ကူညီထောက်ပံ့နေတဲ့ အဖွဲ့တွေအနေနဲ့လည်း စစ်ကိုင်းတိုင်းကို ဆေးဝါးနဲ့စားနပ်ရိက္ခာတွေပို့ရာမှာ စစ်ကောင်စီတပ်တွေက အစစ်ဆေးပိုတင်းကြပ်တာကြောင့် အခက်အခဲတွေကြုံနေတယ်လို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်ကလည်း မင်းကံကြီး၊ လက်ပံ့လှ၊ လောင်းရှည် စတဲ့ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့ပတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."