မော်လမြိုင်-၂၀၂၄ မေ ၂၃ (မော်ကွန်း) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မစောတံတား ဒီနေ့မနက် ၅:၀၀ ဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံရလို့ တစ်ဦးသေပြီး သုံးဦးဒဏ်ရာရသလို ကားလမ်းတွေလည်းပိတ်သွားပြီလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။ “တံတားက လုံးဝကျိုးသွားတော့ တံတားပေါ်သွားလာနေတဲ့ ဆိုင်ကယ်သုံးစီးနဲ့ လူလေးဦး ပြုတ်ကျသွားတာ။ တစ်ယောက်က သေသွားတယ်။ ကျန်တဲ့သုံးယောက်က ဒဏ်ရာပြင်းထန်တယ်။ဘီးလင်းပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်။ လမ်းပိုင်းကတော့ တံတားကျိုးသွားလို့ ကားတွေပိတ်နေတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။ မစောတံတားဟာ ဘီးလင်းနဲ့ကျိုက်ကော်ကြား တောင်ကလေးရွာအနီးမှာရှိပြီး အခုလ ၁၁ ရက်က ထပ်မံမိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားအနီးမှာရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မစောတံတားကို ဘယ်အဖွဲ့ကမိုင်းထောင်ဖျက်ဆီးခဲ့တယ်ဆိုတာ မသိရသေးသလို အဲဒီတံတားအနီးမှာလည်း ကားတွေပိတ်ဆို့နေပြီး ကားသေးတချို့ကတော့ ကျေးရွာချင်းဆက်လမ်းတွေကနေ သွားဖို့လုပ်နေကြတယ်လို့ ဆိုကြပါတယ်။ အခုလ ၁၁ ရက်ကလည်း ကျုံအိတ်တံတားမိုင်းခွဲခံရလို့ ကုန်ကားတွေနဲ့ […]
ရန်ကုန်-၂၀၂၄ မေ ၂၁ (မော်ကွန်း) ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဆင့်ခေါ်ခံရသူတွေ လာရောက်ဖို့ပျက်ကွက်ရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောပါတယ်။ အဲဒီ့အပြင် စစ်မှုထမ်းသင်တန်းအပတ်စဉ် ၃ အတွက် လျာထားချက်ပြည့်မီအောင်ဆောင်ရွက်နိုင်ရေး ကြိုတင်စီမံထားကြဖို့လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌတွေကို မှာကြားခဲ့ပါသေးတယ်။ ရန်ကုန်တိုင်းစစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက“စစ်မှုမထမ်းချင်လို့မရဘူး၊ ဘယ်လိုမှရှောင်မရဘူးလေ။ မင်းတို့အခုရှောင်လည်း နောက်ကျပါမှာပဲ။ စာရင်းပါလို့ထွက်ပြေးတာ၊ ရှောင်တာဆိုရင် မိရင်ထောင်လည်းကျမယ်။ ထောင်ကပြန်လွတ်ရင်လည်း စစ်ထဲတန်းဝင်ရမှာပဲလေ။ ဒါကရေရှည်လုပ်ထားတာဆိုတော့ ဘယ်လိုမှရှောင်လို့မရဘူး” လို့ ပြောပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၂၃ အရ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ်သုံးနှစ်နဲ့ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အခုနှစ်ဖေဖော်ဝါရီက အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် […]
ရန်ကုန် – မေ ၂၁ (မော်ကွန်း) စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တံဆိပ်တုံးပါဝင်တဲ့ နိုတြီဘာသာပြန် စာရွက်စာတမ်းပြုလုပ်ရာမှာ ပွဲစားတွေနဲ့ လုပ်ကိုင်နေရပြီး နိုတြီတစ်စောင်ကို ကျပ်တစ်သိန်းထိ ပေါက်ဈေးဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတချို့က ပြောပါတယ်။ ပြည်ပမှာ အအလုပ်လုပ်ကိုင်ဖို့နဲ့ ကျောင်းတက်ဖို့ မြန်မာနိုင်ငံက ဘွဲ့လက်မှတ်၊ ကျောင်းဆင်းလက်မှတ်၊ မွေးစာရင်း၊ လက်ထပ်စာချုပ် အစရှိတဲ့ အထောက်အထားတွေကို ပြည်ပမှာအသုံးပြုနိုင်အောင်ဘာသာပြန်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အသိအမှတ်ပြုကြောင်း တံဆိပ်တုံး ထုရတာဖြစ်ပါတယ်။ အဲဒီစာရွက်စာတမ်းတွေကို နိုတြီလုပ်ပိုင်ခွင့်ရ တရားလွှတ်တော်ရှေ့နေတွေကတစ်ဆင့် ဘာသာပြန်ဆိုရတာဖြစ်ပြီး ဘာသာပြန်ခ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတံဆိပ်တုံးထုအပြီးအစီးကို တစ်စောင် ကျပ်တစ်သိန်းဝန်းကျင်ထိ ရှိနေတာပါ။ ရန်ကုန်ပြည်လမ်းမှာရှိတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုလည်း အပြင်လူအဝင်မခံဘဲ ပွဲစားတွေနဲ့ပဲ တံဆိပ်တုံးထုပေးနေတယ်လို့ ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေသူတချို့က ပြောပါတယ် “ပွဲစားနဲ့မဟုတ်ဘဲ ကိုယ့်ဘာသာလုပ်ရင် ဟိုဟာလိုတယ်၊ ဒီဟာလိုတယ်၊ မှားနေတယ်ဆိုပြီရစ်တာ။ သူတို့လူတွေ […]
စစ်တွေ၊ ၂၀၂၄၊ မေ ၂၀ (မော်ကွန်း) အာရက္ခတပ်တော် AA အပေါ် RSO၊ ARSA နဲ့ ARA အဖွဲ့အစည်းတွေနဲ့ဆက်နွယ်နေတဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်းတွေကစွပ်စွဲနေတာတွေဟာ မြေပြင်အခြေအနေနဲ့ကွဲလွဲနေသလို ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖြစ်စေချင်တဲ့ လူမျိုးရေးပဋိပက္ခကို အားပေးရာရောက်တယ်လို့ AA က ဒီနေ့ ထုတ်ပြန်ကန့်ကွက်ပါတယ်။ ဘူးသီးတောင်မှာ မေ ၁၇ ရက်က နေအိမ်တွေမီးလောင်တာဟာ စစ်ကောင်စီက ညဘက်ကြီး လေကြောင်းကနေ ဗုံးကြဲခဲ့လို့ဖြစ်ပြီး ဒါကို AA ကလုပ်သလို နိုင်ငံတကာရောက် ရိုဟင်ဂျာအရေးတက်ကြွသူတွေစွပ်စွဲတာဟာ မမှန်ကန်ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်ကာတာ့ခ်(Volker Turk) က ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ ကို AA ထိန်းချုပ်ပြီးနောက် နေအိမ်တွေမီးလောင်တဲ့အပေါ် စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောအပြီးမှာ AA ဘက်က အခုလိုတုန့်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ […]
ရန်ကုန်- ၂၀၂၄ မေ ၂၀ (မော်ကွန်း) အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၅၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်သွားပြီး ဈေးကွက်အတွင်း အရောင်း၊ အဝယ်တွေလည်း ရပ်ဆိုင်းထားရတယ်လို့ ရွှေလုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဒီလဆန်းမှာ တစ်ကျပ်သားကို ကျပ် ၄၇ သိန်းကျော်ကို ရောက်လာတဲ့ အခေါက်ရွှေဈေးဟာ သီတင်းပတ်သုံးပတ်အတွင်းမှာပဲ ကျပ်လေးသိန်းကျော် ထပ်မံမြင့်တက်ခဲ့တာပါ။ လက်ရှိမှာ ရွှေဈေးကွက်မတည်မငြိမ်ဖြစ်နေပြီး ဒီနေ့ညနေပိုင်း ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅၁ သိန်း တစ်သောင်းကျော်ထိ ရှိလာကာ ရွှေဆိုင်တွေကလည်း အရောင်းအဝယ် ယာယီရပ်လိုက်တယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။ အခုလို ပြည်တွင်းရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေဈေးမြင့်တက်မှု၊ ဒေါ်လာဈေးမြင့်တက်နေမှုတွေအပြင် နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခြေအနေတွေကြောင့်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။ “အခုတော့ ဆိုင်တွေပါ ပိတ်ထားရတယ်။ […]
ယင်းမာပင်-၂၀၂၄ မေ ၁၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့တစ်ဖက်ကမ်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနီးက ရွှေတောင်ဦးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲခြောက်ဦးသေသွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “ ရဲခြောက်ယောက်သေတယ်။ သေနတ်ငါးလက်ရတယ်။ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်တယ်လို့ ကျွန်တော်တို့ ကနဦးသတင်းရထားပါတယ်” လို့ သူကပြောပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေတင်ဆက်နေတဲ့ People Media မှာလည်း ရွှေတောင်ဦးက ရဲခြောက်ဦးဟာ အောင်ဇေယျမြို့သစ်ကို ကားနဲ့ ဈေးဝယ်သွားတဲ့အချိန် ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ခဲ့တာလို့ ဆိုထားပါတယ်။ အဲဒီပစ်ခတ်မှုကြောင့် အောင်ဇေယျရဲကင်းစခန်းမှူး ဒုရဲအုပ်ရဲဌေးဦးအပါအဝင်ခြောက်ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေပါသွားတယ်လို့ ဆိုထားပါတယ်။ စစ်ကောင်စီလက်အောက်ခံရဲတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ရွှေတောင်ဦးကုန်းနဲ့ အနီးနားပတ်ဝန်းကျင်ကို လာရောက်စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ယင်းမာပင်ဒေသခံတွေကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ မနှစ်က […]
ရန်ကုန် – ၂၀၂၄ မေ ၁၇ (မော်ကွန်း) စက်သုံးဆီဈေးနဲ့ ယာဉ်ပြင်ဆင်စရိတ်တွေ မြင့်တက်လာတာကြောင့် ရန်ကုန်မြို့တွင်း ကွန်တင်နာယာဉ်ငှားရမ်းခတွေ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကုန်တင်ယာဉ်ပိုင်ရှင်တချို့က ပြောပါတယ်။ ကွန်တင်နာယာဉ် ငှားရမ်းခတွေဟာ ပြီးခဲ့တဲ့နှစ် မတ်လပိုင်းကလည်း မြင့်တက်လာတဲ့ စက်သုံးဆီဈေးကြောင့် တစ်ကြိမ်တိုးမြှင့်သတ်မှတ်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တာပါ။ ကွန်တင်နာသေတ္တာတွေကို ကားပေါ်တင်တာ အလုံးချိန်းတာ စတဲ့အခြေခံယာဉ်းငှါးခနှုန်းထားဟာ မနှစ်တုန်းကတော့ ပေ ၂၀ တစ်စီးကို ကျပ် တစ်သိန်း သတ်မှတ်ထားရာကနေ လက်ရှိမှာ ကျပ်တစ်သိန်းခွဲ ကျသင့်မှာဖြစ်ပြီး ပေ ၄၀ ယာဉ်တစ်စီးကိုတော့ မနှစ်ကတော့ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းတစ်သောင်းကျပ်ကို ယခုလ ၂၀ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ မြန်မာနိုင်ငံ ကုန်သေတ္တာတင် မော်ယာဉ်များအသင်း (Myanmar Container Trucking Association) က […]
ရန်ကုန် – ၂၀၂၄ မေ ၁၇ (မော်ကွန်း) တိုက်ပွဲတွေကြောင့် ကားလမ်းပိတ်နေတာ နှစ်လကျော်ကြာနေတဲ့ ပူတာအိုမြို့မှာ အခြေခံစားသောက်ကုန်တွေ ဝယ်လို့မရဘဲပြတ်လပ်နေတာကြောင့် ရေရှည်မှာ အငတ်ဘေးဆိုက်နိုင်တဲ့ အခြေအနေတွေဖြစ်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်အဖျား ပူတာအိုမြို့ကို ဆက်သွယ်ထားတဲ မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းတစ်လျှောက်မှာ ယခုနှစ်မတ်လဆန်းပိုင်းလောက်ထဲက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေတာ လက်ရှိနဲ့ဆို နှစ်လခွဲနီးပါးထိ ရှိနေတာပါ။ ဒေသတွင်း ကုန်စည်စီးဆင်းမှု ရပ်တန့်နေကြောင့် ပူတာအိုမြို့မှာ ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်ဥ အစရှိတဲ့ အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီတွေလည်းရှားပါးနေကာ ဈေးတွေခေါင်ခိုက်နေတာပါ။ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး စတဲ့မြို့တွေဟာ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းက ကုန်စည်အဝင်ကိုပဲ […]
ရန်ကုန် – ၂၀၂၄ မေ ၁၆ (မော်ကွန်း) ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းနဲ့ ဒဂုံအရှေ့မြို့နယ်တွေက ရပ်ကွက်တချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက မူးယစ်ဆေးဝါးတွေနဲ့အတူ လူငယ်တချို့ကို ယခုလအတွင်း ဖမ်းဆီးခဲ့တာရှိပြီး အဲဒီလူငယ်တွေကို စစ်သင်တန်းပို့လွှတ်ခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက မော်ကွန်းကိုပြောပါတယ်။ တချို့လူငယ်တွေဟာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိတယ်ဆိုကာ ဖိအားပေးလာတာကြောင့် ရွေးချယ်စရာမရှိတဲ့အတွက် သင်တန်းပါသွားတယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့ အဲဒီဘက်တွေမှာ စစ်တပ်နဲ့ သိမ်းငှက်အဖွဲ့ဆိုတဲ့ ပြည်သူ့စစ်တွေ ကင်းပတ်တာ၊ လိုက်စစ်တာတွေရှိတယ်။ အဲဒီမှာ အသီး (WY) တွေနဲ့ မိတဲ့ လူငယ်တွေရှိတယ်။ အဲဒီမိတဲ့ထဲက လူငယ်တွေထဲက တချို့တော့ စစ်ထဲဝင်မလား ထောင်ထဲသွားမလားဆိုပြီး အတင်းပို့တာရှိတယ်” လို့ ၎င်းက […]
ရန်ကုန်-၂၀၂၄ မေ ၁၆ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ အခုလအတွင်း စစ်ကောင်စီတပ်တွေက ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ဆက်တိုက်ပြန်လုပ်ဆောင်လာပြီး ဖမ်းဆီးမှုတွေလည်းရှိတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တချို့က မော်ကွန်းကိုပြောပါတယ်။ “ရှေ့တစ်ပတ်တုန်းက ရပ်ကွက်ထဲမှာ ည ၁၀ နာရီလောက်ကစစစ်တာ တစ်ညလုံးနီးပါးပဲ။ မနက်လေးနာရီလောက်မှ အိမ်ပြန်ရတယ်။ ဧည့်စာရင်း ရက်ကျော်တာတွေ၊ မတိုင်ထားတဲ့သူတွေအကုန်ဖမ်းတာ အယောက်လေးဆယ်ကျော်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့သူတွေကို ရဲစခန်းခေါ်သွားပြီး မနက်မှ တရားရုံးကနေ ဧည့်စာရင်းမတိုင်လို့ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးတာ” လို့ တောင်ဥက္ကလာပမြို့နယ်ထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ ရန်ကုန်မြေပြင်ကင်းထောက်ချန်နယ်တွေမှာလည်း စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုကြပါတယ်။ ရန်ကင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးကလည်း “ ဧည့်စာရင်းတိုင်ရင် အုပ်ကြီးနဲ့ရုံးအဖွဲ့တွေက ရက်မကျော်ဖို့ ခဏတိုင်းသတိပေးတယ်။ […]
ယင်းမာပင်-၂၀၂၄ မေ ၁၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်ကြေးနီစီမံကိန်းတွေဖြစ်တဲ့ မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ လုပ်ဆောင်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အင်အားစုတွေက မနေ့ကတောင်းဆိုလိုက်ပါတယ်။ “အဲဒီလုပ်ငန်းရဲ့ ရတဲ့အရာတွေအားလုံးကလည်း တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားပဲဖြစ်တယ်။ အဲဒီလိုလည်ပတ်ဖို့ကြိုးစားနေတဲ့ အခင်းအကျင်းသည် ကျွန်တော်တို့ပြည်သူလူထုကို သတ်ဖြတ်နေတဲ့ စစ်တပ်အတွက် ဝင်ငွေရသွားစေတဲ့ အခြေအနေပဲဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က အဲဒီကိစ္စတွေအပေါ်မှာ လက်ခံနိုင်စရာမရှိကြောင်းကို သပိတ်အင်အားစုတွေက ပြည်သူလူထုအသံအနေနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်” လို့ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ တာဝန်ခံ ကိုလွမ်းသူက ပြောပါတယ်။ တရုတ်ကြေးနီစီမံကိန်းတွေက အလုပ်သမားအများစုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ လုပ်ငန်းတွေဒီနေ့အထိ ရပ်တန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိအချိန်မှာတော့ […]
ရန်ကုန် – ၂၀၂၄ မေ ၁၅ (မော်ကွန်း) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က ရာအိမ်မှူးတစ်ဦးဟာ ဒုတိယအသုတ်ခေါ်ယူမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းစာရင်းမှာ သားဖြစ်သူပါသွားတဲ့အတွက် အဖေရောသားပါ နေအိမ်ကနေတိမ်းရှောင်နေတယ်လို့ အဲဒီရပ်ကွက်မှာနေသူတချို့က ပြောပါတယ်။ “ အရင်တခေါက်က လူငယ်တွေကို သူကိုယ်တိုင် မဲဖောက်ခဲ့တာ။ အခု သူ့သားအလှည့်ကျမှ သားကလည်း မဝင်ချင်တော့ ထွက်ပြေးတယ်။ ရာအိမ်မှူးလည်း ရှောင်သွားတယ်” လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ သူ့အမည်နဲ့ နေထိုင်ရာရပ်ကွက်ကို လုံခြုံရေးအရ မဖော်ပြဖို့ ဒီအကြောင်းကိုသိတဲ့ အထက်ပါရပ်ကွက်နေသူက တောင်းဆိုပါတယ်။ စစ်မှုထမ်း ဒုတိယသုတ်အတွက် ပြီးခဲ့တဲ့ရက်တွေတုန်းက တောင်ဒဂုံမြို့နယ်အတွင်းမှာ နေထိုင်တဲ့ အသက် ၂၄ နဲ့ ၃၀ ကြား လူငယ်တွေရဲ့ စာရင်းကို ပြုစုခဲ့ပြီး အသက် ၂၅ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."