သတင်းများ

မိုးကုတ်မှာလည်း ဓာတ်ဆီဝယ်ယူရခက်နေတဲ့အပြင် ဆိုင်အချို့မှာ တန်းစီပြီးဝယ်ယူနေရ

December 8, 2023

မိုးကုတ် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဓာတ်ဆီဝယ်ယူရခက်နေတာနှစ်ရက်ရှိပြီဖြစ်ပြီး အချိန်ပိုင်းနဲ့ရောင်းပေးတဲ့ ဆိုင်အချ်ို့မှာပဲ တန်းစီဝယ်ယူနေရပေမယ့် လိုသလောက်မရရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းက ဓာတ်ဆီဆိုင်ကြီးတွေမှာ ဓာတ်ဆီဆိုင်တံခါးတွေပါပိတ်ထားတာကြောင့် ဆီရှာဝယ်ရခက်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဆီကပိုက်ဆံရှိရင်တောင်ခုရှာဝယ်လို့မရဘူး၊ အနောက်ပိုင်းဆိုမြို့အထွက်ကတစ်ဆိုင်ပဲ အချိန်ပိုင်းနဲ့ခဏဖွင့်ပေးတာ၊ အဲအချိန်ပဲ တန်းစီဖြည့်ရတယ်၊တခြားဘယ်မှာမှမရဘူး “လို့ သူကပြောပါတယ်။ မိုးကုတ်မြို့အထွက် ဓာတ်ဆီဆိုင်က ညနေပိုင်းအချိန်ခဏသာဖွင့်ပေးပြီး ဓာတ်ဆီတစ်လီတာကို ၂,၇၇၅ ကျပ်နဲ့ လူတစ်ဦးကို ၅,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးတယ်လို့ ဆီသွားဝယ်ခဲ့သူတစ်ဦးကပြောပါတယ်။ “ဝယ်ချင်ရင်တန်းစီရတယ်၊ ဆိုင်ကယ်ထဲပဲပေးထည့်တယ်၊ကားထဲမရဘူး၊ လူတစ်ယောက်ကို ငါးထောင်ဖိုးပဲရတယ်၊ ပုံးတွေထဲလည်းပေးမဝယ်ဘူး၊ ဒါတောင်ခဏပဲဖွင့်တာ၊ တနေကုန်မရဘူး၊ သူများတွေအများကြီးပဲ ပုံးကိုင်ပြီး ဆီလိုက်ရှာနေကြတယ် “လို့သူကပြောပါတယ်။ မိုးကုတ်မြို့မှာ အခုလို ဆီဝယ်ယူရခက်နေတာကြောင့် ဆိုင်ဝန်ထမ်းတွေနဲ့ အလုပ်သမားတွေ အလုပ်သွားရတာ ခက်ခဲလာနိုင်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

အောက်တိုဘာနှောင်းပိုင်းစစ်ပွဲတွေကြောင့် လူဦးရေသန်းဝက်ခန့် နေရပ်စွန့်ခွါထွက်ပြေးနေရဟု UNOCHA ထုတ်ပြန်

December 8, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း) အောက်တိုဘာလကုန်ပိုင်းက စပြီးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေသန်းဝက်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မနေ့ကထုတ်ပြန်ထားပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ တစ်လကျော်ကာလအတွင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူဦးရေသန်းဝက်ခန့် ထွက်ပြေးနေရတာပါ။ အဲ့ဒီ လက်နက်ကိုင်ပဋိပက္ခတွေဟာ ပိုမိုကျယ်ပြန့်လာနေပြီးတော့ စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေကြား လုံခြုံမှုကင်းမဲ့နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒေသတွင်းလမ်းကြောင်းပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ရေးမှာ အဟန့်အတားဖြစ်နေတယ်လို့လည်း UNOCHA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UNOCHA အနေနဲ့ ဘာသာရေးနဲ့ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေအပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ […]

အပြည့်အစုံဖတ်ရန်

ယင်းမာပင်မှာ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာ

December 8, 2023

ယင်းမာပင် – ၂၀၂၃ ဒီဇင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ဆီ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။ အဲဒီစစ်ကောင်စီတပ်သားဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခလရ ၈၇ခြေလျင်တပ်ရင်းကဖြစ်ပြီး တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ရှစ်နှစ်ကြာပြီလို့ ဆိုပါတယ်။ “ကျွန်တော်က ဒီထဲကို ဝင်ချင်နေတာ ကြာပါပြီ။ အရင်ကလည်းအကြိမ်ကြိမ်ထွက်ပြေးတယ်။ ဒါပေမယ့် ပြန်ပြီးတော့မိတာပဲ။ သူတို့ဆီမှာလည်း နေရတာ အဆင်မပြေဘူး”လို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားက မော်ကွန်းကိုပြောပါတယ်။ “တပ်မတော်ဘက်က လုပ်နေတာ မှားယွင်းနေတယ်။ လူကြီးပိုင်းတွေကလည်း မဟုတ်တဲ့ဟာ လျှောက်လုပ်နေတော့ ခံရတော့ ကိုယ့်လက်အောက်ငယ်သားတွေပဲခံရတာ၊ ကောင်းစားရင်သူတို့ပဲကောင်းစားတာ” လို့လည်း သူကဆက်ပြောတယ်။ လက်ရှိအချိန်မှာတော့ အလင်းဝင်လာတဲ့ တပ်သားကို ကျောက်လုံးကြီးအဖွဲ့က […]

အပြည့်အစုံဖတ်ရန်

အမေရိကန်ဒေါ်လာစျေးကွက်ကို နှုန်းရှင်လွှတ်ပေးလိုက်တာကြောင့် စျေးကွက်လှုပ်ခတ်

December 6, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း) စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကို နှုန်းရှင် (Float Rate) အဖြစ် သတ်မှတ်လိုက်တဲ့ ထုတ်ပြန်ချက်ကြောင့် ပြင်ပဒေါ်လာအရောင်းအဝယ်ဈေးကွက်မှာ လှုပ်ခတ်မှုရှိနေတယ်လို့ နိုင်ငံခြားငွေကြေးဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။ ဗဟိုဘဏ်အနေနဲ့ ငွေလဲလှယ်နှုန်းကို သတ်မှတ်ပေးတော့မှာမဟုတ်တော့ဘဲ နိုင်ငံခြားငွေကြေး အရောင်းအဝယ်ပြုလုပ်တဲ့ လိုင်စင်ရဘဏ်တွေ အရောင်းအဝယ်ပြုလုပ်ရာမှာ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်တယ်လို့ ယခုလ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်လာတာပါ။ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဈေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေ တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းအပေါ် မူတည်ပြီး လွတ်လပ်စွာ ဆောင်ရွက်နိုင်တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီ ထွက်ပေါ်လာတဲ့ ထုတ်ပြန်ချက်ကြောင့် ဒေါ်လာဝယ်ရောင်း ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူမှုလည်း မြင့်တက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ၉၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ကယ်ထုတ်

December 6, 2023

ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း) ဒီဇင်ဘာ ၁ ရက်ကစလို့ဖြစ်ပွားတဲ့ ကော့ကရိတ်မြို့တိုက်ပွဲဟာ ဒီကြားထဲရက်ပိုင်း ပြန်လည်ငြိမ်သက်ပြီးနောက် ဒီကနေ့မှာတော့ ပြန်လည်စတင်လာကာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရပါတယ်။ ကယ်ထုတ်ထားတဲ့ ကုန်တင်ယာဉ်မောင်း ၉၀ ကျော်ရှိပြီး တိုက်ပွဲဖြစ်ပွားနေချိန် မြဝတီ-အာရှလမ်းမကြီးပေါ်မှာ ကုန်တင်ယာဉ်တွေနဲ့အတူ ပိတ်မိနေတာပါ။ လတ်တလောမှာ ပိတ်မိနေသေးတဲ့ ကုန်တင်ယာဉ်မောင်းတွေကျန်သေးသလို ကယ်ဆယ်ထားတဲ့ ကုန်တင်ယာဉ်မောင်းတွေကိုတော့ ‌ကေအဲန်ယူက နေရာထိုင်ခင်း၊ စားသောက်ရေးကိစ္စတွေကို စီစဉ်ပေးထားပါတယ်။ ကော့ကရိတ်မြို့ပေါ်မှာတော့ တိုက်ပွဲကြောင့် နေထိုင်သူတွေ မရှိတော့ဘဲ ဘားအံအပါအဝင် ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ လေကြောင်းကနေ အရပ်သားနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကော့ကရိတ်တောင်ပိုင်းက ကျေးရွာဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး တိုးလာတဲ့စစ်ရှောင်ဦးရေဟာ နောက်ဆုံးရရှိတဲ့ စာရင်းအရ ၂၀,၀၀၀ ဝန်းကျင်ရှိလာနေပါတယ်။ ပုံစာ – […]

အပြည့်အစုံဖတ်ရန်

ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ အာဏာသိမ်းစစ်တပ်ရဲ့အထိုင်တပ်စခန်းကို TNLA က သိမ်းပိုက်ရရှိ

December 6, 2023

ကျောက်မဲ – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့၊ အထပ်ရပ်ကွက်၊ တပ်ကုန်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို မနေ့ည ၈း၀၀ နာရီအချိန်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။ မိုင်းလုံမြို့အထပ်ရပ်ကွက်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်အထိုင်စခန်းကို TNLA တပ်တွေက မနေ့မနက် ၅:၀၀ အချိန်ကစတင်ပြီးဝင်ရောက်တိုက်ခိုက်နေခဲ့တာဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။ ” မနေ့မနက် ၅း၀၀ နာရီလောက်ကစပြီး လက်နက်ကြီးသံတွေကော သေနတ်သံတွေကောကြားရတာ၊မကြာဘူး လေယာဥ်နဲ့ဗုံးနှစ်လုံးလာကြဲတယ်၊ တပ်ကုန်းဘေးကိုကြဲတော့ အဲဒီနားကအိမ်ထိတယ်၊အမျိုးသမီးတစ်ဦးဆိုရင် အူတွေပါထွက်ကျပြီးသေတာ၊ အိမ်တွေလည်းမီးလောင်တယ် “လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ မိုင်းလုံတပ်စခန်းကို TNLA တပ်က မနက် ၅း၀၀ နာရီက စတင်တိုက်ခိုက်ခဲ့ပြီးနောက် ည ၈း၀၀ နာရီအချိန်မှာ စစ်တပ်ဘက်က တပ်ပျက်ပြီးထွက်ပြေးတာကြောင့် စခန်းသိမ်းပိုက်နိုင်ခဲ့တာလို့ TNLA ဘက်ကထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

မိုးညှင်းမှာ လက်နက်ကြီးကျည်ကျရောက်လို့ လမ်းသွားနေတဲ့ကလေးတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

December 6, 2023

မိုးညှင်း-၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း) ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထန်းတစ်ပင်ကျေးရွာအနီး တက္ကသိုလ်ကျောင်းလမ်းမှာ ဒီနေ့မနက် ၉ နာရီဝန်းကျင်က ကလေးငယ်သုံးဦးနဲ့ မိခင်ဖြစ်သူတို့လမ်းသွားနေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ဦးသေဆုံးကာ ကျန်သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တဲ့ မေတ္တာလေညင်း လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ ကျွန်တော်တို့အသင်းက သွားကောက်တာတော့ ၉း၀၀ နာရီသွားကောက်တာ။ သူတို့က တောသွားတာလား၊ ဘာသွားတာလဲမသိဘူး။ သူတို့သွားနေတဲ့အချိန် လမ်းပေါ်မှာဖြစ်ခဲ့တာ။ ကလေးတွေအပေါ်တည့်တည့်ကျတာ။ တစ်ယောက်ကတော့ ဆုံးသွားလို့ မိုးညှင်းရင်ခွဲရုံမှာပို့ထားတယ်” လို့ သူကပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၁၁ နှစ်ဝန်းကျင်အရွယ်ရှိပြီး ခုနစ်နှစ်အရွယ်ကလေးငယ်တစ်ဦးက ခြေထောက်ပြတ်ရှဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူနဲ့ ကလေးငယ်တစ်ဦးက လက်နက်ကြီးကျည်ဖောက်ဝင်ဒဏ်ရာရခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ကုသနေတယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိအချိန်အထိတော့ ဘယ်အဖွဲ့က […]

အပြည့်အစုံဖတ်ရန်

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးထိမှန်လို့ ယင်းမာပင်မှာ အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံး

December 6, 2023

ယင်းမာပင် – ၂၀၂၃ ဒီဇင်ဘာ ၆ (မော်ကွန်း) ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာမှာ မနေ့က အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်လို့ ဒေသခံအမျိုးသမီးသုံးဦးသေဆုံးသွားပါတယ်။ ယင်းမာပင်မှာရှိတဲ့ အောင်ဇေယျမြို့သစ်က အာဏာသိမ်းစစ်တပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အဆိုပါအမျိုးသမီးသုံးဦးဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့တာလို့ ရပ်ကျေး ပ.က.ဖအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ညနေ ၃နာရီ မိနစ်၂၀လောက်ဗျ၊ လက်နက်ကြီးသံကြားရတာပဲ။ ဦးမိုးကောင်းအိမ်ရှေ့ လှေကားထစ်ပေါ်ကျတာ သူ့သမီး မစန်းမာ၊ အိမ်အလည်လာရင်း အလုပ်ကူလုပ်တဲ့ မမာကြူ၊ မတင်တင်ဝင်းတို့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာဗျ။ လက်နက်ကြီးစထိမှန်တာကတော့မြင်မကောင်းစရာပဲ၊ တစ်ကိုယ်လုံးပြောပါတော့ဗျာ”လို့ ရပ်ကျေး ပ.က.ဖ အဖွဲ့ဝင်ကပြောပါတယ်။ သံဘိုကျေးရွာကို လက်နက်ကြီးနှစ်လုံးကျတာဖြစ်ပြီး သေဆုံးသူတွေအပြင် ဒဏ်ရာရသူတွေလည်း သုံးဦးလောက်ရှိကာ လူဦးရေ ၆၀၀ ကျော်လောက်ရှိတဲ့ သံဘိုတစ်ရွာလုံးထွက်ပြေးနေကြရတယ်လို့ ‌သူကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစကနေ မနေ့ကအထိ အာဏာသိမ်းစစ်တပ်ရဲ့ […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မှာ လေးကြောင်းတိုက်ခိုက်မှုပြင်းထန်တာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ မြို့ကိုစွန့်ခွာ

December 6, 2023

ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၅ (မော်ကွန်း) တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်တာကြောင့် မြို့ပေါ်ကဒေသခံ ထောင်နဲ့ချီကာ မြို့ကိုစွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင် အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ယခုလ ၁ ရက်ကစပြီး ကော့ကရိတ်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်မှာပါ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်မှုတွေလည်း ဆက်တိုက်ပြုလုပ်လာပါတယ်။ လေကြောင်းနဲ့ နေ့စဉ်လာရောက်ပစ်ခတ်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေဟာ နီးစပ်ရာမြို့တွေဖြစ်တဲ့ မြဝတီ၊ ကျုံဒိုး၊ ဘားအံ စတဲ့မြို့တွေကို ထွက်ပြေးကြရပြီး အဲ့ဒီမြို့တွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး စစ်ကောင်စီရဲ့ လေယာဉ်တွေဟာ ကော့ကရိတ်မြို့ပေါ်ကို […]

အပြည့်အစုံဖတ်ရန်

သုဝဏ္ဏရဲစခန်း ဗုံခွဲတိုက်ခိုက်ခံရ

December 6, 2023

ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၅ (မော်ကွန်း) ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်း ဒီနေ့မနက် ၇ နာရီဝန်းကျင်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ရဲစခန်းအနီးနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။ “မနက်က ရဲစခန်းဗုံးခွဲခံရတာ။ ဂိတ်ပေါက်ရှေ့နားလေးပေါက်တယ်လို့ပြောတယ်။ လုံခြုံရေးအဖွဲ့တွေကတော့ လမ်းပိတ်‌စစ်နေတယ်။ အထိခိုက်ရှိမရှိ မသိရသေးဘူး။ ခဏနေရင်တော့ ပြန်ဖွင့်ပေးမယ်လို့ပြောတယ်”လို့ သုဝဏ္ဏရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။ ရဲစခန်းဗုံးခွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ကမာကြည်လမ်း-သံသုမာလမ်းဆုံမီးပွိုင့်နဲ့ သံသုမာလမ်း-ပေါ်ဆန်းမွှေးလမ်းတွေပေါ်ပိတ်ဆို့ စစ်ဆေးခဲ့ပါတယ်။ ရဲစခန်းရှေ့ သံသုမာလမ်းပေါ် ပိတ်ဆို့စစ်ဆေးမှုကြောင့်အဲဒီလမ်းပေါ်ကနေပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတချို့လည်း လမ်းကြောင်းပြောင်းပြေးဆွဲခဲ့ရတယ်လို့ ခရီးသည်တွေကပြောပါတယ်။ “လမ်းမကြီးပိတ်လိုက်တော့ ကမာကြည်လမ်းဝင် အတွင်းထဲလမ်းတွေက ပတ်စီးရတာ။ လမ်းကြားတွေထဲဆိုတော့ ကားတွေပိုပိတ်ပြီး ရုံးချိန်နောက်ကျတာပေါ့” လို့ YBS စီးခရီးသည်တစ်ဦးကပြောပါတယ်။ စစ်ကောင်စီ လက်အောက်ခံ သုဝဏ္ဏရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်တွေပူးပေါင်းပြီး […]

အပြည့်အစုံဖတ်ရန်

မဟာဗန္ဓုလတံတားပေါ်မှာ လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်

December 5, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း) ယနေ့ည ၇:၃၀ ခန့်က ရန်ကုန်မြို့၊ မဟာဗန္ဓုလတံတားပေါ်မှာ လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးသာပါရှိပြီး ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တံတားပေါ်မှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် လမ်းမပေါ်မှာ ကွန်ကရစ်တုံးတွေချထားတာတွေ့ရပါတယ်။

အပြည့်အစုံဖတ်ရန်

မူဆယ်နယ်စပ်ပိတ်မယ်ဆိုတဲ့သတင်းတွေကြောင့် တရုတ်နိုင်ငံဘက်ကို ကူးသူတွေများပြား

December 5, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း)  စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်တပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့ မူဆယ်မြို့မှာ တရုတ်နယ်စပ်ပိတ်မယ်ဆိုတဲ့သတင်းတွေကြောင့် တစ်ဖက်နိုင်ငံက ရွှေလီမြို့ဘက်ကိုကူးသူတွေ နေ့စဉ်များပြားနေတယ်လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။ “နယ်စပ်က အခုထိတော့ မပိတ်သေးပါဘူး၊ အရင်တုန်းကအတိုင်းပုံမှန်ပဲ။ တိုကင်တွေယူပြီး တန်းစီနေတာတော့ အရင်ထက်များလာတယ်။ ပြည်မဘက်ထွက်မယ့်လမ်းတွေက ပိတ်နေတော့ အဲ့ဒီ(ရွှေလီ)ကို ကူးကြတာတွေရှိတယ်။ များသောအားဖြင့်တော့ အလုပ်ကိစ္စတွေကြောင့်ပဲ ကူးနေကြတာပါ” လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။ မူဆယ်မြို့က နှစ်နိုင်ငံ ဂိတ်ပေါက်တွေဖြစ်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကနေ နေ့စဉ် လူဦးရေ ၅၀၀ ခန့်ကို တစ်ပတ်ကြာ သွားလာခွင့်ကတ်တွေနဲ့ တရုတ်နိုင်ငံက ဝင်ထွက်ခွင့်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်တပ်တွေ လက်ရှိတိုက်ပွဲဖြစ်နေတာဟာ မူဆယ်မြို့အဝင် ၁၀၅ မိုင် နယ်စပ်ဂိတ်အနီးမှာဖြစ်ပြီး အဲ့ဒီဂိတ်အနီးက […]

အပြည့်အစုံဖတ်ရန်
1 … 83 84 85 86 87 88 89 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."