မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၁၈ ( မော်ကွန်း) မောင်တောမြို့က နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်း နခခ(၅)ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီးနောက် အဲဒီစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ တောတောင်တွေထဲမှာ ပုန်းအောင်ကာ ရွာတွေကိုစီးနင်းလုယက်တာတွေ လုပ်နေတာကြောင့် ဒေသခံတွေ အခက်အခဲကြုံနေရတယ်လို့ မောင်တောရှေ့တန်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်းက ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတချို့ဟာ မေယုတောင်တန်းက တောတောင် ထူတပ်တဲ့နေရာတွေမှာ ပုန်းခိုနေကြသလို တချို့ကတော့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA အဖွဲ့တွေနဲ့ ပူးပေါင်းကာ ကျေးရွာတွေကို တိုက်ခိုက်လုယက်တာတွေလုပ်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပြပါတယ်။ ” ရွာထဲကိုဝင်ပြီး လုယက်တာတွေ၊ ငွေတောင်းတာတွေ၊ ဆန်တောင်းတာတွေရှိတယ်။ ပြီးတော့ စိုက်ခင်းမှာ တဲတိုးနေတဲ့ သူတွေဆီကလည်း အိုးတွေ၊ ခွက်တွေ လုသွားတာလည်း ရှိတယ်။ တချို့ကောင်တွေဆို ဝင်လာကတည်းက သေနတ်နဲ့ချိန်ပြီး […]
ယင်းမာပင်- ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းက ကျောက်လှေကားနဲ့ နတ်ကြီးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ခဲ့တာကြောင့် ကလေးသူငယ်တွေအပါအဝင် ငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့တယ်လို့ အဲဒီဒေသမှာ လူသားချင်းစာနာမှု အကူအညီပေးနေကြသူတချို့က ပြောပါတယ်။ ဒီလ ၁၆ ရက် ညပိုင်းမှာ ကြဲခဲ့တဲ့ဗုံးကြောင့် ကျောက်လှေကားရွာသား ငါးဦးသေခဲ့ရပြီး ကိုးဦးဒဏ်ရာရခဲ့ပေမယ့် နတ်ကြီး ရွာမှာတော့ လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ” နတ်ကြီးရွာကတော့ အထိခိုက်မရှိဘူး။ ကျောက်လှေကားရွာက ငါးယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်။ သေတဲ့အထဲက ကလေးသုံးယောက်က ကြားကာလကျောင်းမှာ ကျောင်းတက်နေတဲ့ကလေးတွေပဲ။ စစ်တပ်ကအကြောင်းမဲ့ ယုတ်မာသွားတာ”လို့ ကနီမြို့နယ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လေယာဉ်နဲ့ဗုံးကြဲတာကြောင့် သေဆုံးသွားသူတွေထဲ ဦးကျော်နိုင်လင်း(၃၆)နှစ်နဲ့ မရွှေဇင်ဝင်း(၁၈)နှစ်၊ မမေမြတ်နိုး(၁၅)နှစ် တို့ဟာ သားအဖတွေဖြစ်ကြတယ်လို့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း) ဂွမြို့ကို ထိုးစစ်ဆင်နေတဲ့ အာရက္ခတပ်တော် (AA) က မနေ့ကစပြီး ဂွမြို့နဲ့ ငသိုင်းချောင်းလမ်းကို ဆက်သွယ်ထားတဲ့ ရခိုင်ရိုးမကျော်လမ်းပိုင်းကို ဖြတ်တောက်ပိတ်ဆို့ကာ ဂွမြို့ကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်နေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သံတွဲ-ဂွကားလမ်းပေါ်မှာရှိတဲ့ ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်း ခမရ ၅၆၃ ကို AA တပ်တွေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ မနေ့ကစပြီးဖြစ်ပွားတဲ့တိုက်ပွဲတွေမှာတော့ ဂွမြို့ရဲ့ အရှေ့ဘက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းကိုသွားတဲ့ ကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို AA တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်ကူ၊ ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်ထားတယ်လို့ အခြေအနေကိုသိတဲ့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။ စစ်ကောင်စီဟာ AA ရဲ့ ထိုးစစ်ကို ဟန့်တားဖို့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၈ (မော်ကွန်း) အာရက္ခတပ်တော် (AA) တပ်တွေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အတွင်းက စစ်ကောင်စီတပ်သားရာနဲ့ချီပြီး ထပ်မံကာ အလံဖြူထောင် လက်နက်ချလာတယ်လို့ AA သတင်းနဲ့ ပြန်ကြားရေးက မနေ့ကညပိုင်းက ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ်က အကြီးဆုံးတပ်နယ်တစ်ခုဖြစ်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လက်ရှိ မြေပြင်အခြေအနေလို့ အမည်ပေးတဲ့ ရုပ်သံနှစ်ခု AA က အခုလ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ နှစ်ရက်ဆက်တိုက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီရုပ်သံဖိုင်တွေမှာ နပခ တပ်ရင်းဌာနချုပ်ထဲက အဆောက်အအုံတွေ မီးလောင်ပျက်စီးနေတဲ့ မြင်ကွင်းတွေကိုလည်း ဝေဟင်မြင်ကွင်းကနေ ရိုက်ကူးထားပြီး စစ်ကောင်စီတပ်သားတွေ အလံဖြူထောင်ကာ လက်နက်ချလာတဲ့ မြင်ကွင်းတွေကို ဖော်ပြထားတာပါ။ မနေ့ကညပိုင်းက ထုတ်ပြန်ခဲ့တဲ့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၆ (မော်ကွန်း) ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့ရဲ့ မြို့စောင့်တပ်ရင်းဖြစ်တဲ့ ခမရ ၅၆၃ ကို အာရက္ခတပ်တော် (AA) တပ်တွေက ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ ဂွမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်ရင်းတွေဖြစ်တဲ့ ခမရ – ၅၆၃ နဲ့ ၅၆၂ တပ်ရင်းနှစ်ခု အခြေစိုက်ထားတာပါ။ ခမရ – ၅၆၃ က သံတွဲ-ဂွကားလမ်းပေါ် ဂွမြို့အဝင်က တောင်ကြောပေါ်မှာအခြေစိုက်ထားပြီး ခမရ – ၅၆၂ ကတော့ ဂွမြို့ရဲ့ အရှေ့ဘက် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းဘက်ကိုသွားတဲ့ ကားလမ်းပေါ်မှာတည်ရှိတာပါ။ မနေ့က ညနေပိုင်းမှာ ခမရ ၅၆၃ တပ်ရင်းကို AA တပ်တွေက […]
ကချင်ဒီမိုကရက်တစ်ပါတီ KDP ဥက္ကဌ ဦးကွမ်ဂေါင်အောင်ခမ်းနှင့် ဆက်သွယ်မေးမြန်းချက် ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၃ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကိုထိုးစစ်ဆင်ရာမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေအပြင် ကချင်အထူးဒေသ -၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတာပါ။ ဒီလို တိုက်ပွဲပြင်းထန်နေတဲ့ ကာလမှာပဲ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံက ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုကော်မတီအဖွဲ့ဝင် ထိပ်တန်းအရာရှိက ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့အဖွဲ့ကို ဘေကျင်းမှာတွေ့ဆုံခဲ့တာပါ။ လက်ရှိမှာ KIA ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေနဲ့ ဘီလီယံနဲ့ချီတန်ဖိုးရှိတဲ့ မြေရှားဓါတ်သတ္တု တင်ပို့နေတဲ့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၃ (မော်ကွန်း) ကချင်လွတ်မြောက်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံးကို ဒီနေ့မှာပြန်ဖွင့်ပေးလိုက်ပြီလို့ ကချင်ဒေသခံ သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။ KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ၎င်းခရီးစဉ်အတွင်းမှာပဲ ပိတ်ထားတဲ့နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ခဲ့တာပါ။ KIA တပ်တွေဟာ ဒီနှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို စတင်ထိုးစစ်ဆင်ခဲ့ပြီး လက်ရှိမှာ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့တွေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီနဲ့ ပန်ဝါနယ်စပ်ဂိတ်တွေအပါအဝင် ကချင်ပြည်နယ်က တခြားမြို့တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပါ။ ကချင်ပြည်နယ်က တရုတ်နယ်စပ်တစ်လျှောက်မှာ KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက်မှာ တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို စတင်ပိတ်လိုက်ပါတယ်။။ ဒီနယ်စပ်ဂိတ်တွေဟာ တရုတ်နိုင်ငံဘက်ကို ငှက်ပျောသီကားတွေ၊ ရွှေနဲ့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၂ (မော်ကွန်း) တစ်ရက်ကို ရှစ်နာရီလျှပ်စစ်ဓါတ်အားဖြတ်တောက်တဲ့ အလှည့်ကျမီးပေးစနစ်နဲ့ ဓါတ်အားပေးနေတဲ့ ရန်ကုန်မြို့မှာ ဒီလဆန်းပိုင်းကစပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက ပိုပြီးဆိုးဝါးလာပြီး သတ်မှတ်ထားတဲ့ အချိန်ထက် ပိုမိုပြတ်တောက်နေတယ် ရန်ကုန်မြို့နေ ပြည်သူတချို့က ပြောပါတယ်။ ရန်ကုန်တိုင်းထဲကခရိုင်လေးခုကို အုပ်စုနှစ်စုခွဲကာ တစ်ရက်ကို ရှစ်နာရီ အလှည့်ကျဓါတ်အားဖြတ်တောက်တဲ့ ဓါတ်အားပေးစနစ်ကို ဒီနှစ်စက်တင်ဘာလပိုင်းက စတင်ခဲ့တာပါ။ ဒီလို အချိန်ပိုင်းနဲ့ပေးနေပေမယ့် အခုလပိုင်း မိုးအကုန်ဆောင်းရာသီအဝင်မှာပဲ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုက အဆိုးဝါးဆုံးဖြစ်လာပြီး နေ့ပိုင်းတွေမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာတယ်လို့ အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့ဘက်မှာ နေ့ပိုင်းဆိုရင် မီးကနာရီဝက်ထက်ပိုမရတာ ဆက်တိုက်လိုလိုဖြစ်လာတယ်။ ညဘက်ဆိုရင်လည်း သုံးနာရီလောက်အလာပြလိုက်တယ်၊ ပြီးရင် နှစ်နာရီလောက်ထပ်ပြတ်သွားပြန်တယ်” လို့ ၎င်းက ပြောပါတယ်။ တာမွေမြို့နယ်က လျှပ်စစ်နဲ့အပိုပစ္စည်းတွေ ရောင်းဝယ်သူတစ်ဦးကတော့ […]
ရန်ကုန်-၂၀၂၄ ဒီဇင်ဘာ ၁၂ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်ထဲက ဒိုးနွယ်ရွာဘက်ကို မနေ့တုန်းက ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတော်လှန်ရေးအင်အားစုတွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရခဲ့ပြီးနောက် စစ်ကောင်စီက လူအင်အားဖြည့်ကာ ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာ တွေ့ရတယ်လို့ တိုက်ခိုက်ခဲ့တဲ့ BTZM GBK PDF အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ ကျွန်တော်တို့ မိုင်းဆွဲလိုက်တဲ့နေရာတကျောကရွာတွေကို စစ်ကြောင်းထိုးမယ်လို့ သိထားရပါတယ်။ မီးကောက်ပင်၊ ဒိုးနွယ်၊ ခက်ချိုကွင်း စတဲ့ အဲဒီဘက်တကျောတွေ စစ်ကြောင်းထိုးမယ်လို့ သိထားပါတယ်။ အဲဒီကနေ ကျော်လာရင် ကြို့ပင်ကောက်နယ်ထဲက သခွပ်ပင်၊ ရုံးချောင်းရွာတွေပေါ့၊ ဒီနေရာမျိုးတွေအထိ ဆက်ထိုးနိုင်ပါတယ်” လို့ BTZM GBK အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးက ဒီနေ့လယ်ပိုင်းမှာ ပြောပါတယ်။ ဒါအပြင် ဇီးကုန်းမြို့နယ်နဲ့ကပ်လျက်က ကြို့ပင်ကောက်မြို့နယ်ဘက်မှာလည်း စစ်ကောင်စီက […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၁ (မော်ကွန်း) သီတင်းပတ်တစ်ခုကြာမြင့်လာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း တိုက်ပွဲကြားမှာ အရပ်သား ၅၀ လောက် ထိခိုက်သေဆုံးခဲ့ရပြီး မြို့လည်းမီးလောင်ကျွမ်းနေတယ်လို့ ဗန်းမော်မြို့ခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒီလ ၄ ရက် နံနက်စောစောမှာ စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ စစ်ကောင်စီရဲ့တပ်ဖွဲ့တွေဟာ ရှုံးနိမ့်ဆုတ်ခွာနေရပြီး နာမည်ကြီး ဗန်းမော်အကျဉ်းထောင်ဟာလည်း ပွင့်သွားခဲ့ပြီလို့ မြို့အခြေအနေကိုသိတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။ “ အခု ဒီဘက်က(KIA) မြို့မရဲစခန်း၊ စုပေါင်းရုံး၊ မီးသတ်ရုံး စတာတွေအထိ သိမ်းပြီး ဆက်ထိုးစစ်ဆင်နေတယ်လို့ သိရတယ်။ မြို့မှာရှိတဲ့လူအကုန် ထွက်ပေးကြဖို့ သူတို့က(KIA) တောင်းဆိုထားတယ်။ လမ်းတွေလည်း ဖွင့်ပေးထားတယ်။ ဧရာဝတီမြစ်ကို ဖြတ်ကူးပြေးတဲ့ မြို့ခံတချို့ကို စစ်တပ်ဘက်ကပစ်ခတ်တာတွေရှိတယ်လို့ ကြားရတယ်” လို့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၀ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ကားလမ်းတွေကို ပိတ်ထားတာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်ပြီး ရှမ်းမြောက်က စစ်ဘေးရှောင်လာတဲ့ ဒေသခံတွေ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ၎င်းစစ်ဘေးရှောင်တချို့က ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ရပ်စောက်-နောင်ချို ကားလမ်းကို စစ်ကောင်စီက ပြီးခဲ့တဲ့လ ဒုတိယအပတ်မှာ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ပါတယ်။ ဒီလမ်းကြောင်းကို ပိတ်ထားတဲ့အတွက် တောင်ကြီး၊ ရပ်စောက် စတဲ့မြို့တွေကို စစ်ဘေးရှောင်လာရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါနဲ့ လားရှိုးမြို့တို့က ဒေသခံတွေဟာ နေရပ်ပြန်ဖို့ ခက်ခဲနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ရပ်စောက်-နောင်ချိုလမ်းပိုင်းက တောင်ခမ်းရွာ အနီးမှာ ပြီးခဲ့တဲ့ လပိုင်းက စစ်ကောင်စီတပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်တွေအကြား […]
ရန်ကုန် – ဒီဇင်ဘာ ၉ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီထိုးစစ်ကြောင့် လက်လွှတ်ခဲ့ရတဲ့ ကျေးရွာသုံးရွာကို ပြန်လည်ထိုးစစ်ဆင်ပြီး အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။ မတ္တရာမြို့နယ်အနောက်ခြမ်းမှာ ပြီးခဲ့တဲ့လပိုင်းက စစ်ကောင်စီရဲ့ထိုးစစ်ဆင်လာမှုကြောင့် တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့နယ်မြေတချို့ကို ဆုတ်ခွာပေးခဲ့ရတာပါ။ အခုလ ၆ ရက်မှာတော့ မန္တလေး PDF တပ်တွေဟာ အဲဒီလို လက်လွှတ်လိုက်ရတဲ့ ကျေးရွာတွေကို ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ္တရာအနောက်ခြမ်းက ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဆီက လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဓါတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။ လက်ရှိမှာ မတ္တရာမြို့နယ် အနောက်ဘက်က ကျေးရွာအများစုက ဒေသခံအများအပြားဟာ ပြီးခဲ့တဲ့ လပိုင်းထဲက စစ်ဘေးရှောင်နေကြရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."