သတင်းများ

ရွှေနဲ့ဒေါ်လာစျေး အနည်းငယ်ပြန်လည်မြင့်တက်လာ

September 12, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁၂ (မော်ကွန်း) ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေဟာ ယခုရက်ပိုင်းမှာ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ စီးပွားရေးဈေးကွက် စောင့်ကြည့်လေ့လာသူတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ကန်တစ်ဒေါ်လာကို ကျပ် ၃,၉၀၀ ဝန်းကျင်အထိရောက်ရှိခဲ့ပြီး ယခုလဆန်းပိုင်းမှာ တော့ တစ်ဒေါ်လာကို ၃,၃၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းခဲ့ပါတယ်။ ဒေါ်လာဈေးနဲ့အတူ ရွှေဈေးလည်း တစ်ကျပ်သားကို ၃၄ သိန်းအောက်ထိ ကျဆင်းခဲ့တာပါ။ ယခုတစ်ပတ်မှာတော့ ကျဆင်းသွားတဲ့ ရွှေနဲ့ ဒေါ်လာဈေးတွေက ပြန်လည် မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ဝန်းကျင်ကို ပြန်လည်ရောက်ရှိလာတယ်လို့ဒေါ်လာဝယ်ရောင်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အခုတစ်ပတ် တနင်္လာနေ့ကစပြီး ပြန်တက်လာတယ်။ ဒေါ်လာက တစ်ဒေါ်လာကို ၁၀၀ ကျော်လောက် ပြန်တက်လာတယ်။ ရွှေကလည်း နောက်ကလိုက်တက်လာတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် […]

အပြည့်အစုံဖတ်ရန်

ငါန်းဇွန်မြို့နယ်မှာ ဒေသခံ ၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်ဖမ်းဆီးထားပြီး လွှတ်မပေးသေး

September 12, 2023

ငါန်းဇွန် – ၂၀၂၃ စက်တင်ဘာ ၁၂ (မော်ကွန်း) မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာရွာနဲ့ အောင်သုခရွာက ဒေသခံ ၆၁ ယောက်ကို အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းက စက်တင်ဘာ ၁၁ရက်မှာ ဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်မလာသေးဘူးလို့ ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကနေထွက်လာတဲ့ စစ်သား ၁၀၀ ဝန်းကျင်ပါ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ လက်ပံသာရွာကနေတဆင့် အနီးရွာတွေကို စစ်ကြောင်းထိုးလာပြီးနောက် ရွာသားတွေကိုဖမ်းဆီးထားတယ်လ်ို့ ငါန်းဇွန်မြို့နယ် ပ.က.ဖ တာဝန်ရှိသူကပြောပါတယ်။ ” စစ်ကြောင်းလာတဲ့အချိန် မပြေးနိုင်တဲ့သူတွေ၊ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ဖမ်းထားတာပါ၊ လူသားဒိုင်းအနေနဲ့ဖမ်းထားတယ်၊ ဒီနေ့အထိတော့မလွှတ်သေးဘူး “လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ လက်ပံသာရွာ ဒေသခံ ၅၇ဦးနဲ့ အောင်သုခရွာဒေသခံ ၄ဦးတို့ကို လက်ပံသာရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းဆီးထားတာဖြစ်ပြီး အနီးကျေးရွာတွေဖြစ်တဲ့ အောင်သုခရွာ၊ ရက္ခဒီပရွာ၊ရေလည်သောင်ရွာ၊ […]

အပြည့်အစုံဖတ်ရန်

တပ်မဟာ ၅ ‌က စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ဆရာနဲ့ ကျောင်းသားတွေသေဆုံးရတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကေအဲန်ယူပြော

September 11, 2023

ကော်သူးလေ – ၂၀၂၃ စက်တင်ဘာ ၁၁ (မော်ကွန်း) ကော်သူးလေ၊ ‌ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၅ မှာရှိတဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသားလေးဦးသေဆုံးခဲ့ရတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက မော်ကွန်းကိုပြောပါတယ်။ “စ.က.စ ဘက်က လေယာဉ်တွေက ကျွန်တော်တို့ရဲ့ကျောင်းတွေကို တိုက်ခိုက်တာဟာ တဖြည်းဖြည်းနဲ့ပိုပြီးများလာတယ်လို့ပြောလို့ရတယ်၊ ဒီလိုလုပ်ရပ်မျိုးဟာ အရပ်သားပြည်သူကို ရည်ရွယ်ပြီး တိုက်ရိုက် တိုက်ခိုက်တာဖြစ်တယ်၊ ဒါကစစ်ရာဇဝတ်မှုမြောက်တဲ့လုပ်ရပ်လို့ပြောလို့ရတယ်”လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။ အခုလ ၇ ရက်က KNU တပ်မဟာ ၅ ၊ မူတြော်ခရိုင်၊ လူသောမြို့နယ်၊ သေသူးခီးရွာနဲ့ ကော်ရော်ဘောထရွာနဲ့ ဒွယ်လိုးမြို့နယ်၊ ထီးကော်ထရွာတွေကို အာဏာသိမ်းစစ်တပ်က ‌ဂျက်ဖိုက်တာနဲ့ ‌ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်လို့ ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသားလေးဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရှိသူတွေလည်းရှိခဲ့ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ ကို Mi-35 ဖြင့် လာရောက်ပစ်ခတ်မှု ရဲဘော်တစ်ဦးဒဏ်ရာရ

September 10, 2023

ယင်းမာပင် – ၂၀၂၃ စက်တင်ဘာ ၁၀ (မော်ကွန်း) စစ်ကိုင်းတိုင်းထဲက NUG လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း ၃၆ ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ရဲဘော်တစ်ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသတွင်းရပ်ကျေးပ.အ.ဖဆီက သိရပါတယ်။ ဒီကနေ့ မွန်းလွဲ ၁၂း၃၀ လောက်က မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ ကနီနယ်နဲ့ ယင်းမာပင်အနောက်ခြမ်းတွေကို လှည့်ပတ်ပျံသန်းနေပြီး ကပိုင်ကျေးရွာဆီကို ရောက်လာခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။ “ယင်းမာပင်ခရိုင်တပ်ရင်း ၃၆ ကိုပစ်တာ အသံတွေတအိမ်းအိမ်းနဲ့၊ ရွာပေါ်ကိုပတ်ပတ်လာတာဆိုတော့ ထကြည့်လိုက် ဝပ်လိုက်ပေါ့ဗျာ၊ ပြန်သွားတော့ ကျွန်တော်တို့သွားကြည့်တာ ရဲဘော်တစ်ယောက်လက်မောင်းထိတယ်။အသက်အန္တရယ်တော့ မစိုးရိမ်ရဘူး” လို့ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုကြောင့် စခန်းအဆောက်အအုံတွေပျက်စီးသွားပေမယ့် လူတွေကတော့ ရှောင်ရှားနိုင်ခဲ့တယ်လို့ သူကပြောပါတယ်။ “သတင်းအတိကျရလို့ […]

အပြည့်အစုံဖတ်ရန်

ညောင်ဦးမှာ မြစ်ရေကြီးနေတာကြောင့် အရေးပေါ်စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေ

September 8, 2023

ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၈ (မော်ကွန်း) ညောင်ဦးမြို့မှာ ဧရာဝတီမြစ်ရေဟာ သုံးရက်ဆက်တိုက်ကြီးနေလို့ ရေဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေတယ်လို့ ညောင်ဦးမြို့နယ်ပရဟိတအသင်းထံကသိရပါတယ်။ “တော်တော်များများက လွန်ခဲ့တဲ့ငါးရက်လောက်ကတည်း ရေဘေးရှောင်လာကြတာ။ အဲဒီ့ထဲမှာ အိမ်မပြန်နိုင်တဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေလည်းပါတယ်၊ စျေးသည်တွေလည်းပါတယ်။ စျေးလည်းမရောင်းရ၊ နေအိမ်တွေလည်းမြုပ်ကုန်တော့ စားနပ်ရိက္ခာအကူအညီတွေလိုအပ်နေပါတယ်” လို့အဲဒီ့အသင်းတာဝန်ခံက ပြောပါတယ်။ လွန်ခဲ့တဲ့သုံးရက်ကတည်းက ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ မှာစိုးရိမ်ရေအမှတ်နဲ့အထက် တစ်ပေကျော်တက်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ညောင်ဦးမြို့နယ်မှာ နယ်မြေခုနှစ်ခုရှိပြီး မြစ်ရေတက်လာတာကြောင့် နယ်မြေလေးခုက နေအိမ်အလုံး ၅၀ ကျော် ရေမြုပ်သွားခဲ့တယ်လို့ ပရဟိတအသင်းကပြောပါတယ်။ ရေဘေးရှောင်ဒေသခံတွေဟာ လက်ရှိမှာ ရှစ်မျက်နှာကျောင်းတိုက်နဲ့ မြသိန်းတန်ဘုရားတို့မှာ ခိုလှုံနေကြရပါတယ်။ သွားရေးလာရေးအတွက် ဆိုင်ကယ်ကိုအသုံးပြုလို့မရသလို သမ္ဗာန်တွေနဲ့သာသွားလာနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မြစ်အနီးအနားက စက်လှေဂိတ်တွေ၊ ဆိုက်ကယ်ကယ်ရီဆွဲသူတွေဟာလည်း ရေကြီးရေလျှံမှုတွေကြောင့် အလုပ်ရပ်နားထားရသလို ဝင်ငွေလည်းမရတော့တာကြောင့် […]

အပြည့်အစုံဖတ်ရန်

စစ်ကိုင်းတိုင်းထဲမှာ စစ်ရှောင်ဦးရေနေ့စဉ်တိုးလာနေပြီး အရေးပေါ်အကူအညီတွေလိုအပ်

September 8, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အသီးသီးက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ဩဂုတ်လကစပြီး စစ်ကြောင်းထိုးစီးနင်းတာတွေကြောင့် ထွက်ပြေးရတဲ့ဒေသခံစစ်ရှောင်ဦးရေ နေ့စဉ်တိုးလာနေပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက မော်ကွန်းကိုပြောပါတယ်။ “စစ်ရှောင်က ပိုပိုများလာဖို့ပဲရှိတာ။ စားနပ်ရိက္ခာတို့၊ ဆေးဝါးတို့၊ မိုးကာတို့ အရေးပေါ်လိုတယ်။ ဆားလင်းကြီး၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ အဲဒီဘက်တွေမှာလည်း စစ်ကြောင်းက နေ့တိုင်းထိုးနေတာ၊ ရွာတွေက တစ်ရွာနဲ့တစ်ရွာက နီးနီးလေးဆိုတော့ သူတို့က တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးနေတာ။ ဒေသခံတွေက ရွာမပြန်ရဲတော့ဘူး။ အဲဒါကြောင့် စစ်ရှောင်တွေအတွက် ရသလောက်ကူညီကြပါဦး” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ အခုလိုစစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မကြာခဏစစ်ကြောင်းထိုးတာကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေလည်း နေ့စဉ်နီးပါးဖြစ်ပွားနေပြီး ကာကွယ်ရေးအဖွဲ့တွေလည်း အကူအညီတွေလိုလာတယ်လို့ ယင်းမာပင်မြို့နယ်အတွင်းက ဒေသခံအဖွဲ့တစ်ခုက တာဝန်ရှိသူက အခုလိုပြောပါတယ်။ “မိုးကုန်ခါနီးဆိုတော့ တိုက်ပွဲတွေကပိုစိတ်လာပြီ။ […]

အပြည့်အစုံဖတ်ရန်

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးလျှစ်စစ်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာထုတ်လုပ်နိုင်

September 8, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၈ (မော်ကွန်း) စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ မဂ္ဂဝပ် ၁,၅၀၀ ခန့် လျော့ကျသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ In the Dark: Power Sector Challenges in Myanmar ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ယခုလ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ တစ်နိုင်ငံလုံးက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၄,၂၀၀ ထိ လိုအပ်ပြီး ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ မဂ္ဂဝပ် ၃,၉၀၀ ထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ မဂ္ဂဝပ် ၂,၅၀၀ ခန့်ထိပဲ ထုတ်လုပ်နိုင်တော့တာဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

UNOCHA အကြီးအကဲပြန်သွားပြီးနောက် ရခိုင်မှာခရီးသွားလာခွင့်ပြန်လည်ပိတ်ပင်

September 8, 2023

ရန်ကုန်-၂၀၂၃၊ စက်တင်ဘာ ၈ (မော်ကွန်း) မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံတွေကို အကူအညီထောက်ပံ့တွေပေးဖို့ ကုလသမဂ္ဂ (UN) နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို စစ်ကောင်စီက ယာယီဖြတ်သန်းသွားလာခွင့်ပေးခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဒီနေ့မှာထုတ်ပြန်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက ကျေးရွာ ၁၂ ရွာကို စားနပ်ရိက္ခာအကူအညီတွေ ထောက်ပံ့ပေးနိုင်ခဲ့ တယ်လို့ဖော်ပြပါတယ်။ ဩဂုတ်လအတွင်း UNOCHA ရဲ့အကြီးအကဲ Mr. Martin Griffiths နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ နေပြည်တော်မှာ နှစ်ကြိမ်တိုင်တိုင်တွေ့ဆုံပြီးနောက် ရခိုင်ပြည်နယ်မှာ တစ်ပတ်တာသွားလာခွင့်ရခဲ့ပေမယ့် အဲဒီနောက်ပိုင်း စစ်ကောင်စီက ခရီးသွားလာခွင့်ပြန်ပိတ်လိုက်တယ်လို့ဆိုပါတယ်။ “အစကတည်းက နိုင်ငံတကာအကူအညီတွေကို မပိတ်ပင်သင့်ခဲ့ဘူး။ မိုခါမုန်တိုင်း ဖြစ်ပြီးတုန်းကဆို WFP က ပုဏ္ဏားကျွန်းမြို့မှာ ဆန်တွေဂိုဒေါင်လာချသွားတယ်။ ငါးလစာထောက်ပံ့ပေးဖို့ဆိုပြီး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီက ပိတ်ပင်လိုက်တော့ သူတို့အစီအစဉ်တွေ […]

အပြည့်အစုံဖတ်ရန်

ဘင်္ဂလားဒေ့ရှ်ကို စစ်တွေကသာကုန်တင်ပို့ရမည်

September 7, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၇ (မော်ကွန်း) ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတင်ပို့နေတဲ့ လယ်ယာထွက်ကုန်တွေနဲ့ ရေထွက်ကုန်တွေကို စစ်တွေကုန်သွယ်ရေးစခန်းကနေပဲ ပြောင်းလဲတင်ပို့ရတော့မယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာတာကြောင့် ကုန်တင်ပို့နေသူတွေအနေနဲ့ အခက်အခဲတွေ ရှိလာတယ်လို့ ပြောပါတယ်။ အဆိုပါထုတ်ပြန်ချက်ကို ယခုလဆန်းပိုင်းက စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက် သွန်နီ တို့အပါအဝင် ရေထွက်ပို့ကုန်တွေဖြစ်တဲ့ ရေချို၊ ရေငန် ငါးမျိုးစုံတို့ကို ယခုလကစပြီး စစ်တွေကုန်သွယ်ရေးစခန်းကပဲ တင်ပို့ရမယ်လို့ ထုတ်ပြန်ခဲ့ပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ကုန်သွယ်မှုမှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းက အနီးဆုံးလမ်းကြောင်းဖြစ်ပြီး ကုန်စည်အများစုကိုလည်း အဆိုပါလမ်းကြောင်းကနေတင်ပို့နေတာလို့ ရခိုင်ပြည်နယ်က ရေထွက်ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။ မောင်တောနယ်စပ်ပို့ကုန်စခန်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံဘက်ကို ကုန်စည်တင်ပို့ရာမှာ ရေကြောင်းခရီးစဉ် တစ်နာရီခန့်သာ ကြာမြင့်ပေမယ့် […]

အပြည့်အစုံဖတ်ရန်

စသုံးလုံးညွှန်ချုပ်အပြောင်းအလဲ စီးပွားရေးလုပ်ငန်းရှင်တွေကို ပိုမိုဖိနှိပ်ဖို့ဖြစ်နိုင်

September 7, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၇ (မော်ကွန်း) စစ်ကောင်စီဟာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စ.စ.စ) ရဲ့ ညွှန်ကြားရေးမှူးချုပ်အသစ် ပြောင်းလဲလိုက်တာဟာ စီးပွါးရေးလုပ်ငန်းရှင်တွေကို ပိုမိုဖိနှိပ်ဖမ်းဆီးမှုတွေလုပ်ဖို့ဖြစ်တယ်လို့ အငြိမ်းစားညွှန်းကြားရေးမှူးတစ်ဦးက သုံးသပ်ပါတယ်။ စသုံးလုံးမှာ ၁၀ နှစ်နီးပါးတာဝန်ထမ်းဆောင်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးမောင်မောင်ကျော်နေရာမှာ ဦးအောင်ဇော်လင်းကို ညွှန်ကြားရေးမှူးချုပ်အသစ်အဖြစ် ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့မှာကြေညာပါတယ်။ ဦးအောင်ဇော်လင်းဟာ ကာကွယ်ရေးဝန်ကြီးဌာနမှဖြစ်ပြီး ဗိုလ်မှူးကြီးအဆင့်ရာထူးရှိသူတစ်ဦးဖြစ်တယ်လို့ စသုံးလုံးသတင်းအရင်းအမြစ်ထံမှသိရပါတယ်။ “အခုမှစရောက်တာဆိုတော့ သူ့ရဲ့ မူဝါဒကဘယ်လိုရှိတယ်ဆိုတာကတော့ ပြောဖို့ခက်တယ်။ သေချာတာကတော့ ငွေကြေးလုပ်ငန်းတွေ၊ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ဝန်ထမ်းတွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေ ကိုတော့ အဖမ်းအဆီးတွေပိုလုပ်တာတော့ ရှိကောင်းရှိလာနိုင်တယ်။” လို့ မကြာသေးမီက အငြိမ်းစားယူခဲ့တဲ့ စသုံးလုံးညွှန်ကြားရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။ လက်ရှိမှာစသုံးလုံးဟာ ဗဟိုဘဏ်နဲ့ပူးပေါင်းပြီး ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်နေသူတွေကို အသွင်ယူ ဖမ်းဆီးမှုတွေလုပ်နေတာကြောင့် အရောင်းအဝယ်တွေရပ်ကုန်တယ်လို့ ဒေါ်လာရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူမှာ စစ်ရှောင် ၁၁ ဦးမြွေကိုက်ခံရ၊ နှစ်ဦးသေဆုံး

September 6, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ကျွန်းလှမြို့နယ်တွေမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း မြွေဆိုးကိုက်ခံရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၁ ဦးရှိပြီး အဲဒီထဲက နှစ်ဦးသေဆုံးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မြွေဆိုးကိုက်ခံရလို့ သေဆုံးသူနှစ်ဦးဟာ အသက် ၁၄ နှစ်အရွယ် ပုဏ္ဏားကြီးရွာက မောင်ပိုင်ဘုန်းခန့်နဲ့ အသက် ၂၆ နှစ်အရွယ် ပင့်သာကြီးရွာသား မောင်ရန်လှိုင်တို့ဖြစ်တယ်လို့ သူကပြောပါတယ်။ “၁၄ နှစ်အရွယ်ကလေးက စစ်ရှောင်ထဲကနေ နွားကျောင်းသွားရင်း မြွေဆိုးကိုက်ခံလိုက်ရတာ။ ညနေခင်းသူ့ကိုရှာမတွေ့လို့ လိုက်ရှာမှ အလောင်းကိုတွေ့ရတာ။ အဲဒီကျမှ မြွေဆိုးကိုက်ခံလိုက်ရတယ်ဆိုတာ သိရတာ။ သူကဆေးကုသမှုကို မခံလိုက်ရဘူး။ နောက်တစ်ယောက်ကတော့ စစ်ရှောင်ရင်း လယ်လုပ်သွားတာ။ လယ်ထဲမှာပဲကိုက်ခံရတာ။ သူကတော့ ဆေးကုသမှုရတယ်။ ဘယ်လိုကြောင့်ဆုံးသွားတာလဲဆိုတာတော့ နားမလည်ဘူး” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။ အဲဒီ မြွေဆိုးကိုက်ခံရသူ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူ လေးလှရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

September 6, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် လေးလှရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက် ၉ နာရီဝန်းကျင်ကစလို့ မီးရှို့ဖျက်ဆီးပြီး အဲဒီရွာအနီးက မြိုင်သာယာရွာကိုလည်း မီးရှို့နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မော်ကွန်းကိုပြောပါတယ်။ “အိမ်ခြေဘယ်လောက်ရှို့ခံရတယ်ဆိုတာတော့ မသိရသေးဘူး။ အခုစစ်ကြောင်းက လေးလှရွာနဲ့ကပ်ရပ်က မြိုင်သာယာဆိုတဲ့ရွာမှာဗျ။ အဲဒီရွာကိုလည်း မီးရှို့နေတယ်လို့ကြားရတယ်။ အတည်မပြုနိုင်သေးလို့ ဆက်သွယ်နေတုန်းပဲရှိသေးတယ်” လို့ သူကပြောပါတယ်။ လေးလှရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မနေ့က အင်းလည်ကြီးကျေးရွာကနေ ထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်ပြီး အင်းလည်ကြီးရွာအနီးက စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ စစ်ကောင်စီတပ်တွေဟာ အခုလအစောပိုင်းကစပြီး ကန့်ဘလူ၊ ကျွန်းလှနယ်ထဲကကျေးရွာတွေကို ရုတ်တရက်စီးနင်းတာ၊ မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်ဆောင်နေတာကြောင့် ထွက်ပြေးရတဲ့ ကျေးရွာများလို့ အရေအတွက်အတိအကျကို မသိနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ “အားလုံးပေါင်းဆို ၁၅ ရွာကျော်မှာ၊ အတိအကျ ကျွန်တော်တို့ […]

အပြည့်အစုံဖတ်ရန်
1 … 101 102 103 104 105 106 107 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."