သတင်းများ

ထီးချိုင့်မြို့နယ်ထဲကရွာတွေကို ၄၅ ရက်အတွင်း စစ်ကောင်စီက အကြိမ်ရေ ၁၅၀ ကျော်ဗုံးကြဲ၊ နေအိမ်များပျက်စီးပြီး အရပ်သားများသေဆုံး

December 22, 2023

ထီးချိုင့်-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ဒီနေ့အထိ ၄၅ ရက်အတွင်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ ၁၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်အတွင်းက သတင်းတွေထုတ်ပြန်ပေးနေတဲ့ Tigyaing Revolution-TR က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အရပ်သားပစ်မှတ် ရွာတွေဗုံးကြဲတာမှာ သေဆုံးမှုရှိတာပါ။ ပြည်သူသေဆုံးမှုကတော့ မနေ့က တစ်ဦး သေဆုံးအပါအဝင် ၂၀ နီးပါးရှိလာပါပြီဗျ။ အဓိကတော့ မြို့ထဲတိုက်ပွဲကြောင့် လာကြဲတာပါ။ အဆောက်အဦထိခိုက်မှု အရေအတွက်တော့ အသေးစိတ်မသိရပါဘူး” လို့ သူကပြောပါတယ်။ ထိခိုက်သေဆုံးရတဲ့ ဒေသခံ အရေအတွက်အတိအကျကိုတော့ မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဒီနေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီမှောင်ခိုရောင်းသူတွေဆီမှာ ဆီလိုသလောက်ဝယ်ယူရရှိနိုင်

December 22, 2023

ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) စက်သုံးဆီမှောင်ခိုရောင်းချနေသူတွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေတယ်ဆိုပေမယ့် ရန်ကုန်မြို့တွင်းမှာ ဆီမှောင်ခိုရောင်းဝယ်ရေးနေရာ အများအပြားရှိနေပြီး လိုသလောက်ဝယ်လို့ရတယ်လို့ မှောင်ခိုသမားတချို့နဲ့ ကားသမားတွေက မော်ကွန်းကိုပြောပါတယ်။ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ လှိုင်သာယာ၊ မှော်ဘီ စတဲ့မြို့နယ်တွေအပါအဝင် မြို့တွင်းနေရာ အနှံ့အပြားမှာ ပုံစံမျိုးစုံနဲ့ ရောင်းချနေတဲ့ မှောင်ခိုဆီရောင်းဝယ်ရေးနေရာ ငါးဆယ်ကျော်ရှိတယ်လို့ ရန်ကုန်မြို့တွင်းမှာ ပြေးဆွဲနေတဲ့ ကားသမားတွေက ပြောပါတယ်။ “အခုက လိုက်ဖမ်းတာပိုများလာလို့ အသိတွေပဲ ရောင်းပေးတော့တာ။ လိုချင်ရင်ကြိုဖုန်းဆက်။ ချိန်းတဲ့နေရာလာ။ ဆီကတော့ မပြတ်ဘူး။ လိုချင်တာအကုန်ရှိတယ်။ ကြိုက်သလောက်ထည့်လို့ရတယ်”လို့ မြောက်ဒဂုံမြို့နယ်အတွင်း ဆီမှောင်ခိုရောင်းနေသူ တစ်ဦးကပြောပါတယ်။ ရန်ကုန်မြို့တွင်းက တချို့ဆီဆိုင်တွေမှာ လိုသလောက်ဝယ်မရတာ၊ လိုအပ်တဲ့ဆီမရှိတာတွေနဲ့ တန်းစီဖို့ အချိန်ကုန်မခံနိုင်တာကြောင့် မှောင်ခိုသမားတွေဆီကနေ ဝယ်ထည့်နေတာလို့ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတစ်ခုမှာ ကားမောင်းနေသူတစ်ဦးက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

စက်သုံးဆီဈေးခုန်တက်၊ ဆီဆိုင်တွေမှာ တန်းစီတဲ့ကားတွေပြန်လည်တွေ့ရှိလာရ

December 22, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) ဒီနေ့မနက်ပိုင်းမှာ ဓါတ်ဆီတစ်လီတာကို ၁၁၅ ကျပ်နဲ့ ဒီဇယ်တစ်လီတာကို ၂၂၅ ကျပ်ထိမြင့်တက်ပြီး ဆိုင်အချို့မှာ စက်သုံးဆီအမျိုးစားစုံအောင်မရတော့တာကြောင့် ဆီတန်းစီတဲ့ကားတွေ ပြန်လည်များပြားလာတာတွေ့ရပါတယ်။ ယခုလဆန်းပိုင်းကလို နာရီနဲ့ချီပြီးစောင့်ဆိုင်းရတာမျိုးမဟုတ်ပေမယ့် ကိုယ်လိုချင်တဲ့ဆီအမျိုးအစားပေါ်မူတည်ပြီး ဆိုင်တွေမှာ တန်းစီတဲ့ကားတွေ ပြန်လည်စုပြုံလာတာပါ။ “အခုကတော့ သိပ်မစီရတော့ဘူး။ ဒါပေမယ့် အချို့ဆိုင်လေးတွေတော့ ခုချိန်ထိ ဆီအစုံမရသေးတာတွေရှိတယ်။ ရတဲ့ဆိုင်တွေလည်း နည်းနည်းတော့ ငါးမိနစ်၊ ၁၀ မိနစ်လောက်တော့ တန်းစီရတာရှိတယ်” လို့ အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။ မနေ့ကညအထိ တစ်လီတာကို ၂,၄၄၅ ကျပ် ရှိနေတဲ့ ဓာတ်ဆီ 92 Ron ဟာ ဒီနေ့မနက်ပိုင်းမှာတော့ ၂,၅၆၀ ကျပ် ရောက်ရှိသွားပြီး 95 Ron ကတော့ ၂,၅၄၅ […]

အပြည့်အစုံဖတ်ရန်

ထယ်ဘွေးစခန်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်

December 22, 2023

မတူပီ-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်မှာရှိတဲ့ ထယ်ဘွေးစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံတိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ CDF မတူပီက ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ ထယ်ဘွေးစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၁၈ ရက်ကစတင်တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့ ညပိုင်းမှာ စခန်းထဲက စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ဟာ မတူပီမြို့ပေါ်က သူတို့တပ်စခန်းတွေဆီ ထွက်ပြေးသွားကြတာလို့ သူကပြောပါတယ်။ “ကျွန်တော်တို့က စစ်ကြောင်းသုံးကြောင်းခွဲပြီးလိုက်ကြတာပေါ့။ သူတို့ဘက်ကလည်း ကျွန်တော်တို့ကို ခြုံခိုတိုက်တဲ့နည်းနဲ့ ကြိုတင်စောင့်ပြီးသား။ ဟိုဘက်ကလည်း မြို့ထဲကလည်း သူတို့ကိုစစ်ကူနဲ့ လှမ်းကြိုတယ်ပေါ့။ ကျွန်တော်တို့ကတော့ အခုလည်းလိုက်နေတယ်။ လောလောဆယ်သူတို့က ချောင်ပိတ်တဲ့နေရာမှာရှိနေတဲ့အခါကျတော့ ကျွန်တော်တို့လည်း ဒရုန်းတွေအများကြီးပြင်ထားပြီး ပြန်ပြီးတိုက်ခိုက်ဖို့လုပ်ထားတယ်” လို့ CDF မတူပီက ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နွေစပါးစိုက်ဖို့ တစ်ဧက စက်သုံးဆီလေးဂါလံနှုန်း ခွဲတမ်းပေးမည်

December 22, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၁ (မော်ကွန်း) ယခုလာမယ့် နွေစပါးစိုက်ပျိုးရာသီအတွက် တောင်သူတွေအတွက် တစ်ဧကကို စက်သုံးဆီလေးဂါလံနှုန်းနဲ့ ခွဲတမ်းချပြီး ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်းက ဒီနေ့ရက်စွဲနဲ့ ကြေညာထားပါတယ်။ တောင်သူတွေဟာ အဲ့ဒီစက်သုံးဆီခွဲတမ်းအတွက် မိမိတို့စိုက်ပျိုးမယ့်လယ်ဧကနဲ့ လိုအပ်တဲ့စက်သုံးဆီပမာဏကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒီနေ့ကစပြီး လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ဧရာဝတီတိုင်းအလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။ လျှောက်ထားလာတဲ့ စက်သုံးဆီပမာဏကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကိုပြန်တင်ပြရမှာဖြစ်ပြီး လိုအပ်တဲ့ပမာဏကို ခွဲတမ်းအဖြစ်ပြန်ချပေးမယ်လို့ သူက ပြောပါတယ်။ “ဆန်စက်အသင်းကလည်း ဆန်စက်မောင်းဖို့ကို ထုတ်ရောင်းပေးဖို့ရှိတယ်။ သူတို့က ဆီဘောက်ဆာနဲ့ ပို့ပေးမယ် မြို့နယ်အလိုက် ခွဲတမ်းတွေကိုပေါ့။ အဲ့ဒီကျ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးက ပြန်ပြီးခွဲတမ်းလုပ်ပေးမှာပေါ့။ ရလာတဲ့အပေါ် သူတို့က ပြန်ပြီးဈေးသတ်မှတ်ပြီး ပြန်ချပေးမှာပါ” လို့ ၎င်းက ပြောပါတယ်။ ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း […]

အပြည့်အစုံဖတ်ရန်

မန္တလေးနန်းတွင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရ

December 22, 2023

မန္တလေး-၂၀၂၃ ဒီဇင်ဘာ ၂၁ (မော်ကွန်း) မန္တလေးမြို့၊ နန်းတွင်းထဲမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြို့ပြပျောက်ကြားအဖွဲ့တွေ ဒီနေ့မနက် ၂ နာရီခွဲဝန်းကျင်က ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက ကျုံးပတ်လည်မှာရှိတဲ့ လူနေရပ်ကွက်တွေကို လက်ရှိအချိန်ထိ ဝင်ရောက်စစ်ဆေးနေတယ်လို့ ကျုံးအနီးမှာ နေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။ “ညကငါးချက်လောက် ဝုန်းဝုန်းနဲ့ အသံတွေကြားရတယ်။ ပေါက်ကွဲသံကြားပြီးပြီးချင်းပဲ နန်းတွင်းထဲကနေ ဒရုန်းတွေပျံလာတာ။ ဒရုန်းနဲ့ ရှာတာပေါ့။ အခုမနက်တော့ အောင်မြေသာစံအနောက်နဲ့ မြောက်ခြမ်းတွေက ရပ်ကွက်တွေဝင်စစ်တာ။ ကမ်းနားဘက်တွေလည်း စစ်တယ်လို့ကြားတယ်၊ တခြားမြို့နယ်တွေတော့ စစ်မစစ်သေချာမသိဘူး” လို့ ကျုံးအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေကကျုံးအနီးက ရပ်ကွက်တွေထဲကို လိုက်လံစစ်ဆေးနေပြီး ဖမ်းဆီးခံရသူရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ အစစ်ဆေးခံခဲ့ရတဲ့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ “ခုနက ငါတို့ဆီလာစစ်နေလို့၊ ဧည့်သည်ရှိလား၊ ဘာလားမေးတာပေါ့ကွာ။ […]

အပြည့်အစုံဖတ်ရန်

မတူပီက စစ်ကောင်စီအထိုင်ချထားတဲ့ ထယ်ဘွေးစခန်းကို ချင်း CDF တွေသိမ်းပိုက်

December 22, 2023

မတူပီ – ၂၀၂၃ ဒီဇင်ဘာ ၂၀ (မော်ကွန်း) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပလက်ဝလမ်းမပေါ်က ထယ်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ရဲ့စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ်ရက်က စတင်တိုက်ခိုက်ခဲ့ပြီး မနေ့ကမနက်ပိုင်းမှာ စခန်းသိမ်းနိုင်ကာ CDF မတူပီအလံ လွှင့်ထူခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီက ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းကိမ်းက မော်ကွန်းကိုပြောပါတယ်။ ထယ်ဘွေးစခန်းက အင်အား ၄၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ၁၈ ရက် ည ၉ နာရီဝန်းကျင်မှာ စခန်းကိုစွန့်ခွာ ထွက်ပြေးသွားကြတယ်လို့ သူကပြောပါတယ်။ “ သူတို့ထွက်ပြေးတဲ့ညက ချက်ချင်းခြေရာခံတယ်။ အခုချိန်ထိတော့ ခြေရာခံလို့ မရဘူးဖြစ်နေတယ်” လို့ သူကပြောပါတယ်။ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်သားတွေကို လိုက်လံရှာဖွေနေတာကြောင့် တွေ့ရှိပါက အချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ မတူပီမြို့နယ်အတွင်းက ဒေသခံတွေအနေနဲ့ သတိထားကြဖို့လည်း […]

အပြည့်အစုံဖတ်ရန်

တိုက်ပွဲဖြစ်ပွါးနေတဲ့ ရမ်းဗြဲကျွန်းအနီးကို ငါးဖမ်းစက်လှေတွေမလာဖို့ စစ်ကောင်စီကန့်သတ်

December 22, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၀ (မော်ကွန်း) တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းနဲ့ အနီးတစ်ဝိုက်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းစက်လှေတွေ မကပ်ဖို့နဲ့ ငါးမဖမ်းဖို့ ကန့်သတ်တဲ့အမိန့်ကို စစ်ကောင်စီက မနေ့ကထုတ်ပြန်လာပါတယ်။ အမိန့်ကြော်ငြာစာကိုထုတ်ပြန်တဲ့ရက်ကနေ ဖေဖော်ဝါရီ ၁၉ ရက်ထိ နှစ်လအတွင်း အတည်ဖြစ်တယ်လို့လည်း အဲ့ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကျွန်းကြီးတစ်ခုဖြစ်တဲ့ ရမ်းဗြဲကျွန်းမှာ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေဖြစ်လာတာပါ။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းဒေသကို အခြေပြုလှုပ်ရှားနေတဲ့ AA ဟာ လက်ရှိမှာ တောင်ပိုင်းအစွန်အဖျားဒေသဖြစ်တဲ့ ကျောက်ဖြူနဲ့ ရမ်းဗြဲ ဒေသတွေကိုပါ တိုက်ပွဲဖော်ဆောင်လာတာဖြစ်ပါတယ်။ မနေ့ကတော့ ရမ်းဗြဲမြို့ပေါ်ကို လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့ပေါ်ကဒေသခံအားလုံးနီးပါးဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရမ်းဗြဲအခြေအနေက ပြောရရင် […]

အပြည့်အစုံဖတ်ရန်

စပါးပေါ်ချိန် စက်သုံးဆီပြတ်တာကြောင့် ရိတ်သိမ်းစရိတ်မြင့်တက်၊ ရခိုင်မှာ လယ်ယာတချို့ ဆုံးရှုံးရဖို့ရှိ

December 19, 2023

ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၁၉ (မော်ကွန်း) စပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်ခဲ့တာကြောင့် စရိတ်မြင့်တက်မှုနဲ့ကြုံပြီး အကျိုးအမြတ် နည်းပါးသွားတယ်လို့ လယ်သမားတချို့ကပြောသလို စစ်ပွဲကြောင့် စစ်ကောင်စီရဲ့ပိတ်ဆို့ခံထားရတဲ့ ရခိုင်က လယ်သမားတွေကတော့ အရှုံးနဲ့ပါကြုံရတယ်လို့ ပြောကြပါတယ်။ စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းက လယ်ယာလုပ်ငန်းခွင်တွေအပေါ် စက်သုံးဆီ ပြတ်လပ်မှုက ရိုက်ခတ်ခဲ့ပြီး ရိတ်သိမ်းချိန်ကြန့်ကြာကာ စရိတ်စကမြင့်တက်ခဲ့ပါတယ်။ ဒီဒေသတွေမှာ ပြီးခဲ့တဲ့ရာသီက တစ်ဧက ကိုးသောင်းကျပ်ဝန်းကျင်ပေးရတဲ့ စပါးရိတ်စက်ခက စက်သုံးဆီ ရှားပါးပြတ်လပ်သွားတာကြောင့် လက်ရှိမှာ ကျပ်တစ်သိန်းခွဲအထိပေးပြီး ရိတ်ကြရပါတယ်။ တစ်နိုင်ငံလုံးကိုဖြန့်ချိတဲ့ စက်သုံးဆီသိုလှောင်ကန်တွေနဲ့ မြစ်တစ်စင်းသာခြားတဲ့ ရန်ကုန်တစ်ဘက်ကမ်းက ဒလမြို့နယ်မှာတောင် ဒီဇယ်တစ်ပေပါ ဈေးနှုန်းက ကျပ် ၁၀ သိန်းဝန်းကျင်အထိ ပြင်ပပေါက်ဈေးရှိနေပြီး ပိုဝေးတဲ့ဒေသတွေမှာ ဈေးပိုမြင့်ပါတယ်။ စက်သုံးဆီ အရောင်းဆိုင်တွေက ယာဉ်အသုံးပြုသူတွေကိုတောင် ခွဲတမ်းနဲ့ ရောင်းပေးနေရတဲ့ကာလမို့ […]

အပြည့်အစုံဖတ်ရန်

ကော့ကရိတ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ရန်ကုန်-မြဝတီ လမ်းစရိတ် သုံးဆခန့်မြင့်တက်

December 18, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၈ (မော်ကွန်း) မြဝတီ-ကော့ကရိတ်လမ်းပိုင်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ယာဉ်တွေ လမ်းဟောင်းကနေဖြတ်သန်းနေရပြီး သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် သုံးဆခန့် မြင့်တက်သွားတယ်လို့ ကုန်သည်တွေနဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက ပြောပါတယ်။ ယခုလဆန်းပိုင်းကစပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကိုလည်း အဲဒီ့ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။ ဒီနေ့အထိ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပွားနေပြီး လမ်းပိတ်နေတာကြောင့် ကုန်တင်ယာဉ်တွေနဲ့ ခရီးသည်တင်ကားတွေဟာ ကော့ကရိတ်မြို့ကိုမဝင်တော့ဘဲ တောင်ပေါ်လမ်းခွဲတစ်ခုဖြစ်တဲ့ ဘားအံ-ထိုကော့ကိုး-မြဝတီ လမ်းပိုင်းကနေ သွားလာနေရတာပါ။ ယခင်က ရန်ကုန်-မြဝတီ ကားခ ကျပ်သုံးသောင်းခန့်သာရှိရာကနေ လက်ရှိမှာတော့ ကျပ်ရှစ်သောင်း၊ တစ်သိန်းဝန်းကျင်ထိ ဖြစ်နေတယ်လို့ ထိုင်းကုန်ပစ္စည်းတွေတင်သွင်းရောင်းချတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ “အဲ့ဒီလမ်းက ကားခကလည်း အနည်းဆုံး လူတစ်ဦးတောင် […]

အပြည့်အစုံဖတ်ရန်

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာ မြောက်ပိုင်းညီနောင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေ

December 15, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၅ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို မြောက်ပိုင်းညီနောင်တပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လေကြောင်းတွေနဲ့ ပြန်လည်ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။ မနေ့က မနက်ပိုင်းကစတင်ပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ နေ့လယ်ပိုင်းအထိ ဆက်လက်ပြင်းထန်နေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “မနေ့ကတော့ အဲဒီ့ကုန်းကို မြောက်ပိုင်းအဖွဲ့တွေ ရသွားတယ်။ သူတို့ရသွားတော့ ညပိုင်းတစ်ညလုံး အတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ အခုထိ ပစ်နေတုန်းပဲဆိုတော့ ထိခိုက်မှုအခြေအနေတွေ ကျွန်တော်တို့တော့ သေချာမသိရသေးဘူး” လို့ ပြောပါတယ်။ မနေ့က မနက်သုံးနာရီခွဲခန့်ကစပြီး ၁၀၅ မိုင်မှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းကို မြောက်ပိုင်းညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ မူဆယ်မြို့အထိုင်တပ်ကနေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြောက်ပိုင်းအဖွဲ့က မနေ့က […]

အပြည့်အစုံဖတ်ရန်

ပြည်ပမှာအလုပ်လုပ်သူတွေ သံရုံးမှာသက်တမ်းသွားတိုးတာနဲ့ ဝင်ငွေခွန်တစ်ပါတည်းဖြတ်ယူ

December 14, 2023

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၄ (မော်ကွန်း)  နိုင်ငံခြားငွေလိုအပ်ချက်များနေတဲ့ စစ်ကောင်စီဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ သံရုံးမှာ နေထိုင်ခွင့်သက်တမ်းတိုးတာနဲ့ ဝင်ငွေခွန်ကိုပါ တစ်ပါတည်းကောက်ယူနေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ဦးကတော့ ယခုသီတင်းပတ်ကစလို့ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးခြင်း သွားရောက်လုပ်ဆောင်သူတွေကို ဝင်ငွေခွန် တစ်ခါတည်း ကောက်ယူသွားတယ်လို့ ပြောပါတယ်။ “အခုတစ်ပတ်ကစပြီး ပေးရတယ်။ သက်သက်ကြီးသွားပေးရတာတော့မဟုတ်ဘူး။ သံရုံးကို သက်တမ်းတိုးသွားရင် တစ်ခါတည်းဆောင်ခိုင်းတယ်။ သက်တမ်းတိုးသူတိုင်းကို ဆောင်နေရတာပေါ့” လို့ အဲ့ဒီ မြန်မာလုပ်သားက ပြောပါတယ်။ ပြည်ပရောက်မြန်မာလုပ်သားတွေဆီက ဝင်ငွေခွန်ကောက်ယူမှုကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ က စတင်ကင်းလွတ်ခွင့်ပေးခဲ့ပြီး ယခုစစ်ကောင်စီလက်ထက်မှာ ပြန်လည်ကောက်ယူခဲ့တာပါ။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ယခုနှစ် အောက်တိုဘာလ ၁ ရက်က ရရှိတဲ့ […]

အပြည့်အစုံဖတ်ရန်
1 … 81 82 83 84 85 86 87 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."