ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၄ (မော်ကွန်း)
ယနေ့ည ၇:၃၀ ခန့်က ရန်ကုန်မြို့၊ မဟာဗန္ဓုလတံတားပေါ်မှာ လိုက်ထရပ်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်ခဲ့ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းတစ်ဦးသာပါရှိပြီး ထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ တံတားပေါ်မှာ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် လမ်းမပေါ်မှာ ကွန်ကရစ်တုံးတွေချထားတာတွေ့ရပါတယ်။

