သတင်းများ

ဆားလင်းကြီးမှာ အာဏာသိမ်းစစ်တပ် ပစ်သတ်ထားခဲ့သူ ‌နောက်ထပ် နှစ်ဦး တွေ့ရှိ

April 26, 2023

ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မနေ့ကအာဏာသိမ်းစစ်တပ် သတ်ဖြတ်ထားခဲ့သူ လေးဦးတွေ့ရှိပြီးနောက် ဒီကနေ့မှာလည်း နောက်ထပ်နှစ်ဦးတွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။ “ဒီနှစ်ယောက်ကလည်း မနေ့က လေးယောက်လိုပဲ မနေ့ကပဲ အသတ်ခံရတာ၊ ဒီနေ့မှ အလောင်းတွေ့ရတာပေါ့”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ မနေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-နမခ)ကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်ကို ရောက်လာပြီး ရွှေလှေရွာမှာ အမျိုးသားတစ်ဦး၊ ဖောင်းကတာနဲ့ မန်ကျည်းတန်းရွာကြားမှာ အမျိုးသားသုံးဦး၊ စုစုပေါင်း လေးဦးတို့ကို ‌နှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ဒီကနေ့ နံနက် ၉း၀၀ နာရီလောက်မှာတော့ ‌ဖောင်းကတာရွာနဲ့ရေခါးရွာအကြားမှာ သေနတ်နဲ့ပစ်သတ်ထားတဲ့ နောက်ထပ်အမျိုးသားနှစ်ဦးရဲ့အလောင်းတွေကို ရွာသားတွေက ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခုအသတ်ခံရတဲ့ အရပ်သားစုစုပေါင်းခြောက်ဦးမှာ ငါးဦးက မုံရွာဘက်ကမ်းကတည်းက ဖမ်းဆီးလာတဲ့ ပြည်သူတွေဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

အင်းစိန်မှာ တက်တူးဆရာတစ်ဦး ကြိုးဆွဲချသေ

April 26, 2023

ရန်ကုန်- ၂၀၂၃၊ ဧပြီ ၂၆ (မော်ကွန်း) အင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက်၊ ဗောဓိညောင်ပင်လမ်းရှိ နှစ်ထပ်နေအိမ်တစ်လုံးမှာ ဒီကနေ့နံနက်ပိုင်းလောက်က တက်တူးဆရာ အမျိုးသားတစ်ဦး ဆွဲကြိုးချပြီး မိမိကိုယ်ကိုအဆုံးစီရင်သွားတယ်လို့ တွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်) မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျွန်တော်တို့သတင်းရတာ ၈:၀၀ နာရီ ကျော်လောက်ပေါ့။ ကောင်လေးဖြစ်တဲ့အချိန်ကတော့ ၅ နာရီ နဲ့ ၆ နာရီအတွင်းမှာပဲ။ ကျွန်တော်တို့အလောင်းကောက်တဲ့အချိန် ကောင်လေးကနည်းနည်းတောင်တောင့်နေပြီ။” လို့သူကပြောပါတယ်။ သေဆုံးသူတက်တူးဆရာဟာ ခန့်မှန်းခြေအသက် ၂၅ နှစ် ဝန်းကျင်ဖြစ်မယ်လို့ ဆိုပါတယ်။ အဲဒီတက်တူးဆရာဟာ သူရဲ့ နှစ်ထပ်လုံးချင်းအိမ်ကို အောက်ထပ်မှာ တက်တူးဆိုင်ဖွင့်ထားပြီး တစ်ယောက်တည်းနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ရုပ်အလောင်းကို အင်းစိန်ရင်ခွဲရုံကိုပို့ထားတယ်လို့သိထားရပါတယ်။ Photo – တွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်) #Dailynews

အပြည့်အစုံဖတ်ရန်

လျှပ်စစ်မီးပြတ်ချိန်များလို့ မန္တလေးမှာရေပြတ်လပ်

April 25, 2023

ရန်ကုန် – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း) မန္တလေးမြို့တွင်းမှာ လျှပ်စစ်မီးပြတ်ချိန်များပြီး ရေတင်မရတာကြောင့် ရေအခက်အခဲ ကြုံနေရတယ်လို့ မန္တလေးမြို့ခံတွေနဲ့ ရေလှူပေးနေသူတွေဆီက မော်ကွန်းကိုပြောပါတယ်။ “သင်္ကြန်ပြီးနောက်ပိုင်းကစပြီး ရေပြတ်တာ။ အခုရေလိုက်လှူနေကြတာလည်းရှိတယ်။ တကယ့်တကယ်ကျ နိုင်လောက်မယ်မထင်ဘူး။ မီးပြတ်တာများနေတာကို” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လေပြင်းတိုက်ပြီး ဓာတ်တိုင်တွေကျိုးတာကြောင့် လျှပ်စစ်မီးပြတ်ပြီး အခုလိုအခြေအနေတွေ ကြုံလာရတာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အဲဒီအချိန်မှာ ရေပြတ်လပ်မှုနှုန်းက တအားကိုတက်သွားတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့နှစ်ရက်က တစ်ရက်ကို ရေဂါလန် တစ်သောင်း၊နှစ်သောင်းကျော် လိုက်ပြီးကူညီပေးနေတာပါခင်ဗျ” လို့ ပြောပါတယ်။ မြန်မာ‌နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီအနေနဲ့ မနက်အစောပိုင်းကနေ ညပိုင်းအထိ အကူညီလိုတဲ့နေရာတွေမှာ ရေလိုက်လှူပေးနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ မန္တလေးမြို့တွင်း […]

အပြည့်အစုံဖတ်ရန်

ရေစကြိုမြို့နယ်ထဲကိုစစ်ကြောင်းထ်ိုးနေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေတိုက်ခိုက်ခံရ

April 25, 2023

ရေစကြို – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း) မကွေးတိုင်း၊ရေစကြိုမြို့နယ် ရှင်မတောင်အနီးတဝိုက်ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေကို မနေ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။ ပခန်းကြီးနယ်မြေရဲစခန်းကနေ စစ်သား ၆၀ ဝန်းကျင်ကိုတင်ဆောင်လာတဲ့ဖောကားနှစ်စီးကို မြေခဲတောင်ရွာနဲ့ ကျောက်တံခါးကျေးရွာကြားမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ “ရှင်မတောင်ရွာနားကကျေးရွာတွေကို သူတို့ကတစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းပတ်ထိုးနေတာ၊ မြေခဲတောင်နဲ့ကျောက်တံခါးနားမှာ သူတို့ဖောကားပေါ်ကဆင်းပြီးရွာထဲဝင်မယ်အလုပ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ”လို့ အဆိုပါတာဝန်ခံကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုနာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့​ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ထိခိုက်ဒဏ်ရာရစစ်သားတွေကို ဘုန်းကြီးကျောင်းထဲ ခေါ်ဆောင်ဆေးကုပေးနေတယ်လို့ပြောပါတယ်။ ရှင်မတောင်အနီးတစ်ဝိုက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်သားတွေက ကိုင်းမကြီးရွာကအမျိုးသားသုံးဦးနဲ့ အမျိုးသမီးလေးဦးတို့ကို တိုက်ပွဲမဖြစ်ခင် ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအခြေအနေတွေပိုမိုဆိုးရွာလာတာကြောင့် ဆွစ်ဇာလန်ရေအားလျှပ်စစ်စီမံကိန်းအကြံပေးကုမ္ပဏီ ရပ်ဆိုင်းတော့မည်

April 25, 2023

ရန်ကုန်- ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြစ် (ခေါ်) ဒုဌဝတီမြစ်ပေါ်မှာတည်ဆောက်နေတဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှာ အကြံပေးဝန်ဆောင်မှုလုပ်နေတဲ့ ဆွစ်ဇာလန်နိုင်ငံအင်ဂျင်နီယာကော်ပိုရေးရှင်းကုမ္ပဏီ AFRY က မြန်မာနိုင်ငံရှိရေအားလျှပ်စစ်စီမံကိန်းဝန်ဆောင်မှုတွေအားလုံးဒီနှစ်ကုန်ရပ်ဆိုင်းတော့မယ်လို့ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်က ထုတ်ပြန်ပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း လူအခွင့်အရေးအခြေအနေတွေဟာပိုပိုပြီး အနုတ်လက္ခဏာဆောင်လာတာကြောင့် အခုလိုရပ်ဆိုင်းဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ AFRY ဟာ ကမ္ဘာတစ်ဝှမ်းမှာ အခြေခံအဆောက်အဦတွေ၊ စက်မှုလုပ်ငန်းနဲ့စွမ်းအင်ကဏ္ဍတွေမှာ ရေရှည်တည်တံ့ရေး အကြံပေးဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ အင်ဂျင်နီယာကုမ္ပဏီကြီးတစ်ခုပါ။ AFRY ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ဝန်းကျင် ကတည်းက မြန်မာနိုင်ငံမှာ Colenco Power Engineering, Myanmar (CPEM) ဆိုတဲ့နာမည်နဲ့စတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ မှာတော့ AFRY Switzerland ကုမ္ပဏီလက်အောက် မြန်မာနိုင်ငံရုံးခွဲအဖြစ်ပြောင်းလဲခဲ့တယ်လို့ဖော်ပြထားပါတယ်။ AFRY […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ အရပ်သားပြည်သူလေးဦးကို အာဏာသိမ်းစစ်တပ်သတ်ဖြတ်သွား

April 25, 2023

ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ဒီကနေ့နံနက်အစောပိုင်း ဆားလင်းကြီးနယ်မှာ အရပ်သားလေးဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ ညောင်ပင်းကြီးကျေးရွာကနေထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းဟာ ရွှေလှေကျေးရွာအရောက်မှာ အရပ်သားတစ်ဦးကို ဦးစွာပစ်သတ်ခဲ့ပါတယ်။ ဒေသခံတွေပြောပြချက်အရ အသတ်ခံရတဲ့ဒေသခံဟာ မြိုင်နယ်ကနေ မုံရွာမြို့ကို ဆိုင်ကယ်သက်တမ်းတိုးဖို့ လာရောက်ခဲ့သူဖြစ်ပြီး သူနဲ့အတူပါလာတဲ့အဖော်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီကနေ စစ်ကြောင်းဟာတောင်ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး နေ့လယ် ၁၂း၀၀ နာရီလောက်မှာ ဖောင်းကတာရွာနဲ့ မန်ကျည်းတန်းရွာကြားမှာ နောက်ထပ်အရပ်သားသုံးဦးကို သတ်ပစ်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အသတ်ခံရသူတွေရဲ့ ခန္ဓာကိုယ်တွေမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရပြီး ‌ဦးခေါင်းကိုပစ်ခတ်ထားတဲ့အလောင်းတွေဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ “ရင်ဘတ်၊ နောက်ကျောဘက်တွေ၊ ဝမ်းဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာတွေတွေ့ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ အသတ်ခံရသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ မုံရွာမြို့ဘက်ကလို့ ယူဆရကြောင်း ဒေသခံကဆိုပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ခင်ဦးစစ်ရှောင်တွေ ရေနဲ့ရိက္ခာလိုအပ်နေ

April 24, 2023

ရန်ကုန်-၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့သောက်သုံးရေရှားပါးလာပြီလို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးက တာဝန်ရှိသူကမော်ကွန်းကိုပြောပါတယ်။ “ရေကအရှေ့ခြမ်းနဲ့ အနောက်ခြမ်းအခက်အခဲကမတူဘူး။ အရှေ့ခြမ်းမှာဆို ရေရဖို့ ပေသုံးရာလောက်ထိ တူးရတယ်။ အဲ့လောက်တူးဖို့အတွက်က ကုန်ကျစရိတ်အားဖြင့် သိန်းသုံးဆယ်လောက်ကျတယ်။ အနောက်ခြမ်းမှာကျ စစ်ရှောင်ဦးရေများတာ။ ချိုးရေသောက်ရေအတွက်က ဘုံဘိုင်လေးတစ်ခုတည်းကို တန်းစီပြီးတော့ ယူနေရတယ်။ အနောက်ခြမ်းအတွက် ဘုံဘိုင်တွေမလုံလောက်တာ။ အနောက်ခြမ်းက ရေဘုံဘိုင်အတွက် ပေ ငါးဆယ်၊ ခြောက်ဆယ်လောက်တူးရုံနဲ့ရေထွက်တယ်။ ရေအခက်အခဲကို အဓိကထားဖြေရှင်းပေးရမယ့်အနေအထား” လို့ သူကပြောပါတယ်။ အဲဒီဒေသကစစ်ရှောင်တွေဟာ နွေရာသီမတိုင်ခင်က ရွာနားတဝိုက်က ရေကန်လေးတွေဆီကနေ ချိုးရေသုံးရေအသုံးပြုခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရာသီဥတုပူပြင်းတာကြောင့် ရေအိုင်တွေလည်း ရေတွေခမ်းခြောက်ကုန်ပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခင်ဦးမှာ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ စစ်ရှောင်ရင်း အသက် ၈၀ […]

အပြည့်အစုံဖတ်ရန်

ထီးချိုင့်မြို့နယ်ကကျေးရွာတချို့ကို အာဏာသိမ်းစစ်တပ် မီးရှို့၊ လေကြောင်းကနေဗုံးကျဲ

April 24, 2023

ထီးချိုင့် – ၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်တောမအုပ်စု၊ ဖုန်ကုန်းရွာကို ဒီနေ့မွန်းလွဲပိုင်းမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကမီးရှို့ပြီးနောက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာရွာကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းက​ မနေ့က ညောင်ပင်သာရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ဟိုတစ်ခါရှို့တဲ့ ညောင်ပင်သာရွာကိုထပ်ရှို့တာ၊ ရှို့ပြီးပြန်အထွက်မှာ ပ.က.ဖတွေ တပ်ရင်းတွေနဲ့တိုက်ပွဲဖြစ်တာ၊ ဒီနေ့တော့ မြစ်ကြီးနားကနေဂျက်ဖိုက်တာနဲ့လာပစ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ မြစ်ကြီးနားမြို့ကနေ တက်လာတဲ့ဂျက်ဖိုက်တာနဲ့ ထီးချိုင့်မြို့နယ်ထဲက တောမရွာနဲ့ မရသိမ်ရွာတွေကို ဒီနေ့ မနက် ၉:၀၀ မှာနှစ်ကြိမ်၊ မနက် ၁၀:၀၀ ကျော်မှာ နှစ်ကြိမ်၊ နေ့ခင်းပိုင်းမှာနှစ်ကြိမ် လာရောက်ဗုံးကျဲခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ညောင်ပင်သာရွာကို မတ်လ ၃၀ ရက်နေ့မှာ တစ်​ကြိမ်မီးရှို့ခဲ့ပြီး မနေ့က နေအိမ်လေးလုံးကိုထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မြိုင်မြို့နယ် ညောင်တွင်းရွာကို အာဏာသိမ်းစစ်တပ် မီးရှို့

April 24, 2023

မြိုင် – ၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း) မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ညောင်တွင်း (အနောက်ရွာ)ကို အာဏာသိမ်းစစ်တပ် စစ်​ကြောင်းက ဒီနေ့မနက် ၇: ၀၀ ဝန်းကျင်မှာမီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ အင်အား ၈၀ ခန့်ရှိပြီး ဧပြီ ၂၂ရက်နေ့ကစတင်ကာ မြိုင်မြို့က တစ်ဆင့် ဝက်ကြုံး၊ မင်းကန်၊ ပန်းတိုင်းတောရွာတွေကိုဖြတ်ပြီး ညောင်တွင်းအနောက်ရွာကိုမီးရှို့ခဲ့တာလို့စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ ” ပန်းတိုင်းတောကိုလည်း လက်နက်ကြီးတွေဆက်တိုက်ပစ်ပြီးဝင်တာ၊ အဲ့ဒါပြီးဒီနေ့ ညောင်တွင်းအနောက်ရွာကိုမီးရှို့တာ၊ စကစတယ်လီဂရန်ချန်နယ်မှာညောင်တွင်းအနောက်ရွာက နာမည်ကြီးနေတာ၊ ဒါကြောင့်ဖိနေတာ”လို့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။ ညောင်တွင်းအနောက်ရွာကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာလအတွင်းမှာ နေအိမ် အလုံး ၅၀ခန့်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီနေ့ နေအိမ် ၃၂လုံးကိုထပ်မံမီးရှို့ခဲ့တာလို့ဒေသခံက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ညောင်တွင်းအနောက်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခုကိုလည်း မီးရှို့ ခဲ့တယ်လို့စစ်ရှောင်တွေဆီက သိထားရပြီး […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ သပိတ်တပ်ပေါင်းစုက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

April 24, 2023

ယင်းမာပင် – ၂၀၂၃ ဧပြီ ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်အာဏရှင်ကိုဆန့်ကျင်ကြောင်း သပိတ်တပ်ပေါင်းစုက ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ သပိတ်တွေအနေနဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်၊ ကယ်တင်ရှင်မရှာတို့ကျေးရွာသပိတ် ၊အောင်လံလွှင့်မည် ရွှေရေ ကြည် ၊ယင်းမာပင်မြောက် ခြမ်း ကျေးရွာများ သပိတ်စစ်ကြောင်း၊ ရွှေဥက္ကံ၊ တောင်ပုသွေးနဲ့ ပြည်သူ့အားမာန် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ချီတက်ခဲ့ကြတာပါ။ ကလေးမြို့ပင်မသပိတ်၊ သပိတ်ဦးဆောင်သူ ရဲဘော်ကိုဗိုက်ပူကလည်း လူထုအား နိုင်ငံရေးတရားများ ဟောပြောခဲ့ပါတယ်။ ဓာတ်ပုံ – CJ #Dailynews

အပြည့်အစုံဖတ်ရန်

၇၇၁ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်

April 23, 2023

စစ်ကိုင်းတိုင်း – ၂၀၂၃ ဧပြီ ၂၃ (မော်ကွန်း) စစ်အာဏာရှင်ကို လူထုသပိတ်တွေနဲ့ နေ့စဉ်ရက်ဆက် တွန်းလှန်နေတဲ့ အညာဒေသ သပိတ်တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ၇၇၁ ရက်မြောက်နေ့အဖြစ် ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရုပ်သံဖိုင် – CJ YouTube – https://youtu.be/VjV6n2PYnC4 #Dailynews

အပြည့်အစုံဖတ်ရန်

ပအိုဝ်းပြည်သူ့စစ် ဆက်ကြေးကောက်ခံမှု အနည်းဆုံးကျပ်ငါးသောင်းကနေ တစ်သိန်းထိရှိလာပြီး ‌ဒေသခံများဒုက္ခရောက်နေကြရ

April 21, 2023

ပအိုဝ်းဒေသ – ၂၀၂၃ ဧပြီ ၂၀ (မော်ကွန်း) အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNO/PNA က စစ်ရေးအတွက်ကောက်ခံနေတဲ့ ဆက်ကြေးဟာ ကျပ်တစ်သိန်းထိရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ အထူးဒေသ ၆ တခွင်လုံးမှာ PNO/PNA က ဒေသခံတွေဆီကနေ အခုလိုဆက်ကြေးကောက်ခံနေတာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းကပါ။ “ညှိနှိုင်းမှုအပေါ်မူတည်ပြီး ပမာဏကွာသွားတယ်၊ မပေးချင်ရင် ၊ မပေးနိုင်ရင် စစ်ထဲဝင်ရမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။ PNO/PNA ရဲ့ ဆက်ကြေးကောက်ခံတဲ့အခါ ကျည်ဆန်ဖိုး၊ နယ်မြေလုံခြုံရေး၊ ပြည်သူ့စစ်အတွက် ရေဖိုး၊ စစ်ရှောင်တွေအတွက်ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အနိမ့်ဆုံး ကျပ် ၅၀,၀၀၀ ကနေ တစ်သိန်းထိကောက်ခံနေပြီး မပေးနိုင်တဲ့သူတွေများလို့ ဒေသခံတွေ စိတ်ညစ်နေရတယ်လို့ သူကပြောပါတယ်။ “အဲဒါအပါအဝင် စစ်ရှောင်ကူညီထောက်ပံ့ဖို့ဆိုပြီး နှစ်သောင်းကောက်တာလည်းရှိသေးတယ်”လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်
1 … 135 136 137 138 139 140 141 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."