သတင်းများ

နိုင်ငံခြားငွေရောင်းဝယ်သူတွေကိုအဖမ်းအဆီးကြမ်းနေပြီး ကန်ဒေါ်လာစျေးအနည်းငယ်ကျဆင်းလာ

September 6, 2023

ရန်ကုန်- စက်တင်ဘာ ၆ (မော်ကွန်း) နိုင်ငံခြားငွေဝယ်ရောင်းဈေးကွက်အတွင်း အဖမ်းအဆီးကြမ်းနေပြီး အမေရိကန်ဒေါ်လာဈေးကလည်း ရက်ပိုင်းအတွင်း ကျဆင်းသွားတယ်လို့ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူတွေဆီက သိရပါတယ်။ ကန်ဒေါ်လာဈေးဟာ ဩဂုတ်လကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၃,၈၀၀ ကျပ်၊ ၃,၉၀၀ ကျပ် ဝန်းကျင်မှာ ရှိနေရာက ယခုလဆန်းပိုင်းကစပြီး စတင်ကျဆင်းခဲ့ပြီး လက်ရှိမှာတော့ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတွေဆီက သိရပါတယ်။ စစ်ကောင်စီဗဟိုဘဏ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့ ပူးပေါင်းကာ ဈေးကွက်အတွင်း ဒေါ်လာငွေအရောင်းအဝယ်ပြုလုပ်သူတွေကို အသွင်ယူဖမ်းဆီးမှုတွေရှိလာပြီးနောက် အရောင်းအဝယ်တွေလည်း ရပ်တန့်နေတယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “ဒီရက်ပိုင်းမှာ သူတို့က အသွင်ယူပြီးတော့ဖမ်းဆီးလာတယ်၊ ဝယ်ချင်တယ်ဘာညာ အသွင်ယူပြီးဖမ်းတာတွေ ဆက်တိုက်ရှိလာတယ်။ အဲ့ဒါမှာအရောင်းအဝယ်တွေလည်းရပ်ကုန်ပြီး ပြန်ထိန်းသွားတယ်။ ဈေးလည်း နည်းနည်းချင်းပြန်ကျလာတာပေါ့” လို့ ၎င်းက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

သံအမတ်တွေကို စစ်တွေခေါ်သွားတာဟာ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိမှုသက်သက်သာဖြစ်ဟုဆို

September 6, 2023

ရန်ကုန်-၂၀၂၃၊ စက်တင်ဘာ ၆ (မော်ကွန်း) စစ်ကောင်စီဦးဆောင်တဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်တွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဝါဒဖြန့်မှုသာဖြစ်ပြီး မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ဒေသခံတွေဟာ အခုချိန်ထိနေရေးထိုင်ရေးအကြပ်အတည်းတွေ ရင်ဆိုင်နေရတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် လူမှုကူညီရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ စက်တင်ဘာ ၁ ရက်က စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်ပြီး သံရုံး ၁၆ ခုမှ သံရုံးအကြီးအကဲတွေနဲ့ သံအမတ်တွေဟာ ရခိုင်ပြည်နယ်စစ်တွေမြို့က ပြန်လည်ထူထောင်ရေးနဲ့ မွတ်ဆလင်တွေ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ထားမှုအခြေအနေတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ “စစ်ကောင်စီက သံအမတ်တွေကို စစ်တွေမြို့ပေါ်လောက်ပဲခေါပြီးလိုက်ပြတာ။ နယ်ဘက်တွေမှာ အချိန်ထိ အမိုးအကာအောက်မရောက်သေးတဲ့သူတွေ၊ နောက်ပြီး အပျက်အစီးတွေမပြုပြင်ရသေးတာတွေ အများကြီးပါ။ စစ်ကောင်စီက ဝါဒဖြန့်တဲ့ခရီးစဉ်သက်သက်သာဖြစ်တယ်။” လို့ မြောက်ဦးမြို့နယ်အခြေစိုက် အကူအညီပေးရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကတော့ “အခုရောက်ရှိလာတဲ့ သံတမန်တွေက ဒီကအခြေအနေတွေကို သူတို့အံ့ဩသွားကြတယ်။ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တာ တကယ်ဟုတ်ရဲ့လားဆိုပြီး သူတို့အံ့ဩတာတွေ့ပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကန့်ဘလူ၊ ညန်အင်းရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

September 5, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ညန်အင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့ကညနေနဲ့ ဒီနေ့မနက်ပိုင်းမှာ နှစ်ကြိမ်မီးရှို့ဖျက်ဆီးတဲ့အပြင် စစ်ရှောင်တဲတွေကိုပါမီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ညန်အင်းက မနက်ခင်း သူတို့စစ်ကြောင်းထွက်ခါနီးမှာတစ်ခါထပ်ရှို့တယ်။ အဲဒါပြီးတော့ သူတို့စစ်ကြောင်းနှစ်ကြောင်းပေါင်းပြီးတော့ ထိန်တောတို့ အင်းလယ်ကြီးတို့ အဲဒီပတ်ဝန်းကျင်က စစ်ရှောင်တဲတွေကို လှည့်ပတ်ပြီးမီးရှို့နေတယ်လို့ ကျွန်တော်တို့ နောက်ဆုံးသတင်းရထားတာ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ရွာတွေဟာ စစ်ကြောင်းတွေနဲ့နီးတာကြောင့် ပျက်စီးဆုံးရှုံးမှုကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ညန်အင်းရွာကို တပ်စွဲထားချိန် ဖမ်းဆီးခံရတဲ့ဒေသခံတွေရှိပေမယ့် သူတို့အခြေအနေကိုလည်း အခုထိမသိရသေးဘူးလို့ ဆိုပါတယ်။ “ရွာတွေက တစ်ရွာနဲ့ တစ်ရွာသိပ်မဝေးဘူး။ ဒေသခံတွေဖမ်းခံရတာတော့ကြားမိတယ်။ လောလောဆယ်အဲဒီက ဒေသခံတွေကို ကျွန်တော်တို့ချိတ်ဆက်မေးတဲ့အခါ အသေးစိတ်သူတို့ပြန်မပြောနိုင်သေးဘူးဖြစ်နေတာ။ အသေးစိတ်သိဖို့ကတော့ ခက်တယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူမြို့နယ်ထဲက […]

အပြည့်အစုံဖတ်ရန်

ညောင်ဦးမှာ မိုးအဆက်မပြတ်ရွာပြီးမြစ်ရေတက်လာတာကြောင့် ‌‌‌ဒေသခံတွေရေဘေးရှောင်နေရ

September 5, 2023

ရန်ကုန်- ၂၀၂၃၊ စက်တင်ဘာ ၅ (မော်ကွန်း) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်၊ ရှေးဟောင်းဘုရားတွေတည်ရှိတဲ့ညောင်ဦးမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေတက်လာတာကြောင့် ဒေသခံတွေဟာ နီးစပ်ရာဘုန်းကြီးကျောင်းတွေမှာ ရေဘေးရှောင်နေရတယ်လို့ ညောင်ဦးလူငယ်ပရဟိတအသင်းထံမှသိရပါတယ်။ ညောင်ဦးမြို့မှာ နယ်မြေခုနှစ်ရှိပြီး မြစ်ကမ်းအနီးက နယ်မြေ အမှတ် ၁၊ ၄ နဲ့ ၅ မှာ ရေတက်လာကြောင့် အိမ်ထောင်စု ၆၀ ကျော် လက်ရှိမှာရေဘေးရှောင်နေရတယ်လို့ အဲ့ဒီအဖွဲ့ထံမှသိရပါတယ်။ ညောင်ဦးပရဟိတအသင်းတာဝန်ခံက “ရေကရပ်ကွက်အတွင်းတွေထိကို တော်တော်ဝင်လာတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွေလည်းရွာ မြစ်ရေကလည်းတက်လာတော့ရောသွားတာ။ တစ်ချို့နေရာမှာ ဒူးလောက်မြုပ်တယ်၊ တစ်ချို့နေရာမှာခါးလောက်မြုပ်တယ်။” လို့ပြောပါတယ်။ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့မှာ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး နောက် ၂၄ နာရီအတွင်း ခြောက်လက်မခန့်ထပ်တက်ဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ထားပါတယ်။ တစ်နေ့က ညောင်ဦးမြို့အတွင်းမှာ မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတက်လာတာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံစေတီတော် […]

အပြည့်အစုံဖတ်ရန်

ဒီးမော့ဆိုမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်

September 4, 2023

ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သေးဆူလဲနဲ့ ပူဖားကျေးရွာနှစ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အခုလ ၂ ရက်က ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုတွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ကျော်သေပြီး ထိခိုက်ဒဏ်ရာရသူများပြားကာ ဦးတည်ရာမဲ့ထွက်ပြေးနေသူတွေလည်း ရှိတယ်လို့ KNDF က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၉ က ဒုတပ်ရင်းမှူး ရဲလင်းနိုင်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး လက်အောက်ခံအရာရှိတွေနဲ့တပ်သားတွေကို အသေခံပစ်ခိုင်းခဲ့တယ်လို့ KNDF က ဆိုပါတယ်။ စစ်ကောင်စီတပ်ရဲ့စခန်းတွေကို စီးနင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိအခြေအနေတွေကို သိရဖို့ KNDF […]

အပြည့်အစုံဖတ်ရန်

မူဆယ်ကနေ တရုတ်နိုင်ငံထဲ ယာယီနပ်စပ်ဖြတ်ကျော်ခွင့် ယနေ့စတင်ခွင့်ပြု

September 4, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း) တရုတ်နိုင်ငံနယ်စပ် မူဆယ်မြို့ကနေ ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကတ်နဲ့ တရုတ်နိုင်ငံထဲဝင်ရောက်ခွင့်ကို ဒီနေ့မနက်ပိုင်းမှာ စတင်ခွင့်ပြုလိုက်တယ်လို့ မူဆယ်ဒေသခံတွေဆီကသိရပါတယ်။ တရုတ်နိုင်ငံကိုသွားရောက်မယ့်သူတွေဟာ မူဆယ်မြို့က နယ်စပ်ဂိတ်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နဲ့ မန့်ဝိန်းဂိတ်တွေမှာ ယာယီနယ်စပ်ဖြတ်သန်းခွင့်ကတ် Temporary Border Pass (TBP) ပြုလုပ်ရမှာဖြစ်တယ်လို့ မူဆယ်မြို့ခံ ကမ်းလက်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “အခုချိန်ဆိုရင်တော့ ဝင်ဖို့ထွက်ဖို့စောင့်နေတဲ့သူတွေ တော်တော်များတယ်၊ အဲ့ဒီအတွက် ကတ်လုပ်ဖို့ တန်းစီတာတွေတော့ များပါတယ်။ ဒီမနက်ပိုင်းတင် လူကတော့ထောင်ချီသွားတယ်” လို့ သူကပြောပါတယ်။ အဆိုပါ နယ်စပ်ဖြတ်သန်းခွင့်ကတ်ကိုင်ဆောင်သူတွေကို တရုတ်နိုင်ငံ ရွှေလီ၊ ဂျယ်ခေါင် စတဲ့ မြို့ဧရိယာတွေအတွင်း ခြောက်ညအိပ်ခုနှစ်ရက် နေထိုင်ခွင့်၊ သွားလာလည်ပတ်ခွင့်ရရှိမယ်လို့ ဆိုပါတယ်။ ကတ်ပြုလုပ်လိုသူတွေအနေနဲ့ မှတ်ပုံတင်မူရင်းနဲ့ လာရောက်လုပ်ဆောင်ရမှာဖြစ်ပြီး ကတ်အတွက် မြန်မာငွေ […]

အပြည့်အစုံဖတ်ရန်

ဖောင်းပြင်မှာရေပြန်ကျပြီ၊ ‌ညောင်ဦးမှာ လာမယ့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကျော်လွန်နိုင်

September 4, 2023

ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေဟာ ရက်သတ္တတစ်ပတ်နီးပါးကြာ မြင့်တက်ခဲ့ပြီးနောက် မြစ်ရေပြန်ကျလာနေပြီလို့ မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းက ထုတ်ပြန်ပါတယ်။ ဩဂုတ်လနောက်ဆုံးအပတ်အတွင်း ချင်းတွင်းမြစ်ရေတက်လာလို့ အိမ်ခြေရာနဲ့ချီရေဝင်၊ ရေမြုပ်ခဲ့တဲ့ဖောင်းပြင်မြို့ဟာ ဒီနေ့မှာတော့ ရေပြန်ကျလာနေပြီလို့ ဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ “အခုတော့ရေကပြန်ကျနေပြီ၊ အစကခါးလောက်ရှိတယ်၊ အခုဒူးလောက်ပြန်ကျလာနေပြီ။ တစ်ချို့မြေနိမ့်ပိုင်းရပ် ကွက်တစ်ချို့မှာတော့ရေတွေကျန်သေးတယ်။”လို့ ဖောင်းပြန်မြို့နယ် လူမှုကူညီရေးအသင်းတာဝန်ခံက ပြောပါ တယ်။ မိုးဇလက ဖောင်းပြင်မြို့မှာချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအောက်ကိုပြန်ကျနေပြီး နောက်တစ်ရက်အတွင်းမှာ စိုးရိမ်ရေအမှတ်အောက် တစ်ပေခွဲခန့်ထပ်ကျသွားဖို့ရှိတယ်လို့ ထုတ်ပြန်ပါတယ်။ မိုးဇလရဲ့ညွှန်ကြားရေးမှူးဦးလှထွန်းကတော့ “ဖောင်းပြင်မြို့မှာရေကြီးရတဲ့အကြောင်းရင်းက မိုးများတာလည်းပါသလို၊ အထက်ဘက် ခန္တီး၊ ဟုမ္မလင်းဘက်ကနေ ရေတွေပြန်ကျလာလို့လည်းပါတယ်။ ဒါပြီးရင် အောက်ဘက်ကိုတစ်ဖြည်းဖြည်းဆင်းသွားမှာ။ မော်လိုက်တို့ကလေးဝတို့မှာ ရေပြန်ကြီးမှာ။ ပြီးရင်တော့ ဧရာဝတီမြစ်ထဲကိုဆင်းပြီး ပင်လယ်ထဲကိုစီးသွားမှာ။” လို့ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အညာမှာ ဒေသတော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကို ‌ကောက်စိုက်သမတွေက ငွေစုပြီး ထောက်ပံ့လှူဒါန်း

September 4, 2023

ယင်းမာပင် – ၂၀၂၃၊ စက်တင်ဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်က ဒေသတော်လှန်ရေးအဖွဲ့ လူငယ်သူရဲကောင်းတပ် (YRF) ကို ကောက်စိုက်သမတွေက ကောက်စိုက်ရငွေတွေ စုပေါင်းလို့ရလာတဲ့ ငွေ ၁၀ သိန်းကို ဒီကနေ့ ပေးအပ်ခဲ့ပါတယ်။ တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်ကနေ ပါဝင်လိုတဲ့ ဒေသတွင်းရွာနှစ်ရွာက ကောက်စိုက်သမတွေ၊ ပြည်သူတွေက ခုလိုပြုလုပ်ပေးခဲ့တာလို့ YRF ရဲ့ခေါင်းဆောင် ကိုဗလက မော်ကွန်းကိုပြောပါတယ်။ “ကောက်စိုက်အဖွဲ့တွေက သူတို့ရဲ့အားလပ်ချိန်တွေမှာ လူထုအကုန်လုံးစုပြီး လယ်ကွက်ငှားတယ်၊ အဲဒီကနေ ကောက်စိုက်ခရလာတာလေးတွေကို ကျွန်တော်တို့ကို လှူဒါန်းတာဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာ သူတို့ကိုယ်ပိုင်လယ်တွေမှာ သွားရောက်လုပ်ကိုင်ပြီးတော့ အဲဒီကနေ အားတဲ့အချိန်မှာ စုပေါင်းပြီးတော့ လယ်ပိုင်ရှင််က ပုတ်ပြတ်နဲ့ငှားလာတဲ့ လယ်ကွက်တွေမှာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပြီး ကောက်စိုက်ကြတာပါ”လို့ ကိုဗလက ပြောပါတယ်။ ကိုဗလဟာ လူငယ်သူရဲကောင်းတပ်ရဲ့ […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးမှာ အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ အရပ်သားတစ်ဦးသေဆုံး

September 4, 2023

ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာအနီး၊ စစ်တပ်ပိုင် မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံက အာဏာသိမ်းစစ်တပ်ရဲ့ ဒီကနေ့ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာအရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။ စက်ရုံစောင့်နေတဲ့ စစ်သားက သေနတ်နဲ့ထွက်ပစ်တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တာပါ။ “စက်ရုံရဲ့အရှေ့တောင်ထောင့် ရေချမ်းစဥ်အနီးမှာ အပစ်ခံရတာ၊ အဲဒီဘက်မှာ လမ်းရှိတယ်လေ။ သေဆုံးသူက အသက် ၃၂ နှစ်ရှိပြီ၊ ကံကုန်းကျေးရွာသားဗျ၊ အမည်က ကျော်မျိုးထွန်းဗျ။ ကျောကနေ ဗိုက်ဘက်ခြမ်းထိ ကျည်ထိမှန်တာ နေရာတင် သေဆုံးတာပဲ။ ဆိုင်ကယ်စီးနေတာကိုလှမ်းပစ်တာ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ နောက်ထပ် ပစ်ခတ်ခံရလို့ ဒဏ်ရာရရှိသူနှစ်ဦးကတော့ ကနီနယ်ဘက်ကလို့ သိရပြီး တစ်ဦးဟာ ဒဏ်ရာပြင်းထန်ကာ နှစ်ဦးစလုံးကို ဆေးရုံပို့ထားတယ်လို့ ဒေသခံကပြောပါတယ်။ “သူတို့ပြောတာတော့ ရပ်ခိုင်းတာမရပ်လို့ ပစ်တယ်ပြောတယ်။ ကင်းပုန်းရှိမှန်းမသိလို့ သွားကြတာ”လို့ ဒေသခံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

NCA ရှစ်နှစ်ပြည့်အခမ်းအနားကျင်းပဖို့ စစ်ကောင်စီနဲ့အပစ်ရပ်အဖွဲ့တွေ နေပြည်တော်မှာဆွေးနွေး

September 1, 2023

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁ (မော်ကွန်း) NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ စစ်ကောင်စီနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်ငါးဖွဲ့တို့ ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာဆွေးနွေးနေတယ်လို့ အဆိုပါအပစ်ရပ်အဖွဲ့တွေဆီကသိရပါတယ်။ စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာပါ။ အဲ့ဒီတွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့အချက်တွေ၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါအပစ်ရပ်ငါးဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာလမှာ NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ […]

အပြည့်အစုံဖတ်ရန်

ဒီဇင်ဘာနှောင်းပိုင်း အယ်လ်နီညိုဖြစ်စဉ်သက်ရောက်မှုကြောင့် အပူချိန်လွန်ကဲနိုင်

August 31, 2023

ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း) မြန်မာနိုင်ငံမှာ ဒီဇင်ဘာလနှောင်းပိုင်းကစလို့ အပူချိန်လွန်ကဲတဲ့ အစွန်းရောက်သဘာဝဘေး၊ အယ်လ်နီညိုဖြစ်စဉ်ရဲ့သက်ရောက်မှုတွေရှိလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။ “အယ်လ်နီညိုဟာ လာမယ့်ဒီဇင်ဘာလမှာ အားအကောင်းဆုံးအဆင့်ကိုရောက်လာဖို့ရှိတယ်။ အဲဒီအချိန် မြန်မာနိုင်ငံကိုလည်းသက်ရောက်မှုတွေရှိလာလိမ့်မယ်။ မိုးနည်းတဲ့ဇန်နဝါရီကနေ မတ်လတွေအထိဆက်ဖြစ်နေမယ်ဆိုရင် အပူချိန်လွန်ကဲတာ၊ မိုးခေါင်ရေရှားတာတွေ ဖြစ်လာနိုင်ပါတယ်။ သောက်သုံးရေပြတ်လတ်တာ၊စိုက်ပျိုးမြေတွေထိခိုက်လာနိုင်တာကြောင့် ကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။”လို့သူကပြောပါတယ်။ အထူးသဖြင့်မွန်၊ ကရင်၊ တနင်္သာရီတိုင်းဒေကြီးတွေမှာနေထိုင်သူတွေက အယ်လ်နီညိုဖြစ်စဉ်နောက်ဆက်တွဲရာသီဥတုကို ခံစားရနိုင်တယ်လို့သူကပြောပါတယ်။ အယ်လ်နီညိုဖြစ်စဉ်ဟာ နှစ်နှစ်ကနေ ငါးနှစ်တစ်ကြိမ်ဖြစ်တတ်ပြီး မိုးခေါင်ခြင်း၊ ရေရှားပါးခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်တာတွေဖြစ်နိုင်တယ်လို့သူကပြောပါတယ်။ လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ဟာ အီကွေတာအနီးကပစိဖိတ်မုဒ္ဒရာမှာ အားအသင့်အတင့်အဆင့်ဖြစ်ပေါ်နေပြီး စက်တင်ဘာလအတွင်းမှာ အားကောင်းတဲ့အဆင့်ဖြစ်လာနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာလည်း အယ်လ်နီညိုဖြစ်စဉ်ကိုလာမယ့်ဒီဇင်ဘာလမှာ ကြုံတွေ့လာရနိုင်တာကြောင့်ရေအရင်းအမြစ်ကိုချွေတာသုံးစွဲတာ၊ ဆည်တွေမှာ ရေသိုလောင်ထားသင့်တယ်လို့ ဦးလှထွန်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၆ ကလည်းအယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့ရာသီဒဏ်ကိုခံစားခဲ့ရပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်

ကန့်ဘလူ၊ သရက်ခေါင်းရွာကိုစစ်ကောင်စီတပ်ဝင်စီး၊ ရွာသားတွေပိတ်မိနေ

August 31, 2023

ရန်ကုန်-၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းရွာကို စစ်ကောင်စီတပ်တွေ မနေ့မနက်အစောပိုင်းက ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့ပြီး ဒီနေ့အထိ ရွာထဲမှာတပ်စွဲကာ ပိတ်မိနေတဲ့ဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လက်ရှိအချိန်ထိတော့ ရွာနားကိုပြန်ကပ်လို့မရသေးတာကြောင့် ပိတ်မိသူဦးရေ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။ “လောလောဆယ် ဘာမှအတိအကျမသိရသေးဘူး။ စစ်ကြောင်းကလည်း သရက်ခေါင်းရွာထဲမှာပဲရှိသေးတယ်။ ကောင်လေးတစ်ယောက်တော့ သတ်ခံရတယ်လို့ကြားရတယ်။ ဘယ်နှစ်ယောက်ဖမ်းခံလိုက်ရတယ်ဆိုတာကို အခုချိန်ထိ ဂဃနဏကျွန်တော်တို့ မသိသေးဘူး” လို့ သူကပြောပါတယ်။ အခုလ ၂၅ ရက်ကနေ ၂၈ ရက်အထိ လေးရက်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ကန့်ဘလူခရိုင် ဆီဆုံကြီးရွာက ဒေသခံတစ်ဦးနဲ့ ရွာသစ်ကျေးရွာက ဒေသခံနှစ်ဦး စုစုပေါင်းသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ သရက်ခေါင်းရွာကို စစ်ကောင်စီတပ်ဟာ အင်အား ၁၅၀ ဝန်းကျင်ဟာ […]

အပြည့်အစုံဖတ်ရန်
1 … 102 103 104 105 106 107 108 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."