ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း) အခုလို ဝါခေါင်လမှာ ကရင်တိုင်းရင်းသားတွေဟာ သူတို့ရဲ့ရိုးရာယုံကြည်မှုဓလေ့တစ်ခုဖြစ်တဲ့ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ) ကို ကျင်းပကြပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသအနှံ့မှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေဟာ ဒီမင်္ဂလာအခမ်းအနားကို မကောင်းဆိုးဝါးတွေရန်က ဘေးကင်းဖို့၊ နေအိမ်နဲ့မိသားစုအပေါ် အဖျက်အ မှောက်နဲ့ မိစ္ဆာတွေရန်ကကင်းဝေးဖို့ ယုံကြည်ချက်နဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်း လာခဲ့ကြတာလို့ ရိုးရာပွဲကျင်းပတဲ့ ကရင်လူကြီးတွေက ရှင်းပြပါတယ်။ ဒီနေ့အခမ်းအနားကို လှိုင်မြို့နယ်က ဘုံသာကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီ ဆရာတော်နဲ့ ကရင်လူကြီးတွေ လက်ချည်ပွဲကိုပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံရတဲ့ တိုင်းရင်းသားတွေထဲမှာပါဝင်တဲ့ကရင်တွေဟာ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို တိမ်းရှောင်ခဲ့ကြရသလို ရောက်တဲ့အရပ်မှာလည်း ရိုးရာဓလေ့ဖြစ်တဲ့ ဝါခေါင်လလက်ချည်ပွဲကို ကရင်လူငယ်တွေထံ လက်ဆင့်ကမ်းထိန်းသိမ်းနေတာပဲ ဖြစ်ပါတယ်။ ပုံစာ_ ယနေ့ကျင်းပသည့် လက်ချည်ပွဲ မြင်ကွင်းများ။ ဓါတ်ပုံ- မော်ကွန်း #Dailynews
ရန်ကုန်- ၂၀၂၃ ဩဂုတ် ၃၁ (မော်ကွန်း) ကော့ကရိတ် – မြဝတီ အာရှလမ်းပြန်ဖွင့်ပေမယ့် ကားလမ်းပိတ်ဆို့မှုကြောင့် ခရီးစဉ်နှောင့်နှေးမှုတွေဖြစ်နေဆဲလို့ အဆိုပါလမ်းကိုဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။ အာရှလမ်းပေါ်က မြဝတီမြို့အထွက် တောနော်ရေတံခွန်အနီး လမ်းပြိုကျသွားတဲ့နေရာမှာ ယာယီဘေလီတံတားပြီးစီးသွားတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းမှာပြန်ဖွင့်ခဲ့ပြီး ကားတွေဖြတ်သန်းခွင့်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါဘေလီတံတားထိုးထားတဲ့နေရာမှာ လမ်းကျဉ်းတာကြောင့် ကားတွေရာနဲ့ချီပြီး ပိတ်ဆို့နေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ မနေ့ကတော့ မြဝတီမြို့ကလာတဲ့ ကားတွေကိုပဲ ဦးစားပေးစေလွှတ်နေပြီး မြဝတီကိုသွားမယ့် ကားတွေကိုတော့ ယာယီပိတ်ထားတယ်လို့ ထိုင်း-မြန်မာ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူ ကိုဆက်က ပြောပါတယ်။ “လမ်းက တော်တော်ကျဉ်းတော့ ကားက တစ်စီးချင်းစီပဲဖြတ်ခွင့်ပေးတယ်၊ ကုန်တင်ကားတွေရော ခရီးသည်တင်ကားတွေပါ ပိတ်နေတာ။ အဲ့ဒီနေရာ တခါဖြတ်ဖို့ နေ့တဝက်လောက်ကြာတယ်၊ ကားတွေအကုန်ပိတ်နေတာ၊ အတက်ကားတွေကို ဦးစားပေးလွှတ်နေတာ၊ အဆင်းကားတွေ ပေးမဆင်းသေးဘူး” လို့ […]
ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း) ကရင်နီပြည်နယ်၊ ဒီးမောဆိုအနောက်ခြမ်း ပဆေးလာရွာစျေးအနီးနဲ့ စစ်ရှောင်စခန်းတစ်ခုကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီကလေကြောင်းက ငါးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရှောင်ပြည်သူတွေကိုကူညီနေသူတွေကပြောပါတယ်။ “နံနက် ၄:၀၀ နာရီကျော်လောက်ကသုံးကြိမ်လောက်လာဝဲပြီးပစ်ချသွားတာ။ နှစ်လုံးကပေါက်ကွဲသွားပြီးတစ်လုံးကမပေါက်သွားဘူး။ ထိခိုက်မှုတော့မရှိဘူး။” လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီကြဲတဲ့ဗုံးတစ်လုံးဟာ စစ်ရှောင်ပြည်သူတွေအနီး ပေ ၃၀ လောက်ကိုကျခဲ့ပေမယ့် မပေါက်ကွဲခဲ့ဘူးလို့ သူကပြောပါတယ်။ စစ်ကောင်စီဟာယခုလ ၂၅ ရက်ကလည်း ဒီးမောဆိုအနောက်ခြမ်းရွာတွေကို လေကြောင်းကတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ပျက်စီးခဲ့ပါတယ်။ ပုံစာ- စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်းမပေါက်ကွဲသေးသည့်ဗုံးတစ်လုံးအားမြင်တွေ့ရစဉ်။ Photo-KamLatt Kayah IDPs Assistance Network #Dailynews
ရန်ကုန်- ၂၀၂၃၊ ဩဂုတ် ၃၁ (မော်ကွန်း) ယမန်နေ့က မြောက်ဦး-ကျောက်တော်ယာဉ်လိုင်းတစ်စီးပေါ်မှာ လိုက်ပါလာတဲ့သံဃာတစ်ပါးမူးလဲသွားလို့ ယာဉ်မောင်းကပုဏ္ဏားကျွန်းမြို့နယ်၊ကျောက်ဆိပ်ရွာအနီးမှာ ၎င်းက်ိုသယ်ချပြီးလမ်းဘေးအမိုးအောက်ထားခဲ့တယ်လို့ ကျောက်ဆိပ်ရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ဘုန်းကြီးကကားပေါ်မှာမူးလဲသွားလို့ ကားဆရာကပစ်ချပြီးထွက်ပြေးသွားတာ။ ကျွန်တော်တို့လည်းလိုက်ဖမ်းလို့မရဘူး။ ဘုန်းကြီးကိုအချိန်မီဆေးရုံပို့ပေးလိုက်ရတာ။”လို့သူကပြောပါတယ်။ လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ “ခန္ဓာကိုယ်မှာရိုက်နှက်ထားတဲ့ဒဏ်ရာတွေတော့ မတွေ့ရဘူး။ ကျောက်ဆိပ်ရွာအနီးမှာ ဘုန်းဘုန်းကိုပစ်ချခဲ့တာ။ အခုပုဏ္ဏားကျွန်းဆေးရုံမှာတင်ထားပါတယ်။ သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတယ်။”လို့ သူကပြောပါတယ်။ လက်ရှိမှာဘုန်းကြီးမိသားစုဝင်တွေ၊ ဆွေမျိုးတွေနဲ့အဆက်အသွယ်မရသေးဘဲ လူမှုကူညီရေးအသင်းက ဘုန်းကြီးကိုဆေးဝါးနဲ့အစားအစာတွေလှူဒါန်းထားတယ်လို့ ဆိုပါတယ်။ ပုံစာ- ကားပေါ်ပစ်ချခံရသည့်ဘုန်းကြီးတစ်ပါးမြင်ကွင်း ပုံ- PDYO #Dailynews
ကန့်ဘလူ-၂၀၂၃ ဩဂုတ် ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းကျေးရွာကို စစ်ကောင်စီတပ်တွေ ဒီနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်က လက်နက်ကြီး၊ လက်နက်ငယ်တွေပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံတွေထွက်ပြေးနေရပြီး ရွာထဲမှာ ပိတ်မိနေသူတွေ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ “ရုတ်တရက်ရွာကို ဝင်စီးတာ။ ဘာအကြောင်းပြချက်နဲ့စစ်ကြောင်းထိုးတာတော့ ကျွန်တော်တို့လည်း ရေရေရာရာ မသိရဘူးပေါ့။ တချို့ရွာသားတွေပိတ်မိတယ်လို့ကြားတယ်။ တချို့လည်း ဖမ်းခံရတယ်။ ကျွန်တော်တို့ကြားရသလောက်ဆို အသတ်ခံရတာတွေလည်းရှိတယ်။ လောလောဆယ်တော့ သတင်းက အတည်ပြုလို့မရသေးဘူးဖြစ်နေတာပေါ့” လို့ လက်ရှိအခြေအနေကို သူကပြောပါတယ်။ သရက်ခေါင်းရွာကို ရုတ်တရက်စီးနင်းတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကန့်ဘလူနယ်ထဲကို မကြာခဏစစ်ကြောင်းထိုးတဲ့ ခမရ-၃၆၁ ဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ သရက်ခေါင်းကျေးရွာဝန်းကျင်မှာ ရွာတွေကိုမီးရှို့တာ၊ ဒေသခံတွေကို အကြောင်းမဲ့သတ်ဖြတ်တာ၊ ရွာထဲက အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတတ်တဲ့ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၀ ( မော်ကွန်း) မြန်မာနိုင်ငံဆီကုန်သည်အသင်းက စားသုံးဆီတွေကို ပြင်ပပေါက်ဈေးထက်သက်သာတဲ့နှုန်းနဲ့ ရောင်းချပေးနေတာ တစ်လကျော်ကြာလာပေမယ့် ပြင်ပဈေးကွက်မှာတော့ စားဆီဈေးနှုန်းတွေဟာ သိသိသာသာကျဆင်းလာတာမရှိဘူးလို့ စားသုံးဆီ လက်လီလက်ကားရောင်းချနေသူတွေဆီက သိရပါတယ်။ ဆီကုန်သည်အသင်းက သတ်မှတ်ထားတဲ့ စားသုံးဆီ လက်လီလက်ကားဆိုင်တွေမှာ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး တစ်ပိဿာကို ကျပ် ၄,၄၀၀ ဝန်းကျင်နဲ့ ရောင်းချပေးနေတာဖြစ်ပြီး လူတစ်ဦးကို ငါးဆယ်ကျပ်သားစီ တန်းစီစနစ်နဲ့ ဇူလိုင်လပိုင်းကစပြီး ရောင်းချပေးနေတာပါ။ ဆီကုန်သည်အသင်းက သတ်မှတ်ရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၄,၄၀၀ ကျပ်ဝန်းကျင်သာရှိပေမယ့် ပြင်ပဈေးကွက်မှာတော့ တစ်ပိဿာကို ကျပ် ၉,၀၀၀ ဝန်းကျင်ထိ လက်ရှိမှာဈေးမြင့်တက်နေတာပါ။ လက်ရှိအချိန်ထိတော့ စားဆီဈေးနှုန်း သိသိသာသာ ကျဆင်းသွားတာမရှိဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်က ဆီလက်လီလက်ကား ရောင်းချသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လူတစ်ဦးကို […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၃၀ (မော်ကွန်း) MoU နဲ့ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ငွေလွှဲမှုတွေကို တရားဝင် နှစ်နိုင်ငံဘဏ်တွေကပဲလွှဲရမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုလာပါတယ်။ မနေ့က စစ်ကောင်စီအလုပ်သမားဝန်ကြီး ဦးမြင့်နောင်နဲ့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) တို့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ MoU မြန်မာလုပ်သားတွေရဲ့ မိသားစုလွှဲပို့ငွေတွေကို နှစ်နိုင်ငံ ဘဏ်တွေကနေ စနစ်တကျစီးဆင်းစေရေးဆောင်ရွက်ရမယ်လို့ အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ပြောကြားခဲ့ပါတယ်။ ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်သူတွေဟာ မိသားစုလွှဲပို့ငွေတွေကို တရားဝင်ဘဏ်တွေက လွှဲပို့တာထက် ဟွန်ဒီငွေလွှဲလုပ်ငန်းတွေကနေတစ်ဆင့်သာ အများစုကပေးပို့နေတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အစိုးရကတော့ နိုင်ငံခြားငွေလိုနေတဲ့အတွက် အခုလိုဘဏ်တွေကလွှဲဖို့ အေဂျင်စီတွေကနေ ဖိအားပေးတာပေါ့၊ တကယ်တမ်းတော့ တရားဝင်ဘဏ်ကလွှဲတာ ပိုစိတ်ချရတာပေါ့၊ ဒါပေမယ့်လည်း စစ်ကောင်စီလက်ထက် […]
ထန်တလန် – ၂၀၂၃ ဩဂုတ် ၂၉ (မော်ကွန်း) မနေ့နံနက်အစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲဟာ ပြင်းထန်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၁ ဦးအနည်းဆုံးကျဆုံးထားတယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မော်ကွန်းကိုပြောပါတယ်။ “ထန်တလန်မြို့ပေါ်က ခလရ -၂၆၉ ၊ အဲဒီနေရာက သူတို့က ခြေကုပ်အခိုင်အမာနဲ့တည်ဆောက်ထားတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဗျူဟာအရတော့ အင်မတန်မှအရေးကြီးတယ်၊ အဲဒါကို သူတို့က အခိုင်အမာအင်အားပြန်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်၊ ခုမြို့ထဲမှာတော့ သူတို့နဲ့ ကျွန်တော်တို့ နှစ်ဖွဲ့ရှိနေတယ်၊ သူတို့လည်း ကျွန်တော်တို့ကို မချုပ်နိုင်၊ ကျွန်တော်တို့လည်း သူတို့ကို မချုပ်နိုင်၊ အဲဒီအနေအထား အရေးကြီးနေတဲ့ တပ်ကုန်းကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့က သွားရောက်တိုက်ခိုက်တာဖြစ်တယ်” လို့ CNF/CNA ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၈ (မော်ကွန်း) ဆန်ဈေးတက်နေတာကိုထိန်းချုပ်ဖို့ ဆန်ပြည်ပပို့ခွင့်ပိတ်ပြီးဖြေရှင်းဖို့ စစ်ကောင်စီကကြိုးစားလာတာဟာ ဆန်ဈေးမကျဘဲ စပါးဈေးထိုးကျပြီး အရင်းအနှီးကြီးကြီးနဲ့စိုက်ထားရတဲ့ လယ်သမားတွေသာ ရေရှည်မှာထိခိုက်ဖို့ရှိတယ်လို့ တောင်သူ တွေနဲ့ကုန်သည်တချို့က ပြောပါတယ်။ စစ်ကောင်စီနဲ့တိုင်ပင်ပြီး မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ပြည်တွင်းဆန်ဈေးနှုန်းမြင့်တက်နေမှုကိုထိန်းချုပ်ဖို့ ပြည်ပဆန်တင်ပို့ခွင့်လိုင်စင်ကို ယခုလကုန်ကစပြီး တစ်လခွဲကြာယာယီပိတ်ပြီး ဈေးကျလာဖို့ စီစဉ်နေတာပါ။ ဆန်ကုန်သည်တွေရဲ့အဆိုအရ စက်တင်ဘာလအတွက် ပြည်ပပို့ခွင့်ပါမစ်တွေကို မချပေးတော့ဘူးလို့ ဆိုပါတယ်။ စပါးစိုက်တောင်သူတချို့ကတော့ စက်သုံးဆီ၊ လယ်ထွန်စက်၊ ဓါတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအပါအဝင် လယ်ယာလုပ်သားခကအစ မြင့်မားတဲ့ကုန်ကျစရိတ်တွေနဲ့ ဒီရာသီမှာ သူတို့လယ်တွေကိုထွန်ယက်စိုက်ပျိုးထားရတာကြောင့် စပါးပေါ်ချိန်မှာ ဈေးမရမှာကိုစိုးရိမ်တယ်လို့ ပြောပါတယ်။ အောက်တိုဘာမှာ စတင်ထွက်လာမယ့် စပါးသစ်ထွက်ချိန်နဲ့ အခုအစီအစဉ်က တိုက်ဆိုင်နေတာကြောင့် အရင်းကြီးကြီးနဲ့ စိုက်ထားရတဲ့ လယ်သမားတွေသာနာဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ “ […]
ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ပတိမ်ပြင်နဲ့ အင်းဖျားရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေ အခုညနေပိုင်းမှာ စတင်မီးရှို့ဖျက်ဆီးနေလို့ ဒေသခံအများအပြား ထွက်ပြေးနေရတယ်လို့ အဲဒီကရွာခံတွေက မော်ကွန်းကိုပြောပါတယ်။ “အခုပဲ နှစ်ရွာလုံးကိုမီးတင်ရှို့နေတာ။ မနက်က ဒေသခံအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီး သူတို့အထိနာလို့နေမှာ၊ ရွာကိုမီးရှို့နေတာ။ ရွာထဲကလူတွေကတော့ အကုန်ပြေးနေရတယ်” လို့ ပတိမ်ပြင်ရွာသားတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်ထိတော့ ဒေသခံတွေ ဖမ်းဆီးခံရတာမျိုး မကြားရသေးဘူးလို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ အခုမီးရှို့နေတဲ့ရွာနှစ်ရွာကို မနက်ကဝင်ရောက်စီးနင်းချိန်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေ အထိနာသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ဒီကောင်တွေရွာထဲဝင်တဲ့အချိန် ကိုယ့်ဖက်ကညှပ်ပိတ်တိုက်တာ။ ကျတဲ့ကောင်ကကျ၊ ငါးကောင်သေတယ်။ ကိုယ့်ဖက်က သေနတ်တစ်လက်ရလိုက်တယ်။ သေနတ်က MA-11” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာနှစ်ရွာကိုမီးရှိ့နေတာကြောင့် လက်ရှိအချိန်မှာ ပတိမ်ပြင်၊ […]
ရန်ကုန်-၂၀၂၃၊ ဩဂုတ် ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့မှာချင်းတွင်းမြစ်ရေတက်လာလို့ အိမ်ခြေ ၆၀ နီးပါးရေမြုပ်နေတယ်လို့ ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းထံမှသိရပါတယ်။ “မြေနိမ့်ပိုင်းရပ်ကွက်နှစ်ခုက အိမ်ခြေ ၆၀ လောက်ကရေမြုပ်နေပြီ။ ရေကခါးလောက်ရောက်နေတယ်။”လို့ဖောင်းပြင်မြို့နယ်လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဖောင်းပြင်မြို့မှာ ချင်းတွင်းမြစ်ရေဟာ ၂၄ နာရီအတွင်း စိုးရိမ်ရေအမှတ်အထက် တစ်ပေကျော်တက်ဖို့ရှိတယ်လို့ ပြီးခဲ့တဲ့နာရီပိုင်းကထုတ်ပြန်ပါတယ်။ စိုးရိမ်ရေအမှတ်ကျော်လွန်နေတဲ့ မြစ်အနီးအနားနေထိုင်သူတွေအနေနဲ့လည်း နီးစပ်ရာကယ်ဆယ်ရေးစခန်းတွေကို အမြန်ဆုံးတိမ်းရှောင်သင့်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးဦးလှထွန်းကပြောပါတယ်။ အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ နေရာစိပ်စိပ်မိုးများနေတာကြောင့် အခုလိုမြစ်ရေတက်လာတာလို့ ဒေသခံတွေကပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ဖောင်းပြင်မြို့မှာ မြစ်ရေတက်လာလို့ အိမ်ခြေရာနဲ့ချီရေမြုပ်ခဲ့ပါသေးတယ်။ ရေကြီးမှုကြုံနေရတဲ့ဖောင်းပြင်မြို့မှာ အင်တာနက်အသုံးပြုလို့မရတာ ခြောက်လကျော်ရှိလာပြီးဆက်သွယ်ရေးနဲ့သတင်းအချက်အလက် လက်လှမ်းမှီမှုမှာလည်း အကန့်အသတ်တွေရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ ဖောင်းပြင်မြို့နယ်မှာ ကျေးရွာ ၁၇၀ ကျော်၊ အိမ်ခြေ ၁၇,၀၀၀ ကျော် နဲ့ လူဦးရေ တစ်သိန်းကျော်နေထိုင်ကြပြီး […]
ရန်ကုန်-၂၀၂၃ ဩဂုတ် ၂၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက အခုလအစောပိုင်းကတည်းက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ၂၂ ရက်အတွင်း ဒေသခံ သုံးဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ယင်းမာပင်ဒေသခံတွေက ပြောပါတယ်။ “သူတို့ရမ်းပစ်တာကြောင့် ပြည်သူသုံးယောက်သေတယ်။ လေးယောက်ထပ်မနည်း ဒဏ်ရာရခဲ့တယ်။ စစ်ကြောင်းထိုးခံရလို့ ထွက်ပြေးရင်း ရွာထဲကျန်ခဲ့တဲ့ တိရိစ္ဆာန်တွေကို အစာဝင်ကျွေးတဲ့သူတွေကို ပစ်တာ။ သေဆုံးသူတွေက အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး” လို့ ယင်းမာပင်ဒေသခံတစ်ဦးကပြောပါတယ်။ သေဆုံးတဲ့သူတွေဟာ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းကရွာတွေဖြစ်တဲ့ အင်းဘက်၊ စုန်းချောင်း၊ သံပို စတဲ့ရွာတွေက ဒေသခံတွေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခံရတာကြောင့် သေတာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်ထဲက ရွာတွေကို အခုလ ၆ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံအဖွဲ့တွေနဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."