၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ကောင်းမြတ်မိုး၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။ မျိုးဆက်ပွားကျန်းမာရေး အရေးကြီး ကျန်းမာရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef) တို့ ၂ဝဝ၅ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်သေဆုံးနှုန်းသည် အယောက် တစ်သိန်းလျှင် ၃၁၆ ဦးရှိနေပြီး ယင်းတို့ထဲမှ ၁ဝ ရာခိုင်နှုန်းနီးပါးသည် ကိုယ်ဝန်ဖျက်ချရာမှ သေဆုံးသော နှုန်းထားဖြစ်သည်ဟုဆိုပါသည်။ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင်တော့ ကိုယ်ဝန်ဖျက်ချရာမှ နောက်ဆက်တွဲပြဿ နာများဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူကြသူများမှာ နှစ်စဉ်တစ်ထောင်ကျော်ရှိသည်ဟုဒေါက်တာတင်ညိုညိုလတ်က ဆိုသည်။၎င်းအနေနှင့်လည်း ကိုယ်ဝန်ဖျက်ချ၍ အသက်ဆုံးရှုံးခဲ့သောလူနာများစွာကို တွေ့ခဲ့ဖူးသည်ဟုဆိုသည်။အသက်အန္တရာယ် မဆုံးရှုံးလျှင်တောင်မှ နောက်ဆက်တွဲပြဿဿ နာများအနေဖြင့်သားအိမ်၊ သားဥပြွန်ရောင်ခြင်း ၊ အကျိတ်အဖုဖြစ်နိုင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း ဝမ်းခေါင်းတစ်ခုလုံးရောင်ရမ်းနာကျင်၊ သွေးဆိပ်တက်ခြင်း၊ သွေးလန့်ခြင်း၊ သွေးမခဲဘဲ သွေးယိုစီးမှုများ ဖြစ်နိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ကလေးနောက်ထပ်မရနိုင်တော့ခြင်း၊ သားအိမ်ထုတ်ပစ်ရခြင်းတို့ ဖြစ်နိုင်သည်ဟု ဒေါက်တာတင်ညိုညိုလတ်က ရှင်းပြသည်။ […]
၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သတင်းဆောင်းပါးဖြစ်ပါသည်။ သက်ဦးမွန်၊ကောင်းမြတ်မိုး၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။ အချိန်က ည ၂ နာရီကျော်၊ ၃ နာရီဝန်းကျင်။ ဆေးရုံပေါ်ရောက်နေသော အိဖြူဂသည် သူ့ခုတင်နံဘေးမှ အရာဝတ္ထုတစ်ခုကို စောင်းငဲ့ကြည့်လိုက်မိသည်။သူနာပြုဆရာမတွေက သူ့ကို သွေးနုသားနုဖြစ်နေသဖြင့်မကြည့်ရန် တားကြသည်။ သို့ပေမဲ့ ကြည့်ဖြစ်အောင် ကြည့်လိုက်မိသည်။ ကြည့်မိပြန်တော့ ရင်တစ်ခုလုံး ကြေကွဲရသည်။အကြောင်းမှာ သူကြည့်နေမိသည့်အရာကား မကြာသေးခင် ကမှသူ့ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ထားသည့် အသက်ဝိညာဉ်ကင်းမဲ့နေသော ငါးလသားအရွယ် သန္ဓေသားလေး။ ကလေးလေးက ကိုယ်လက်အင်္ဂါ အစုံအလင်ဖြစ်နေပြီ။ဆံပင်လေးတွေပင် မြင်နေရသည်။ ချစ်စရာပင် ကောင်းသေးတော့။ သို့သော် ထိုကလေးသည် ယခုတော့ တစ်ကိုယ်လုံး ပြာနှမ်းနေပြီဖြစ်သည်။ အိဖြူ နောင်တအကြီးအကျယ်ရ သွားသည်။မွေးလိုက်ရလျှင် အကောင်းသားဟု နှမြောတသဖြစ်မိကာပါးပြင်ပေါ်သို့ မျက်ရည်များ လိမ့်ကျလာသည်။ ”ကလေးမျက်နှာကို မြင်လိုက်တဲ့အချိန်မှာ တော်တော်ကိုဆို့သွားတယ်။ […]
၂၀၁၃၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၈)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ နှင်းကိုရေးသည်။ နှစ်စဉ် မိုးစပါးစိုက်ပျိုးရခြင်းသည် အကျိုးအမြတ်မရှိဘဲ အရှုံးသာ ပေါ်တတ် သောကြောင့် ဇနီးသည်ကိုတောင် အသိမပေးဘဲ တိတ်တိတ်ပုန်း ပျိုးကျဲထားသည့် တောင်သူဦးလှဦး၏ စပါးခင်းများမှာ ဒီတစ်ကြိမ်လည်း ရေနစ်သွားခဲ့ပြန်ပြီဖြစ်သည်။ ”ပြီးခဲ့တဲ့ နှစ်ကလဲ စပါးအကုန် သေသွားတယ်။ တစ်လုံး (စပါးတစ်စေ့)မျှ မရဘူး”ဟု အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်မှ တောင်သူ ဦးလှဦးက ဆိုသည်။အသက်၆၂ နှစ်အရွယ် တောင်သူကြီး ဦးအောင်ထွေးက လည်း သူ့ဘဝ လယ်လုပ်လာသည့် ကာလတစ်လျှောက် အကြီး မားဆုံးရေကြီး၊ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ရပုံကို ယခုလို ပြောသည်။ ”အားလုံးသေကုန်ပြီ။ လယ်လုပ်လာတာ နှစ်လေးဆယ် ကျော်ပြီ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ […]
Photo: Kaung Pyae San ၂၀၁၄၊မေလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။ ဘာကြောင့် ကြန့်ကြာ ယခင်က အန္တရာယ်ရှိအဆောက်အအုံအဖြစ် သတိပေးကြေညာချက်ချိတ်ပြီး ပြန်ဆောက်ဖို့ ဆောက်လုပ်ရေး ကန်ထရိုက်နဲ့ မြို့တော်စည်ပင်က ညှိနှိုင်းပေးလေ့ရှိပါတယ်။ ယခုနောက်ပိုင်းမှာတော့ အဲဒီလို မလုပ်ပေးတော့ဘူးလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူက ဆိုပါတယ်။”အခု နည်းပြောင်းသွားပြီ။ ငါတို့က သတ်မှတ်ပေးရုံပဲ။ပြန်ဆောက်တာ၊ မဆောက်တာက သူတို့အပိုင်းပဲ။ ဒီကိစ္စတွေကတော်တော်ခေါင်းရှုပ်တာ”လို့ သူက လေသံခပ်ပြတ်ပြတ်နဲ့ ပြောပါတယ်။အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်မယ်ဆိုရင်တော့ မြေရှင်၊ အခန်းရှင်တွေနဲ့ ကန်ထရိုက် သုံးဖက်သဘောတူညီမှ မြို့တော်စည်ပင်က ဆောက်လုပ်ခွင့်ချပေးပါတယ်။အခုလက်ရှိ မြို့တော်စည်ပင်က အ္တရာယ်ရှိအဆောက်အအုံအဖြစ် သတ်မှတ်ထားပြီး ပြန်မတည်ဆောက်နိုင်သေးတဲ့အဆောက်အအုံအရေအတွက် ၁ဝ၇ လုံးအထိ ရှိနေတယ်လို့ မြို့တော်စည်ပင် အင်ဂျင်နီယာဌာနက ဆိုပါတယ်။ လုပ်ရိုးလုပ်စဉ်အတိုင်းဆိုရင် အန္တရာယ်ရှိအဆောက်အအုံအဖြစ် […]
Photo: Kaung Pyae San ၂၀၁၄၊မေလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၃)မှ သတင်းဆောင်းပါးဖြစ်ပါသည်။ ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။ လွန်ခဲ့တဲ့ နှစ်လဝန်းကျင် ကပေါ့။ ညနေဘက် အလုပ်ပြီးလို့ အိမ်ပြန်ရောက်ချိန် အမေပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်ထိတ်လန့်သွားတယ်။”ကံကောင်းလို့ နင်တို့ အမေ့ကို အခုအချိန်အထိ တွေ့နေရ တာ။ မဟုတ်ရင် နေ့လယ်က ငါသေသွားပြီ”တဲ့။ ဘာကြောင့် ဒီလိုပြောရတာလဲလို့ မေးလိုက်တော့ အမေက မီးဖိုချောင်ကို ခေါ်ပြတယ်။ အမေ လက်ညှိုးညွှန်ရာကို ကြည့် လိုက်တော့ ကွန်ကရစ်ယက်မတိုင်မှာ အပေါက်ကြီးတစ်ပေါက် ဖြစ်နေတာ တွေ့ရတယ်။အဲဒီ RC သံကူကွန်ကရစ် ယက်မတိုင်ကနေ အလျားတစ် တောင်၊ အနံတစ်မိုက်ကျော်ကျော်လောက်ရှိတဲ့ ကွန်ကရစ် အခဲကြီး ကြွေကျခဲ့တာပါ။ ဒီကြွေကျနေတဲ့ ကွန်ကရစ်တိုင်ကို ကြည့် […]
၂ဝ၁၂ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ပထမနေ့ကတည်းက ထွက်ပြေးဖို့စိုင်းပြင်းတာ ထွက်မပြေးဖြစ်။ ပွဲတော် ၉ ရက်မြောက်နေ့ကျမှ ထွက်ပြေးဖို့ အထမြောက်တော့သည်။ထိုနေ့မနက် သူဇာအိပ်ရာက အစောကြီးထသည်။ အနွေးထည်ကိုကောက်ပြီးကျကျနနဝတ်လိုက်သည်။ကလေးနှစ်ယောက်ကိုကြည့်လိုက်တော့ ခုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ကောင်းနေကြတုန်း။ ဆောင်းတွင်းဆိုတော့ ညဘက်မှာ အနွေးဓာတ်ရအောင် တစ်ညလုံးဖိုထားသောမီးဖိုမှာ နံနက်ရောက်တော့ မီးအားလျော့လာသည်။ သူဇာ တောင်းတစ်လုံးကို ပိုက်ပြီး အိမ်ထ ဲကထွက်သည်။ ယောက်ျားဖြစ်သူ ကွိုင်ရွေးဖျင်က သူဇာ ထင်းသွားသယ်သည်လို့ပဲ ထင်ထားပုံရသည်။ သူဇာ့အကြံကို သတိမထားမိ။တကယ်လည်း သူဇာခြံထဲသွားပြီးထင်းယူလာကာ မီးဖိုထဲ ထည့်ပေးလိုက်သေးသည်။ မီးအားကပြန်ကောင်းလာသည်။သည်ကားကလေးနှစ်ယောက်အပေါ် သူဇာ၏ နောက်ဆုံးကြင်နာခဲ့ခြင်း ဖြစ်သည်။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကလေးနှစ်ယောက်မျက်နှာကို ကြည့်လိုက်မိပြန်တော့သူဇာလုံးဝစိတ်မကောင်း။ကလေးတွေကိုခွဲခွာရတော့မည်ဆိုသည့်စိတ်နှင့်ထိုအခိုက်မှာ သူဇာကြေကွဲဆို့နင့်နေသည်။ သို့သော် အိမ်ကနေ မြန်နိုင်သမျှအမြန်ဆုံးထွက်မှရတော့မည်ကို သူဇာ နားလည်သည်။ နောက်ကျလို့ ယောကျ်ားရိပ်မိလျှင် အစီအစဉ်ပျက်ပေတော့မည်။ကြေကွဲဆို့နင့်စွာနှင့်ပဲ တောင်းတစ်လုံးကို ရင်မှာပိုက်ရင်း သူဇာ […]
တစ်ဖက်မှာလည်း ငရဲဘုံလို နေထိုင် ရသည့် ဝဋ်ဒုက္ခအိုးကြီးထဲမှ အပြီးအပိုင် လွတ်မြောက်ချင်စိတ်ကလည်း ပြင်းပြလာ သည်။ နောက်ဆုံးတော့ ကလေးနှစ်ယောက် ကိုထားခဲ့ပြီး ထွက်ပြေးဖို့ကိုပဲ ဆုံးဖြတ်လိုက်သည်။
သူဇာသည် ဆင်းရဲခြင်းဖြင့် မွေးဖွားကာ ဆင်းရဲခြင်းဖြင့်အရွယ်ရောက်လာသူ ဖြစ်သည်။ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဓနိမိုး၊ ထရံကာ အိမ်ကလေးနှင့် နေထိုင်ကြသော သူဇာ(အမည်လွှဲ)တို့ မိသားစုမှာ လက်လုပ်လက်စား ကြုံရာကျပန်း မိသားစု ဖြစ်သည်။ ဖခင်ဖြစ်သူက ခြောက်သွေ့ ရာသီမှာ ပန်းရံလုပ်သည်။ မိခင် ဖြစ်သူမှာ ကုန်သည်များထံတွင် ပဲရွေးခြင်း၊ ငရုတ်သီးခြွေခြင်း စသည့်ရရာအလုပ်တွေကို နေ့စား လိုက်လုပ်သည်။ မိုးတွင်းရောက်လျှင်တော့ သူဇာ့ဖခင်က အနီးအနားက ချောင်းထဲ မြောင်းထဲ သွားကာ ငါးတွေ၊ ကဏန်းတွေရှာသည်။ ထိုအခါများမှာ သူဇာနှင့် မိခင်ဖြစ်သူတို့က ရပ်ကွက်ထဲက ဈေးလမ်းကို ထွက်ပြီး ငါးတွေ၊ ကဏန်းတွေထိုင်ရောင်းရသည်။ ထိုစဉ်ကသူဇာ့အရွယ် မူလတန်းအရွယ်ပေါ့။မိသားစုဝမ်းရေးက ပြေတစ်လှည့်၊ မပြေတစ်လှည့်။ ထိုအခြေအနေမှာ သား သမီးအားလုံး၏ပညာရေးကို မိဘများ ခေါင်းထဲမထည့်နိုင်။ သူဇာဆိုလျှင်အတန်းပညာဆိုလို့သူငယ်တန်းသာနေခဲ့ရသည်တဲ့။ […]
စားသုံးသူအတွက် အန္တရာယ် အသီးအနှံစိုက်ပျိုးသည့် တောင်သူတို့သည် စိုက်ပျိုးရေး သုံး ဆေးပစ္စည်းများအား မည်သို့အသုံးပြုရမည်ဆိုသည့် သင်တန်း မရရှိခြင်းကြောင့် သူတို့၏ အန္တရာယ်ကင်းရှင်းရေးအတွက် လည်း သတိမထားနိုင်သလို စားသုံးသူအတွက် အန္တရာယ်ကင်း ရှင်းစွာ စားသောက်နိုင်ရေးဆိုတာကိုလည်း ဂရုမစိုက်နိုင်။ ယင်းဆေးပစ္စည်းတို့ကို သူတို့ အလျဉ်းသင့်သလို သုံးမည်။ လိုအပ်သည်ထက် ပိုမိုအသုံးပြုခြင်းလည်း ရှိနိုင်မည်။ တရားဝင် ခြင်း၊ မဝင်ခြင်းဆိုသည်ထက် သီးနှံအောင်မြင်ဖြစ်ထွန်းဖို့ကသာ အဓိကဖြစ်သည်။ သို့သော် အဆိုပါ အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ် ဆေး အလွန်အကျွံသုံးစွဲနေကြသည့်အတွက် အသီးအနှံနှင့် ဟင်း သီးဟင်းရွက်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပိုမိုပါရှိနေခြင်း ဖြစ်သည်ဟု ပညာရှင်များက ပြောသည်စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဘအုပ်ခိုင်က ”ပိုးသတ်ဆေးက Side Effect(ဘေးထွက်ဆိုးကျိုး) တွေချည်း ပဲ။ ဂေါ်ဖီမှာ ဖျန်းတဲ့ ပင်လုံးပြန့် ပိုးသတ်ဆေးဆို […]
ပိုးသတ်ဆေးအန္တရာယ် မော်ကွန်းမဂ္ဂဇင်းမှ တွေ့ဆုံမေးမြန်းခဲ့သော အသီးအနှံစိုက် ပျိုးသည့် တောင်သူ ၂ဝခန့်သည်(ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးကိုယ်တိုင်ရောင်းသည့် တောင်သူတစ်ဦးမှ လွဲ၍) စိုက်ပျိုး ရေးလုပ်ငန်းကို အနှစ် ၂ဝမှ အနှစ် ၃ဝ၊ ၄ဝ အထိလုပ်ကိုင်နေကြသူများဖြစ်သည့်တိုင် ပိုးသတ်ဆေးကို စနစ်တကျသုံးစွဲနည်း သင် တန်းတက်ရောက်ထားသူများ မဟုတ်ကြပေ။ သူတို့၏ စိုက်ခင်းများတွင် ပိုးသတ်ဆေးဖျန်းရန် လို၊ မလို နှင့် ပိုးသတ်ဆေး ပြင်း၊ မပြင်းစသည်တို့ကိုသိရန် တိုင်းတာသည့် ကိရိယာမရှိ။ ယင်းတို့ကို တိုင်းတာရန်မှာ သူတို့၏ မျက်စိနှင့် နှာ ခေါင်းများကိုသာ အသုံးပြုကြသည်ဟု တောင်သူများက ဆိုကြသည်။ သူ့အဆိုအရ ပေါက်ပြားတစ်လက်ကို ထမ်းနိုင်သည့် ကလေးအရွယ်ကတည်းက တောင်သူလုပ်ငန်းနှင့် ရင်းနှီးကျွမ်း ဝင်ခဲ့သည့် အုတ်ဖိုမြို့နယ်မှ အသက် ၄ဝ အရွယ် […]
မွန်းတည့်နေရောင်အောက်တွင် တောက်ပစွာ စိမ်းစိုနေ သော အရွက်ဖားဖားများကြားတွင် ခရမ်းရောင်ပန်းပွင့်များသည် တင့်တယ်လှပနေကြ သည်။ သုံးလက်မခန့်ရှည်သည့် ခရမ်းရောင် ရှည်မျောမျော အသီးကင်းများက အရွက်တွေကြားတွင် ပုန်း အောင်းပြီး တွဲလွဲခိုနေကြသည်။ ကျောကုန်းတွင် အပြာရောင်ဘူးကြီးကို လွယ်ထားသည့် ကိုတူးတူးသည် တစ်တောင်မရှိတရှိ ခရမ်းသီးပင်များကြား တစ် တန်းဝင်၊ တစ်တန်းထွက် လှုပ်ရှားသွားလာနေသည်။ သူ၏ ဘယ် ဘက်လက်က ဘူးပြာကြီး၏ မောင်းတံကို နှိမ့်ချည်၊ မြှင့်ချည်လုပ် နေစဉ် ညာဘက်လက်သည် စတီးပိုက်တစ်ချောင်းကိုကိုင်ကာ ဟို အပင်ကိုယမ်းလိုက်၊ ဒီအပင်ကိုယမ်းလိုက်လုပ်နေသည်။ စတီး ပိုက်ချောင်းမှ အရည်များက ခရမ်းရောင်အပွင့်များ၊ အသီးငယ် လေးများကို ပန်ဆင်လွယ်ပိုးထားရသည့် ခရမ်းသီးပင်များအပေါ် ဖွားခနဲ ဖွားခနဲ ဖြာကျနေသည်။ထိုအရည်များ၏ အနံ့ဆိုးများက စိုက်ခင်းတစ်ဝိုက်ရှိ လေ ထုထဲတွင် […]
Photo: Kaung Myat Moe ၂၀၁၅၊ မေလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၃)မှ သတင်းဆောင်းပါးမှဖြစ်ပါသည်။ လင်းမြတ်ရေးသား သည်။ ဘုံပိုင်ကန်များ ခေတ်ကုန်ပြီလား ထို့အပြင် ယခင်က မြို့နယ်တချို့တွင် ရေဖြန့်ရာ၌ အသုံး ပြုခဲ့သည့် ဘုံပိုင်ရေကန်များ တဖြည်းဖြည်း အသုံးနည်းလာ ပြီဖြစ်သည်။ သာကေတမြို့နယ်သို့ မော်ကွန်းမှ သွားရောက်လေ့ လာခဲ့စဉ်က အသုံးမပြုကြတော့သည့် ရေမရှိသည့် ဘုံပိုင်အုတ် ကန်များကို မြင်တွေ့ခဲ့ရသည်။ ကန်တချို့တွင် အမှိုက်များပင် ကျ နေသည်။ ရေပိုက်လိုင်းများ လှိုင်လှိုင်မပေါသေးခင်က ထိုဘုံပိုင် ရေကန်များတွင် ရပ်ကွက်အလိုက် တန်းစီရေခပ်ခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် ထိုရေကန်များမှ ရေထွက်သံကို မကြားရဘဲ နေအိမ်များမှ ရေစုပ်စက်သံ တညံညံကိုသာ ကြားနေ ရသည်။ ရပ်ကွက်သူ၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."