အရာတော် – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုသပိတ်စစ်ကြောင်းဟာ ဒီကနေ့မှာ ပြည်သူ ၅၀၀ ကျော်နဲ့ လမ်းမပေါ်ချီတက်ဆန္ဒပြခဲ့ကြောင်း သပိတ်ခေါင်းဆောင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လမ်းမပေါ်ချီတက်ဆန္ဒပြကြတဲ့ ပြည်သူတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးပေးကာ လိုက်ပါဝန်းရံခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အရတ ပကဖ)၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုတွေ ပါဝင်ခဲ့ကြပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

