တရားရေးမဏ္ဍိုင်ကို ဘယ်လိုတည့်မတ်ကြမလဲ

တရားရေးမဏ္ဍိုင်ကို ဘယ်လိုတည့်မတ်ကြမလဲ

ဒီဇင်ဘာ၊ ၂၀၁၄    

ယခုနိုင်ငံရေးအပြောင်းအလဲ တွင် ဥပဒေပြုရေးမဏ္ဍိုင် ခေါ် လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ခေါ် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့တို့သည် ၎င်းတို့ ၏ တာဝန်ယူထားရာ မဏ္ဍိုင်အလိုက် ပြုပြင်ပြောင်းလဲရေးများ လုပ်နေကြသည်။

အဆိုပါ မဏ္ဍိုင်နှစ်ခုသည် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့် ကိုက်ညီသည့် ပြောင်းလဲမှုမျိုး မလုပ်နိုင်သေးသည့်တိုင် ယခင်နှင့် မတူသော ပြောင်းလဲမှုများ လုပ်ဆောင်လာသည်ကိုတော့ အား လုံးအသိပင်ဖြစ်၏။ မီဒီယာများတွင်လည်း နေ့စဉ်လိုလို အဆိုပါ   မဏ္ဍိုင်နှစ်ခု၏ လုပ်ရှားမှုများကို တွေ့မြင်ကြားသိနေကြရသည်။

သို့သော် တရားရေးမဏ္ဍိုင်သည် နိုင်ငံရေးပြောင်းလဲမှု လေးနှစ် ကြာလာသည့်တိုင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေခြင်းကို မတွေ့ရသလောက်ပင် ဖြစ်လေ၏။ နိုင်ငံတည်ဆောက်ရေး       မဏ္ဍိုင်သုံးရပ်အနက် တရားရေးမဏ္ဍိုင်သည် အသံအတိတ်ဆုံး၊ လှုပ်ရှားမှုအနည်းဆုံး ဖြစ်နေသည်။

တစ်နည်းအားဖြင့် ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် တရားရေးမဏ္ဍိုင်တွင် တာဝန်ယူထားသူတို့သည် ရှိနေသည်ဆိုရုံ၊ တာဝန်ကျေသည်ဆိုရုံ၊ ဒါမှမဟုတ် အလုပ် မလုပ်တာလည်း ဖြစ် နိုင်သလို မီဒီယာများပေါ်တွင် မတွေ့ရခြင်းကလည်း ခပ်ဆိတ် ဆိတ်နေပြီး ပွင့်လင်းမြင်သာမှု မရှိဘူး ဆိုခြင်းမျိုးလည်း သဘော သက်ရောက်နိုင်သည်။

မီဒီယာမှာ ပါခြင်း၊ မပါခြင်း၊ ပွင့်လင်းမြင်သာမှု ရှိခြင်း၊ မရှိ ခြင်းဆိုသည်ထက် ဘက်လိုက်မှုမရှိဘဲ ထိထိရောက်ရောက် သမာသမတ်ရှိရှိ လုပ်နိုင်ခြင်းသည်သာ အဓိကကျသည်ဟု စောဒကတက်ရန်မှာလည်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီသို့ ပေးပို့လာသည့်တိုင်စာ ခုနစ်ထောင် အနက် တရားစီရင်ရေးကိစ္စနှင့် ပတ်သက်သည့်  တိုင်စာက တစ် ဝက်ခန့်ဖြစ်နေပြန်သည်။

ယခင် စစ်အစိုးရလက်ထက်က တရားဥပဒေစီရင်ဆုံးဖြတ် ခြင်းနှင့် ပတ်သက်၍ ကိစ္စအ၀၀တို့သည် ဥပဒေတွင် မတည်ဘဲ အုပ်ချုပ်သူ စစ်အစိုးရ၏ အလိုတော်အတိုင်းသာရှိပြီး သားရေ ကွင်းပမာ ချုံ့နိုင်၊ ချဲ့နိုင်သည်အထိ တရားရေးမဏ္ဍိုင်က ယိမ်းယိုင် ခဲ့သည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက အပတ်စဉ်ကျင်းပသည့် အစည်း အဝေးများတွင် မြို့နယ် တရားသူကြီးက တက်ပေးရခြင်း၊ ခရိုင် အုပ်ချုပ်ရေးမှူးက လုပ်သည့် အစည်းအဝေးတွင် ခရိုင်တရားသူ ကြီးက တက်ပေးရခြင်းများမှာ ယနေ့အထိရှိသည်။

အဆိုပါ တရားသူကြီးများသည် အုပ်ချုပ်ရေးအဖွဲ့အစည်း၏ လမ်းòန်မှုကို နာခံရသည့် သဘောမျိုးဖြစ်နေသည်။ မြို့နယ်နှင့် ခရိုင်တရားသူကြီးတို့သည် တချို့သော ကိစ္စရပ်များတွင် တရား စီရင်ဆုံးဖြတ်ခြင်းမပြုမီ တိုင်းအုပ်ချုပ်ရေးအဖွဲ့များထံ အစီရင်ခံ ရခြင်းမျိုးတောင် ရှိသည်ဟု တရားရေးမဏ္ဍိုင်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့်တရားသူကြီးများနှင့် ရှေ့နေများက ဆိုသည်။

ထို့ပြင် တိုင်းတရားသူကြီးများ၏ အဂတိလိုက်စားမှုများကို တိုင်ကြားခြင်း၊ တရားသူကြီးများ၏ ဆုံးဖြတ်ချက်ကို မကျေနပ် သဖြင့် ဆန္ဒပြခြင်း စသည့်အမှုတို့သည် မကြာခဏဆိုသလို တွေ့ မြင်နေရသည်။

အထက်ပါ လုပ်ရပ်အချို့ကို ကြည့်ခြင်းအားဖြင့် တရားရေး  မဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်၏ လွှမ်းမိုးမှုကို ခံနေရသည့် သဘောမျိုးဖြစ်နေလေ၏။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ တရား ရေးမဏ္ဍိုင်သည် အုပ်ချုပ်သူအစိုးရ၏ သြဇာခံ အမှီအခိုမကင်း သည့် အဖြစ်ပင် ရှိနေသေးသည်။

သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသိန်းညွန့်က ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားရေးအဖွဲ့အစည်းအတွင်း ပြည်သူများ လက်ခံနိုင်သော ပြောင်းလဲမှုဖြစ်ပေါ်လာစေရန် အဆို(သို့) ဥပဒေကြမ်းတစ်ခုကို ၂၀၁၅ခုနှစ်တွင် လွှတ်တော်သို့ တင်သွင်းမည်ဟု ဆိုထားသည်။

အလားတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့်  တရားရုံးများတွင် ဝန်ဆောင်မှုမြှင့်တင်နိုင်ရန် တရားစီရင်ရေး ဆိုင်ရာ မဟာဗျူဟာ စီမံကိန်းတစ်ရပ်ထားပြီး ဆောင်ရွက်မည်ဟု ဒီဇင်ဘာလ ၁၇ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးတွင် အဓိကထောက် တိုင်ကြီးတစ်ခုဖြစ်သည့် တရားရေးမဏ္ဍိုင် ပြုပြင်ပြောင်းလဲရေး အတွက် အချိန်တန်နေပြီ ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော်နေသည့် မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံတည်ဆောက်ရေးတွင် မဖြစ်မနေလိုအပ်သည့် ထောက် တိုင်ကြီးသုံးခုသည် အားကောင်းမောင်သန်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးရေး ဆီသို့ ဦးတည်နိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေများ မည်သို့ ပင်ပြဋ္ဌာန်းစေကာမှု တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်၏ အစေခံ သဘောသာရှိနေဦးမည်ဆိုပါက ပလိုင်းပေါက်နှင့်ဖား ကောက်နေရသည့် အဖြစ်သာ ကြုံနေရဦးမည် ဖြစ်လေတော့၏။တရားရေးမဏ္ဍိုင်ကို ဘယ်လိုတည့်မတ်ကြမလဲ

သို့မဟုတ်ပါက ဥပဒေပြုရေးမဏ္ဍိုင်က ဥပဒေများ မည်သို့ ပင်ပြဋ္ဌာန်းစေကာမှု တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်၏ အစေခံ သဘောသာရှိနေဦးမည်ဆိုပါက ပလိုင်းပေါက်နှင့်ဖား ကောက်နေရသည့် အဖြစ်သာ ကြုံနေရဦးမည် ဖြစ်လေတော့၏။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."