ကော့ကရိတ် – ၂၀၂၄ မေ ၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်က ကော့ကရိတ်မြို့ကို ပြန်လည်ရယူပြီးတဲ့နောက် မြို့မှာပြန်လည်နေထိုင်ကြဖို့ ခေါ်ယူနေပေမယ့် နေဖို့မဖြစ်နိုင်ကြောင်း စစ်ရှောင်နေရတဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ ပြီးခဲ့တဲ့လဆန်းကစလို့ မြဝတီမြို့က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းတွေကို ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ရယူဖို့ကြိုးစားနေချိန်မှာ တပ်မ ၅၅ ဟာ စစ်ကူအဖြစ် ဝင်ရောက်လာပြီး လေကြောင်းအကူအညီနဲ့ ကော့ကရိတ်မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ၂၀၂၃ ဒီဇင်ဘာ ၁ ရက် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲဖြစ်ပွားချိန်ကစလို့ မြို့ပေါ်ရပ်ကွက်တွေအပါအဝင် ထိစပ်နေတဲ့ ကျေးရွာတွေအားလုံးဟာ အလျင်အမြန် စစ်ရှောင်ခဲ့ကြရတာဟာ အခုအချိန်ထိပါ။ စစ်ရှောင်တွေဟာ မြို့နဲ့အနီးဆုံးဖြစ်တဲ့ တောင်ဘက်ခြမ်း ကေအဲန်ယူတပ်မဟာ ၆ နယ်မြေထဲကို အများစု ဝင်ရောက်လာကြသလို ကျုံဒိုး၊ မြဝတီ၊ ဘားအံစတဲ့ မြို့တွေကိုလည်း စစ်ရှောင်ခဲ့ကြရပါတယ်။ ကော့ကရိတ်တောင်ပိုင်းကို […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း) စစ်တပ်က အာဏာသိမ်းထားတဲ့ကာလအတွင်း ပြည်တွင်းအလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံးဖြစ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ စက်ရုံအလုပ်ရုံဝန်ထမ်းတချို့က ပြောပါတယ်။ မနက်ဖြန်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အလုပ်သမားနေ့နဲ့ ပတ်သက်တဲ့ အငွေ့အသက်တွေဟာလည်း စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ဆုံးသွားပါတယ်။ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေ လွတ်လပ်စွာ လှုပ်ရှားခွင့်မရတော့သလို အလုပ်ရှင်နဲ့အလုပ်သမားအကြား ညှိနှိုင်းဖြေရှင်းပေးမယ့် ယန္တရားတွေလည်း မရှိတော့တဲ့အတွက် အလုပ်သမားတွေဟာ အခွင့်အရေး အဆိုးဝါးဆုံးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်လို့ ထောက်ပြပြောဆိုမယ့်အဖွဲ့အစည်းတွေ လက်တွေ့မြေပြင်မှာမရှိတော့တဲ့အတွက် အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်ခွင့်တွေ ခွင့်ပြုထားသလိုဖြစ်နေတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသူရိန်အောင်က ပြောပါတယ်။ “ဒီမိုကရေစီရှိနေတဲ့အချိန်မှာတုန်းက လုပ်လို့ရတဲ့အခွင့်အရေးတွေ မရှိတော့ဘူး။ နောက်ဆုံး ဆိုရှယ်မီဒီယာလိုဟာမျိုးကတောင်မှ ပြောဆိုခွင့်က […]
ရန်ကုန်-၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီထံမှာ စစ်မှုမထမ်းချင်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဆက်သွယ်လာတဲ့ လူဦးရေဟာ တစ်လအတွင်းမှာ တစ်သောင်းခွဲရှိတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ပြုလုပ်တဲ့ NUG ဖွဲ့စည်းခြင်း သုံးနှစ်ပြည့်အခမ်းအနားမှာ ပြောပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ချိန်ကစပြီးတော့ NUG က ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်ဆံနိုင်ဖို့ တယ်လီဂရမ်ချန်နယ် Hotline တစ်ခုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ “ဒီတစ်လအတွင်းမှာ Box ကို လာပြီးတော့ ဆက်သွယ်တာဆိုရင် ပြည်သူလူထုဦးရေ တစ်သောင်း၊ တစ်သောင်းခွဲပေါ့နော်။ တစ်သောင်းငါးထောင်လောက် လာပြီးတော့ဆက်သွယ်ဆောင်ရွက်ကြတာကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ လာရောက်ဆက်သွယ်မေးမြန်းကြတဲ့အထဲမှာတော့ ယောက်ျားလေးကတော့ ပိုများတယ်ပေါ့နော်။ အခုပထမအသုတ်စုဆောင်းမှုတွေမှာလည်း အမျိုးသားတွေကိုပဲ ဦးစားပေးပြီးတော့ အကြမ်းဖက်စစ်အုပ်စုက စုဆောင်းထားတဲ့အတွက်ကြောင့်မို့ ယောက်ျားလေးဦးရေကတော့ ပိုများတယ်” လို့ သူက […]
ပင်လောင်း-၂၀၂၄ ဧပြီ ၃၀ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းကမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ရှောင်ခုနစ်သောင်းကျော်နေရပ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်းကူညီမှုတွေလုပ်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ အခုနှစ် ဇန်နဝါရီ ၂၁ ရက်ကစပြီး ဒီနေ့အထိ ရက်ပေါင်းတစ်ရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ “ဆီဆိုင်၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့နယ်တို့မှာ စစ်ဘေးရှောင်ကြရတဲ့ ဒေသခံပြည်သူတွေဟာ တချို့နေရာမှာ မိမိနေရပ်ကို ပြန်ကြည့်တာတွေ ပြုလုပ်ကြပေမယ့် နေရပ်ကို ပြန်လည်နေထိုင်နိုင်ခြင်း မရှိကြသေးပါဘူး။ စစ်ဘေးရှောင်ပြည်သူဦးရေဟာ ခုနစ်သောင်းအထက် ရှိနေဆဲဖြစ်ပြီး စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးတွေ၊ ရေနဲ့ မီး လိုအပ်ချက်တွေ၊ တကိုယ်ရေးတည်းသုံးပစ္စည်းတွေ၊ လုံခြုံရေးပိုင်းဆိုင်ရာ စောင့်ရှောက်မှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်” လို့ PYO က […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း) အခုရက်ပိုင်း အပူချိန်လွန်ကဲလွန်းတာကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့အသက်မွေးတဲ့ တောင်သူတွေ စိုက်ပျိုးရာမှာ အခက်အခဲတွေတွေ့နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် စိုက်ခင်းအတွက် ရေမလုံလောက်တာ၊ အပင်တွေ ခြောက်သွေ့ပြီး သီးနှံအရည်အသွေး ကျဆင်းတာတွေ ကြုံနေရတယ်လို့ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတချို့က မော်ကွန်းကိုပြောပါတယ်။ မကွေးတိုင်း မကွေးမြို့နယ်က ပဲအမျိုးမျိုးနဲ့ နှမ်းစိုက်ပျိုးတဲ့ တောင်သူတစ်ဦးကတော့ ဒီရက်ပိုင်းအပူချိန်ကြောင့် သူစိုက်ပျိုးထားတဲ့ ခုနစ်ဧကခန့်ရှိတဲပဲစိုက်ခင်းတစ်ဝက်နီးပါးခန့်ဟာ ခြောက်သွေ့ပျက်စီးသွားတယ်လို့ ပြောပါတယ်။ “အပူချိန်က ပြင်းလွန်းတော့ ရေမနိုင်ဘူး၊ မြေက အစိုဓာတ်မရတော့ တချို့အခင်းတွေ ပျက်စီးကုန်တာတွေရှိတယ်။ မြေကြီးကခြောက်သွေ့ပူပြင်းလွန်းတော့ မခံနိုင်ဘူး။ ကျွန်တော့်စိုက်ခင်းအပြင် အသိမိတ်ဆွေတွေထဲက တချို့အခင်းတွေလည်း အပင်တွေ သေကုန်တာတွေရှိတယ်” လို့ သူက ပြောပါတယ်။ အလားတူပဲ စစ်ကိုင်းတိုင်း၊ […]
ယင်းမာပင်-၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ရင်း ရာသီဥတုပူပြင်းတာကြောင့် ဖျားနာသူတွေ အများအပြားရှိလာတယ်လို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုလွမ်းသူက မော်ကွန်းကိုပြောပါတယ်။ “စစ်ရှောင်ဦးရေအနေနဲ့ ခန့်မှန်းပြောမယ်ဆိုရင်တော့ ရှစ်ထောင်ဝန်းကျင်ရှိပါတယ်ခင်ဗျ။ ဖျားနာနေတဲ့ စစ်ရှောင်အရေအတွက် တိတိကျကျတော့ ကျွန်တော်တို့ စာရင်းကောက်ထားတာမရှိဘူးခင်ဗျ။ အရေအတွက်အားဖြင့် ၁၀ ယောက်ရှိရင် ခန့်မှန်းချေသုံးလေးယောက်လောက်က ကိုယ်ပူရှိန်မြင့်ပြီး ဖျားတဲ့ဟာတွေရှိတယ်ခင်ဗျ” လို့ သူကပြောပါတယ်။ စစ်ဘေးရှောင်တွေထဲက ဖျားနာနေသူအများစုဟာ သက်ကြီးရွယ်အိုတွေအများစုဖြစ်တယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ အပူဒဏ်ကြောင့်ဖျားနာနေတဲ့ ဒေသခံတွေကို ဆေးကုသမှုပေးဖို့ ဆေးဝါးမလုံလောက်တဲ့ အခက်အခဲကြုံနေရတယ်လို့ ကိုလွမ်းသူက ပြောပါတယ်။ “ကျွန်တော်တို့လောလောဆယ်မှာတော့ ဒေသတွင်း ကျန်းမာရေး CDM ဝန်ထမ်းတချို့ GP လိုက်နေတာရှိတော့ နီးရာနွယ်ရာလိုအပ်သလိုချိတ်ဆက်ပြီးတော့မှ ကုသမှုယူနေရတယ်ပေါ့နော်။ ကျွန်တော်တို့မှာတော့ […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၂၉ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့အနီးက ကျေးရွာတွေမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ သီတင်းတစ်ပတ်ကျော်ရှိလာပြီးနောက် သံတွဲမြို့မှာ နေထိုင်သူတွေ မြို့ကိုစွန့်ခွာတိမ်းရှောင်လာကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ သံတွဲမြို့ပေါ်နဲ့ ၁၀ မိုင်ခန့်ပဲ ကွာဝေးတာကြောင့် ဒေသခံတချို့ဟာ စိုးရိမ်နေကြပြီး သံတွဲကနေ ရန်ကုန်၊ ဧရာဝတီတိုင်းစတဲ့ ဒေသတွေကို အရေးပေါ်ရွှေ့ပြောင်းသူတွေလည်း အများအပြားရှိတယ်လို့ သံတွဲမှာနေထိုင်သူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “အခုပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ သံတွဲကနေထွက်နေကြတယ်။ ရှောင်နေကြတာတွေရှိတယ်။ တချို့လည်း ပိုက်ဆံမတတ်နိုင်ဘူး၊ ဒီနေရာကို သံယောဇာဉ်ကြီးတဲ့သူတွေကလည်း မသွားတဲ့သူတွေကတော့ မသွားကြဘူးပေါ့။ အထူးသဖြင့် ငွေကြေးတတ်နိုင်တဲ့သူ တော်တော်များများတော့ ရှောင်သွားကြပါပြီ” လို့ ၎င်း ဒေသခံကပြောပါတယ်။ စစ်ကောင်စီတပ်ကတော့ သံတွဲမြို့အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကြပ်ထားပြီး ခရီးသွားဖို့ ဒေသဆိုင်ရာ […]
ရန်ကုန်- ၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း) ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တချို့မှာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းနေတဲ့ အုပ်ချုပ်ရေးမှူးတချို့ ပစ်သတ်ခံရမှုတွေ ဖြစ်ပေါ်လာပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်ကို အဲဒီမြို့နယ်တွေမှာ ည ၁၀ နာရီကနေ နံနက် ၅ နာရီအထိ သတ်မှတ်လိုက်တဲ့အတွက် အခြေခံလူတန်းစားတွေအပေါ် ဆိုးကျိုးသက်ရောက်ကုန်တယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအစပ်က ကွမ်းခြံကုန်းမြို့နယ်ထဲမှာ စစ်မှုထမ်းစာရင်းစုဆောင်းတဲ့ အုပ်ချုပ်ရေးမှူးတချို့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီက ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေးနဲ့ ဒလမြို့နယ်တွေမှာ ညမထွက်ရအမိန့် ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ “ မနက် ၅ နာရီ နောက်ပိုင်းမှ ထွက်ရမယ်လို့ ကန့်သတ်လိုက်တာက သွားရေး၊ လာရေး အတော်လေးခက်သွားတာပေါ့။ ကောမှူးတို့၊ တွံတေးတို့ဘက်ကနေ ရန်ကုန်မှာ အလုပ်လာလုပ်တာ။ […]
မင်းတပ်-၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်(၂)က ဝမ္မသူးဆေးရုံကို မနေ့ကည ၈ နာရီဝန်းကျင်က စစ်ကောင်စီလေတပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်လို့ လူလေးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF မင်းတပ်က တာဝန်ရှိသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ မော်ကွန်းကိုပြောပါတယ်။ “လေးဦးသေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရပါတယ်ဗျ။ ဆေးရုံနဲ့ ဝန်ထမ်းအိမ်ရာတွေကတော့ ပြန်အသုံးပြုလို့ မရနိုင်လောက်အောင် ထိခိုက်သွားပါတယ်။ ည ၁၂၊ ၁ နာရီဝန်းကျင်အထိ ပတ်ကြဲနေလို့ ပြည်သူတွေကော ပြေးရတာရှိပါတယ်။ (ဗုံးကြဲမှုကြောင့်) အဆောက်အဦတွေ မီးလောင်ရာကနေ တောမီးပါဆက်လောင်သွားတဲ့ အနေအထားပါ။ နွေရာသီဖြစ်လို့ တောမီးစတွေရှိနေနိုင်ပါသေးတယ်” လို့ သူကပြောပါတယ်။ ဝမ္မသူးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် အရပ်သားတွေနေထိုင်တဲ့ အခြားနေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ CDF […]
ရန်ကုန် – ၂၀၂၄ ဧပြီ ၂၆ (မော်ကွန်း) စစ်မှုထမ်းဒုတိယအသုတ်ခေါ်ယူမှာကို စိုးရိမ်တဲ့ ရန်ကုန်မြို့က လူငယ်တချို့ဟာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိလာတယ်လို့ အဲဒီလို တိမ်းရှောင်နေတဲ့ ကာယကံရှင် လူငယ်တချို့နဲ့ ဒေသခံတွေက ပြောပါတယ်။ “ဒီတပတ်အတွင်း ခေါ်မယ်လို့တော့ ရပ်ကွက်ထဲပြောနေကြတာရှိတယ်။ ၅၄၊ ၅၅ ရပ်ကွက်တွေမှာ ပါတဲ့ စာရင်းတွေလုပ်နေတယ်၊ ရှောင်တဲ့လူတွေလည်း ရှောင်နေကြတယ်” လို့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ အရှေ့ဒဂုံမြို့နယ်မှာနေထိုင်တဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုထမ်းဖို့ ဆန္ဒမရှိတဲ့အတွက် ဆွေမျိုးတွေရှိရာ နယ်တစ်ခုကို အခုရက်ပိုင်းမှာ တိမ်းရှောင်သွားပြီလို့ ပြောပါတယ်။ “မိသားစုလည်း မဝင်စေချင်ဘူး။ ကျွန်တော်လည်း ဝင်ဖို့ ဆန္ဒမရှိဘူး၊ အိမ်ကလည်း လာခေါ်ရင် ဘာဖြစ်ဖြစ်ရှင်းမယ်ပြောတော့ ထွက်လာလိုက်တယ်။ ကျွန်တော့်လိုပဲ ဘော်ဒါတွေထဲမှာ ရှောင်နေတဲ့သူတွေ […]
မုံရွာ-၂၀၂၄ ဧပြီ ၂၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို မနေ့က ည ၇ နာရီဝန်းကျင်က ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။ “ ပစ်မှတ်တော်တော်များများထိမှန်တယ်လို့ သိထားရတယ်။ သူတို့(စစ်ကောင်စီတပ်သား)တွေ ထိတာတော်တော်တော့များတယ်။ ဗဟိုကင်းထိတယ်၊ စစ်ဘက်ဆိုင်ရာ ဆေးဝါးကျွမ်းကျင်က (စစ်/ဆေး)ဆရာဝန်တွေကအစ ထိတယ်လို့ကြားတယ်။ အတိအကျတော့ မသိရသေးဘူးဗျ” လို့ တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး မကြာခင်မှာ စစ်ကောင်စီလေတပ်က မုံရွာမြို့ပေါ်နဲ့ အနီးနားက မြို့နယ်တွေကို ဂျက်တိုက်လေယာဉ်နဲ့ပျံသန်းပြီး ကင်းလှည့်ခဲ့တယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ “မနေ့က ညပိုင်းက နမခပစ်ခံရပြီးတော့ မြို့ပေါ်မှာ လေယာဉ်ဝဲတာကြောက်စရာကြီး၊ ည ၉နာရီလောက်က […]
ကော့ကရိတ် – ၂၀၂၄ ဧပြီ ၂၄ (မော်ကွန်း) ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေအထဲမှာ ဆယ်ကျော်သက်အရွယ် တပ်သားသစ်တွေပါဝင်လာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ “ကျွန်တော်တို့ အရှေ့မှာ သူတို့အလောင်းတွေဆိုပုံနေတာပဲ၊ လူငယ်တွေ တော်တော်များတယ်”လို့ ကော့ကရိတ်မြို့တောင်ပိုင်းခွင်၊ ရှေ့တန်းစစ်မျက်နှာပြင်က သတင်းရင်းမြစ်ကပြောပါတယ်။ တကျော့ပြန် ကော့ကရိတ်မြို့တိုက်ပွဲတွေဖြစ်ပွားလာပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ လေကြောင်းပစ်ကူကို အချိန်ပြည့်နီးပါးအသုံးပြုပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။ မြို့ကိုထိန်းချုပ်ပြီးတဲ့နောက် ကော့ကရိတ်တောင်ပိုင်းအတွင်းကို ပြန်လည်ထိုးစစ်ဆင်လာပြီး ကေအဲန်ယူဦီးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေအပြင် ဖမ်းဆီးခံရသူတွေထဲမှာလည်း ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “တော်တော်များများ သေနတ်ပစ်ဖို့မပြောနဲ့ အဖြုတ်အတပ်တောင် မလုပ်တတ်တဲ့သူတွေ၊ သေနတ်မကိုင်တတ်တဲ့သူတွေ အများကြီးပါတယ်၊ ဖမ်းမိထားတာကတော့ အများကြီးပဲ”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ အခု ဖမ်းဆီးခံရသူနဲ့ သေဆုံးသူတွေဟာ ၂၀၂၄ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."