ရန်ကုန်၊ ၂၀၂၃ မေ ၁၁ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ လာမယ့် မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဝင်ရောက်ဖွယ်ရှိပြီး ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံး မုန်တိုင်းအန္တရာယ် စိုးရိမ်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။ လက်ရှိမှာ မိုးလေဝသဌာနရဲ့ခန့်မှန်းချက်တွေအရ အဆိုပါမုန်တိုင်းဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြောက်ဘက်ကနေ ကမ်းရိုးတမ်းတစ်လျှောက် ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံးမှာ မုန်တိုင်းမဖြတ်ခင် တိုက်ခတ်မယ့် လေပြင်းတိုက်ခတ်မှုတွေနဲ့ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာမယ့် ဆူနာမီလှိုင်းကဲ့သို့ ဒီရေမြင့်တက်မှုတွေ ရှိလာနိုင်ပြီး စိုးရိမ်ရမယ့်အခြေအနေဖြစ်တယ်လို့ မိုး/ဇလ ညွှန်ကြားရေးမှူး ဦးလှထွန်းက မော်ကွန်းကို ပြောပါတယ်။ “ရခိုင်ကမ်းရိုးတမ်းတစ်ခုလုံးပေါ့ မုန်တိုင်းမဖြတ်ခင် နာရီပိုင်းအလိုမှာ လေပြင်းတိုက်ခတ်မှု ခံရမယ်။ နောက်ပြီးတော့ မုန်တိုင်းဒီရေပေါ့၊ မုန်တိုင်းက […]
ရန်ကုန်- ၂၀၂၃ မေ ၁၁ (မော်ကွန်း) လာမယ့် သုံးရက်အတွင်း ဆိုင်ကလုန်းမိုခါအန္တရာယ်ကျရောက်မယ်လို့ကြေညာထားတဲ့ရခိုင်ပြည်နယ်စစ်တွေမြို့မှာကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ “မုန်တိုင်းကျလို့ပြောင်းရွှေ့မယ်ဆို ဘယ်shelter တွေကိုပြောင်းရွှေ့မယ်ဆိုတာမျိုးတွေလုပ်ထားတာတွေရှိတယ်။ ဥပမာ အာဂျတ်တော်ကုန်းလိုနေရာပေါ့။ အကယ်လို့ချီတက်လာကြမယ်ဆိုရင် အဲ့နားကဘုန်းကြီးကျောင်းရှိတယ်။ အဲ့ကုန်းကလည်းကြီးနေတော့ အဲဒီကိုရွှေ့ပြောင်းကြဖို့ကြိုတင်ပြီး စုရပ်လိုလုပ်ထားတာပေါ့။” လို့သူက ပြောပါတယ်။ မိုးလေဝသခန့်မှန်းပေးနေသူဦးဝင်းနိုင်ကတော့ ဆိုင်ကလုန်းမုန်တိုင်းပြင်းအားတိုက်ရိုက်ထိခိုက်နိုင်တဲ့မြို့တွေကတော့ စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ နဲ့ ဂွမြို့တွေဖြစ်တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ််မှာ စစ်တွေမြို့အပါအဝင် တစ်ခြားမြို့တွေမှာဆိုလည်း မြို့နယ်အသီးသီးကို အရပ်ဖက်အဖွဲ့အစည်းတွေကစားနပ်ရိက္ခာဆေးဝါးတွေထောက်ပံ့ပေးနေတာတွေလည်းရှိတယ်လို့ ဝံလက်ဖောက်ဒေးရှင်းထံမှသိရပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဆိုင်ကလုန်းမိုခါဟာ မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇား နဲ့ မြန်မာနိုင်ငံကျောက်ဖြူမြို့ကြား၊ စစ်တွေမြို့အနီးကနေ ဖြတ်ကျော်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ မိုခါကြောင့် လူဦးရေသုံးသန်းခန့် ထိခိုက်နိုင်ကြောင်း ကမ္ဘာ့သဘာဝဘေးအန္တရယ်ဆိုင်ရာ သတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (GDACS) မှ အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ […]
ဆားလင်းကြီး − ၂၀၂၃ မေ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ လက်ပံတောင်း၊ ကြေးစင်တောင်တဝိုက်က ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ဒီကနေ့ နံနက် ၇း၃၀ ဝန်းကျင်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ−မုံရွာ)ကနေ စစ်ကားအကြီးတစ်စီး အင်အားအပြည့်နဲ့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ချင်းတွင်းမြစ်ကိုကူးလာပြီးတဲ့နောက်မှာ ပုသိမ်−မုံရွာလမ်းမတလျှောက် ကင်းတွေချထားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ အဲဒီနောက်မှာ မုံရွာမြို့ အုန်းပင်လှေဆိပ်ကနေ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာလည်း ဆားလင်းကြီးမြို့နယ်၊ ကျောက်မျက်ဆိပ်ကမ်းကို စက်လှေသုံးစီးနဲ့ကူးလာပြီး စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ထနောင်းကုန်း၊ ကံကုန်းရွာတွေကို စစ်ကြောင်းထိုးပြီး ကံကုန်းရွာကို ဝင်ရောက်မွှေနှောက်ကာ စစ်ရှောင်ပြည်သူတွေနဲ့ ထိပ်တိုက်တွေ့လို့ ဖမ်းဆီးခံခဲ့ရပါတယ်။ နေ့လယ်ပိုင်းမှာ ဒုန်းတောရွာကို စစ်ကြောင်းထိုးကာ […]
ရန်ကုန်- ၂၀၂၃၊ မေ ၁၀ (မော်ကွန်း) ရန်ကုန်မြို့ရဲ့မြို့နယ်တစ်ချို့မှာဒီနေ့မွန်းလွှဲ ၁၂:၀၀ နာရီကျော်လောက်က နေရာကွက်ကျား မိုးရွာသွန်းခဲ့ပါတယ်။ သင်္ဃန်းကျွန်း၊ သာကေတ၊ တာမွေ၊ လှိုင် နဲ့ မြောက်ဥက္ကလာမြို့နယ်တွေမှာ မိုးခြိမ်းသံတွေကြားရပြီး မိုးရွာသွန်းခဲ့တယ်လို့ အဲဒီမြို့နယ်တွေမှာနေထိုင်သူတွေကပြောပါတယ်။ “အရင်ကမိုးခြိမ်းသံကြားရင်ကြောက်တယ်။ အခုတော့မိုးတွေခြိမ်းပြီး မိုးတွေရွာတော့ထပါခုန်တယ်။ ဒီညတော့အိပ်လို့ကောင်းပြီ။” လို့ လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလလယ်ကစပြီး ရန်ကုန်မြို့မှာ အပူချိန် ၄၂ ဒီဂရီိထိ မြင့်တက်ခဲ့တဲ့အပြင် လျှပ်စစ်မီးပုံမှန်မရရှိခဲ့တာကြောင့် ပြည်သူလူထုဟာ ပူပြင်းတဲ့နေရောင်အောက်မှာ နေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားခဲ့ရတာပါ။ ဧပြီ ၂၆ ရက်က ဆို သာကတေမြို့နယ် မှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး အပူချိန်မြင့်တက်လာရာကနေ ကွယ်လွန်သွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှူကူညီရေးအဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနရဲ့ မနက်ဖြန်နံနက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်မြို့မှာနေရာကွက်ကျားမိုးထစ်ချုန်းရွာဖို့ ရာခိုင်နှုန်းအပြည့်ရှိတယ်လို့သိရပါတယ်။ နောက်လာမယ့်နှစ်ရက်အတွင်း ဘင်္ဂလာပင်လယ်အော်မှာ […]
မိုးကုတ် – ၂၀၂၃ မေ ၁၀ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ အေးစေတီရပ်ကွက်မှာ ဒီနေ့မနက် ၂:၀၀ နာရီအချိန်က အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပစ်ခတ်မှုဖြစ်ပွါးကြချိန် အသက် ၁၀နှစ်အရွယ် မိန်းကလေးတစ်ဦး လည်ပင်းကိုလက်နက်ကြီးစထိမှန်ခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ ” လက်နက်ကြီးနဲ့ပစ်တာ၊ အသံကမိုးချိန်းနေတဲ့အသံလိုပဲ၊ အိမ်ခေါင်မိုးပွင့်သွားတာကို အိပ်နေတဲ့ကလေးလည်ပင်းနားကိုထိသွားတာ၊ မနက်မိုးလင်းမှဆေးရုံခေါ်သွားရတယ်၊ ခုထိမသက်သာသေးဘူး”လို့ အမည်မဖော်လိုတဲ့ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် အနီးနားနေအိမ်တွေထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့ သူကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်း အောင်သုခရပ်ကွက်၊ဓမ္မရက္ခိတဘုန်းကြီးကျောင်းဝင်းနားကအဆောင်မှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီနေ့မနက် ၂:၀၀ နာရီဝန်းကျင်ကနေ မနက် ၄:၀၀ နာရီထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ” အသံတွေစကြားကတည်းကမအိပ်ရတော့တာ၊ မိုးလင်းတဲ့ထိပဲ၊ လက်နက်ကြီးပစ်သံကော၊ အတွဲလိုက်ပစ်တဲ့အသံကောကြားရတယ်၊ မှောင်နေတော့ဘယ်သူမှထွက်မကြည့်ရဲကြဘူး”လို့ အနီးနားရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။ နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုအခြေနေကိုလည်းမသိရသေးပါဘူး။ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း မိုးကုတ်မှာ အာဏာသိမ်းစစ်တပ်နဲ့ […]
ဆီဆိုင် – ၂၀၂၃ မေ ၁၀ (မော်ကွန်း) လွန်ခဲ့သည့်နှစ် ၃၀ ကျော်ကသိမ်းဆည်းထားသည့် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က လယ်ဧက နှစ်ထောင်ကျော်ကို အမှုမပြတ်သေးဘဲ စစ်တပ်ကသာ ဝင်ရောက်လုပ်ကိုင်နေပြီး မူလပိုင်ရှင်များအား ဝင်ရောက်လုပ်ကိုင်ခွင့်မပြုကြောင်း ဒေသခံများထံက သိရသည်။ အဆိုပါလယ်မြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက် ယခုနှစ် မေ ၂ရက်တွင် ဒေသခံများက ခမရ ၄၂၃ နှင့်သွားရောက်တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် တပ်သိမ်းမြေဧက ၂,၂၀၀ အတွင်း တပ်တွင်းမိသားစုဝင်များက ယခုနှစ်စိုက်ပျိုးကြမည်ဖြစ်ပြီး တောင်သူများ လုံးဝဝင်ရောက်စိုက်ပျိုးခြင်းမလုပ်ရန် အထက်ကအမိန့်ပေးထားကြောင်း ခမရ ၄၂၄ မှ ဗိုလ်ကြီးအဆင့်တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် တောင်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လာတဲ့ မြေပေါ်မှာပဲ ပြန်လည်စိုက်ပျိုးဖို့ ခြံရှင်းနေတဲ့အချိန်မှာ တပ်ဘက်ကလာပြီး ဒီနှစ်မှာ မလုပ်ဖို့လာတားတာ၊ အကယ်၍ […]
ရန်ကုန်-၂၀၂၃ မေ ၉ (မော်ကွန်း) ချင်းပြည်နယ်ထဲမှာ အခုနှစ် မတ်နဲ့ ဧပြီ နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးဌာနချုပ် CNF က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဟာ နှစ်လအတွင်း တိုက်လေယာဉ်နဲ့ ဗုံး အလုံးရေ ၁၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ အဲဒီအထဲက ဗုံး ၂၀ ကျော်ဟာ ကျေးရွာ လေးရွာအတွင်းကြဲချခဲ့တာဖြစ်ပြီး ကျန်အလုံး ၉၀ ကျော်ဟာ ကျေးရွာအနီးနားတွေကျမှန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်း လေးခုအပါအဝင် လူနေအိမ် အလုံး ၅၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ မတ် ၃၀ ရက်ကလည်း ထန်တလန်မြို့နယ် […]
ရန်ကုန်-၂၀၂၃ မေ ၉ (မော်ကွန်း) ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ နောင်နန်း၊လမြန်ရွာမှာ ဒီနေ့လယ်ပိုင်းက ရေတွင်းထဲပြုတ်ကျတဲ့ သားဖြစ်သူကိုဆင်းကယ်ရင်း သားအဖနှစ်ယောက်လုံး ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်/မြစ်ကြီးနားက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ဖြစ်တာက ၁၁ နာရီလောက်က၊ ဖြစ်ပြီးနာရီဝက်လောက်မှ ညီမတို့ရုံးကိုဖုန်းခေါ်တာရှင့်။ ညီမတို့သွားတဲ့အချိန်ကျ နှစ်ယောက်လုံးက အသက်မရှိတော့ဘူး။ ရေတွင်းကို ရေထွက်အောင်လုပ်နေရင်း သားကအရင်ပြုတ်ကျသွားတာ။ အဲ့တာနဲ့အဖေကပြန်ဆင်းကူရင်း အဲ့လိုဖြစ်သွားတာ၊ ရေတွင်းက ပေ ၄၀ နဲ့ ၆၀ ကြားမှာရှိတယ်” လို့ ပြောပါတယ်။ သေဆုံးခဲ့တဲ့သားအဖနှစ်ယောက်မှာ အဖေဖြစ်သူက အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး သားဖြစ်သူက ၂၀ ကျော်အရွယ်ဖြစ်ကာ လက်ရှိအလောင်းတွေကိုတော့ မိသားစုဆန္ဒအရ သူတို့အိမ်မှာပဲထားထားတယ်လို့ သိရပါတယ်။ ပုံစာ – ရေတွင်းထဲပြုတ်ကျသေဆုံးတဲ့သားအဖနှစ်ဦး Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ကချင်ပြည်နယ်/မြစ်ကြီးနား […]
ရန်ကုန် – ၂၀၂၃ မေ ၉ (မော်ကွန်း) ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်မှာပဲ ဆက်လက်ရှိနေတယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ရွှေဈေးကွက်အဖွင့်ဈေးနှုန်းအရ သိရပါတယ်။ ဒီနေ့မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၃,၀၀၆,၀၀၀ ကျပ်နဲ့ ပြင်ပပေါက်ဈေးမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပြင်ပပေါက်ဈေးလေ့လာသူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီး ဧပြီ ၂၇ ရက်ကစတင်ကာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ကို စတင်ပြီး မြင့်တက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို တစ်ကျပ်သား သိန်း ၃၀ ကျော်ထိ ဈေးနှုန်းစတင်မြင့်တက်ခဲ့ပြီးနောက်မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေကို တစ်ကျပ်သားကို ၂၉ သိန်းအောက်နဲ့ပဲ အရောင်းအဝယ်လုပ်သင့်ကြောင်း […]
ရန်ကုန် – ၂၀၂၃ မေ ၉ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ကို ထောက်ခံနေတဲ့ တရုတ်အစိုးရကို အညာမှာ အလံတွေမီးရှို့ကာဆန္ဒပြကြသလို ရန်ကုန်မှာလည်း လူငယ်တွေက ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ်အစိုးရဟာ မြန်မာပြည်သူပြည်သားတွေကို သတ်ဖြတ်၊ မီးရှို့အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်တွေဘက်က အကာအကွယ်ပေးရပ်တည်နေတာကြောင့် အခုလို တရုတ်နိုင်ငံအလံကို မီးရှို့ပြီးဆန့်ကျင်ရှုတ်ချတာလို့ စမ်းချောင်းသပိတ်ကဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်တွေနဲ့ဆက်ပြီး ပူးပေါင်းနေမယ်ဆိုရင် လူထုရဲ့ ပြင်းထန်တဲ့ဆန့်ကျင်မှုတွေကို ကြုံတွေ့ရမယ်လို့ဆိုပါတယ်။ ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို လူငယ်တွေကဦးဆောင်ကာ ရန်ကုန်မြို့ပြသပိတ်အင်အားစုများအနေနဲ့ လှုပ်ရှားခဲ့ကြတာပါ။ ဓာတ်ပုံ – စမ်းချောင်းပင်မသပိတ် #Dailynews
ပခုက္ကူ – ၂၀၂၃ မေ ၈ (မော်ကွန်း) မကွေးတိုင်း၊ပခုက္ကူမြို့ထဲကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာတင်ကား သုံးစီးကို သာတောင်ကြီးအနီးမှာ မနေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပ.က.ဖဆီကသိရပါတယ်။ ပခုက္ကူမြို့ထဲကထွက်လာတဲ့ ရိက္ခာတင်ကားသုံးစီးကို ပဒေသာမိုင်း ၁၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တပ်ကူလာတဲ့စစ်ကား ငါးစီးကိုလည်း ဒရုန်းနဲ့အီနာဂါဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ရှိသူကိုအတီးက ပြောပါတယ်။ “သူတို့ကားထွက်လာတယ်လို့ကျွန်တော်တို့သတင်းရတာနဲ့ ကြိုစောင့်နေပြီးမိုင်း ၁၂လုံးခွဲခဲ့တာပါ၊တပ်ကူထပ်လာတဲ့ကားကို အီနာဂါနဲ့ ဗုံးချတော့ကားပေါ်တည့်တည့်ကျတယ်”လ်ို့ကိုအတီးကပြောပါတယ်။ အီနာဂါချတိုက်ခိုက်မှုနဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သားလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရသွားပြီး စစ်ကားပျက်စီးသွားတယ်လို့ သူကပြောပါတယ်။ ပျက်စီးသွားတဲ့ကားကို သာတောင်ကြီးအနီးက ကားပြင်ဆိုင်မှာဝင်ပြင်ခဲ့တယ်လို့ သူကပြောပါတယ်။ ရုပ်သံဖိုင် – စစ်ကားတွေကို ဒရုန်းဗုံးသီးချတိုက်ခိုက်စဉ် YouTube – https://youtu.be/mVXfJwtxIs8 #Dailynews
ရန်ကုန်-၂၀၂၃ မေ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “ရှေ့ခြမ်းက သုံးရွာ၊ နောက်ခြမ်းက လေးရွာ အားလုံးပေါင်း ခုနစ်ရွာပြေးနေရတယ်။ ဒေသခံခုနစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အခုအခြေအနေက အရှေ့ခြမ်းကစစ်ကြောင်းက ကုတ္တတ်ရွာဘေးမှာပဲ၊ တောကိုင်းတွေထဲမှာ ကင်းပုန်းတွေ ရှေ့ပြေးတွေဝပ်ပြီး လက်နက်ကြီးတွေပစ်နေတယ်။ အနောက်ခြမ်းစစ်ကြောင်းကတော့ အောင်သာနဲ့ အင်းပေါက် နှစ်ရွာလုံးကို ခွဲပြီးဝင်နေတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်အထိတော့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကိုဖမ်းဆီးတာတွေမကြားရသေးဘူးလို့ သူကဆက်ပြောပါတယ်။ “လတ်တလောတော့ ဖမ်းတာဆီးတာမကြားရသေးဘူး။ မီးခိုးလည်းမမြင်ရသေးဘူး။ ဖမ်းမိတာရှိလားဆိုတော့ မထွက်ပြေးနိုင်တဲ့ ဒေသခံတွေ ဘုန်းကြီးကျောင်းတွေမှာကျန်ခဲ့တာပေါ့။ သူတို့ကို လက်ရှိမှာ စစ်ဆေးနေတယ်လို့ကြားတယ်” လို့ ဆိုပါတယ်။ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."