ရန်ကုန်-၂၀၂၃ ဧပြီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ခုနစ်နာရီခွဲဝန်းကျင်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်အရေးကူညပေးနေတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“စစ်ကြောင်းအင်အားက ငါးဆယ်ဝန်းကျင်လောက်ပါတယ်။ ထွက်ပြေးရတာက ကျေးရွာခုနစ်ရွာမှာ လူဦးရေနှစ်ထောင်ဝန်းကျင်လောက်တော့ရှိမယ်။ ယာယီရှောင်နေရတဲ့သဘောမျိုးပေါ့။ ဒေသခံတွေဖမ်းတာတော့မရှိဘူး။ ဒါပေမယ့် လာသမျှလူ သူတို့စစ်ကြောင်းနဲ့ မလွတ်ဘူးဆိုရင်ပစ်တယ်။ သူတို့ဦးတည်ချက်ကတော့ ဆားလင်းကြီးမှာ လူအင်အားဖြည့်တင်းတဲ့သဘောဗျ” လို့ လက်ရှိအခြေအနေကိုပြောပြပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိအချိန်အထိတော့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေတော့မလုပ်သေးဘူးလို့ သူကဆက်ပြောပါတယ်။
အဲဒီ့စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာကနေဖမ်းလာတဲ့ ဒေသခံငါးဦးနဲ့ ဆားလင်းကြီးနယ်ကဒေသခံတစ်ဦး စုစုပေါင်း ခြောက်ဦးကို အခုလ ၂၅ နဲ့ ၂၆ ရက်က သတ်ဖြတ်သွားတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – ဒီမနက်ပိုင်းကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ထွက်ပြေးနေရတဲ့ဆားလင်းကြီးဒေသခံများ
Photo-အညာပစ်တိုင်းထောင်လေးများ
#Dailynews

