မြိုင် – ၂၀၂၄ မေ ၉ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကံသစ်ကျေးရွာမှာရှိတဲ့ PDF စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က မနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကာ ၂၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ စီးနင်းခံရတဲ့ Black Cobra Force ဆီက သိရပါတယ်။ ကံသစ်ကျေးရွာမှာရှိတဲ့ Black Cobra Force အဖွဲ့စခန်းကို အာဏာသိမ်းစစ်တပ်က ကားနှစ်စီးအင်အား၈၀ဝန်းကျင် နဲ့ ရုတ်တရက်ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကားတစ်စီး၊ ကျည် ၁၅၀၀ နဲ့ ကျည်ဘောက်အပါအဝင် ငွေသား သိန်း၈၀၀ ဆုံးရှုံးခဲ့တယ်လို့ Black Cobra Force အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “စစ်တပ်က ရိက္ခာလမ်းကြောင်းရှိတယ်၊ ရိက္ခာလမ်းကြောင်းအတွက်လုံခြုံရေးယူထားတာလို့ပဲ ကျွန်တော်တို့ဘက်ကကောက်ချက်ချထားတာပါ၊ ဒါပေမဲ့ ကားနှစ်စီးနဲ့ရုတ်တရက်ကြီး […]
ရန်ကုန်-၂၀၂၄ မေ ၈ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေဟာ အခုရက်ပိုင်းအတွင်း ကင်းပုန်းတွေချပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့တွင်းက မြို့နယ်တွေဖြစ်တဲ့ လသာ၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုစွန်တောင်စတဲ့မြို့နယ်တွေအတွင်းက လမ်းဆုံလမ်းခွတွေမှာ ကင်းပုန်းတွေချထားသလို အခြားမြို့နယ်တွေမှာလည်း ကားတွေနဲ့ ကင်းလှည့်တာတွေ မကြာခဏလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။ “သင်္ကြန်ပြီးကတည်းက မြို့ထဲမှာဆို (စစ်ကောင်စီတပ်သားတွေ)သိပ်တွေမတွေ့တော့ဘူး။ ဒါပေမယ့် ဒီရက်ထဲပြန်ပြီးကင်းတွေချထားတာသတိထားမိတယ်။ သုံးလေးရက်လောက်ရှိပြီ။ တစ်နေရာကို သုံးယောက်တစ်စု၊ လေးယောက်တစ်စုချထားတာ။ တချို့နေရာတွေမှာ ရဲတွေချည်းပဲ၊ တချို့နေရာတွေကျတော့ ရဲကော စစ်သားကော။ မော်တော်ပီကယ်ကင်းတဲတွေမှာလည်း စောင့်နေကြတာတွေရှိတယ်”လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်သားတွေဟာ ရန်ကုန်မြို့တွင်းနေရာတွေဖြစ်တဲ့ ဆူးလေလူကူးကုန်းတံတားအနီး၊ ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ သိမ်ဖြူလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်၊ ဗိုလ်မြတ်ထွန်းလမ်း […]
ရန်ကုန် – ၂၀၂၄ မေ ၈ (မော်ကွန်း) တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာရှိတဲ့ သရက်ချောင်းမြို့နယ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေတာကြောင့် မြိတ်-ထားဝယ် ကားလမ်းကို ပိတ်ထားရတယ်လို့ အဲဒီလမ်းကြောင်းကို အသုံးပြုနေတဲ့ ကုန်သည်တချို့က ပြောပါတယ်။ ယခုလ ၆ ရက်ကစပြီး သရက်ချောင်းမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကာ စစ်ကောင်စီတပ်ကလည်း လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်နေတယ်လို့ ထားဝယ်ဒေသထွက် ကုန်ပစ္စည်းတွေ ဖြန့်ချိရောင်းဝယ်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “လမ်းပိတ်တာ သုံးရက်လောက်ရှိပြီ။ ကားလေးတွေကတော့ တောလမ်းတွေက ဖြတ်သွားလို့တော့ ရတယ်။ Express ကားတွေ၊ ကုန်ကားတွေ သွားမရတော့ဘူး” လို့ အဲဒီ ဒေသခံက ပြောပါတယ်။ ဒေသတွင်း သတင်းတချို့မှာတော့ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ PDF […]
ရန်ကုန်- ၂၀၂၄ မေ ၈ (မော်ကွန်း) စစ်မှုထမ်းဖို့အရွယ်ကောင်းတွေဖြစ်တဲ့ အသက် ၂၃ နှစ်နဲ့ ၃၁ နှစ်ကြားအမျိုးသားတွေကလွဲရင် ကျန်သူတွေကို ပြည်ပအလုပ်လုပ်ခွင့် ပြန်လည်ခွင့်ပြုသွားမှာဖြစ်တယ်လို့ အလုပ်အကိုင်အေဂျင်စီတချို့ကပြောပါတယ်။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနဟာ ယခုလ ၁ ရက်နေ့က စပြီးတော့ အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ကို အကန့်သတ်မရှိ ပိတ်ထားတယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောခဲ့ပြီးနောက် လက်ရှိမှာ အသက်ကန့်သတ်ချက်နဲ့ ပြန်ခွင့်ပြုပေးသွားဖို့ စီစဉ်နေတာပါ။ ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်ခွင့်ပြုတဲ့ အသက်ကန့်သတ်ချက်ကို စစ်ကောင်စီရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့ချုပ် (Myanmar Overseas Employment Agencies Federation-MOEAF) ဆီကို မနေ့က ပေးပို့ခဲ့တာပါ။ “သူတို့ တရားဝင်စာထုတ်တာတော့မဟုတ်ဘူး၊ MOEAF ကနေတစ်ဆင့် အေဂျင်စီတွေဆီ အကြောင်းကြားထားတာ” လို့ ကိုရီးယားအလုပ်အကိုင် အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက […]
ရန်ကုန် – ၂၀၂၄ မေ ၇ (မော်ကွန်း) အမျိုးသားတွေကို ပြည်ပမှာအလုပ်လုပ်ကိုင်ခွင့်ပိတ်လိုက်ပြီးနောက် အလုပ်အကိုင်အေဂျင်စီတွေဆီက ငွေပြန်အမ်းဖို့ အလုပ်သမားတွေက တောင်းဆိုလာတာကြောင့် အေဂျင်စီတွေအကျပ်ရိုက်နေတယ်လို့ အေဂျင်စီတချို့နဲ့ ပြည်ပကိုအလုပ်နဲ့ထွက်ခွာဖို့ပြင်ဆင်နေသူတချို့က ပြောပါတယ်။ စစ်ကောင်စီ အလုပ်သမားရေးဝန်ကြီးဌာနဟာ ယခုလကစတင်ပြီး အမျိုးသားတွေကို အလုပ်အကိုင်နဲ့ပြည်ပ စေလွှတ်မှုတွေ ယာယီရပ်ဆိုင်းမယ်လို့ သတင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။ အဲဒီပြောကြားချက်ကြောင့် ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်မယ့် လူငယ်တွေနဲ့ အလုပ်အကိုင်အေဂျင်စီတွေအကြား ရိုက်ခတ်မှုတွေလည်း ရှိလာခဲ့တာပါ။ “အကုန်လုံးကတော့ သို့လောသို့လော ဖြစ်နေကြတယ်။ သွားရမယ်ထင်တဲ့သူတွေလည်း ဆက်စောင့်နေကြတယ်၊ မသွားရဘူးထင်တဲ့သူတွေကလည်း အေးဂျင့်တွေဆီက ပိုက်ဆံပေးထားတဲ့သူတွေကတော့ ပြန်တောင်းနေကြတယ်။ မရရင်လည်း အလုပ်သမားဝန်ကြီးဌာနကို တိုင်မယ်တောမယ်တွေ တော်တော်တော့ အကျပ်ရိုက်နေကြတာပေါ့” လို့ ထိုင်းနိုင်ငံကို အလုပ်အကိုင်ရှာဖွေစေလွှတ်ပေးနေတဲ့ အေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ လက်ရှိမှာ ပြည်တွင်းက အစိုးရချင်း MoU […]
ရန်ကုန် – ၂၀၂၄ မေ ၆ (မော်ကွန်း) ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းသင်တန်း ဒုတိယအသုတ်အတွက် အသက် ၂၄ နှစ်ကနေ ၃၀ ကြား လူငယ်တွေရဲ့စာရင်းတွေကို အဓိကထားပြီးကောက်ယူနေတယ်လို့ ၎င်းမြို့နယ်တွေမှာ နေထိုင်သူတချို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတချို့က ပြောပါတယ်။ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံနဲံ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း စာရင်းကောက်ယူမှုတွေ လုပ်နေတယ်လို့ အဲဒီ မြို့နယ်တွေမှာ နေထိုင်သူတချို့က ပြောပါတယ်။ တောင်ဒဂုံမြို့နယ်မှာတော့ မနေ့ကစပြီး ရပ်ကွက်အပိုင်းအလိုက် ရာအိမ်မှူးတွေက တစ်အိမ်တက်ဆင်းလာရောက်ကာ အသက် ၂၄ နှစ်ကနေ ၃၀ ကြား လူငယ်စာရင်းကို ကောက်ယူသွားတယ်လို့ တောင်ဒဂုံ ၅၄ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “အရင်တစ်ခေါက်မဲပေါက်ပြီးသားလူတွေတော့ မကောက်တော့ဘူး၊ အခုက […]
ရန်ကုန် – ၂၀၂၄ မေ ၆ (မော်ကွန်း) အာရက္ခတပ်တော် (AA) ဟာ ဘူးသီးတောင်နဲ့ မောင်တောက စစ်ကောင်စီတပ်စခန်းတချို့ကို ယခုရက်ပိုင်းမှာ သိမ်းပိုက်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်လုံးကို ထိန်းချုပ်လိုက်ပြီဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ယခုနှစ် ဖေဖော်ဝါရီလဆန်းတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ ယခုလ ၂ ရက်နဲ့ ၃ ရက်မှာတော့ ဘူးသီးတောင်မြို့ အခြေစိုက် အမှတ် ၁၅ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် (စကခ ၁၅) နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ (၅၅၂)၊ (၅၆၄) ၊ (၅၆၅)နဲ့ (၅၅၁) တပ်တွေကို သိမ်းပိုက်ခဲ့တယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက […]
မုံရွာ-၂၀၂၄ မေ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ရပ်ကွက်တွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက ညပိုင်းတွေမှာ စစ်မှုထမ်းဖို့အတွက် လာရောက်ခေါ်ဆောင်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြို့ခံတချို့နဲ့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက မော်ကွန်းကိုပြောပါတယ်။ မုံရွာမြို့တောင်ဘက်က ရပ်ကွက်တွေထဲကို ညပိုင်းမီးပြတ်ချိန်တွေမှာ အိမ်စီးကားတွေနဲ့လာရောက်ကာ သန်းခေါင်စာရင်းစစ်ပြီး စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေကို တစ်ခါတည်းခေါ်ဆောင်တာတွေလုပ်နေတာလို့ အောင်ဇေယျုံရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်သားတွေအများကြီးလာပြီး လူဖမ်းသလိုမျိုးပဲ။ ခေါင်းစွပ်တွေနဲ့ မျက်လုံးပဲဖော်ထားတာ။ တနေ့ကညပိုင်းက အိမ်စီးကားခုနစ်စီးနဲ့ တစ်စီးကို စစ်သားခြောက်ယောက်ခုနစ်ယောက်ပါတယ်။ သူတို့က မဲတွေဘာတွေမနှိုက်တောဘူး။ အိမ်ထောင်စုဇယားကိုစစ်တယ်။ အဲဒီထဲမှာပါတဲ့လူတွေထဲက သူတို့လိုချင်တဲ့အသက်အရွယ်ဆို တန်းခေါ်သွားတာ။ မင်းတို့ကို အလကားခေါ်တာမဟုတ်ဘူး။ တစ်လငါးသိန်းပေးမှာလို့ပြောပြီးခေါ်သွားတာ” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ မုံရွာမြို့တောင်ဘက်က ရပ်ကွက်တွေဖြစ်တဲ့ အေးခို၊ အေးသာယာ၊ အောင်ဇေယျုံ စတဲ့ရပ်ကွက်သုံးခုကို နှစ်ရက်ဆက်တိုက်ညပိုင်းတွေဝင်ပြီး လူငယ်တွေကို […]
စစ်ကိုင်း-၂၀၂၄ မေ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အောင်ချမ်းသာရွာက သားအဖနှစ်ဦးကို စစ်ကောင်စီတပ်တွေက အခုလ ၁ ရက်က ဖမ်းဆီးခဲ့ပြီး နောက်ရက်မှာ သားဖြစ်သူကို သတ်ပစ်လိုက်တယ်လို့ ဒေသခံတချို့က မော်ကွန်းကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ အခုလ ၁ရက် နေ့လယ်ပိုင်းက အောင်ချမ်းသာရွာသား ဦးညွန့်ဝေရဲ့ အသက် ၂၀ အရွယ်သားဖြစ်သူဖုန်းကို ယူစစ်ပြီးနောက် သားအဖနှစ်ဦးစလုံးကို စစ်ကိုင်းမြို့အခြေစိုက် အမှတ် ၃၃ ခြေမြန်တပ်မကို ဖမ်းခေါ်သွားပြီးနောက် သားဖြစ်သူကိုသတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ “ဦးညွန့်ဝေရဲ့ သားဖုန်းကိုသူတို့ကယူစစ်တော့ အာဏာသိမ်းစတုန်းက ရိုက်ထားတဲ့ပုံတွေတွေ့တယ်ပြောတယ်။ ပြီးတော့ PDF တွေနဲ့ဆက်သွယ်ထားတာတွေ့တယ်ဆိုပြီးဖမ်းတာ။ သူ့အဖေကိုကျ သားဖြစ်သူဒါတွေလုပ်နေတာ မသိရကောင်းလားဆိုပြီး ရိုက်နှက်ပြီး နှစ်ယောက်လုံးကိုဖမ်းခေါ်သွားလိုက်တာ။ မနေ့ကညပိုင်းကျတော့ ရွာကိုလာပြောတာ အဲဒီကောင်လေးသေပြီတဲ့။ ရိုက်နှက်စစ်ရင်းလက်လွန်တာနေမှာ။ ဘာလို့သေတယ်ဆိုတာ သေချာမသိရဘူး။ […]
ရန်ကုန်-၂၀၂၄ မေ ၃ (မော်ကွန်း) မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း နေအိမ်ပေါင်း လေးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ဧပြီတစ်လအတွင်းမီးရှို့ခံရတဲ့ နေအိမ်တွေဟာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက အိမ်ခြေ ၁,၅၀၀၊ မန္တလေးတိုင်းအတွင်းက ၁,၂၂၀၊ စစ်ကိုင်းတိုင်းက ၉၉၇လုံးနဲ့ မကွေးတိုင်းက ၂၂၉ လုံး စုစုပေါင်း အိမ်ခြေ ၃,၉၆၀ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar က ဆိုပါတယ်။ စစ်ကိုင်းမြို့အနီးက ကျေးရွာတစ်ရွာဖြစ်တဲ့ ညောင်ပင်ဇင်ရွာကိုလည်း ဧပြီလပထမပတ်တုန်းက စစ်ကောင်စီတပ်သားတွေက စီးနင်းမီးရှို့ခဲ့သေးတယ်လို့ ရွာခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “သူတို့(စစ်ကောင်စီတပ်သားတွေ)က ရွာထဲမှာ ထောက်ပို့အိမ်ရှိတယ်ဆိုပြီး ညနေပိုင်း ဝင်စီးတာ၊ စစ်သားတွေအများကြီးပါတယ်။ အဲဒီအိမ်တွေက […]
ရန်ကုန် – ၂၀၂၄ မေ ၂ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်ပေးထားပေမယ့် အွန်လိုင်းစနစ်တွေ မလုပ်ဆောင်နိုင်သေးတာကြောင့် ကုန်သွယ်ရေးနဲ့ အကောက်အခွန်ဆိုင်ရာလုပ်ငန်းတွေ ကြန့်ကြာနေတယ်လို့ မြဝတီနယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူတချို့က ပြောပါတယ်။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့က အမှတ်(၂) ချစ်ကြည်ရေးတံတားကို ဧပြီ ၃၀ ရက်က ပြန်လည်ဖွင့်ပေးခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက မြဝတီမြို့မှာဖြစ်ပွားထားတဲ့ တိုက်ပွဲအပျက်အစီးတွေကြောင့် ကုန်သွယ်ရေးဇုန်ဟာ ပုံမှန်အတိုင်း မလည်ပတ်နိုင်သေးဘဲ ကုန်တင်ကားတစ်စီးချင်းစီ တန်းစီစနစ် (Manual စနစ်) နဲ့ လုပ်ဆောင်နေတာကြောင့် ကုန်စည်တွေဖြတ်သန်းရာမှာ ပုံမှန်ထက်ကြန့်ကြာနေတာလို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ “Manual ကတော့ အရင် စနစ်တွေ မသုံးခင်က သုံးနေတဲ့ စနစ်ဆိုတော့ မြဝတီအတွက်ကတော့ အထွေအထူးတော့ မဟုတ်ဘူးပေါ့၊ […]
မုံရွာ-၂၀၂၄ မေ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မနေ့ကညနေ ၄ နာရီဝန်းကျင်က လေပြင်းတိုက်ပြီး မိုးရွာတာကြောင့် သစ်ပင်တွေလဲပြီး ဓာတ်တိုင်တွေပါကျိုးလို့ နေအိမ်တချို့ပျက်စီးခဲ့သလို လူသေဆုံးမှုလည်း ရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ လူမှုကူညီရေးအသင်းတချို့က မော်ကွန်းကိုပြောပါတယ်။ “သုံးနာရီကျော် လေးနာရီလောက်က စပြီးလေပြင်းတွေတိုက်၊ မိုးတွေရွာတာ။ သစ်ပင်တွေကော၊ ဓာတ်တိုင်တွေကောအများကြီးလဲကုန်လို့ အခုထိမီးမလာဘူး။ လေလည်း ပြင်းတယ်၊ မိုးကြိုးတွေကောပစ်တာ။ ကန်သာယာဘေးဆို ဓာတ်တိုင်တွေအကုန်နီးပါးကျိုးကုန်တာ” လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။ မုံရွာမြို့ပေါ်မှာ လေပြင်းတိုက်ခက်ချိန် နေအိမ်ပေါ်သစ်ကိုင်းကျိုးကျလို့ အိမ်ထဲမှာရှိနေတဲ့ ကလေးငယ်တစ်ဦးအပေါ် ထုတ်တန်းပြုတ်ကျတာကြောင့် ဆေးရုံပို့ခဲ့ပေမယ့် ညပိုင်းမှာဆုံးပါးသွားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့)ကလည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ မနေ့ကလေပြင်းတိုက်ထားတဲ့ဒဏ်ကြောင့် သစ်ပင်တွေလဲကျနေလို့ ကူညီရေးဆက်လုပ်နေရတယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မြို့ထဲလည်း နေရာအနှံ့ သစ်ပင်ကြီးတွေကျိုးကျတာ၊ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."