သတင်းများ

တပ်မဟာ ၆ ကော့ကရိတ်မြို့နယ်က အာဏာသိမ်းစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးဝန်ထမ်းတွေ တစ်ပတ်အတွင်းထွက်ခွါရမည်

November 17, 2023

ဒူးပလာယာ – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း) ကော်သူးလေ၊ ကရင်အမျိုးသားအစည်းအရုံး(KNU )၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတွေအနေနဲ့ ဒီကနေ့ကစလို့ တစ်ပတ်အတွင်း နယ်မြေထဲက ထွက်ခွါဖို့ သတိပေးချက်ကို ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်)က ထုတ်ပြန်လိုက်ပါတယ်။ ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်) အောက်မှာရှိတဲ့ ကော့ကရိတ်၊ ကျိုက်ဒုံ၊ စုကလိနဲ့ ဝေါလေမြိုင်မြို့တွေထဲက အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံအုပ်ချုပ်ရေးဝန်ထမ်းတွေအားလုံးထွက်ခွါရမှာဖြစ်ပါတယ်။ အကြိမ်ကြိမ်သတိပေးထားပြီးပြီမို့ နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးတာဖြစ်ပြီး မလိုက်နာရင် နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ကေအဲန်ယူတပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်က KNLA တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း ၁၈၊ ၂၀၁၊ ၁၀၃၊ ၂၈ နဲ့ တပ်မဟာ လုံခြုံရေးစစ်ကြောင်းတွေက ကေအဲန်ယူကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီနဲ့အတူ ဒီသတိပေးချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။ ဓာတ်ပုံ – ကေအဲန်ယူ(ကော့ကရိတ်မြို့နယ်)

အပြည့်အစုံဖတ်ရန်

ရက်ပိုင်းအတွင်း ရွှေစျေးကျပ်သိန်းဂ‌ဏန်းခုန်တက်

November 17, 2023

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း) အောက်တိုဘာလပိုင်းမှာတော့ တစ်ကျပ်သားကို ၃၅ သိန်းဝန်းကျင်မှာ ငြိမ်နေတဲ့ ပြည်တွင်းရွှေဈေးဟာ ယခုလဆန်းပိုင်းကစတင်လှုပ်ခတ်လာပြီး အခုရက်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၃၈ သိန်းဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာလည်း မြင့်တက်နေသလို ပြည်တွင်းမှာ နယ်စပ်ကုန်သွယ်လမ်းကြောင်းတွေ ပိတ်ဆို့နေတာအပြင် ဘဏ်တွေရဲ့လှုပ်ခတ်နေတဲ့ သတင်းတွေကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်တွေမြင့်တက်ခဲ့ပြီး ရွှေဈေးလည်းပြန်လည်မြင့်တက်ခဲ့တာလို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာ ဈေးဖွင့်လှစ်မှုအရ ၁၆ ပဲရည် တစ်ကျပ်သားကို ၃၇ သိန်း ၉ သောင်းဝန်းကျင်ထိ ရောက်ရှိနေတာဖြစ်ပြီး ရွှေဈေးဟာ တစ်ပတ်အတွင်းမှာပဲ တစ်ကျပ်သားကို သုံးသိန်းနီးပါးထိ မြင့်တက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။ “ဒီတစ်ပတ်ထဲ ထိုးတက်လာတာ။ […]

အပြည့်အစုံဖတ်ရန်

ပုလဲမြို့ပေါ်မှာ စစ်ကောင်စီက အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်

November 17, 2023

ပုလဲ-၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲက ပုလဲမြို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်မှာစိုးတာကြောင့် စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာ အင်အားဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “သူတို့အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း မြို့ကိုလာသိမ်းမှာစိုးတဲ့အတွက် ဆားလင်းကြီးမြို့နယ်ကျားတက်စခန်းကပူးပေါင်းလာတာကော ၇၀၈ တပ်ရင်းရဲ့ စစ်ကြောင်းကော သူတို့နဂိုရှိပြီးသားရဲတပ်ဖွဲ့ဘက်ကကော စစ်သားတွေဘက်ကကော ပြင်ဆင်မှုတွေလုပ်ထားတယ်။ မြို့ထဲမှာ လက်နက်ကြီးတွေဆင်ပြီးတော့ အခြားသောနေရာတွေကို မနေ့က ငါးချက်လောက်လှမ်းပစ်နေတဲ့အခြေအနေရှိပါတယ်ဗျ” လို့ သူကပြောပါတယ်။ အဲဒီ့ပစ်ခတ်မှုကြောင့် ပုလဲမြို့ပေါ်၊ နတ်ကြီးရပ်ကွက်က ဒေသခံနှစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့သလို အနည်းဆုံးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။ ဒေသခံကာကွယ်ရေးအဖွဲ့တွေကော စစ်ကောင်စီတပ်တွေဘက်ကပါ နှစ်ဖက်စစ်ရေးအသင့်ပြင်ထားတဲ့ အနေအထားဖြစ်တာကြောင့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ပုလဲမြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက ထွေအုပ်ရုံးနဲ့ ရဲစခန်းနှစ်နေရာသာ […]

အပြည့်အစုံဖတ်ရန်

ကျားတတ်ရဲစခန်းက စစ်သားတွေ စခန်းကိုစွန့်ခွာပြေးခဲ့

November 17, 2023

ဆားလင်းကြီး – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း) ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်ကတည်းက ဒေသတော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကျားတက်ရဲစခန်းက အာဏာသိမ်းစစ်တပ်ဟာ စခန်းကို စွန့်ခွာပြီး ပုလဲမြို့ပေါ်ကို ထွက်ပြေးသွားခဲ့တယ်လို့ ဆားလင်းကြီး ပ.က.ဖ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “စခန်းသိမ်းပွဲတော့ မလုပ်လိုက်ရဘူး။သူတို့ဘာသာ စခန်းကိုစွန့်ခွာသွားပြီး ပုလဲမြို့ကို ပူးပေါင်းသွားကြတာ။ဒါပေမယ့် ကျနော်တို့ဘက်က အဝေးပစ်တွေနဲ့တော့ အရင်ညတွေကထုတယ်”လို့ အဆိုပါ ပ.က.ဖအဖွဲ့ဝင်ကပြောပါတယ်။ နိုဝင်ဘာ ၁၂ ရက်၊ နံနက်ကလည်း ကျားတက်စခန်းကနေ ထွက်ပြီးကင်းလှည့်တဲ့ အာဏာသိမ်းစစ်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ခုနှစ်ဦးသေဆုံးပြီး G 4၊ G 3 ၊ MA 3၊ MA 1 လက်နက်ငယ်တွေ စုစုပေါင်း […]

အပြည့်အစုံဖတ်ရန်

ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းတိုက်ခိုက်မှုမှာ နောက်ကအလစ်ပြန်တိုက်ခံရလို့ တော်လှန်ရေးရဲဘော်၂၁ ဦးကျဆုံး

November 17, 2023

ပေါက် – ၂၀၂၃ နိုဝင်ဘာ ၁၇ (မော်ကွန်း) မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းနဲ့ ပျူစောထီးတွေကို ‌ဒေသတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေချိန်မှာ နောက်ကနေ အလစ်ပြန်တိုက်ခံရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၁ ဦး ကျဆုံးခဲ့တယ်လို့ မြိုင်မြို့နယ် ပ.က.ဖ ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၅း၀၀ နာရီမှာ ဇီးပြားရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး “ခွေးဘက်က အထိခိုက်ကျဆုံးများတော့ လေကြောင်းကူတော့တာပဲ။ လေကြောင်းကူတုန်း ရှောင်တိမ်းနိုင်ပေမယ့်၊ ကျွန်တော်တို့နောက်ချန်ကင်းပေါ့ဆမှုလို့ဆိုရမှာပေါ့၊ အလစ်ဝင်တိုက်ခံရတယ်။အဒီအချိန် ကျွန်တော်တို့ဘက်က၂၁ယောက်ကျခဲ့တယ်။လက်နက်ငယ် ၁၂လက်အသိမ်းခံရတယ်ဗျ”လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ်လကျာ်က မော်ကွန်းကိုပြောပါတယ်။ ကျဆုံးတဲ့ ရဲဘော်တွေကတော့ မြိုင် ပ.က.ဖ တပ်ရင်း ၁၊ ၂၊ ‌ရပ်ကျေးပ.က.ဖဝင်တွေ၊ YFR (ပေါက်)၊ […]

အပြည့်အစုံဖတ်ရန်

လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေကို အာဏာသိမ်းစစ်တပ်ပစ်ခတ်လို့ ၁၁ဦးအထိ သေဆုံးမှုရှိလာ

November 17, 2023

မတ္တရာ – ၂၀၂၃ နိုဝင်ဘာ ၁၆ (မော်ကွန်း) မန္တလေး တိုင်း၊မတ္တရာမြို့နယ် အောက်ကန်သာကျေးရွာမှာ လက်ဖက်ရည်ဆိုင်ထိုင်နေသူတွေကို ဒီနေ့မနက် ၇:၀၀ နာရီအချိန်လောက် အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့လို့ ပြည်သူ၁၁ဦးအထိ သေဆုံးမှုရှိနေတယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ “ကျွန်တော်တို့ရထားတာကတော့ ၁၁ ယောက်သေတယ်၊ အောင်ကံသာလက်ဖက်ရည်ဆိုင်က ပိုင်ရှင်မိသားစုလိုက်လည်းပစ်ခတ်လို့သေဆုံးတဲ့အထဲမှာပါသွားတယ်”လို့ မတ္တရာမြို့နယ် ပ.က.ဖ သတင်းတာဝန်ခံကပြောပါတယ်။ မတ္တရာမြို့နယ် အောင်ကန်သာကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ပတ်လည်အင်းကျေးရွာကအာဏာသိမ်းစစ်တပ်စခန်း ဒီနေ့မနက် ၆:၀၀ နာရီအချိန်မှာ တိုက်ခိုက်ခံခဲ့ရပြီးနောက် မန္တလေးဘက်က တက်လာတဲ့ စစ်သားတွေက လက်ဖက်ရည်ဆိုင်ကိုဝင်ပစ်ခတ်ခဲ့တာလို့ သူကပြောပါတယ်။ မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ မနက် ၁၀:၀၀ နာရီဝန်းကျင်မီးရှို့ခဲ့ပြီး အသေးစိတ်အခြေနေကိုမသိရသေးပါဘူး။ မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၃ရက်ကစတင်ပြီး ဒီနေ့အထိ အာဏာသိမ်းစစ်တပ်နဲ့ MDY […]

အပြည့်အစုံဖတ်ရန်

လွိုင်ကော်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မနေ့ကတစ်ရက်တည်း ဒေသခံ ၁၉ ဦးသေဆုံး

November 17, 2023

လွိုင်ကော် -၂၀၂၃ နိုဝင်ဘာ ၁၅ (မော်ကွန်း) ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မနေ့က နိုဝင်ဘာ ၁၄ ရက် တစ်ရက်အတွင်း ဒေသခံ ၁၉ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က KnHRG က ဒီနေ့ထုတ်ပြန်ပါတယ်။ သေဆုံးသူတွေဟာ လေကြောင်းကနေဗုံးကြဲချမှုကြောင့် အမျိုးသား ကိုးဦး၊ အမျိုးသမီး ငါးဦး၊ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့တာလို့ KnHRG က ထုတ်ပြန်ပါတယ်။ အဲဒီသေဆုံးခဲ့သူ ၁၉ ဦးထဲမှာ ကလေးငယ်သုံးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရှိသူ အမျိုးသား တစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ကျား/မ အတည်မပြုနိုင်သူ နှစ်ဦး စုစုပေါင်း ခုနစ်ဦးရှိတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်နယ်အတွင်း တစ်လေးလုံးစစ်ဆင်ရေးစခဲ့တဲ့ […]

အပြည့်အစုံဖတ်ရန်

ကရင်နီပြည်နယ်မှာ သုံးရက်အတွင်း စစ်ကောင်စီတပ်ကပစ်ခတ်လို့ အရပ်သား ၂၀ ဦးသေဆုံး

November 15, 2023

လွိုင်ကော် – ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း) တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်အတွင်းမှာ အခုလ ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်အတွင်း အရပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဒါရိုက်တာ မမေဇင်လတ်က မော်ကွန်းကိုပြောပါတယ်။ သေဆုံးခဲ့သူတွေဟာ ဖယ်ခုံ၊ မိုးဗြဲနဲ့ လွိုင်ကော်မြို့တွေကဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်လို့ သူကပြောပါတယ်။ “လက်ရှိမှာ ထိခိုက်သေဆုံးမှုအများဆုံးက စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီး ထိမှုကြောင့် သေဆုံးတာအများဆုံးဖြစ်ပြီးတော့ စစ်ကောင်စီအနေနဲ့ တချို့ မြို့အဝင်ထွက်လမ်းတွေကို ပိတ်ထားမျိုး လုပ်ပါတယ်။(လွိုင်ကော်မြို့ထဲမှာ ပိတ်မိနေသူ) အများကြီးရှိပါသေးတယ်” လို့ မမေဇင်လတ်က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးလေးဦး၊ အမျိုးသား ၁၃ ဦးနဲ့ (ကျား/မ)ခွဲခြားမရနိုင်သေးတဲ့ သေဆုံးသူ သုံးဦးပါဝင်ပြီး […]

အပြည့်အစုံဖတ်ရန်

ရခိုင်တိုက်ပွဲ ပထမနေ့မှာတင် ရဲ ၃၀ ခန့် အလင်းဝင်သလို၊ စစ်ကောင်စီတပ်သား ၁၁ ဦး သုံ့ပန်းမိခဲ့ပေမယ့် AA ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ AA ထုတ်ပြန်

November 15, 2023

စစ်တွေ- ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း) စစ်ဆင်ရေးပထမနေ့မှာ ရဲအယောက်သုံးဆယ်နီးပါး လက်နက်နဲ့အတူအလင်းဝင်သလို စစ်ကောင်စီတပ်သား ၁၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပေမယ့် သူတို့ရဲဘော်ခြောက်ဦးကျဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော်(AA )က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ မနေ့ကစတင်တဲ့ တိုက်ပွဲအတွင်း စစ်တွေ-မောင်းတော-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးလမ်းပေါ်က ဒုံးပိုက်နယ်ခြားစောင့် တပ်စခန်းကို AA တပ်တွေက သိမ်းခဲ့နိုင်သလို ဒီမနက်မှာ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ထပ်မံသိမ်းပိုက်ခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ရသေ့တောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေထဲက နေရာငါးခုမှာ စစ်ကောင်စီတပ်နဲ့ AA တို့ မနေ့က တိုက်ပွဲတွေဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၂၀ ကျော်ကျဆုံးတာကို မျက်မြင်တွေ့ရသလို ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ AA က ထုတ်ပြန်ပါတယ်။ မင်းပြားမြို့နယ်က တိုက်ပွဲနှစ်ခုအတွင်း စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) […]

အပြည့်အစုံဖတ်ရန်

ကောလင်းမြို့ မြန်မာ့စီးပွါးရေးဘဏ်က ငွေလက်ကျန် ကျပ်တစ်ဘီလီယံနီးပါးကို NUG ကြားကာလဗဟိုဘဏ်က မှတ်တမ်းတင်ထိန်းသိမ်း

November 15, 2023

ရန်ကုန်-၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း) စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာရှိတဲ့ ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်က ငွေကျပ်တစ်ဘီလီယံနီးပါးကို အမျိုးသားညီညွတ်ရေးအစိုးရကြားကာလဗဟိုဘဏ်က လက်ခံသိမ်းဆည်းထားတယ်လို့ NUG က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ NUG ကြားကာလ ဗဟိုဘဏ်အနေနဲ့ ကောလင်း စီးပွားရေးဘဏ်ရဲ့ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း ၉၅၂.၃၄၃ အား လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်းမှတ်တမ်းတင်ထားပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုရဲ့ အပ်နှံငွေတွေ နစ်နာဆုံးရှုံးမှုမရှိဖို့ စနစ်တကျစီမံခန့်ခွဲလျက်ရှိတယ်လို့ ဆိုပါတယ်။ ကြားကာလဗဟိုဘဏ်အနေနဲ့ သိမ်းပိုက်ရရှိတဲ့ နယ်မြေအတွင်းက နိုင်ငံပိုင်ဘဏ်တွေရဲ့ ပရိဝုဏ်၊ အဆောက်အဦ၊ ဘဏ်ဝန်ထမ်း၊ ဘဏ်အတွင်းကငွေသား၊ ဘဏ်ငွေတိုက်ကငွေသား၊ ဗဟိုဘဏ်အတွင်းကငွေသား၊ စာရင်းမှတ်တမ်းတွေ စာချုပ်စာတမ်းတွေ၊ ပေါင်နှံစာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အသေးစိတ်ကို သတ်မှတ်ထားသလို ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ လိုက်နာအကောင်အထည်ဖော်ဆောင်မှုကို ကြပ်မတ်စီမံလျက်ရှိတယ်လို့ ဒီနေ့ထုတ်ပြန်ထားပါတယ်။ ကောလင်းမြို့ကို အခုလ […]

အပြည့်အစုံဖတ်ရန်

ကွမ်လုံမြို့သိမ်းတိုက်ပွဲမှာ KNDF ရဲဘော်သုံးဦးကျဆုံး

November 15, 2023

ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း) ရှမ်းမြောက်က ‘၁၀၂၇ စစ်ဆင်ရေး’ မှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDF မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆) တပ်ရင်းက ရဲဘော်သုံးဦးဟာ ကွမ်လုံမြို့သိမ်းတိုက်ပွဲ အတွင်း ကျဆုံးခဲ့တယ်လို့ ကရင်နီတပ်(KNDF) ထုတ်ပြန်ပါတယ်။ “ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ရဲဘော်သုံးဦးကတော့ မြင့်မြတ်စွာ ကျဆုံးခဲ့တာ မှန်ပါတယ်” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံက မော်ကွန်းကို ဒီနေ့လယ်က ပြောပါတယ်။ ၁၉ ရက်ကြာလာပြီဖြစ်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ဒီသုံးဦးပဲ အကျအဆုံးရှိသေးတယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး မောင်မာနွေးလယ် ၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်းတို့ ကျဆုံးခဲ့တာဖြစ်ပြီး သူတို့ကို အမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် KNDF […]

အပြည့်အစုံဖတ်ရန်

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုလုံး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်

November 15, 2023

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း) ချင်းပြည်နယ်မြောက်ပိုင်းက အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ကညပိုင်းမှာ သိမ်းပိုက်လိုက်တာကြောင့် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုလုံးဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုရှိတဲ့အနက် ကလေး-တမူးလမ်းပေါ်က ခမ်းပတ်မြို့ကို ယခုလ ၇ ရက်က NUG ရဲ့ အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့ပြီး နောက်ထပ် နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာပါ။ အိန္ဒိယနယ်စပ်က အသည်းနှလုံးပုံ ရေကန်ရှိတဲ့ ရိဒ်ခေါဒါရ် မြို့ရဲ့ တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကောင်စီ အထိုင်တပ်စခန်းနှစ်ခုကို CNA နဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 86 87 88 89 90 91 92 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."