ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၆ (မော်ကွန်း) ယောဒေသ ထီးလင်းမြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမှာဖြစ်တဲ့အတွက် ဒီမြို့မှာနေထိုင်သူတွေအားလုံး ဒီလကုန်မတိုင်မီ မြို့ပေါ်ကနေ စွန့်ခွာပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ထီးလင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ကညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းမှာတည်ရှိတဲ့ ထီးလင်းမြို့နယ်မှာ မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်စခန်းတွေရှိပေမယ့် အနီးတစ်ဝိုက်ကျေးရွာတွေကိုတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ လက်ရှိမှာတော့ ထီးလင်းမြို့ပေါ်မှာ နေထိုင်တဲ့ဒေသခံတွေ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စိုးမိုးနယ်မြေတွေကို အခုလမကုန်ခင် လာရောက်ခိုလှုံကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးတွေလည်း အလင်းဝင်ကြဖို့ ထီးလင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ထီးလင်းမြို့ပေါ်မှာ စစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာမှာဖြစ်တဲ့အတွက် သတ်မှတ်ရက်အတွင်း ထီးလင်းမြို့ကနေ ထွက်ခွာလာခြင်းမရှိပါက နောက်ဆက်တွဲ ကိစ္စရပ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။ […]
ပုလဲ- ၂၀၂၄ ဒီဇင်ဘာ ၆ (မော်ကွန်း) မြို့သိမ်းတိုက်ပွဲဖော်ဆောင်ပေမယ့် မအောင်မြင်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက တောင်ယာသီးနှံတွေကို ဒေသခံတွေ ရိတ်သိမ်းနေကြပြီဖြစ်ပေမယ့် စစ်ကောင်စီပြန်ထိန်းချုပ်ထားတဲ့ ပုလဲမြို့အနီးက တောင်ယာခင်းတချို့ကိုတော့ အသက်ဘေးကြောင့် မရိတ်သိမ်းနိုင်ကြသေးဘူးလို့ ဒေသခံတချို့က ပြောပါတယ်။ ” ဒေသခံ ပကဖတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကကင်းယူပေးလို့ စပါး ၊ နှမ်းတွေ ရိတ်သိမ်းနိုင်ခဲ့တယ်ဗျ။ မြို့နဲ့ အနီးကပ်ဖြစ်တဲ့ စပါးခင်းတွေကိုတော့ မရိတ်သိမ်းနိုင်သေးဘူး။ မြို့နဲ့လှမ်းတဲ့ နေရာတွေတော့ ရိတ်သိမ်းရတာပေါ့” လို့ ပုလဲမြို့နယ်ကတောင်သူတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲဟာ ဒေသခံတွေရဲ့ သီးနှံပေါ်ချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ရိတ်သိမ်းဖို့အခက်ကြုံသွားကြရတာလို့လည်း ဒေသခံတစ်ချို့က ပြောပါတယ်။ ပုလဲနယ်က နာမည်ကြီး တော်လှန်ရေးသမား ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်( BNRA) […]
ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၅ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဗန်းမော်မြို့ကို ဝင်ရောက်တိုက်ခိုက်နေတဲ့ မြို့သိမ်းတိုက်ပွဲဟာ နှစ်ရက်ဆက်တိုက် ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းမှာလည်း လူဦးရေထောင်နဲ့ချီပိတ်မိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ မနေ့က မနက်အစောပိုင်းကစပြီး ကချင်ပြည်နယ်က ဗျူဟာမြောကေအချက်အခြာကျတဲ့ ဗန်းမော်မြို့က စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။ KIA ထိုးစစ်ဟာ နှစ်ရက်အတွင်းမှာပဲ ဗန်းမော်မြို့ပေါ်ထိ ရောက်ရှိလာကာ ဗန်းမော်မြို့ သုံးမိုင်ရပ်ကွက်ထဲထိ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် မြို့ပေါ်က နေအိမ်၊ ဆိုင်ခန်းနဲ့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ “ မြို့လယ်က ရဲစခန်းနဲ့ မီးသတ်စခန်းမှာ အထိုင်ချထားတဲ့စစ်သားတွေ […]
မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၅ (မော်ကွန်း) အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မောင်တောမြိုနယ်မှာ ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ ချုံခိုပစ်ခတ်မှုကြောင့် နွားထွက်ရှာတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ သေဆုံးသူမှာ မောင်တောမြို့နယ်၊ အောင်ဇေယျကျေးရွာကဖြစ်ပြီး မနေ့က ရွာအပြင်ဘက်ကို သူ့နွားတွေ သွားရှာရာကနေ ARSA မွတ်ဆလင်လက်နက်ကိုင်တွေရဲ့ ချုံခိုပစ်ခတ်မှုကို ခံလိုက်ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ” အသတ်ခံရတဲ့နေရာက ရွာနဲ့သိပ်မဝေးဘူး။ သူက မနက်ပိုင်း နွားတွေလွှတ်ထားပြီး ညနေဘက်မှာ နွားတွေကို ပြန်လိုက်ရှာတာ။ အဲ့ဒီအချိန်မှာ ARSA အဖွဲ့က တောထဲကနေ သေနတ်နဲ့လှမ်းပစ်လိုက်တာ။ အဲ့ဒီဒေသမှာ ARSA တွေက သွားလာလှုပ်ရှားနေကျ။ ရွာသားတွေကတော့ အထိတ်တလန့်ဖြစ်ကုန်ကြတာပေါ့” လို့ သူက […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၄ (မော်ကွန်း) မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY-PDF) တပ်တွေ စိုးမိုးထားတဲ့ မတ္တရာမြို့က ကျေးရွာတွေကို စစ်ကောင်စီက ဒီရက်ပိုင်းမှာစစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေတယ်လို့ ဒေသခံတချို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ မန္တလေးမြို့နဲ့ မိုင် ၂၀ ကျော်ပဲကွာဝေးတဲ့ မတ္တရာမြို့နယ်ရဲ့ အနီးတစ်ဝိုက်ကျေးရွာတွေကို တော်လှန်ရေးတပ်တွေ စိုးမိုးထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဒီကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။ အခုလ ၂ ရက်ကစပြီးနှစ်ရက်ဆက်တိုက် မတ္တရာအရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နေ့စဉ်တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDU-PDF) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။ မတ္တရာမြို့ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး ထပ်မံစစ်ဘေးရှောင်နေကြတဲ့ ဒေသခံတွေလည်း အများအပြားရှိတယ်လို့ မတ္တရာ ဒေသခံတစ်ဦးက ပြောပါတယ်။ “စစ်ကြောင်းထိုးတယ်။ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၄ (မော်ကွန်း) ကချင်ပြည်နယ်က ခရိုင်မြို့ကြီးဖြစ်တဲ့ ဗန်းမော်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ဒီနေ့မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနေ့လယ်ပိုင်းထိ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့ပေါ်ထိ ထိုးဖောက် ဝင်ရောက်လာနေပြီး ဗန်းမော်လေဆိပ်ကိုပါ သိမ်းယူလိုက်ပြီလို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဗန်းမော်မြို့ဟာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဖြစ်တဲ့ စကခ (၂၁) အပါအဝင် ခြေလျင်တပ်ရင်း၊ ထောက်ပို့ထပ်ရင်း၊ ဆေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမြှောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ စစ်အင်ဂျင်နီယာတပ်ရင်းတွေအခြေစိုက်ကာ စစ်ကောင်စီကအခိုင်အမာခြေကုပ်ယူထားတဲ့ မြို့တစ်မြို့ပါ။ “ စစ်တပ်က မြို့ကို အထပ်ထပ် ကာရံထားတဲ့ ပုံစံနဲ့ နေရာယူထားတာပေါ့။ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၃ (မော်ကွန်း) စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် အမျိုးသမီးတွေရဲ့စာရင်းတွေကို အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စတင်ကောက်ယူနေတယ်လို့ ကိုယ်တိုင်ကြုံလာတဲ့ ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းထဲက ရွှေပြည်သာ၊ မြောက်ဥက္ကလာပနဲ့ ရွှေပေါက်ကံမြို့သစ်တို့မှာ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသမီးတွေရဲ့စာရင်းတွေကို စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေး အာဏာပိုင်တွေက စတင်ကောက်ယူခဲ့တာပါ။ “အသက် ၁၈ ပြည့်ပြီးသား မိန်းကလေးတွေပေါ့။ အိမ်ထောင်သည်မပါဘူး။ တစ်အိမ်တက်ဆင်းပြီးလာပြီး အဲဒီ မိန်းကလေးတွေရဲ့ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းနဲ့ဆိုလည်း သန်းခေါင်စာရင်း၊ ဧည့်စာရင်းနဲ့နေရင်လည်း ဧည့်စာရင်းအချက်အလက်တွေ အကုန်ယူသွားတယ်” လို့ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာရင်းကောက်ယူမှုကို ကိုယ်တိုင်ကြုံတွေ့လိုက်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်းသင်တန်းတွေကို ဒီနှစ် […]
အမ်း-၂၀၂၄ ဒီဇင်ဘာ ၃ ( မော်ကွန်း) စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့ကို အာရက္ခတပ်တော် (AA) က နိုဝင်ဘာလ ၃၀ ရက် ကစလို့ ထိန်းချုပ်ထားပြီးနောက်ဆုံးလက်ကျန်ဖြစ်တဲ့ နပခဌာနချုပ်ကိုလည်း ဝင်ရောက် ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ” ပြီးခဲ့တဲ့သုံးရက်လောက်ကတည်းက မြို့ကို ထိန်းချုပ်ရရှိထားတာပါ။ နပခ တစ်ခုပဲ ကျန်တော့တယ်။ နပခကိုလည်း ကျွန်တော်တို့ အပြင်းအထန်ဝင်တိုက်နေပါြပီ။ လေကြောင်းကလည်း မပစ်တဲ့နေ့မရှိဘူး။ တောက်လျှောက်လာပစ်နေတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ နပခ အခြေစိုက်ရာ အမ်းကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဧပြီလအတွင်းကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ရှစ်လအကြာမှာ အမ်းမြို့အပါအဝင် မြို့နယ်အတွင်းက တပ်ရင်း၊ ဗျူဟာတွေ အကုန်လုံးကို […]
ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၂ (မော်ကွန်း) ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေဗုံးကြဲမှုကြောင့် တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နဲ့ မန္တလေးဒေသမှာ ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ကျော် ဒဏ်ရာရကာ နေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့တယ်လို့ TNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာအတွင်း လေကြောင်းကနေဗုံးကြဲမှုကြောင့် မန္တလေးတိုင်းထဲက မိုးကုတ်မြို့မှာ ကိုးဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒါအပြင် နောင်ချိုမြို့မှာ ၁၆ ဦး သေပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို မိုင်းငေါ့မြို့မှာတော့ ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလအတွင်း ကွတ်ခိုင်မြို့မှာတော့ သုံးဦးသေဆုံးခဲ့ကာ ကလေးငယ်တွေအပါအဝင် ခုနှစ်ဦးဒဏ်ရာရခဲ့သလို နိုဝင်ဘာ […]
တောင်ကုတ်- ၂၀၂၄ ဒီဇင်ဘာ၂ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ခရိုင်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေး ရှောင်နှစ်ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ မနေ့ကညနေ ၃း၀၀ ဝန်းကျင်လောက်မှာ စစ်ကောင်စီက ခရိုင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ” ရွာထဲကိုပဲ ဗုံးလေးလုံးချသွားတာ။ သေဆုံးဒဏ်ရာရသူတွေ အကုန်လုံးက တောင်ကုတ်မြို့ပေါ်ကနေ ခရိုင်ရွာမှာ စစ်ဘေး လာရှောင်နေကြတာ။ သေတဲ့နှစ်ယောက်ကတော့ ဗုံးကျတဲ့နေရာမှာပဲ ပွဲချင်းပြီးသေတာ” လို့ တောင်ကုတ်စစ်မြေပြင်အကြောင်းကိုသိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ဒဏ်ရာရရှိသွားတဲ့ စစ်ဘေးရှောင်တွေကို နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသပေးထားပြီး အဲဒီရွာက ဒေသခံတွေဟာလည်း ကြောက်လန့်ကာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့လည်း သူကပြောပါတယ်။ ” […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၉ (မော်ကွန်း) လာမယ့် ပညာသင်နှစ်တွေကစပြီး အခြေခံပညာကျောင်းတွေမှာ ကျောင်းသုံးဖတ်စာအုပ်ကို လက်ဆင့်ကမ်းစနစ် ပြောင်းလဲမှာဖြစ်တာကြောင့် ဖတ်စာအုပ်တွေကို စာသင်နှစ်ကုန်တိုင်း ပြန်အပ်ရမယ်လို့ ကျောင်းသားမိဘတချို့နဲ့ ဆရာ၊ ဆရာမ တချို့က ပြောပါတယ်။ ၂၀၂၅-၂၆ စာသင်နှစ်ကပြီး ကျောင်းသုံးဖတ်စာအုပ်ကို လက်ဆင့်ကမ်းစနစ် စတင်ကျင့်သုံးမှာဖြစ်ပြီး ဒီနှစ်မှာ ကျောင်းက ထုတ်ပေးတဲ့ ဖတ်စာအုပ်တွေကို ပြန်အပ်ရမယ်လို့ ဗိုလ်တထောင်မြို့နယ်က အခြေခံပညာကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ကျောင်းကထုတ်ပေးတဲ့စာအုပ်ကို ပြန်အပ်ရမှာ။ အခမဲ့ထုတ်ပေးတဲ့ စာအုပ်တွေပေါ့။ မအပ်နိုင်ရင်တော့ စာအုပ်ဖိုးသွင်းရမယ့်သဘောပေါ့။ နောက်တက်မယ့်ကျောင်းသားကိုလည်း အခမဲ့ပဲပေါ့” လို့ အခြေခံပညာ ဆရာမတစ်ဦးက ပြောပါတယ်။ အခြေခံပညာကျောင်းတွေကို ဖတ်စာအုပ်တွေကို အခမဲ့ပေးဝေတာဖြစ်ပေမယ့် ကျောင်းတချို့မှာတော့ ဖတ်စာအုပ်ထုတ်မပေးတာ၊ ပြန်ရောင်းချတာတွေ ရှိနေတယ်လို့ ကျောင်းသားမိဘတချို့ကလည်း […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၂၉ (မော်ကွန်း) အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်က ခရိုင်မြို့ကြီးတစ်ခုဖြစ်တဲ့ တောင်ကုတ်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ မနေ့ကညပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး AA တပ်တွေဟာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်အတွင်း ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် မြို့ပေါင်း ၁၂ မြို့ထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ တစ်နှစ်အတွင်းမှာ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ သံတွဲနဲ့ တောင်ကုတ်မြို့တွေကို သိမ်းယူထားနိုင်ခဲ့တာပါ။ AA တပ်တွေဟာ တောင်ကုတ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ တောင်ကုတ်မြို့ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်း ၁၀ ခုကို အခုလ ၄ ရက်ကနေ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."