သပိတ်ကျင်း – ၂၀၂၃ မေ ၃ (မော်ကွန်း) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ရွှေကိုးပင်လမ်းပေါက်နားမှာ အာဏာသိမ်းစစ်သားတွေလိုက်ပါလာတဲ့ ကားတစ်စီးကို မနေ့ညက မိုင်းဆွဲတိုက်ခိုက် ခဲ့တယ်လို့တကောင်းပ.က.ဖ ဆီကသိရပါတယ်။ အင်းနက်ရွာကနေ ဆင်းလာတဲ့ စစ်သားတွေလိုက်ပါလာတဲ့ကားကို မိုင်းလေးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားသုံးယောက်သေဆုံးခဲ့တယ်လို့ တကောင်းပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ မာမီကပြောပါတယ်။ “သူတို့ကားတည့်တည့်ထိတာ၊ အရှေ့က စစ်သားတွေတော့သက်သာသွားတယ်၊ ကားကလုံးဝပျက်စီးသွားတာ၊ ကားပေါ်ပါစစ်သားတွေလွင့်သွားတယ်”လို့ မာမီကပြောပါတယ်။ မိုင်းဖောက်ခွဲခံရမှုကြောင့် စစ်သားသုံးဦးနေရာတင်သေဆုံးသွားပြီး သေဆုံးဒဏ်ရာရစစ်သားတွေကို တကောင်းဆေးရုံကို သယ်ယူပို့ဆောင်လိုက်တယ်လို့ သူကပြောပါတယ်။ မိုင်းဆွဲခံရပြီးပျက်စီးသွားတဲ့ကားကိုတော့ နာရီဝက်ခန့်အကြာမှာ လာရောက်ယူဆောင်သွားတယ်လို့သူကပြောပါတယ်။ #Dailynews
ရန်ကုန်- ၂၀၂၃ မတ် ၃ (မော်ကွန်း) ဒီကနေ့ကျရောက်တဲ့ကဆုန်လပြည့်နေ့မှာ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးသူတွေနဲ့စည်ကားနေပါတယ်။ ကဆုန်လပြည့်နေ့ညောင်ရေသွန်းကြသူတွေနဲ့ကောင်းမှုကုသိုလ်လာရောက်ပြုကြသူတွေအများပြားတွေ့ရပါတယ်။ ဗျာ၊ ဖွား၊ ပွင့်၊ စံ လို့အလွယ်မှတ်ထားကြတဲ့ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဗျာဒိတ်တော်ခံယူ၊ကဆုန်လပြည့်နေ့မှာပင်ဖွားမြင်တော်မူ၊ ကဆုန်လပြည့်နေ့မှာပင် ဘရားပွင့်တော်မူခဲ့ပြီး ကဆုန်လပြည့်နေ့မှာပဲ ပရိနိဗ္ဗာန်စံတော်မူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကဆုန်လပြည့်နေ့ရောက်တိုင်းဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားရှင်တရားအားထုတ်ခဲ့တဲ့ ဗောဓိညောင်ပင်မှာရေသွန်းတာတွေနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတာပါ။ ဒီကနေ့ကျရောက်တဲ့ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကိုလာရောက်ဖူးမြှော်ကြသူတွေများပြားနေပြီး ကားလမ်းတွေပါပိတ်တဲ့အထိဖြစ်ခဲ့တာပါ။ Photo : Mawkun #Dailynews
ရန်ကုန် -၂၀၂၃ မေ ၃ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၂,၁၅၃ ဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။ အဲဒီလိုလွှတ်ပေးတာဟာ ဒီနေ့ကျရောက်တဲ့ ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားလို့ ပြန်လွှတ်ပေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဆိုပါတယ်။ အဲဒီထုတ်ပြန်ချက်ကြောင့် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေလည်း လာရောက်စောင့်ဆိုင်းနေကြပါတယ်။ “အခုထိတော့ ပါ၊ မပါမသိသေးဘူး၊ သိပ်လည်းမမျှော်လင့်ရဲဘူးလေ။ ပါမလာတာများနေလို့” လို့ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့သားဖြစ်သူကို လာစောင့်နေတဲ့ မိခင်ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့ကလည်း စစ်ကောင်စီက အကျဉ်းသူ အကျဉ်းသား သုံးထောင်ကျော်ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုဟာ မူးယစ်ဆေးမှုနဲ့ တပ်ပြေး၊ရဲပြေးအမှုတွေ ဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံရသူ […]
ရန်ကုန် -၂၀၂၃ မေ ၃ (မော်ကွန်း) ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ၅၀၅-က နဲ့ အကျဉ်းကျခံနေရသူတွေကို ဒီနေ့ မနက် ၁၁ နာရီ ၁၅မိနစ်ဝန်းကျင်ကစပြီး လွှတ်ပေးနေပါတယ်။ “ရန်ကုန်တိုင်းက ကိုးရာကျော်လွှတ်မယ်လို့ပြောတယ်။ တစ်နှစ်လောက်ကျန်သေးတဲ့သူတွေလဲပါတယ်။ ကျွန်တော်က နှစ်နှစ်ရှိပြီ၊ အထဲမှာကျန်သေးတယ်ဗျ။ ၅၀၅-က တွေ အများကြီးလွှတ်ပေးတာဗျ” လို့ ပြန်လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပုဒ်မ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၂,၁၅၃ ဦးကို ဒီကနေ့ ကဆုန်လပြည့်နေ့မှာ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။ အဲဒီလိုလွှတ်ပေးတာဟာ ဒီနေ့ကျရောက်တဲ့ ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားလို့ ပြန်လွှတ်ပေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဆိုပါတယ်။ အခုနှစ်ဧပြီ ၁၇ ရက်ကလည်း စစ်ကောင်စီက အကျဉ်းသူ အကျဉ်းသား […]
ရန်ကုန်-၂၀၂၃ မေ ၃ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားပြီး ပြန်လွှတ်ပေးသူတွေထဲမှာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့တဲ့ အလွတ်တမ်းဓာတ်ပုံသတင်းထောက် ဖိုးသား(ခ)ဇော်လင်းထွဋ်လည်း ဒီကနေ့ပြန်လွတ်မြောက်လာပါတယ်။ “အထဲမှာကျန်ခဲ့တဲ့သူတွေလည်း ရှိပါသေးတယ်။ ဒါကျွန်တော်တို့ ၅၀၅-က နဲ့ ကျတဲ့သူတွေ အများဆုံး လွတ်လာတာပါ။ အထဲမှာ ကျန်တဲ့ပုဒ်မတွေ သူတို့စွပ်စွဲထားတဲ့သူတွေ အများကြီးရှိပါသေးတယ်။ အဲဒီလူတွေအတွက် ပြည်သူတွေက ဆက်ပြီးတော့ တောင့်ခံထားပေးပါလို့ ကျွန်တော်ပြောချင်ပါတယ်။ စိတ်ဓာတ်အင်အားရအောင် သူတို့ရဲ့စားဝတ်နေရေးအရကော နောက်ဆုံး တော်လှန်ရေးစိတ်ဓာတ်ကို အရှိန်မြှင့်ပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဖိုးသား(ခ)ဇော်လင်းထွဋ် က ပြောပါတယ်။ ဖိုးသားဟာ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၉ က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ စစ်တပ်က တရားစွဲဆိုပြီး ထောင်တစ်နှစ်ကျော်နေခဲ့ရကာ ၂၀၂၀ခုနစ် ဇွန်လက ပြန်လည်လွတ်မြောက်လာပြီး အလွတ်တမ်းဓာတ်ပုံသတင်းထောက်တစ်ဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။ ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်က ဆန္ဒပြပွဲတစ်ခုအသွား လမ်းမှာအဖမ်းခံခဲ့ပြီး […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ လက်ပံတောင်းတောင်၊ ဝမ်ပေါင်ကြေးနီထုတ်လုပ်ရေးစီမံကိန်းကနေ ကားတွေနဲ့ ကြေးနီတွေထုတ်ဖို့ရှိတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ လုံခြုံရေးယူရတယ်ဆိုပြီး စစ်ကြောင်းထိုးလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ “ကြေးနီသယ်တဲ့ကားတွေက ရိက္ခာသယ်လာမှာ၊ တရုတ်တွေအတွက်ရယ်၊ CDM မဝင်တဲ့ ကုမ္မဏီဝန်ထမ်းရယ်၊ လုံခြုံရေးစခတွေအတွက်ရယ်”လို့ ဒေသခံကပြောပါတယ်။ လက်ပံတောင်းတောင်မှာရှိတဲ့ ကြေးနီစီမံကိန်းအတွက် အာဏာသိမ်းစစ်တပ်က စစ်သားတွေကို လုံခြုံရေးသီးသန့်ချထားပေးထားပါတယ်။ ကြေးနီကားတွေဟာ ရိက္ခာတွေသယ်လာပြီး အထွက်မှာတော့ စက်ရုံထဲကကြေးနီတွေသယ်သွားမှာဖြစ်ကာ “အခု အံစာတုံးကားတွေနဲ့ တွဲကားတွေအဝင်အထွက်လုပ်နေတယ်”လို့ ဒေသခံကပြောပါတယ်။ ဝမ်ပေါင်ကို လုံခြုံရေးယူပေးဖို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ စစ်ကားနှစ်စီးဟာ အင်အားအပြည့်နဲ့ နံနက် ၆း၀၀ နာရီဝန်းကျင်က ထွက်လာကာ လက်ပံတောင်းတောင်တဝိုက် ပုသိမ် – မုံရွာလမ်းဘေးဝဲယာ ရွာစဉ်အလိုက်စစ်ကြောင်းထိုးခဲ့တာလို့ ဒေသခံကပြောပါတယ်။ ဒီနေ့စစ်ကြောင်းထိုးလို့ ကျေးစာကျ၊ […]
ရွှေဘို -၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်တွေ နှစ်ရက်ဆက်တိုက်မီးရှို့တာကြောင့် အိမ်ခြေ လေးရာကျော်မီးလောင်ပျက်စီးသွားတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “အိမ်ခြေက နဂိုရှိတာကခြောက်ရာမှာ အိမ်ခြေတစ်ရာကျော်လောက်ပဲကျန်တော့တာ၊ အိမ်ခြေလေးရာကျော်လောက်ထိ ပျက်ဆီးသွားတယ်။ မနေ့က မြို့သစ်ရွာကို သူတို့(စစ်ကောင်စီတပ်)စဝင်တယ်။ ဝင်တုန်းကလည်း မိုင်းမိတယ်။ ဒီနေ့မနက် ထွက်ခါနီးကျတော့လည်း မိုင်းမိတယ်။ မိတော့ သူတို့က(ရွာကို) အငြိုးကြီးကြီးနဲ့ မီးရှို့ခဲ့တာပေါ့” လို့ သူကပြောပါတယ်။ မြို့သစ်ရွာကိုမီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဘီလူးစစ်ကြောင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ ရေဦးမြို့ကိုပြန်သွားပြီလို့ သိရပါတယ်။ အဲဒီဘီလူးစစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲကို ဧပြီ ၁၉ ရက်ကစလို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဧပြီ ၂၅ ရက်က တပင်ကောင်း(တောင်ရွာက) နေအိမ် ၂၅ လုံး၊ ကံကြီးကုန်းရွာက နေအိမ်တစ်လုံးကိုလည်း […]
ရန်ကုန်- ၂၀၂၃၊ ဧပြီ ၂၇ (မော်ကွန်း) မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးချောက်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ ရောက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကဒီကနေ့ထုတ်ပြန်ထားပါတယ်။ လက်ရှိရန်ကုန်မြို့မှာဆိုရင်လည်း လျှပ်စစ်မီးပုံမှန်မရတဲ့အပြင် ရာသီဥတုအပူဒဏ်ကြားမှာ ပြည်သူတွေဟာ စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေရတာပါ။ မနေ့က သာကတေမြို့နယ် မှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး အပူချိန်မြင့်တက်လာရာကနေ ကွယ်လွန်သွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှူကူညီရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ အပူချိန်မြင့်မားနေတဲ့ ရန်ကုန်မြို့မှာ အပူရှပ်တာတွေ သတိမေ့လဲတာတွေရှိလာနေတယ်လို့လူမှုကူညီကယ်ဆယ်ရေးအသင်းတွေကထုတ်ပြန်ပါတယ်။ Photo: Mawkun #Dailynews
ရန်ကုန်-၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ခုနစ်နာရီခွဲဝန်းကျင်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ “စစ်ကြောင်းအင်အားက ငါးဆယ်ဝန်းကျင်လောက်ပါတယ်။ ထွက်ပြေးရတာက ကျေးရွာခုနစ်ရွာမှာ လူဦးရေနှစ်ထောင်ဝန်းကျင်လောက်တော့ရှိမယ်။ ယာယီရှောင်နေရတဲ့သဘောမျိုးပေါ့။ ဒေသခံတွေဖမ်းတာတော့မရှိဘူး။ ဒါပေမယ့် လာသမျှလူ သူတို့စစ်ကြောင်းနဲ့ မလွတ်ဘူးဆိုရင်ပစ်တယ်။ သူတို့ဦးတည်ချက်ကတော့ ဆားလင်းကြီးမှာ လူအင်အားဖြည့်တင်းတဲ့သဘောဗျ” လို့ လက်ရှိအခြေအနေကိုပြောပြပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်အထိတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေတော့မလုပ်သေးဘူးလို့ သူကဆက်ပြောပါတယ်။ အဲဒီ့စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာကနေဖမ်းလာတဲ့ ဒေသခံငါးဦးနဲ့ ဆားလင်းကြီးနယ်ကဒေသခံတစ်ဦး စုစုပေါင်း ခြောက်ဦးကို အခုလ ၂၅ နဲ့ ၂၆ ရက်က သတ်ဖြတ်သွားတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။ ပုံစာ – ဒီမနက်ပိုင်းကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ဆားလင်းကြီးဒေသခံများ Photo-အညာပစ်တိုင်းထောင်လေးများ #Dailynews
ရန်ကုန် – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း) စစ်ကောင်စီလက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းလုပ်ငန်းကို မနေ့က ပထမဆုံးစတင်လက်ခံခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်တွေကို ဦးရာလူစနစ်တွေနဲ့ တင်သွင်းနေကြတယ်လို့ မှတ်ပုံတင်ဆောင်ရွက်ခဲ့သူတွေဆီက သိရပါတယ်။ မနေ့က ဧပြီ ၂၆ ရက်ဟာ ကမ္ဘာ့မူပိုင်ခွင့်နေ့ အခမ်းအနားဖြစ်ပြီး အဲ့ဒီနေ့မှာ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဌာနအောက်က မူပိုင်ခွင့်ရုံးခွဲတွေမှာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်မှုကို စတင်လက်ခံဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီမူပိုင်ခွင့်ရုံးတွေဟာ ကုန်ပစ္စည်းမှတ်ပုံတင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေဆီက ကြိုတင်စာရင်းကောက်ယူထားခဲ့ပြီး ကြိုတင်စာရင်းပေးထားတဲ့ ကုန်အမှတ်တံဆိပ်ပေါင်း သုံးသောင်းကျော်ကိုလည်းရရှိထားတယ်လို့ စစ်ကောင်စီ မူပိုင်ခွင့်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ဧပြီလ ၁ ရက်တည်းက ကြိုတင်စာရင်းပေးတာ ကြိုကောက်ထားတာပေါ့၊ အခုကတော့ တရားဝင် လာတင်နိုင်ပြီး မူပိုင်ခွင့်တွေ ချပေးသွားမှာပေါ့၊ ဥပဒေကလည်း […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့အာဏာသိမ်းစစ်တပ်ဟာ စစ်ကြောင်းထိုးရင်း ချင်းတွင်းမြစ်ကမ်းဘေးက သစ်တောရုံးတစ်ရုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီသစ်တောရုံးဟာ ချင်းတွင်းမြစ်ကမ်းဘေးက သစ်ဖောင်ဖွဲ့ရုံးလို့ဒေသခံတွေကပြောပြီး အဲဒီနေရာမှာရှိတဲ့ သစ်လုံးတွေကို အာဏာသိမ်းစစ်တပ်က ယူဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လို့ဆိုကြပါတယ်။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သစ်တွေကိုမသယ်ယူနိုင်ဘဲ ဒီကနေ့မှာတော့မီးရှို့ပစ်ခဲ့တာလို့ ဒေသခံကပြောပါတယ်။ ဒီကနေ့နံနက် ၈း၀၀ နာရီလောက်က ဆားလင်းကြီး၊ ရွှေမုဋ္ဌောဘုရားမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့အင်အား ၅၀ လောက်ဟာထွက်လာပြီး လက်ပံတောင်းတောင်ဒေသကို စတင်စစ်ကြောင်းထိုးခဲ့တာပါ။ အဲဒီကနေ မွန်းလွဲ ၃း၀၀ ဝန်းကျင်မှာတော့ သစ်တန်ပေါင်းများစွာရှိတဲ့ ချင်းတွင်းမြစ်ကမ်းဘေးက သစ်ဖောင်ရုံးကိုမီးရှို့ပြီး မုံရွာတစ်ဘက်ကမ်းကို ပြန်သွားခဲ့ကြတာလို့ ဒေသခံကပြောပါတယ်။ ဧပြီ ၂၅ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဆားလင်းကြီးကို ဝင်ရောက်လာပြီး အင်အား ၁၀၀ […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း) ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့နေ့လယ်ပိုင်းက တောင်အောက်ကိုဆင်းလာပြီး စိုက်ခင်းထဲကသီးနှံတွေကို ခူးကာ အကုန်ပစ်သတ်မယ်လို့ ခြိမ်းခြောက်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ စိုက်ခင်းဆီကို စစ်သား ၂၀ လောက်ဆင်းလာချိန်မှာ ပိုင်ရှင်တောင်သူတွေဟာ ထွက်ပြေးချိန်မရဘဲထိပ်တိုက်တွေ့ပြီး တချို့ကလည်း ထွက်ပြေးနိုင်သွားကြတယ်လို့ ဒေသခံကပြောပါတယ်။ “ဖမ်းမိတဲ့အထဲက နွားကျောင်းသားနှစ်ယောက်ကို သေနတ်နဲ့ခေါင်းချိန်ထားပြီး ဒူးထောက်ခိုင်းတာ၊ ခူးပြီးတော့ ဒီတဝိုက်ကို ညဘက်လာရင် အဖြူအမည်းမရွေးဘူး၊ အကုန်ပစ်သတ်မယ်လို့ပြောတယ်”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ ခရမ်းသီး၊ ဘူးသီး၊ ဘူးရွက်တွေကို စိတ်ကြိုက်ခူးပြီး ဖမ်းထားတဲ့ နွား၊ သိုးကျောင်းသူတွေနဲ့ တောင်သူတွေကို သေနတ်ချိန်၊ ခြိမ်းခြောက်ပြောဆိုကာ တောင်ပေါ်ကိုပြန်တက်သွားတယ်လို့ ဒေသခံကပြောပါတယ်။ ဒီသတင်းကြားတဲ့ အနီးအနားက မြရွှေစီ၊ စုန်းကျင်း၊ ဘိန်းနွယ်ချောင်စတဲ့ရွာတွေဟာ သူတို့ဆီကို […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."