ပြိုကွဲသွားသော ယုံကြည်မှု မိုးတိမ်

ပြိုကွဲသွားသော ယုံကြည်မှု မိုးတိမ်

ယခု သတင်းသုံးသပ်ချက်ဆောင်းပါးသည် အမှတ်(၁၉)၊  ဒီဇင်ဘာလ၊ ၂၀၁၅ ၊ တွင်ဖော်ပြခဲ့ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

သန်းစိုးနိူင် ရေးသားသည်။

၂ဝ၁၄၊ နိုဝင်ဘာ ၁၉ ရက်က KIA ဗဟိုဌာနချုပ် လိုင်ဇာအနီးရှိ ခရာဘွမ်တောင် ကြောမှာ နေရာယူတပ်စွဲထားတဲ့ မြန်မာ့တပ်မတော် တပ်စခန်းမှ A105 တောင်ပေါ်ပစ် အမြောက်နဲ့ ုKIA ဗိုလ်သင်တန်းကျောင်းကို ဦးတည်ပစ်ခတ်တဲ့အတွက် စစ်ရေးပြဖို့ စုဝေး နေတဲ့ သင်တန်းသား ၂၃ ဦး ကျဆုံးပြီး သင်တန်းသားနဲ့ သင်တန်းနည်းပြ ၂ဝ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ကျဆုံးသွားတဲ့ သင်တန်းသားတွေထဲမှာKIA သင်တန်းသား တွေ သာမက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး (ABSDF) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သင်တန်းသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းတော့ တာဝန်ရှိသူတစ်ဦးက ”ကျွန်တော်တို့ဘက်ကတော့ ရည်ရွယ် ချက်ရှိရှိနဲ့ လုပ်တာ ဘာမှ မရှိပါဘူး။ ဘာကြောင့်ဖြစ်တယ်ဆိုတာ စစ်မြေပြင်မှာ စိစစ်နေဆဲပဲ ရှိပါသေးတယ်။ အခုအချိန်အထိ ဘာ မှ အတိအကျ မပြောနိုင်သေးပါဘူး”လို့ ဗြောင်လိမ်ခဲ့ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကလည်း ”အခြေ အနေတော့ အသေအချာမသိရသေးဘူး။ ဘာကြောင့် ဖြစ်တယ် ဆိုတာ မေးမြန်းထားပါတယ်။ ကျွန်တော်တို့က တတိယလူပါ”လို့  ရှောင်ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က ”တပ်မတော်အနေနဲ့ သတိပေးပစ်ခတ်လိုက်တာပါ”လို့ ခပ်ရှင်းရှင်း ထုတ်ပြောလိုက် ချိန်မှာတော့ ဒီပစ်ခတ်မှုဟာ KIA ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခတ်လိုက်တာဖြစ်ကြောင်း ရှင်းသွားပါပြီ။

နိုဝင်ဘာ ၂ဝ ရက်ကတော့ မြန်မာ့တပ်မတော်ဟာ လက် နက်ကြီးသုံးစွဲပြီး ဗိုလ်သင်တန်းကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ် ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြီး ဒီလုပ်ရပ်အပေါ် KIA ဗဟိုကော်မတီက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ မြန်မာ့တပ်မတော်ဟာ KIO ဗဟိုဌာနချုပ်စခန်းနဲ့ အနီးကပ်ဆုံးနေရာတွေမှာ နေရာယူ တပ်စွဲထားပြီး လက်နက်ကြီးတွေ တပ်ဆင်ထားခဲ့တယ်။ ဒီလက် နက်ကြီးတွေကို အသုံးချပြီး ရည်ရွယ်ချက်ရှိစွာ KIO ဗဟိုဌာန ချုပ်ကို ပစ်ခတ်ခြိမ်းခြောက်နေတာဖြစ်တယ်လို့ ဖော်ပြထားပါ တယ်။ ဒါကြောင့် အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့  တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင် ရာ ညှိနှိုင်းရေးအဖွဲ့  (NCCT) တွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်  ချောမွေ့ အောင်မြင်စေချင်တယ်ဆိုရင် KIO ဌာနချုပ်နဲ့ အလွန်နီးကပ်စွာ ဖြန့်ကျက်ထားတဲ့ ခရာဘွမ်တောင်ကြောတစ် လျှောက်မှာ တပ်စွဲ ထားတဲ့ တပ်စခန်းတွေနဲ့ လက်နက်ကြီးတွေ ရုပ်သိမ်းဖယ်ရှားပေး ရန်လည်း တောင်းဆိုလိုက်ပါတယ်။ KIO အဖွဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ပေါ်ပေါက်ရေးအတွက် အပစ် အခတ်ရပ်စဲရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လက်မှတ်ရေးထိုး နိုင်ဖို့  NCCT ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ထောက်ခံပါဝင်နေ ချိန် ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်း အရ ဖြေရှင်းဖို့ KIO အဖွဲ့ အနေနဲ့ ကြိုးပမ်းနေချိန်မျိုးမှာ တပ်မ တော်စစ်ကြောင်းတွေက KIA တပ်စခန်းတွေကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်နေခြင်း၊ စခန်းသိမ်းတိုက်ပွဲများ အစီအစဉ်ရှိရှိ တိုးမြှင့်လုပ်ဆောင်နေခြင်းကို ရပ်တန့်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုဝင်ဘာ ၂ဝ ရက်ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က လိုင်ဇာ KIA ဗိုလ်သင်တန်းကျောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံ ရမှုနဲ့ပတ်သက်ပြီး ရှုတ်ချကန့်ကွက်ကြောင်း ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ထဲမှာ  တပ်မတော်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ABSDF အဖွဲ့မှ သင်တန်းသားရဲ ဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်း အတည်ပြုဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုဟာ လက်ရှိ ကြိုးပမ်းဆောင်ရွက်နေတဲ့ တစ်တိုင်း ပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကြီးအကျယ်ထိခိုက်နစ် နာစေနိုင်တယ်။ ဒါကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ မပေါ်ပေါက်စေရေးအတွက် စုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် ကြေ ညာချက်မှာ တိုက်တွန်းထားပါတယ်။

လိုင်ဇာဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ် သက်ပြီး KIA ခေါင်းဆောင်များက တပ်မတော်ရဲ့ စစ်မြေပြင်ဆိုင် ရာ အကြီးအကဲများနဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းတို့ထံ စာရေးသားပေးပို့ မေးမြန်းထားတယ်လို့ ဆိုပါတယ်။ ဦးအောင် မင်းအနေနဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် အလျင် အမြန် လက်မှတ်ရေးထိုးလိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဆန္ဒကို အကြိမ်ကြိမ် ကိုယ်စားပြုပြောကြားခဲ့ပေမယ့် တပ်မတော်ကို အပစ်အခတ်ရပ်စဲအောင် ဖျောင်းဖျနားချနိုင်စွမ်းတော့ မရှိခဲ့ပါဘူး။ အလားတူ တပ်မတော်ကို စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် ညွှန်ကြားခဲ့ပေမယ့်လည်း တပ်မ တော်က နာခံခဲ့တာ မဟုတ် ပါဘူး။ လိုင်ဇာဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် UPWC နဲ့  NCCT တို့အကြား ညှိနှိုင်းဆွေးနွေးနေကြတဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် သက်ရောက်မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ UPWC အလုပ်အဖွဲ့မှ ဦးလှ မောင်ရွှေက ”ဒီဖြစ်စဉ်ကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။ နောက် ကျွန်တော်တို့ နားလည်ထားတာက NCCT အစည်းအဝေးကို ထိုင်းမှာ ၂၄၊ ၂၅၊ ၂၆ ရက်တွေအတွင်း ကျင်းပမှာဆိုတော့ ဒါ အခုအချိန်အထိတော့ မပြောင်းလဲသေးဘူး။ ဒီအစည်းအဝေးပြီး နောက် တွေ့ဆုံဖို့ အစီအစဉ်ရှိတာလည်း အခုအထိ အပြောင်း အလဲရှိတယ်လို့ မတွေ့ရ သေးဘူး”ဆိုတဲ့ မရေမရာ၊ မသေမချာဘဲ ဖြေသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ဖို့ ကိစ္စဟာ ဒီအဖြစ်ဆိုးကြီးကြောင့် ၂ဝ၁၅ ခုနှစ်ဆီ ကူးပြောင်း ရောက်ရှိသွားတော့မှာပါ။ တကယ်တော့ ၂ဝ၁၃၊ အောက်တိုဘာ ၁ဝ ရက်ကတည်းက အစိုးရနဲ့ KIA တို့အကြား အပစ်အခတ်ရပ် စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ကာ စာ ချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါတယ်။ ၂ဝ၁၄၊ မေမှာ အစိုးရ နဲ့KIO ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့လို့ တစ်စုံတစ်ရာ အေး ချမ်းတည်ငြိမ်မှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကာချုပ်ကြီးရဲ့ UNFC အဖွဲ့ အပေါ် သတိပေးချက်ထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ငြိမ်းချမ်း ရေးဆွေးနွေးပွဲအတွင်း တင်းမာမှုတွေ ရှိလာခဲ့သလို သေနတ်သံ တွေလည်း ဟိန်းညံစွာ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဒီတစ်ကြိမ် သေနတ်သံတွေ ပြန်လည်ဟိန်းညံလာတာ KIA တပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ မဟုတ်တော့ပါဘူး။ ထိုင်းနယ်စပ်က မြဝတီမြို့လေးမှာ တပ်မတော်နဲ့ ဒီမိုကရေစီကရင်အမျိုးသားတပ် မတော် (DKBA) တို့အကြားမှာလည်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့အကြားမှာ လည်း အမြောက်စိန်ပြောင်းသံတွေ ဟိန်းညံလို့ နေခဲ့ပါတယ်။ တစ်ခါ ဒီရက်ပိုင်းတွေမှာပဲ ရှမ်းပြည်နယ်အလယ်ပိုင်းက ကျေးသီး မြို့နယ်အတွင်းက SSA (မြောက်ပိုင်း)ဌာနချုပ်ကို ဆက်သွယ် ထားတဲ့ တာ့ဖာဆောင်တံတားအနီးမှာ တပ်စွဲထားတဲ့ ရှမ်းပြည် တပ်မတော်စခန်းကိုလည်း အစိုးရတပ်တွေက ဝင်ရောက်တိုက် ခိုက်လို့ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒီစစ်ဆင် ရေးမှာ တပ်မတော်က အင်အားထောင်ချီသုံးစွဲခဲ့တဲ့အတွက် ‘ဝ’ တပ်ဖွဲ့ (UWSA) က တပ်မတော်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ရပါ သေးတယ်။ တစ်ချိန်တည်းလို မြောက်ပိုင်းမှာလည်း တပ်မတော်နဲ့ KIA တပ်ဖွဲ့တွေ၊ ပလောင်တပ်ဖွဲ့တွေ (TNLA) အကြား ကွက် တိကွက်ကြား ပြောက်ကျားစစ်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပါ တယ်။ နိုဝင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေအတွင်းမှာတော့ ကချင်ပြည် နယ်၊ မန်စီမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့ပြန်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်က KIA ဗိုလ်သင်တန်းကျောင်းကို တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေးပြီး နောက် တစ်နေ့မှာတော့ မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်က နှစ် ခြင်း ခရစ်ယာန်သာသနာကျောင်းဝင်းထဲကို အနက်ရောင်ဝတ်စုံ၊ အနက်ရောင်လက်ပတ်ဝတ်ထားတဲ့ ထောင်နဲ့ချီတဲ့ ကချင်လူငယ် တွေ စုရုံးရောက်ရှိလာခဲ့ကြပါတယ်။ ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့တဲ့ ဗိုလ်လောင်းတွေရဲ့ ဓာတ်ပုံတွေကို Projector နဲ့ ထိုး ပြပြီး အားလုံးက ဝတ်ပြုဆုတောင်းကြပါတယ်။ ပူဆွေးသောက ရောက်နေတဲ့ ကချင်လူငယ်တွေက တစ်ကမ္ဘာလုံးရှိ၊ တစ်နိုင်ငံလုံး ရှိ ကချင်အမျိုးသားအားလုံးအနေနဲ့ ဝမ်းနည်းဖွယ်နေ့အဖြစ် သုံးရက်သတ်မှတ်ပြီး သုံးရက်စလုံး အနက်ရောင်အဝတ်အစား ဝတ်၊ လက်ပတ်နက်ပတ်ပြီး ကြေကွဲဝမ်းနည်းမှုကို ဖော်ပြကြဖို့ ဆုံးဖြတ်ကြေညာခဲ့ကြပါတယ်။ နောက်တစ်ရက်မှာလည်း သောင်းနဲ့ ချီတဲ့ ကချင်လူထုတွေ၊ အမည်းရောင်တူညီတဲ့ ဝတ်စုံ တွေ ဝတ်ဆင်ပြီး မနောကွင်းထဲမှာ ကျဆုံးသူများအတွက် ဝတ်ပြု ဆုတောင်းပွဲကြီး ကျင်းပခဲ့ကြပါတယ်။

ဒီကချင်လူငယ်တွေက KIA ကို ၁၉ ရက်က စပြီး ငြိမ်း ချမ်းရေးဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ပြီလား၊ တိုက်ပွဲပြန်စပြီလား လို့ မေးခိုင်းနေကြပါပြီ။ အမြော်အမြင်၊ အဆင်အခြင်ကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်မှုတစ်ရပ်ကြောင့် သင်တန်းသား ၂၃ ဦး ကျဆုံး မှုကနေ အမျိုးသားရေးနာကျင်မှုနဲ့ သင်တန်းသားနှစ်ထောင် တိုး လာနိုင်တဲ့ အန္တရာယ်ကို သတိပြုမိဖို့ ကောင်းပါတယ်။ ဗီယက်နမ် စစ်ပွဲကာလက အမေရိကန်စစ်တပ်ရဲ့  ‘မိုင်လေရွာ လူသတ်ပွဲ’ကြောင့် ဗီယက်ကောင်းတပ်သားဦးရေ တိုးပွားလာတာမျိုးကို သတိထားမိဖို့ လိုပါတယ်။ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်နိုင်ငံ ရေး အခွင့်အရေးတိုက်ပွဲဟာ လူမျိုးရေး၊ အမျိုးသားရေးနဲ့ ဘာ သာရေးတိုက်ပွဲအသွင် ကူးပြောင်းသွားရင် အလွန်အန္တရာယ် ကြီးတဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီဖြစ် ရပ်ကို အာဏာပိုင်များအနေနဲ့ အလေးအနက်ထား စစ်ဆေး ဖြေရှင်းရင်း ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးဖြေရှင်းနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးပမ်း သွားကြဖို့ အရေးကြီးပါ တယ်။ ဒီလုပ်ငန်းစဉ်အောင်မြင်ဖို့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ အထူးလိုအပ်ပါတယ်။ အပြန်အလှန် ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့တော့ ဒေါ်အောင်ဆန်းစု ကြည် ပြောသလို သေနတ်သံတွေ ပြန်ထွက်နေဦးမှာပါပဲ။

[ ပြီးပါပြီ ။ ]

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."