သတင်းများ

မြဝတီ-မဲဆောက်တံတား ကျန်းမာရေးလက်မှတ်ကို မှောင်ခိုဈေးကွက်ကနေ ဝယ်ယူပြီး ဖြတ်သန်းနေကြရ

February 15, 2023

မြဝတီ – ၂၀၂၃ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားမှာ မနေ့ကစလို့ မြန်မာဘက်ကနေ COVID-19 ဆေးလက်မှတ်မပါရင် ဖြတ်သန်းခွင့်မပေးတာကြောင့် လက်မှတ်အမြန်ဈေး တစ်သိန်းနဲ့အထက်ကို ရောက်ရှိခဲ့တယ်လို့ မြေပြင်သတင်းထောက်က သတင်းပို့ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မြဝတီမြို့က ‌ထွေအုပ်၊ စစ်တပ်၊ ကျန်းမာရေး၊ လ.ဝ.ကတွေပါတဲ့ အစည်းအဝေးကနေ ဒီကန့်သတ်ချက်တွေကို ချမှတ်လိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံဘက်က ပြုလုပ်တာမဟုတ်ဘူးလို့ ပွဲစားတွေဆီကသိရပါတယ်။ မြဝတီမြို့မှာနေထိုင်တဲ့ လူပို့ပွဲစားတစ်ဦးကလည်း ချစ်ကြည်ရေးတံတားဂိတ်မှာ ဌာနပေါင်းစုံထိုင်ပြီး အခုလို တမျိုးမဟုတ်တမျိုး ပြုလုပ်နေကျလို့ဆိုပါတယ်။ “ဒီကောင်တွေ အမျိုးမျိုးမရိုးရအောင် ဂွင်ဖန်တာ၊ ဒီဘက်က လက်မှတ်မပါရင် ပေးမဖြတ်ဘူးပြောပြီး ဂွင်ဖြစ်အောင်လုပ်တာ”လို့ သူ့အတွေ့အကြုံကို အဆိုပါပွဲစားကပြောပါတယ်။ မနေ့က နံနက်ပိုင်းမှာတင် ချစ်ကြည်ရေးတံတားဂိတ်မှာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ကြမယ့် နယ်တွေကနေ တက်လာတဲ့သူတွေဟာ ကြံရာမရ ပိတ်မိကုန်ကြတာကိုတွေ့ရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”လူထုသပိတ် ၆၄၀ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

February 15, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၄၀ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်က ပကဖစခန်းတစ်ခုမီးရှို့ခံရ

February 14, 2023

ယင်းမာပင်- ၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာအနီးမှာရှိတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ B Two Fighter ရဲ့ စခန်းတစ်ခုကို မနေ့က စစ်ကောင်စီတပ်တွေက ဓားစားခံတွေခေါ်လာပြီး စီးနင်းတာကြောင့် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “မနေ့ကညနေသုံးနာရီလောက်ကဗျ၊ စခန်းနားရောက်မှ သေနတ်ဖောက်တော့ ရှောင်ချိန်တော့ရလိုက်တယ် ပစ္စည်းတွေယူချိန်မရလိုက်ဘူး။ သူတို့ကအင်အား၂၀လောက်နဲ့ဝင်စီးတာပါ။ သိန်းသုံးဆယ်ပတ်ချာလည်လောက်ဆုံးရှုံးသွားတယ်။ ဓားစာခံတွေရောပါတော့ ကျွန်တော်တို့ဘက်က ပြန်ပစ်လို့မရဘူးလေ။ ဓားစားခံက ၁၂ ယောက်လောက်ပါတယ်။ ယောက်ျားလေးလူငယ်လေးတွေပါလာတယ်။ ရွာထဲကျန်တဲ့ ပုန်းနေတဲ့သူတွေကို ခေါ်လာတာ နှစ်ယောက်ကိုကြိုးတုတ်ထားတယ်။ ဓားစာခံတွေက ဘန့်ဘွေးမြောက်ရွာ တောပြင်က” လို့ သူကပြောပါတယ်။ စခန်းဝင်စီးစဉ်က ခေါ်လာတဲ့ အဲဒီဓားစာခံ ၁၂ယောက်ကိုတော့ စစ်ကောင်စီတပ်တွေက ဒီကနေ့ပြန်လွှတ်ပေးလိုက်တယ်လို့ သူကပြောပါတယ်။ မီးရှို့ခံရတဲ့စခန်းမှာ စားနပ်ရိက္ခာ၊ ယူနီဖောင်းတွေအပြင် တစ်တောင့်ထိုးသေနတ် […]

အပြည့်အစုံဖတ်ရန်

ကနီမှာရိက္ခာပို့တဲ့ စကစတွေကို ပကဖတွေကြားဖြတ်တိုက်ခိုက်

February 14, 2023

ကနီ-၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်ကနေ အလယ်ကျွန်းရွာကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီး ၅၀ ဝန်းကျင်ကို ဒီနေ့မနက် ၈ နာရီဝန်းကျင်က ကနီမြို့အထွက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ကျောက်လုံးကြီး KLG PDF အဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ” ကျွန်တော်တို့ အတွင်းသတင်းရထားတာပေါ့။ ကနီမြို့ကနေ အလယ်ကျွန်းကို တပ်ချိန်းရိက္ခာပို့သွားမယ်ဆိုတာကြောင့်စောင့်နေခဲ့တာပါ။ မနက်ရှစ်နာရီလောက်က အင်အားငါးဆယ်လောက်နဲ့ လှည်းခြောက်စီး။ လှည်းတွေက ရိက္ခာပါလာတာပေါ့။ မိုင်းမိတဲ့အသံကြားတာနဲ့ ကျွန်တော်တို့ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခဲ့တာပေါ့။ ကျွန်တော်တို့ တိုက်တဲ့အချိန်မှာ ကနီမြို့ပေါ်ကနေလည်း လက်နက်ကြီးနဲ့ပစ်ကူပေးတယ်ခွေးတွေဘက်က။ အလယ်ကျွန်းရွာကနေလည်းလက်နက်ကြီးပစ်ကူပေးလို့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့ရတယ်ဗျ။ ကျွန်တော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရပါဘူး” လို့ KLG တပ်မဟာက တာဝန်ရှိသူတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ဖားကန့်မှာစက်သုံးဆီပြတ်လတ် စျေးနှစ်ဆနီးပါးတက်

February 14, 2023

ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စစ်ကောင်စီက အခုလဆန်းပိုင်းကစပြီး ဖားကန့်မြို့မှာ စက်သုံးဆီသယ်ယူခွင့်ပိတ်ထားတာကြောင့် စက်သုံးဆီစျေးနှုန်းနှစ်ဆနီးပါးတက်လာသလို ဆီဆိုင်တွေလည်းပိတ်ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။ “အခု ၈ မိုင်မှာသောင်တင်နေတာ ၁၆ ရက်လောက်ရှိပြီ။ တစ်ချို့ကတော့ပါမစ်နဲ့ဝင်နေတာရှိတယ်။ ကျွန်တော်တို့တော့အခုထိဝင်မရသေးဘူး” လို့ ဆီဘောက်စာကားမောင်းသူတစ်ဦးကပြောပါတယ်။ ဖားကန့်မြို့ကိုမန္တလေးမြို့မှအဓိကဆီတင်ပို့နေသလို အခုဆိုအဝင်ဂိတ်တော်တော်များများမှာဆီဘောက်စာကားတွေကိုဝင်ခွင့်မပေးသေးဘူးလို့ကုန်ကားသမားတွေကပြောပါတယ်။ ဖားကန့်မြို့မှ ဒေသခံတစ်ဦးကတော့ “ဆီပြတ်နေတာ နှစ်ရက်၊သုံးရက်လောက်ရှိပြီ။ တစ်ချို့ဆိုင်တွေတော့ရောင်းနေတာရှိတယ်။ များသောအားဖြင့်တော့ အကုန်ပိတ်ထားရတယ်။” လို့ပြောပါတယ်။ အခုလိုမဖြစ်ခင်ကဆ်ို ဓာတ်ဆီတစ်ဂါလံကို ၁၂,၀၀၀ လောက်ရှိပေမယ့် အခု ဓာတ်ဆီတစ်ဂါလံကို ၂၀,၀၀၀ နီးပါးရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ဓာတ်ဆီစျေးနဲ့အတူ အခြေခံကုန်ဈေးနှုန်းတွေကလည်း အခုဆို နှစ်ဆနီးပါးတက်လာနေတယ်လို့ဆိုပါတယ်။ ချင်းဆန်အဟောင်းက်ို အရင်က တစ်အိတ် ကျပ်ငါးသောင်းကျော်ရှိပြီး အခုဆ်ို ကိုးသောင်းကျော်ရှိတယ်လို့ဆိုပါတယ်။ လတ်တလောဖားကန့်မြို့ပေါ်မှာတိုက်ပွဲအခြေအနေတွေတည်ငြိမ်နေပေမယ့် ပြီးခဲ့တဲ့နှစ် အောက်တ်ိုဘာလတုန်းကတော့ စစ်ကောင်စီက ဖားကန့်မြို့နယ် အနန့်ပါဒေသမှာ […]

အပြည့်အစုံဖတ်ရန်

စမ်းချောင်း ပဒုမ္မာလမ်းမှာပေါက်ကွဲမှုဖြစ်

February 14, 2023

ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၁၄ (မော်ကွန်း) စမ်းချောင်းပဒုမ္ဓာလမ်းမှာ ဒီကနေ့ည ၇:၂၀ လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။ “ဘားတွေရှိတဲ့နားလေးမှာပေါက်တာ။ ပြင်းမပြင်းတော့မသိဘူး။ ပေါက်ပေါက်ချင်းလူတွေထွက်ပြေးကုန်တာ” လို့ အနီးအနားနေထိုင်သူတစ်ဦးကပြောပါတယ်။ အခုလက်ရှိမှာတော့စစ်ကောင်စီတပ်သားတွေရောက်လာပြီး လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေပါတယ်။ အနီးအနားတစ်ဝိုက်မှာဆိုရင်လည်း လူသွားလူလာတွေ ကြက်ပျောက်ငှက်ပျောက်သလ််ိုရှင်းလင်းနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့်ထိခိုက်သူရှိမရှိ နဲ့ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာကိုတော့လတ်တလောမသိရသေးပါ။ #Dailynews

အပြည့်အစုံဖတ်ရန်

သိန်းဆယ်ဂဏန်းချီပေးရသော်လည်း နိုင်ငံကူးလက်မှတ်ရရှိဖို့မလွယ်ကူ

February 13, 2023

ရန်ကုန်-၂၀၂၃ ဖေဖော်ဝါရီ၁၃(မော်ကွန်း) ယာယီပိတ်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်‌ပေးရေးရုံးတွေ ပြန်မဖွင့်သေးတာကြောင့် နိုင်ငံကူးလက်မှတ်ရရှိဖို့ သိန်းဆယ်ချီကုန်ကျမှုတွေရှိနေတယ်လို့ လက်တလော passport ရရှိရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးတွေကို အခုလဆန်းမှာပြန်လည်ဖွင့်လှစ်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ ပေမယ့်လည်း လက်ရှိအချိန်ထိ ပြန်မဖွင့်သေးတာကြောင့် အရေးပေါ် passport လိုအပ်နေသူတွေ အရင်ထက်ပိုခက်ခဲလာပြီး ငွေကုန်ကျမှုပိုများလာတာဖြစ်ပါတယ်။ ” အရင် QR Codeယူပြီး passport လုပ်ရတုန်းက သုံးသိန်းလောက်ဆို passportရသေးတယ်။အခုက passport အသစ်လုပ်မှာပဲဖြစ်ဖြစ်၊သက်တမ်း တိုးမှာပဲဖြစ်ဖြစ် ၁၀ သိန်းကျော်ထိ ဈေးပေါက်နေတယ်။ ဒါပေမယ့်လည်း တတ်နိုင်လို့ပေးမယ် ဆိုရင်တောင် လုပ်ဖို့ကမလွယ်ဘူး၊ လမ်းကြောင်းသိမှ ရင်းနှီးမှ ရနိုင်မယ့်အခြေနေ ဖြစ်နေတယ်”လို့ နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ အမည်မဖော်လိုသူ တစ်ဦးကပြောပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်လိုက်ပါမယ့်သူတွေကတော့ ခရီးသွားအေဂျင်စီတွေကနေတစ်ဆင့် နိုင်ငံကူးလက်မှတ်လျှောက်ထားလို့ရတဲ့အတွက် ဘုရားဖူးခရီးစဉ်ကနေတစ်ဆင့် passportရရှိဖို့ ဆောင်ရွက်မှုတွေများလာတယ်လို့လည်း […]

အပြည့်အစုံဖတ်ရန်

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ လူဦးရေအကန့်သတ်မရှိလက်ခံမည်ဟုဆို

February 13, 2023

ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁၃ ရက် (မော်ကွန်း) ၂၀၂၃ အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ The Japanese Language Proficiency Test (JLPT) တွေကို လူဦးရေအကန့် အသတ်မရှိအွန်လိုင်းစနစ်နဲ့ လက်ခံတော့မယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းကထုတ်ပြန်ပါတယ်။ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် Level 5 ခု မှာစာမေးပွဲလျှောက်လွှာပုံစံတွေကို ဖေဖော်ဝါရီ ၂၁ ကနေ မတ် ၃ ရက်ထိ Level အလိုက် သတ်မှတ်ရက်အတွင်းအသီးသီးလက်ခံသွားမယ်လို့ဖော်ပြထားပါတယ်။ “အကန့်အသတ်မရှိဘူးသာပြောတာဖောင်တင်ပြီးတာနဲ့ လူဦးရေကန့်သတ်လိုက်မှာစ်ိုးရိမ်ရတယ်။ အရင်တုန်းကလည်းသူတို့အဲ့လိုလုပ်ဖူးတယ်။ ကောင်းသလားဆိုးသလားတော့ဘာမှပြောမရသေးဘူး။ စောင့်ကြည့်ရမှာပဲ။“လို့ ဂျပန်စာသင်ယူနေသူတစ်ဦးကပြောပါတယ်။ JLPT စာမေးပွဲတွေကို တစ်နှစ်ကိုနှစ်ခါကျင်းပတာဖြစ်ပြီး Level အလိုက် စာမေးပွဲကြေးနဲ့လျှောက်လွှာကြေးကတော့ ကျပ်လေးသောင်းကနေ လေးသောင်းခွဲထိရှိပါတယ်။ ဂျပန်နိုင်ငံမှာ ကျောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အကိုင်အမျိုးမျိုးလျှောက်ဖို့အတွက်ဆို ဂျပန်အစိုးရကအသိမှတ်ပြုထားတဲ့ ဒီ JLPT […]

အပြည့်အစုံဖတ်ရန်

ဗကသခေါင်းဆောင်ကိုဂျိမ်းကို အကြမ်းဖက်ဥပဒေနဲ့ ထောင်ငါးနှစ်ထပ်မံချမှတ်

February 13, 2023

ရန်ကုန်-၂၀၂၂ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) ဗကသကျောင်းသားခေါင်းဆောင် ကိုဂျိမ်း(ခ) ကိုလင်းထက်နိုင်ကို ဗိုလ်တထောင်မြို့နယ် ခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(ခ)နဲ့ ဒီကနေ့ ထောင်ဒဏ်ငါးနှစ် ထပ်မံအမိန့်ချလိုက်ပါတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ကိုဂျိမ်းရဲ့ဇနီးကလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အခုလိုရေးသားထားပါတယ်။ “ဒီမိုကရေစီရေးကာကွယ် လှုပ်ရှားတဲ့သူ၊ တက်ကြွလှုပ်ရှားသူတစ်ဦးကို နိုင်ငံရေးဖိနှိပ်တဲ့ ပုဒ်မဟောင်းအပြင် အကြမ်းဖက်ပုဒ်မအမှုနဲ့ပါ မတရားဖမ်းဆီး အမှုဆင်ထောင်ချခြင်းဖြစ်ပါတယ်” ကိုဂျိမ်းကိုမနှစ်က ဇွန် ၁၈ ရက်မှာ ဗိုလ်တထောင်မြို့နယ်မှာ စစ်ကောင်စီကဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက ကိုဂျိမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ရှစ်နှစ်အထိရှိလာပြီဖြစ်ပါတယ်။ ကိုဂျိမ်းရဲ့မိခင်ဖြစ်သူဟာလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၁၉ ရက်က ထောင်ဝင်စာလာပို့စဉ် ပါဆယ်ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ပုလဲမြို့နယ် ထွေအုပ်ရုံးကနေ ထွက်လာတဲ့ အာဏာသိမ််းစစ်တပ်မိုင်းဆွဲခံရကာ သေဆုံးမှုရှိ

February 13, 2023

ပုလဲ – ၂၀၂၃ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ ညနေ ၄:၀၀ ဝန်းကျင်က မိုင်းဆွဲခံခဲ့ရပါတယ်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ စစ်သား ခုနစ်ယောက် ကင်းထောက်ထွက်လာချိန်မှာအသင့်ထောင်ထားတဲ့မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ကတာဝန်ရှိသူ ရဲဘော်ပေကပြောပါတယ်။ “သူတို့ထွက်လာတာကိုကျွန်တော်တို့အသင့်ကာထားတဲ့ရှေ့ထွက်မိုင်းသုံးလုံးနဲ့ ဖောက်ခွဲခဲ့တာပါ”လို့ရဲဘော်ပေကပြောပါတယ်။ မိုင်းပေါက်ကွဲမှုကြောင့် စစ်သားသုံးဦးနေရာတင်သေဆုံးသွားပြီး စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးနဲ့ဒဏ်ရာရစစ်သားတွေကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲကို ပို့ဆောင်လိုက်တယ်လို့ ရဲဘော်ပေကပြောပါတယ်။ ပုလဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲမှာ အာဏာသိမ်းစစ်တပ်စစ်သား အင်အား ၆၀ခန့်တပ်စွဲထားတယ်လို့သူက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်နဲ့ ပုလဲ မြို့နယ်အကြားကကျားတက်ရွာမှာ မနေ့က အာဏာသိမ်းစစ်တပ်တိုက်ခိုက်မှုကိုခံရပြီး ဒေါင်းနက်ပြောက်ကျား တပ်ဖွဲ့ကရဲဘော်လေးဦးအပါအဝင် စုစုပေါင်းရဲဘော် ၇ဦး ကျဆုံးခဲ့ရတယ်လို့ရဲဘော်ပေကပြောပါတယ်။ ” မိုင်းသွားကာတာ စစ်သားတွေနဲ့ထိပ်တိုက်တွေ့ပြီး ငါးယောက်က မီးရှို့သတ်ခံလိုက်ရတယ်၊ နှစ်ယောက်ကတော့လည်ပင်းလှီးသတ်ခံထားရတယ်၊ […]

အပြည့်အစုံဖတ်ရန်

“သွေးမအေးတဲ့ ရွှေနွယ်သွေး”လူထုသပိတ် ၆၃၇ ရက်မြောက်နေ့အဖြစ်ချီတက်ဆန္ဒထုတ်ဖော်

February 12, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၁၂ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း နေ့စဉ်မပြတ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့သပိတ်တစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်က “သွေးမအေးတဲ့ရွှေနွယ်သွေး”သပိတ်ဟာ ဒီကနေ့မှာ ၆၃၇ ရက်မြောက် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ကျွန်းလှ၊ ကြာတကန်ရွာကို အာဏာသိမ်းစစ်တပ်မီးရှို့

February 11, 2023

ကျွန်းလှ – ၂၀၂၃ ဖေဖော်ဝါရီ ၁၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းအုပ်စု၊ ကြာတကန်ရွာကို အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ နေ့လယ် ၁၂း၀၀ နာရီကျော်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကျွန်းလှမြို့ပေါ်က ခြေမြန်တပ်ရင်း ၃၆၈ က အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာခဲ့တာလို့ ကျွန်းလှမြို့နယ်တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကျွန်းလှမြို့အ​ရှေ့ဘက် နှစ်မိုင်အကွာက ကြာတကန်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်မီးရှို့ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ “ပထမတစ်ခါက တောထဲ စစ်ရှောင်တဲရှို့ခံရတာ၊ စစ်ရှောင်တွေကတော့လှည့်ပတ်ရှောင်နေရတာပါ၊ ခုထိထွက်ပြေးရတုန်းပါဗျ၊ ဝင်လို့မရသေးပါဘူး၊စစ်ကြောင်းကလည်း အဝေးကြီးမသွားဘူး၊အဲဒီနားတင် ပတ်သွားနေတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းရှိနေသေးတာကြောင့် ရွာသားတွေထွက်ပြေးနေရပြီး မီးလောင်ပျက်စီးတဲ့နေအိမ်အရေအတွက်ကိုအတည်မပြုနိုင်သေးပါဘူး။ အာဏာသိမ်းစစ်တပ်ဟာ ဇန်နဝါရီ ၆ရက်နဲ့၇ရက်တုန်းကလည်း ကြာတကန်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာနားက စစ်ရှောင်တဲတွေကိုမီးရှို့ဖျက်ဆီးကာစပါးတင်းတစ်ထောင်ကျော်ကိုလည်းသယ်ဆောင်သွားတယ်လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 149 150 151 152 153 154 155 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."