သတင်းများ

သံတွဲမြို့အနီးမှာ စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေပိုပြီးခပ်စိပ်စိပ်ဖြစ်လာ

May 14, 2024

ရန်ကုန် – ၂၀၂၄ မေ ၁၄ (မော်ကွန်း) ရခိုင်တောင်ပိုင်း သံတွဲမြို့အနီးမှာ တိုက်ပွဲတွေ ယခင်ကထက် ပိုပြီးခပ်စိပ်စိပ်ဖြစ်လာကာ စစ်ကောင်စီတပ်ကလည်း နေ့စဉ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ သံတွဲဒေသခံတချို့က ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း သံတွဲမြို့အနီး ပင်လယ်ပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ သံတွဲမြို့နယ် ဂျိတ်တောကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ “ဒီနေ့တော့ နှစ်ချက်၊ အနီးဆုံးကြားရတယ်။ နေဗီဘက်က ပစ်လိုက်တာကြားရတယ်။ ကျွန်တော်တို့နဲ့ ခပ်ဝေးဝေးနေရာကတော့ သုံးလေးချက်ကြားလိုက်ရတယ်။ လက်ရှိ သံတွဲ ငပလီမြို့ဘက်တော့ တိုက်ပွဲဖြစ်တာမရှိပါဘူး။ အခုဖြစ်နေတာ သံတွဲနဲ့ ၁၀ မိုင်လောက်တော့ ဝေးတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။ သံတွဲမြို့နယ်မှာ ယခုနှစ်ဧပြီ သင်္ကြန်မတိုင်မီကာလမှာ […]

အပြည့်အစုံဖတ်ရန်

မံစီမြို့မှာ KIA နဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေလို့ ဒေသခံရာချီစစ်ရှောင်နေရ

May 14, 2024

ရန်ကုန် – ၂၀၂၄ မေ ၁၄ (မော်ကွန်း) ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ မနေ့ကစပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တွေ မြို့ပေါ်ထိ တိုက်ပွဲတွေပြင်းထန်နေလို့ ဒေသခံရာနဲ့ချီစစ်ရှောင်နေရတယ်လို့ ဒေသခံတချို့က‌ ပြောပါတယ်။ မနေ့မနက်ပိုင်းကစပြီး မံစီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေကို KIA နဲ့ မဟာမိတ် တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ ပစ်ခတ်မှုတွေကြောင့် မံစီမြို့ပေါ်လူနေရပ်ကွက်တွေအထိ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ပြီး တိုက်ပွဲဖြစ်တဲ့ နေရာတွေဖြစ်တဲ့ မံစီမြို့မရဲစခန်းအနီးနဲ့ မံစီအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၆၀၁ အနီးပတ်ဝန်းကျင်က ဒေသခံရာနဲ့ချီကာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မံစီမြို့နယ်က ဒေသခံတစ်ဦးကတော့ “ဒီမနက်တော့ နည်းနည်းငြိမ်သွားပြီ၊ မနေ့ကရယ် ညကရယ် တစ်ညလုံး ပစ်နေတာပါ။ ရပ်ကွက်တွေထဲထိ အိမ်တွေပါ လက်နက်ကြီးထိတဲ့အိမ်ထိတယ်။ […]

အပြည့်အစုံဖတ်ရန်

ကျုံအိတ်တံတားထပ်မံမိုင်းခွဲခံရတာကြောင့် ရန်ကုန်-မော်လမြိုင်-ဖားအံ အဝေးပြေးယာဉ်တွေ ယနေ့ထိရပ်ဆိုင်းထားရ

May 14, 2024

ရန်ကုန်-၂၀၂၄ မေ ၁၄ (မော်ကွန်း) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ပျက်စီးနေတာကြောင့် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ဘားအံ အဝေးပြေးကားတွေ ဒီနေ့အထိ ပြေးဆွဲမှုရပ်နားထားတယ်လို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတွေက ပြောပါတယ်။ မနှစ်က မိုင်းခွဲခံရလို့ပျက်စီးသွားတဲ့ ကျုံအိတ်တံတားဟာ အခုလ ၁၁ ရက် မနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံရတာကြောင့် အသစ်ထိုးထားတဲ့ ဘေလီတံတားပါ ကျိုးကျပျက်စီးခဲ့တာပါ။ “ လမ်းကြောင်းအခြေအနေပေါ်မူတည်သေးတယ်။ ပြန်ထွက်မယ့်ရက် အတိအကျတော့ ပြောလို့မရသေးပါဘူး။ လမ်းကြောင်းကောင်းရင်ပြန်ထွက်ပါမယ်” လို့ မန္တလာမင်း အဝေးပြေးယာဉ်လိုင်း လက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ အိမ်စီးကားတွေ၊ လူနာတင်ကားတွေ၊ ခရီးသည်တင်ယာဉ်တချို့နဲ့ ကုန်တင်ကားတချို့က ကျုံအိတ်တံတားကို ရှောင်ပြီးသွားရတဲ့ ကျေးရွာချင်းဆက်လမ်းကနေ သွားလာနေကြတာဖြစ်ပြီး အဲဒီလမ်းလွှဲမှာလည်း တိုက်ပွဲတွေဖြစ်နေလို့ ကားလမ်းပိတ်ဆို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

သုဝဏ္ဏရဲစခန်းရှေ့ ဗုံးတွေ့လို့ လမ်းပိတ်ဆို့စစ်ဆေးနေ

May 13, 2024

ရန်ကုန်-၂၀၂၄ မေ ၁၂ (မော်ကွန်း) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရဲစခန်းအနီးမှာ ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးတွေ့လို့ဆိုပြီး စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ရဲစခန်းရှေ့က သံသုမာလမ်းကို ပိတ်ဆို့စစ်ဆေးနေပါတယ်။ စစ်ကောင်စီတပ်သားတွေနဲ့ ရဲအင်အားအများအပြားဟာ ရဲစခန်းရှေ့ သံသုမာလမ်းနဲ့ ကမာကြည်လမ်းထောင့်၊ သံသုမာလမ်းနဲ့ ပေါ်ဆန်းမွှေးလမ်းအထိ ရဲကားပိတ်ထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တာပါ။ “၄:၀၀ နာရီလောက်ကစပိတ်တာ၊ စခန်းနားမှာ ဗုံးတွေ့တယ်လို့ကြားတယ်။ စခန်းရှေ့နဲ့နောက်က ရပ်ကွက်တွေထဲ စစ်သားတွေက ဆိုင်ကယ်တွေနဲ့ပတ်နေတာ။ ကမာကြည်လမ်းနဲ့ ဈေးထောင့်ကိုလည်း ဘယ်သူမှသွားခွင့်မပေးတော့ဘူး။ ဘတ်စ်ကားတွေလည်း သွားခွင့်မပေးလို့ ရတဲ့လမ်းတွေကနေရှောင်သွားနေရတယ်”လို့ ရဲစခန်းအနီး နေထိုင်သူတစ်ဦးက သူမြင်တွေ့ရတာကို ပြောပါတယ်။ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက သုဝဏ္ဏရဲစခန်းရှေ့လမ်းမကို ပိတ်ဆို့ထားတာကြောင့် ရဲစခန်းအနီးမှာ ယာဉ်ကြောတွေပိတ်ဆို့နေတာ တစ်နာရီကျော်ရှိပြီလို့ ဒေသခံတွေကပြောကြပါတယ်။ ရန်ကုန်မြေပြက်ကင်းထောက်ချန်နယ်တွေမှာလည်း သုဝဏ္ဏရဲစခန်းအနီး ဗုံးတွေ့တာကြောင့် […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ မိုးထစ်ခြုန်းရွာသွန်း လမ်းမကြီးတွေပေါ်ရေကြီးရေလျှံ

May 11, 2024

ရန်ကုန်-၂၀၂၄ မေ ၁၁ (မော်ကွန်း) ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဒီနေ့ နေ့လယ် ၂နာရီဝန်းကျင်ကစပြီး မိုးသည်းထန်စွာရွာလို့ ‌လမ်းမကြီးတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာတာကြောင့် မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွလည်းဖြစ်နေတယ်လို့ ကန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။ “၂နာရီလောက်ကစရွာတာ၊ မိုးကြီးတယ်။မိုးတွေခြိမ်း၊ မိုးကြိုးတွကောပစ်တာ။ မြေနီကုန်းဆို ဗိုလ်ချုပ်ပန်းခြံကနေ ဒဂုံစင်တာထိရေတွေကြီးနေတာ။ တချို့နေရာတွေဆို ဒူးထိမြုပ်တယ်”လို့ သူကပြောပါတယ်။ ရန်ကုန်မြို့တွင်းက လှည်းတန်း၊ စမ်းချောင်း၊ တာမွေ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်စတဲ့မြို့နယ်တွေမှာ ကားလမ်းမတွေပေါ် ရေလျှံမှုတွေ လက်ရှိအချိန်ထိ ဖြစ်ပေါ်နေပါတယ်။ ပုံစာ-တာမွေနဲ့ မြေနီကုန်းတစ်ဝိုက်မှာ မိုးသည်းလို့ ရေကြီးရေလျှံမှုဖြစ်နေစဉ်။ ဓာတ်ပုံ-mawkun    

အပြည့်အစုံဖတ်ရန်

ဘီးလင်း ကျုံအိတ်တံတား ထပ်မံဖောက်ခွဲခံရလို့ ရန်ကုန်-မော်လမြိုင်လမ်းပြတ်တောက်

May 11, 2024

ရန်ကုန်-၂၀၂၄ မေ ၁၁ (မော်ကွန်း) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးက ကျုံအိတ်တံတား ဒီနေ့မနက်အစောပိုင်းက မိုင်းခွဲခံရပြီး တံတားကျိုးသွားလို့ ရန်ကုန်-မော်လမြိုင်ကားတွေ သွားမရတော့ဘူးလို့ ယာဉ်လိုင်းဂိတ်တွေနဲ့ ခရီးသည်တချို့က ပြောပါတယ်။ ကျုံအိတ်တံတားဟာ အရင်ကလည်း မိုင်းခွဲဖျက်ဆီးခံရလို့ လမ်းတစ်ဖက်ကို ဘေလီတံတားထိုးထားတာဖြစ်ပြီး ဒီနေ့မနက်က ထပ်မံမိုင်းခွဲခံရတာကြောင့် အဲဒီဘေလီတံတားပါကျိုးကျပျက်စီးခဲ့တာပါ။ ရန်ကုန်ကနေ မော်လမြိုင်ကို ခရီးသွားမယ့် သူတစ်ဦးကလည်း ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ကားလက်မှတ်ဖြတ်မရတော့ဘူးလို့ ပြောပါတယ်။ “မော်လမြိုင်ကို မနက်ဖြန်မနက်သွားဖို့ ကားလက်မှတ်ဖြတ်တာ၊ ဘယ်ဂိတ်မှဖြတ်မရဘူး။ တံတားကျိုးလို့တဲ့။ ကားပြန်ထွက်နိုင်မယ့်အချိန်တော့ မသိသေးဘူးလို့ပြောတယ်”လို့ သူကပြောပါတယ်။ မော်ကွန်းက အောင်မင်္ဂလာအဝေးပြေးကားဝင်းမှာရှိတဲ့ ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းတချို့ကို ဖုန်းဆက်မေးမြန်းရာမှာလည်း ကျုံအိတ်တံတားကျိုးလို့ ကားမထွက်သလို ဘယ်နေ့မှပြန်ထွက်နိုင်မယ်ဆိုတာလည်း မသိသေးဘူးလို့ ဆိုကြပါတယ်။ “မနက်ဖြန်ကားမထွက်ပါဘူး။ လမ်းမှာတံတားကျိုးလို့ ကားထွက်လို့မရပါဘူး”လို့ မန္တလာမင်း အဝေးပြေးကားလက်မှတ်အရောင်းဌာနက […]

အပြည့်အစုံဖတ်ရန်

မတ္တရာက အာဏာသိမ်းစစ်တပ်စခန်း တိုက်ခိုက်ခံရ၊ ဗိုလ်ကြီးအပါအဝင် စစ်သား ၁၂ဦး သေဆုံး

May 11, 2024

မတ္တရာ – ၂၀၂၄ မေ ၁၀ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာမှာရှိတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို MDY PDF က ဒီနေ့ နံနက် ၅း၀၀ အချိန် စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၅း၄၅မိနစ်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဗိုလ်ကြီးချစ်ခိုင်အပါအဝင်စစ်သား ၁၂ဦးသေဆုံးခဲ့ကြောင်း MDY PDF ကသိရပါတယ်။ ” ကျွန်တော်တို့နဲ့ တိုက်ပွဲ ဖြစ်နေစဥ်အတွင်းမှာ စစ်တပ်ဘက်က ကစဥ့်ကလျားနဲ့ထွက်ပြေးတာတွေရှိပါတယ်၊ အခုလက်ရှိတော့စခန်းကို ရှင်းလင်းရေးလုပ်ပြီး အောင်မြင်စွာ ပြန်လည်းဆုတ်ခွါခဲ့ပါပြီ”လို့ MDY PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကပြောပါတယ်။ အခုတိုက်ခိုက်ခံရတဲ့ စစ်စခန်းဟာ မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကပြည်သူတွေဆီကနေအဓမ္မငွေကြေးကောက်ခံနေတဲ့ စစ်တပ်ဂိတ်ဖြစ်တယ်လို့ သူကပြောပါတယ်။ တောင်တံငါကျေးရွာစခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်ကဗိုလ်ကြီးချစ်ခိုင် အပါအဝင်စစ်သား၁၂ဦးသေဆုံး ပြီး MDY PDF က […]

အပြည့်အစုံဖတ်ရန်

လွိုင်ကော်တက္ကသိုလ်ပါချုပ်အပါအဝင် ငါးဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြု

May 11, 2024

လွိုင်ကော်-၂၀၂၄ မေ ၁၀ (မော်ကွန်း) ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို အခုလ ၈ ရက်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီးနေရပ်ပြန်ပို့လိုက်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ခူပလူးရယ်က မော်ကွန်းကို ပြောပါတယ်။ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင်ငါးဦးကို လူသားချင်းစာနာထောက်ထားမှုကို ဦးတည်တဲ့အနေနဲ့ ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဥပဒေပုဒ်မ (၃၂) အရ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သူကအခုလိုပြောပါတယ်။ “အဓိကကတော့ ဒီလွတ်ငြိမ်းခွင့်နဲ့ သီးခြားစစ်ဆေးဘုတ်အဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုအရပေါ့နော်။ သူတို့ငါးဦးက ပြစ်ဒဏ်ကျခံနေတဲ့ ကာလအတွင်းမှာ စည်းကမ်းဖောက်ဖျက်မှု မရှိတာတွေတွေ့ရတယ်၊ ပူးပေါင်းဆောင်ရွက်တယ်ပေါ့နော်။ နောက်တစ်ဖက်ကလည်း သူတို့က အသက်ကြီးပြီး ကျန်းမာရေးကလည်း မကောင်းကြဘူးပေါ့နော်။ ဒီလိုအနေအထားတွေအပေါ်မှာ လူသားချင်းစာနာထောက်ထားမှုကို ဦးတည်တဲ့အနေနဲ့ အများရဲ့ဆုံးဖြတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်” ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြုလိုက်တဲ့သူတွေဟာ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်နိုင်၊ ဒေါ်မို့မို့ထွန်းနဲ့ ဒေါ်သီတာတို့ဖြစ်ပြီး […]

အပြည့်အစုံဖတ်ရန်

တောင်ငူလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်

May 11, 2024

တောင်ငူ-၂၀၂၄ မေ ၁၀ (မော်ကွန်း) စစ်ကောင်စီတပ်ရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ဒီနေ့မနက် ၄ နာရီဝန်းကျင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်တွေက အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်တာ၊ ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မော်ကွန်းကိုပြောပါတယ်။ “ပထမ ငါးလုံးပစ်လိုက်တဲ့အချိန်မှာပဲ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီးနှစ်လုံး တန်ပြန်ပစ်ပါတယ်။ နောက်ငါးလုံးထပ်ပစ်ပြီး ပြန်ဆုတ်ခဲ့တယ်။ လမ်းတလျှောက်လည်း စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ပါတယ်၊ လေယဥ်နဲ့လည်း ပစ်ခတ်သူတွေကို ပါတ်ပြီးရှာတယ်။ ထိခိုက်မှုပြင်းထန်နိုင်တယ်လို့ ခန့်မှန်းရပါတယ်” လို့ သူက ပြောပါတယ်။ တောင်ငူလေတပ်စခန်းဟာ ကရင်နီဒေသနဲ့ ကရင်ပြည်နယ်က ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ စစ်ကောင်စီက အဓိကအသုံးပြုတဲ့ စခန်းဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ MKCDFက ဆိုပါတယ်။ […]

အပြည့်အစုံဖတ်ရန်

နယ်စပ်မြို့တွေမှာ ပြည်ပထွက်ဖို့ စမတ်ကတ် အတုပြုလုပ်ပေးသူတွေရှိလာ

May 11, 2024

ရန်ကုန် – ၂၀၂၄ မေ ၁၀ (မော်ကွန်း) ပြည်ပထွက်ခွာမယ့်သူတွေ မဖြစ်မနေလိုအပ်တဲ့ နိုင်ငံသားစိစစ်မှု သီးသန့်အထောက်အထား UID (Unique Identity Number) ၊ (အရပ်အခေါ် စမတ်ကတ်) အတုပြုလုပ်ပေးသူတွေ မြို့နယ်တချို့မှာ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေသူတချို့က ပြောပါတယ်။ မတူညီတဲ့ ဂဏန်း ၁၀ လုံးနဲ့ မိမိရဲ့ ကိုယ်ရေးအချက်အလက်တွေ ပါဝင်တဲ့ UID ကတ်တွေကို စစ်ကောင်စီက နီးစပ်ရာ လဝကရုံးတွေမှာ အခမဲ့ လာရောက်လုပ်ဆောင်နိုင်တယ်လို့ ကြေညာထားပေးမယ့် တရုတ်နယ်စပ် မူဆယ်၊ ထိုင်းနယ်စပ် မြဝတီမြို့အပါအဝင် မြို့နယ်တချို့မှာ အခုလို UID ကတ် အတုပြုလုပ်တဲ့ပွဲစားတွေ ရှိလာတာပါ။ မူဆယ်မြို့ခံ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကတော့ အဆိုပါ UID ကတ်အတုတွေကို ပွဲစားတွေနဲ့ ပြုလုပ်ခဲ့ပြီး […]

အပြည့်အစုံဖတ်ရန်

မုံရွာက အမျိုးသမီးပျူစောထီးအဖွဲ့ဝင်သုံးဦးဖမ်းဆီးခံရ

May 10, 2024

မုံရွာ-၂၀၂၄ မေ ၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက အမျိုးသမီးပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်အပါအဝင် သုံးဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အခုလ ၄ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဖမ်းဆီးရာမှာပါဝင်ခဲ့တဲ့ Area 71 PDF Monywa က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့သူတွေဟာ တောပုရွာက အမျိုးသမီးပျူစောထီးအဖွဲ့ခေါင်းဆောင် မခိုင်ခင်ဦး၊ ပျူစောထီးအဖွဲ့ဝင် မမိသီးနဲ့ မအေးမြတ်မွန်တို့ ဖြစ်ပြီး သူတို့ကို သတ်ဖြတ်တာတွေလုပ်ဆောင်မှာ မဟုတ်ဘူးလို့ Area 71 PDF Monywa က သူတို့ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ ပြောဆိုထားပါတယ်။ “သူတို့ဘက်က (မမိသီးရဲ့)ကလေးလေးမိုင်းထိလို့ ဆေးရုံတက်ရာကနေ ဆင်းလာတဲ့အချိန် သတင်းကြိုရလို့ စောင့်ဖမ်းကြတာပါ။ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ကို အပ်လိုက်တယ်ဗျ။ တရားစီရင်ရေးအပိုင်းကတော့ NUG အစိုးရရဲ့ တရားရေးရာကနေ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မှာ နေရာကွက်ကြားမိုးထစ်ခြုန်းရွာ လေပြင်းတိုက်ပြီး မိုးသီးကြွေ

May 10, 2024

ရန်ကုန် – ၂၀၂၄ မေ ၉ (မော်ကွန်း) ဒီနေ့ မွန်းလွဲပိုင်းမှာ ရန်ကုန်တိုင်းက လှိုင်သာယာ၊ အင်းစိန် မြို့နယ်တွေမှာ လေပြင်းတိုက်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးသီးတွေပါကြွေကျခဲ့တယ်လို့ အဲဒီ မြို့နယ်တွေမှာနေထိုင်သူတချို့က ပြောပါတယ်။ ဒီနေ့မွန်းလွဲ သုံးနာရီခန့်ကစပြီး အဲဒီမြို့နယ်တွေမှာ ရုတ်တရတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာဖြစ်ပြီး မိုးသီးတွေပါ ကြွေကျတဲ့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ထဲက နေအိမ်တချို့လည်း အိမ်သွပ်မိုးတွေ လန်ခဲ့တယ်လို့ အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ရုတ်တရတ်ကြီး လေပြင်းတွေရော၊ မိုးရောကြီးတာ၊ မိုးသီးတွေလည်း ကြွေကျတာ၊ မသိရင် မုန်တိုင်းတိုက်သလိုပဲ” လို့ ၎င်းက ပြောပါတယ်။ အပူချိန်မြင့်တက်နေတဲ့ ရန်ကုန်တိုင်းထဲမှာ ကွက်ကြားမိုးရွာသွန်းခဲ့တာဖြစ်ပြီး မြို့နယ်တချို့မှာပဲ အခုလို ကြုံတွေ့ခဲ့ရတာပါ။ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု […]

အပြည့်အစုံဖတ်ရန်
1 … 60 61 62 63 64 65 66 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."