သတင်းများ

ယင်းမာပင်၊ ထန်းဇင်ရွာမှာ အာဏာသိမ်းစစ်တပ်က နေအိမ်တွေကိုမီးရှို့

February 22, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ထန်းဇင်ရွာကို ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။ နေအိမ်သုံးလုံးမီးလောင်ပျက်စီးခဲ့ပြီး သွပ်မိုးအိမ်နှစ်လုံးနဲ့ တဲအိမ်တစ်လုံးဖြစ်တယ်လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။ “စစ်ကြောင်းထိုးတာ အင်အားက များလား၊ နည်းလားဆိုတာ ထောင်ပြီးတော့ကို သွားမကြည့်ရဲတာ၊ သွားကြည့်ရင် ဓါးစာခံဆိုပြီးပါပါသွားလို့လေ၊ နှစ်ဆယ်ကျော်လောက်တော့ကြားတယ်”လို့ ကျေးရွာခံကပြောပါတယ်။ စစ်ကြောင်းတွေ ခဏ၊ ခဏထိုးနေတာကြောင့် နေ့ရောညပါ ရွာမှာမနေရဲတော့ဘဲ လုံခြုံမယ်လို့ထင်တဲ့နေရာတွေမှာ ပုန်းအောင်းပြီးနေထိုင်နေကြရတယ်လို့ သူကပြောပါတယ်။ ဒီနေ့ ထန်းဇင်ကိုလာရောက်မီးရှို့ကြတဲ့သူတွေဟာ ပျူစောထီးရွာဖြစ်တဲ့ ဘန့်ဘွေးရွာကနေထွက်လာတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့ ပျူတွေလို့ ‌သူကပြောပါတယ်။ Data For Myanmar ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီထိ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မီးရှို့၊ ဖျက်ဆီးမှုတွေကြောင့် […]

အပြည့်အစုံဖတ်ရန်

ခင်ဦးမှာ စကစနဲ့ပျူတွေစစ်ကြောင်းထိုးလာတာကြောင့် စစ်ရှောင်ဦးရေတိုးလာပြီး အရေးပေါ်စားနပ်ရိက္ခာလိုအပ်

February 21, 2023

ခင်ဦး – ၂၀၂၃၊ ဖေဖော်ဝါရီ ၂၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ဟာ အရပ်လေးမျက်နှာစစ်ကြောင်းထိုးခံနေရကာ စစ်ရှောင်ဦးရေ ရှစ်ထောင်ကျော်ရှိလာပြီး စားနပ်ရိက္ခာအရေးတကြီးလိုအပ်နေပြီလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “အစားအစာက ထမင်းတစ်ထုပ်ရဖို့တောင်တစ်ရွာနဲ့တစ်ရွာ မနည်းဆောင်ရွက်နေရတယ်။ ထမင်းထုပ်ဆိုလူစေ့မရကြဘူး။နေစရာကလည်းတောတွေထဲမှာပြွတ်သိပ်နေတယ်။ လက်နက်ကြီးနဲ့သာပစ်ရင်မှန်နိုင်တဲ့အနေအထားမှာရှိတယ်။” လို့သူကပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း ယောက်သွားအိုင်ကျေးရွာကို လက်နက်ကြီးငယ်နဲ့ပစ်ခတ်ဝင်ရောက်လာတာကြောင့် အနီးအနားက အလယ်ရှို၊ ကုလားလူးနဲ့ ရှားလွင်စတဲ့ကျေးရွာက ဒေသခံတွေပါထွက်ပြေးတိမ်းရှောင်နေရတာပါ။ မနေ့ကဆိုလည်း ခင်ဦးမြို့နယ်ရဲ့ အနောက်ဘက်နဲ့ မြောက်ဘက်ကရွာတွေကို ပျူစောထီးနဲ့စကစတပ်သား အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းနှစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာကြောင့်အနီးအနားရွာတွေကဒေသခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ ယခုလ ၁၃ ရက်ကဆိုလည်း ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ လက်ပံရွာကျေးရွာကို ပျူစောထီးနဲ့ စစ်ကောင်စီအင်အား ၁၀၀ စစ်ကြောင်း ဝင်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ အခုဆို […]

အပြည့်အစုံဖတ်ရန်

နေအိမ်မီးရှို့ခံရတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ယာယီတဲတွေလိုအပ်နေ

February 20, 2023

ငါန်းဇွန် – ၂၀၂၃ ဖေဖော်ဝါရီ ၁၈ (မော်ကွန်း) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ရှောင်ပြည်သူတွေနေထိုင်ဖို့ တစ်လုံးကို ကျပ်နှစ်သိန်းတန်ဖိုးရှိ တဲတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ရွာက မြစ်ဘေးမှာပါ။ ညဆိုရင် စစ်သားတွေလာမှာကြောက်လို့ သဲသောင်ပြင်မှာဖြစ်သလိုအိပ်ကြရတယ်”လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။ ဒီစစ်ရှောင်တွေဟာ သူတို့ရဲ့နေအိမ်တွေကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က မီးရှို့သွားခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။ လတ်တလောမှာ စစ်ရှောင် ၁၅၀ ကျော်ရှိပြီး တစ်လုံးကို ကျပ် နှစ်သိန်းလောက်တန်ဖိုးရှိတဲ့ တဲအိမ်တွေလိုအပ်နေတာပါ။ “နောက်တစ်ခါ မီးလာရှို့ရင် မိုးကာဆိုတော့ မြန်မြန်ဖြုတ်သိမ်းပြီးပြေးလို့ရတာကြောင့် မိုးကာအဓိကလိုတယ်”လို့ စစ်ရှောင်ကူညီသူကပြောပါတယ်။ မိုးကာစနဲ့ မိုး၊ ကာပြီးဆောက်တဲ့တဲတစ်လုံးမှာ လူဦးရေ ၁၂ ဦးထိနေထိုင်နိုင်တယ်လို့သူကဆိုပါတယ်။ စစ်ရှောင်တွေထဲမှာသက်ကြီးရွယ်အို ၂၇ ဦးလည်းပါဝင်တာကြောင့် ကျန််းမာရေးအတွက်ဆေးဝါးတွေလည်းလိုအပ်ပါတယ်။ လတ်တလော နေဖို့အတွက် မိုးကာတဲတွေတင်မကဘဲ […]

အပြည့်အစုံဖတ်ရန်

ဒုဋ္ဌဝတီမြစ်ထဲရေဆင်းကူးတဲ့ကိုရင်တစ်ပါးရေနစ်သေဆုံး

February 20, 2023

ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ဒုဋ္ဌဝတီမြစ်ထဲရေဆင်းကူးရင်းပျောက်ဆုံးနေတဲ့ ကိုယ်ရင်တစ်ပါးသေဆုံးလျှက်ပြန်တွေ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး)ကပြောပါတယ်။ မနေ့က ညနေ ၄:၀၀ နာရီဝန်းကျင်လောက်မှာ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ၊ ရွှေရန်လင်းမင်းကျောင်းစာသင်တိုက်မှ ကိုရင် ငါးပါးရေဆင်းကူးရာမတော်တဆရေနစ်ခဲ့ပါတယ်။ အဲ့ထဲမှာ ကိုရင်လေးပါးကိုသာအသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေး) ထံမှသိရပါတယ်။ “မနေ့ကကိုယ်ရင်တစ်ပါးပျောက်ဆုံးနေတာကို ည ၈ခွဲ ၉နာရီ ထိလောက်တော့ရှာဖွေခဲ့တယ်။ ညကလည်းမှောင်နေတာနဲ့အလင်းရောင်မရှ်ိလို့ရပ်နားခဲ့ရတယ်ပေါ့။ ဒီမနက်ကျွန်တော်တို့ထပ်ရှာဖို့မထွက်ခင် ဖြစ်စဉ်နဲ့မနီးမဝေးနေရာတစ်ခုမှာ နံနက် ၇:၃၀ နာရီလောက်က အလောင်းတွေ့တယ်ဆိုလို့ကျွန်တော်တို့မသွားဖြစ်တော့ပါဘူး။” လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့ကိုရင်ဟာ အသက် ၁၃ နှစ်အရွယ်ဖြစ်ပြီးဘွဲ့အမည်ကတော့ကိုရင်ဩဒသလို့သိရပါတယ်။ ဒုဋ္ဌဝတီမြစ်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာ ၇ ရက် ကလည်း အသက်၂၁ နှစ်အရွယ်အမျိုးသားနှစ်ဦး ရေဆင်းကူးရင်းပျောက်ဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွါးခဲ့ဖူးပါတယ်။ Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ […]

အပြည့်အစုံဖတ်ရန်

ခင်ဦး အနောက်ခြမ်နဲ့မြောက်ခြမ်းမှာ စကစတပ်နဲ့ ပျူတွေစစ်ကြောင်းထိုး၊ ဆန်ဆီရိက္ခာတွေလုယူ

February 20, 2023

ခင်ဦး-၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ မြောက်ခြမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဒီကနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ဒေသခံငါးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အနောက်ခြမ်းမှာ ဒီကနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်ပေါ့၊ အင်းပတ်ကွေ့ဈေးတန်းအထိုင်ချနဲ့ ရွာသစ်ကုန်းပျူစောထီးခြံက ပျူတွေပေါင်းပြီး အင်အားက ၄၀ ဝန်းကျင်‌လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်ပြီး အောင်ချမ်းသာကျေးရွာထဲဝင်တယ်။ အဲ့နားက ငါးရွာလောက်က ထွက်ပြေးတိမ်းရှောင်လိုက်ရတယ်။ခင်ဦးမြောက်ခြမ်း ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှာ စစ်ကြောင်းရောက်နေတယ်။ ဒီနေ့အဲ့စစ်ကြောင်းက ခင်ဦးနယ်ထဲကိုပြန်ကူးလာတာ။ မဒေါင်းလှပျူစောထီးတွေကလည်း အဲဒီစစ်ကြောင်းကို သွားပြီးကြိုနေတာ၊ သွားကြိုတဲ့ လမ်းတစ်လျှောက်မှာ လက်နက်ကြီးငယ်တွေပစ်ပြီးတော့ ပိတောက်ကုန်းကျေးရွာအနီးပတ်လည်က ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်” လို့ ၎င်းကဒီကနေ့မနက်အခြေအနေကို ပြောပါတယ်။ အောင်ချမ်းသာကျေးရွာထဲကိုဝင်တဲ့စစ်ကြောင်းက ပြည်သူပိုင်နေအိမ်တွေက ဆန်ဆီ ရိက္ခာတွေသယ်ဆောင်ပြီး မနက်ဆယ်နာရီဝန်းကျင်က […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်နဲ့ဆားလင်းကြီးကြားက စကစတပ်စခန်းတစ်ခုကို ပကဖတွေ ဝင်ရောက်စီးနင်း

February 20, 2023

ယင်းမာပင်-၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ကြားက ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မနေ့ညနေပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “တိုက်ပွဲကြာချိန်တစ်နာရီလောက်မှာ အဲ့စခန်းကို ကျွန်တော်တို့သိမ်းဆည်းနိုင်ခဲ့တယ်။ စခန်းသိမ်းပြီးချိန်မှာ စခတွေက တောင်အောက်ကနေ ကားနှစ်စီးနဲ့ စစ်ကြောင်းနှစ်ကြောင်း၊ အောက်ကနေလည်း ၁၂၀ မမ တွေနဲ့ပါပစ်လို့ ကျွန်တော်တို့ စခန်းအကုန်မရှင်းနိုင်ခဲ့ဘဲ နောက်ပြန်ဆုတ်ခဲ့ရတာပေါ့။ စခဘက်ကဆို ၁၀ ကောင်နဲ့အထက်သေမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားတယ်” လို့ သူကတိုက်ပွဲအခြေအနေကိုပြောပါတယ်။ အဲဒီတိုက်ပွဲမှာ M-14 နင်းမိုင်း အလုံး ၄၀၊ MG-1 ပလပ်စတစ်လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နဲ့ Anti […]

အပြည့်အစုံဖတ်ရန်

လျှပ်စစ်သုံးယာဉ်နဲ့ဆက်စပ်လုပ်ငန်းတွေမြှင့်တင်ပြီး အခွန်ကင်းလွတ်ခွင့်ပြုမည်ဟုဆို

February 20, 2023

ရန်ကုန်-၂၀၂၃၊ဖေဖော်ဝါရီ၂၀(မော်ကွန်း) လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းတွေကို ဦးစား‌ပေးမြှင့်တင်မယ့် ရင်းနှီးမြှပ်နှံမှုကဏ္ဍအဖြစ် တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က အခုလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ခွင့်ပြုမယ့်လုပ်ငန်းကဏ္ဍအမျိုးအစားတွေကတော့ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးတပ်ဆင်၊ထုတ်လုပ်ပြုပြင်ထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်း‌ရေးနဲ့ဆိုင်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ လျှပ်စစ်သုံးဘတ်စ်ကားပြေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်းတွေပါဝင်ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးရထားစစ်ခေါင်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊လျှပ်စစ်သုံးယာဉ်အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်သုံးယာဉ်အတွက် ဘက်ထရီထုတ်လုပ်တဲ့လုပ်ငန်း ဘတ်ထရီနဲ့ဆက်စပ်တဲ့ဝန်တောင်မှုလုပ်ငန်းတွေလည်းပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီလို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှပ်နှံမှုကဏ္ဍမှာ အကျူံးဝင်တဲ့ လုပ်ငန်းတွေဟာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတည်ထောင်တာ ဒါမှမဟုတ် ပြင်ဆင်တဲ့ကာလ‌မှာ တင်သွင်းလာတဲ့ တည်ဆောက်ရေးပစ္စည်းစက်ကရိယာတွေနဲ့ပတ်သက်လို့ အကောက်ခွန်နဲ့ဝင်ငွေခွန် ကင်းခွတ်ခွင့်၊သက်သာခွင့်တွေကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်ရှင်မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနှစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးအလှည့်ကျစနစ်နဲ့သာ ရရှိနေတဲ့အခြေနေမှာ လျှပ်စစ်ကား၊လျှပ်စစ်ရထား စီမံကိန်းတွေဟာ လက်တွေ့အခြေနေနဲ့ နီးစပ်မှုမရှိတဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ နှစ်၃၀နီးပါး […]

အပြည့်အစုံဖတ်ရန်

သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ် ၆၄၄ ရက်မြောက် ဆန္ဒထုတ်ဖော်

February 20, 2023

စစ်ကိုင်းတိုင်း – ‌၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်တော်လှန်နေတဲ့ စစ်ကိုင်းတိုင်းထဲက သပိတ်တစ်ခုဖြစ်တဲ့ “သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း”ဟာ ဒီကနေ့မှာ ၆၄၄ ရက်မြောက်နေ့အဖြစ် လမ်းပေါ်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓါတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

ထားဝယ်၊ လောင်းလုံလူထုသပိတ် အင်အား ၅၀၀ ကျော်ဖြင့် ချီတက်ဆန္ဒပြ

February 20, 2023

လောင်းလုံ – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) တနင်္သာရီတိုင်း၊ ‌ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဒေသခံပြည်သူလူထုနဲ့အတူ သပိတ်တွေက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့ဆန္ဒထုတ်ဖော်မှုမှာ ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီကဦးဆောင်ကာ လောင်းလုံမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်၊ လောင်းလုံမြို့နယ်အခြေခံပညာကျောင်းသားများသပိတ်နဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)တို့နဲ့အတူ ဒေသခံပြည်သူလူထု စုစုပေါင်း ၅၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ‌သပိတ်တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ပြည်သူလူထုမထောက်ခံသည့် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ တရားမဝင်ရွေးကောက်ပွဲကိုပြုလုပ်ဖို့ကြိုးစားနေတာကြောင့် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)အနေနဲ့ နိုင်ငံရေးအံတုမှုနည်းနာတွေနဲ့ ဆန့်ကျင်တော်လှန်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ဓါတ်ပုံ – (DDMSC) #Dailynews

အပြည့်အစုံဖတ်ရန်

ယင်းမာပင်၊ ဆားလင်းကြီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေထွက်ပြေးနေရ

February 20, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာတွေအပါအဝင် တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဖေဖော်ဝါရီ ၁၉ ၊ ညနေပိုင်းက ပုသိမ်-မုံရွာလမ််းဘေး ရဲတပ်ရင်း ၂၈ ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပြီး အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ကာ ယင်းမာပင်အရှေ့ခြမ်းရှိ အုံတုံပင်၊ ကျေးစာကျ၊ ပေကုန်း၊ ထန်းတောကြီးကျေးရွာတွေက ဒေသတွေဟာ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ညနေ ၅း၀၀ ဝန်းကျင်မှာတော့ ဆားလင်းကြီးမြောက်ခြမ်း မြောက်ယမား၊ ချင်းတွင်းမြစ်ကမ်းဘေး ကျောက်မျက်ရွာနဲ့ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထပ်မံဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ယင်းမာပင်)ကတော့ ကျောက်မျက်တောင်ပေါ်က အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲကြောင့် […]

အပြည့်အစုံဖတ်ရန်

စစ်ရှောင်ဘဝမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို ပျူနဲ့အာဏာသိမ်းစစ်တပ် သုံးကြိမ်မြောက်မီးထပ်ရှို့

February 20, 2023

ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ နေအိမ်တွေမီးရှို့ခံရလို့ တခြားနေရာတစ်ခုကိုပြောင်းရွှေ့ဆောက်လုပ်ကာ စစ်ရှောင်နေထိုင်ကြရတဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မနေ့မနက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက လာရောက်ကာ ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ယင်းမာပင်၊ ယာကြီး – ‌ကလေးဝလမ်းဘေး ဘန့်ဘွေးရွာဟာ အာဏာသိမ်းစစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးရွာဖြစ်ပြီး အဲဒီရွာက ပျူတွေနဲ့စစ်သားတွေကိုယ်တိုင် လာရောက်မီးရှို့တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပြီလို့ ဒေသခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ အခုမီးရှို့ခံရတဲ့သူတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က သူတို့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့လို့ ‌အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အခြားနေရာတစ်ခုမှာ လာရောက်ကာ နေအိမ်တွေ ဆောက်လုပ်နေထိုင်ကြသူတွေပါ။ မီးရှိုခံရတဲ့နေအိမ် ၂၂ လုံးရှိပြီး စစ်ရှောင်တဲလိုမျိုးမဟုတ်ဘဲ မိမိနေရပ်ကို မပြန်ရဲတော့တာကြောင့် နေရာတစ်ခုမှာ နေအိမ်အဖြစ်ပြန်ဆောက်ထားတဲ့ နေအိမ်တွေလို့ ဒေသခံကပြောပါတယ်။ Data For Myanmar ရဲ့ ၂၀၂၃ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်က ပကဖစခန်းတစ်ခုကို စကစတပ်တွေစီးနင်းမီးရှို့

February 19, 2023

ယင်းမာပင်-၂၀၂၃ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာအနီးက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ B Two Fighters အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပြီး စခန်းနဲ့အနီးနားရွာကနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “တိုက်ပွဲဖြစ်ပြီးမှ မီးရှို့တာဗျ။ ဒီကောင်တွေက စခန်းထဲရောက်တော့ ကျွန်တော်တို့က စခန်းရဲ့မြောက်ဘက်မှာနေရာယူထားတာ။ စခန်းအတွင်းထဲကိုဝင်လာပြီဆိုမှ ပစ်တာဗျ။ စစ်ကောင်စီဘက်က တပ်ကူတွေထပ်လာနေတယ်သတင်းရလို့ ကျွန်တော်တို့က နောက်နည်းနည်းပြန်ဆုတ်ပေးလိုက်တာ”လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ စခန်းမီးရှို့ခံရတဲ့အထဲမှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးအပြင် ရိက္ခာတချို့ မီးထဲပါသွားတယ်လို့ သူကဆိုပါတယ်။ စစ်ကောင်စီအဖွဲ့တွေက စခန်းမီးရှို့ပြီး ပြန်အထွက်မှာ ဘန့်ဘွေးမြောက်ရွာက လူနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးသွားပြီး ဆုံးရှုံးမှုအရေအတွက်ကိုတော့မသိရသေးဘူးလို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီအဖွဲ့ဝင် ငါးဦးနီးပါး သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ “ကျွန်တော်တို့စခန်းရဲ့မြောက်ဘက် […]

အပြည့်အစုံဖတ်ရန်
1 … 147 148 149 150 151 152 153 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."