ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း) ပြည်မနဲ့ ရခိုင်ကို ဆက်သွယ်ထားတဲ့လမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ပစ်လိုက်တဲ့နောက် ပြည်နယ် အတွင်းမှာစက်သုံးဆီပြတ်လပ်နေတာကြောင့် ရိတ်သိမ်းချိန်ရောက်နေတဲ့ စပါးခင်းတွေ ပျက်ဆီးရဖို့ ရှိနေ တယ်လို့ ရခိုင်ပြည်နယ်က လယ်သမားတချို့ ပြောပါတယ်။ “ တချို့ စပါးခင်းတွေက ရိတ်သိမ်းဖို့တောင် လွန်နေပြီ။ တချို့အခင်းတွေလည်း ရိတ်ရမယ့် အခြေအနေပေါ့။ အခုက စက်သုံးဆီမရှိလို့ ရိတ်ကြဖို့ဒုက္ခတွေ့နေကြတာပေါ့” လို့ ရခိုင်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ ဒီနှစ်ရခိုင်က လယ်တွေ အသီးသီးနှုန်းကောင်းပြီး တစ်ဧက ပျှမ်းမျှ ၈၀၊ ၈၅ တင်း အထိ ထွက်နိုင်ပေမယ့် အခုတော့ အချိန်မီ မရိတ်နိုင်လို့ ပျက်ဆီးမယ့်အရေးကို တွေ့ကြုံနေကြရတာလို့ ၎င်းက ဆက်ပြောပါတယ်။ “ စာတင်ထားတာရှိတယ်။ ဒီဇယ်ကို […]
ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း) ဒီနေ့မနက်ပိုင်းမှာ လောင်စာဆီဈေးနှုန်းတွေ ရုတ်တရတ်ခုန်တက်သွားတာကြောင့် အငှားယာဉ်မောင်းတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဓာတ်ဆီ 92 Ron တစ်လီတာကို ၂,၁၀၀ ကျပ်ကျော်ဝန်းကျင်မှာ ရှိနေရာက ဒီနေ့မနက်ပိုင်းမှာ တစ်လီတကာကို ၂,၅၁၀ ကျပ်ထိ မြင့်တက်ခဲ့သလို 95 Ron ကလည်း ၂,၃၀၀ ကျပ်ကနေ ၂,၆၄၀ ကျပ်အထိ ခုန်တက်သွားခဲ့တာပါ။ ဓာတ်ဆီဈေးဟာ တစ်ရက်အတွင်း အခုလို တစ်လီတာကို ကျပ် ၃၄၀ ဝန်းကျင်ထိ မြင့်တက်ခဲ့တာဖြစ်တဲ့အတွက် ဒီနေ့တစ်နေ့လုံး ကားမဆွဲဘဲ ရပ်ထားရတယ်လို့ တာမွေမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ကိုအောင်ကိုဦးက ပြောပါတယ်။ “ခရီးသည်တွေကို ကားခတိုးတောင်းတော့လည်း အဆင်မပြေပါဘူး။ ဒီလောက်ကြပ်တည်းနေတဲ့ ကာလမှာ […]
မူဆယ်-၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို တအောင်းတပ်မတော် TNLA/PSLF အဖွဲ့က ဒီနေ့မနက်ပိုင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သားနှစ်ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ အဲဒီတပ်စခန်းကို TNLAက နိုဝင်ဘာ ၂၇ ရက်ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငါးရက်အကြာ ဒီနေ့မနက်အစောပိုင်းမှာ ရရှိခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ နမ့်ပေါ်စခန်းဟာ မူဆယ်မြို့အနီးက အကြီးဆုံးစခန်းကုန်းဖြစ်ပြီး အဲဒီကနေ တိုက်ပွဲဖြစ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ၁၀၅ မိုင်အနီးနေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ္။ “အဲဒီစခန်းက ၁၀၅ မိုင်နဲ့ နီးတယ်။ အဲဒါအကြီးဆုံးပဲ။ အမြှောက်တပ်လေ။ သူတို့ကုန်းပေါ်ကနေ အမြှောက်နဲ့ထုရင် ၁၀၅ မိုင်နားနေတဲ့သူအကုန် ညတောင်အိပ်လို့မရဘူး။ မြေကြီးတွေတုန်တာ ငလျင်လှုပ်သလိုပဲ။ ၁၀၅ မိုင်တစ်ဝိုက်တိုက်ပွဲတွေဖြစ်ရင် သူတို့က […]
ကော့ကရိတ် – ၂၀၂၃ ဒီဇင်ဘာ ၁ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး မြို့တောင်ပိုင်းက ကျေးရွာတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မနေ့ည ၁၂း၀၀ ကျော်လောက်ကစလို့ ဂျက်ဖိုက်တာတွေနဲ့ ရွာတွေကို အကြိမ်ကြိမ်လာရောက်ပစ်ခတ်ခဲ့တာပါ။ “အံဖကြီးမှာ ရွာကိုပစ်တာ၊ လင်မယားနှစ်ယောက်ထိတာ တစ်ယောက်သေပြီ၊ တခြားနေရာတွေလည်းရှိသေးတယ်၊ လူတွေကတော့ အကုန်ပြေးကြပြီ”လို့ ကော့ကရိတ်တောင်ပိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ မြို့ကိုတိုက်ခိုက်ရင် ရွာတွေကို လာပစ်တာဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပုံမှန်လုပ်နေကျပါ။ အာဏာသိမ်းစစ်တပ်ဟာ ကော့ကရိတ်တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့နေ့စဥ်ပစ်ခတ်ပေမယ့် မနေ့ကတော့ ဆက်တိုက် အတွဲလိုက်ပစ်ခတ်မှုတွေပါလုပ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ နံနက်ကနေ ခုအချိန်ထိ လေကြောင်းကပစ်ခတ်တိုက်ခိုက်နေပြီး လေယာဉ်တွေ ကောင်းကင်မှာ ဝဲပျံနေဆဲဖြစ်ပါတယ်။ ဝေဟင်ကနေအောက်ကို ရော့ကတ်တွေ အတွဲလိုက်ပစ်တဲ့အသံတွေလည်း ကြားရပါတယ်။ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို လူမှုကူညီရေးအသင်းတွေက ဒီနေ့မှာ အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့ အဲ့ဒီအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးမှာ ယခုလ ၂၆ ရက်ကစပြီး စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွါးနေတာပါ။ ဒီနေ့မှာတော့ တိုက်ပွဲအနည်းငယ်ပြန်လည်ငြိမ်သက်နေတဲ့အတွက် ပိတ်မိနေတဲ့ ဒေသခံတွေကို ပရဟိတ လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ မူဆယ်မြို့ခံ ကမ်းလက်ကူညီ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “အခုတော့ ခန့်မှန်း နှစ်ရာလောက်တော့ ခေါ်ထုတ်ပေးသွားပြီပေါ့။ တိုက်ပွဲနည်းနည်းငြိမ်သွားတဲ့အချိန် ခေါ်ထုတ်ပေးနေတာပေါ့။ ကားတွေကတော့ သွားလိုက်လာလိုက်ပဲ” လို့ ၎င်းက ဒီနေ့လယ်ပိုင်းမှာ […]
တန့်ဆည်-၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ မနေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဒီနေ့မနက်အစောပိုင်း ၂ နာရီဝန်းကျင်က တန့်ဆည်မြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ရွာရှည်(မြောက်)ရွာကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချသွားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “စာသင်ကျောင်းတစ်လုံးကျတယ်။ ဆေးရုံရဲ့မြောက်နားကို တစ်လုံးကျတယ်။ ထိခိုက်ကတော့ မကြားမိဘူးဗျ။ နှစ်နာရီလောက်ကကြဲတာ။ တိုက်ပွဲမရှိဘူး။ ခွေးသတင်းဘက်ကတင်ထားတာက ကိုယ့်ဘက်ကလူတွေ (အဲဒီရွာမှာ)ဆေးကုနေတယ်ဆိုပြီးတော့ လာကြဲတာ။ စာသင်ကျောင်းတွေ အိမ်တွေကတော့ ပျက်စီးတယ်။ နေအိမ်သုံးလုံးလောက်ပျက်စီးသွားတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွာရှည်(မြောက်)ရွာဟာ စစ်ကြောင်းမကြာခဏထိုးခံရတာကြောင့် ဒေသခံအများစုက ထွက်ပြေးတိမ်းရှောင်နေကြလို့ လူအထိခိုက်မရှိခဲ့တာလို့ သူကဆိုပါတယ်။ “အဲဒီရွာက နဂိုကလည်း စစ်ကြောင်းဝင်နေကြဆိုတော့ တောထဲနေတဲ့သူကလည်းနေ၊ ကြဲသွားတာက စာသင်ကျောင်း၊ စာသင်ကျောင်းဘေးအိမ်တွေကလည်း မီးရှို့ထားတာဆိုတော့ […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၃၀ (မော်ကွန်း) မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်ဖြစ်တဲ့ MNDAA တပ်ဖွဲ့ရဲ့ စစ်ကြောင်းဟာ လောက်ကိုင်မြို့ပတ်လည်ကို ချဉ်းကပ်ရောက်ရှိလာပြီလို့ ၎င်းအဖွဲ့က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ကိုးကန့်ဒေသက စစ်ကောင်စီစခန်းသုံးခုကို မနေ့က ထပ်မံသိမ်းပိုက်လိုက်ပြီးနောက်မှာ MNDAA ရဲ့ စစ်ကြောင်းဟာ လောက်ကိုင်မြို့သစ်ဖြစ်တဲ့ တုန်းချိန်ဒေသ ပတ်လည်ကို ချဉ်းကပ်ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ မနေ့က ညနေပိုင်းမှာ MNDAA အဖွဲ့ဟာ ကိုးကန့် တုန်ရှမ်းဒေသက ရန်ကျန့်ထမ်ရွာနဲ့ နယ်စပ် BP ၁၂၆ မှတ်တိုင်အနီးက စစ်ကောင်စီစခန်းတွေကို ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ထပ် ရှင်တာကျိုင့်ရွာကိုချီတက်ကာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးနောက်မှာတော့ လောက်ကိုင်မြို့ကို ချဉ်းကပ်ဝင်ရောက်လာပြီလို့ MNDAA က အသိပေးထားတာပါ။ လောက်ကိုင်မြို့ကို ဝန်းရံထားတဲ့အပြင် ကိုးကန့်ဒေသကို ထိန်းချုပ်လာတဲ့ MNDAA တပ်တွေဟာ […]
တန့်ဆည်-၂၀၂၃ နိုဝင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှာ မနေ့ကညပိုင်းကနေ ဒီနေ့လယ်ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို၊ လူအင်အားထပ်တိုးချထားတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ နောက်ပြန်ဆုတ်ထားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့လည်း အခုအဲဒီကနေပြန်နေတာပဲ။ စခန်းကတော့ မသိမ်းနိုင်ခဲ့ဘူးရယ်။ မထိန်းချုပ်နိုင်သေးဘူး။ လမ်းဆုံပဲကျွန်တော်တို့က ထိန်းချုပ်နိုင်သေးတာ။ တန့်ဆည်ပေါ်ထိ ကျွန်တော်တို့ မလုပ်နိုင်သေးဘူးရယ်။ လောလောဆယ်ကျန်တာက ထွေအုပ်ရယ်၊ ရဲစခန်းရယ်၊ ဝန်ထမ်းအိမ်ရာရယ် ပြီးကျ ခရိုင်ရုံးရယ်ကျန်တာပေါ့” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေက တန့်ဆည်မြို့ပေါ်ကို ရဟတ်ယာဉ်နဲ့ လူအင်အား ငါးဆယ်ဝန်းကျင် ထပ်တိုးချထားခဲ့တာကြောင့် မြို့ပေါ်မှာ စစ်ကောင်စီတပ်အင်အား တစ်ရာကျော်လောက်ရှိနိုင်တယ်လို့ သူကဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးပေမယ့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ခုနစ်ဦး ထိခိုက်ဒဏ်ရာရကာ တစ်ဦးကျဆုံးသွားတယ်လို့ […]
ရှမ်းပြည်နယ်မြောက်ပိုင်း-၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တစ်လအတွင်း အရပ်သား ၉၀ နီးပါး သေဆုံးခဲ့တယ်လို့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေကို စာရင်းပြုစုနေတဲ့ Shan People အဖွဲ့က သုတေသီ စိုင်းစောက မော်ကွန်းကို ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ကနေ နိုဝင်ဘာ ၂၇ မနေ့ကအထိ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေအကြား အရပ်သား ၈၈ ဦး သေဆုံးခဲ့တာပါ။ ဒါဟာ တိုက်ပွဲတွေအတွင်း တစ်ရက်ကို အရပ်သား သုံးဦးနီးပါး သေဆုံးတာဖြစ်ပါတယ်။ “အဓိကက စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ရွာတွေထဲကို(လက်နက်ကြီး) ရမ်းပစ်လို့ပါ။ လေကြောင်းတိုက်ခိုက်မှုကတော့ နည်းနည်းပိုများတယ်၊ နှစ်ခုလုံးကြောင့်ပါခင်ဗျာ။ (စစ်ဘေးရှောင်) […]
ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း) ရိတ်သိမ်းချိန်ရောက်နေပြီဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် စပါးမရိတ်နိုင်ကြတဲ့အပေါ်မှာ ရခိုင်ဒေသခံတွေက စိုးရိမ်နေကြပြီး အခြေအနေတွေကို မပြုပြင်နိုင်ရင် စားနပ်ရိက္ခာကပ်ဘေးပါ ကျရောက်လာမှာကို စိုးရိမ်နေကြပါတယ်။ “ နှစ်ဖက်စလုံးက တိုက်ပွဲတွေကို ရပ်ပေးဖို့ပေါ့။ တစ်လ တန်သည်၊ နှစ်လ တန်သည်ပေါ့။ စပါးတွေ မရိတ်ရလို့ ပျက်စီးခဲ့ရင် ဒါဟာ အမျိုးသားအကျိုးစီးပွား ပျက်စီးတာလည်း ဖြစ်တယ်လေ” လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့က လယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ လက်ရှိ ကျောက်တော်ဒေသမှာ စပါးတွေ ပေါ်နေပြီဖြစ်ပေမယ့် စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ဝင်နိုင်တဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအားလုံး ပိတ်ဆို့ထားတာ သီတင်းနှစ်ပတ်ရှိလာပြီမို့ ဒေသတွင်းမှာ စက်သုံးဆီ ပြတ်လပ်သွားပြီလို့ ၎င်းက ဆက်ပြောပါတယ်။ “ စပါးရိတ်စက်တွေကို ထည့်သုံးရမယ့် ဒီဇယ်ဆီက […]
ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၈ (မော်ကွန်း) ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တစ်ကျော့ပြန်စစ်ပွဲ သီတင်းပတ်နှစ်ပတ်ကျော် ကြာမြင့်လာချိန်မှာတော့ ဒေသတွင်းက စစ်ဘေးရှောင်စခန်းတွေ စားနပ်ရိက္ခာပြတ်လပ်လာနေပြီလို့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နိုဝင်ဘာလ ၁၃ ရက်မှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပြီး စစ်ကောင်စီက ဒေသတွင်းဆက်သွယ်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ပါတယ်။ ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝ အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ AA တပ်တွေအကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာတာပါ။ ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားနေတဲ့ စစ်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ အလွတ်သဘောနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြပြီး တစ်နှစ်နီးပါးကြာ အပစ်ရပ်ပြီးမှ […]
လွိုင်ကော် -၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း) စစ်ကောင်စီကဝါဒဖြန့်သလို လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သေဆုံးတာမဟုတ်ဘဲ လက်ရှိအချိန်ထိသက်ရှိထင်ရှားရှိနေသေးပြီး တိုက်ပွဲတွေအတွင်းပိတ်မိနေလို့ ကယ်ထုတ်ခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုသိပ္ပံကျောင်းက Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေထဲက တချို့ကို နေရပ်ပြန်နိုင်ဖို့ မနေ့ကစီစဉ်ပေးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ အဲဒီဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေလုပ်ဆောင်ပြီး စစ်ကောင်စီနဲ့ ဆက်နွယ်မှုမရှိတဲ့သူတွေကို Non-CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်တာနဲ့ စစ်ကောင်စီရဲ့ ယန္တယားမှန်သမျှမှာမပါဝင်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့တာလို့ IEC ရဲ့ အတွင်းရေးမှူး(၁) မဇူးပဒုမ္မာက မော်ကွန်းကို ပြောပါတယ်။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ကတော့ စုံစမ်းစစ်ဆေးမှုတွေမလုပ်ရသေးတာကြောင့် အခုပထမအသုတ်နေရပ်ပြန်ဖို့ စီစဉ်ပေးတဲ့အထဲမှာမပါသေးဘဲ စစ်ကောင်စီဘက်က ဝါဒဖြန့်သလို သေဆုံးသွားတယ်ဆိုတာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ “ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."