သပိတ်ကျင်း – ၂၀၂၃ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးမှာ ဒီနေ့ မနက် ၅:၂၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ် အင်အား ၁၀၀ လောက်ပါလာတဲ့ ခြောက်ဘီးကား သုံးစီးကို ရှေ့ထွက်မိုင်းသုံးလုံးပဒေသာမိုင်းနှစ်လုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
“နောက်ဆုံးအစီးကိုဆွဲတော့ ရှေ့ကနှစ်စီးက အသားကုန်ပစ်တာ၊ အစောကလက်နက်ငယ်ပဲ၊ ခဏနားပြီး လက်နက်ကြီးတွေရောပါလာတာ၊ တော်တော်ပြန်ပစ်သွားပါတယ်၊ ပြည်သူတွေထိခိုက်မှုရှိမရှိစုံစမ်းဆဲပါ”လို့တကောင်းပကဖတာဝန်ရှိသူကပြောပါတယ်။
စစ်ကားပေါ်က စစ်သား ၁၀ ယောက်ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေကို တကောင်းမြို့ထဲက လူနာတင်ကားတွေနဲ့လာရောက်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။
မြတောင်ဘက်ကနေ မန္တလေးဘက်ကိုဆင်းလာတဲ့ အာဏာသိမ်းစစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ဓါတ်ပုံ – တကောင်းပ.က.ဖ
#Dailynews

