သတင်းများ

ဂွ-ငသိုင်းချောင်းလမ်းပေါ်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်

January 6, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၆ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း ဂွ-ငသိုင်းချောင်း ကားလမ်းပေါ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA တပ်တွေ တိုက်ပွဲတွေပြင်းထန်နေပြီး လက်နက်ကြီး ၊ လေကြောင်းပစ်ခတ်မှုတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်နေတယ်လို့ ဂွဒေသခံ တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး ဂွ-ငသိုင်းချောင်းလမ်း ရခိုင်ရိုးမပေါ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေပြီး လေကြောင်းကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဧရာဝတီတိုင်း လေးမျက်နှာမြို့ကို ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “လက်နက်ကြီးသံတွေတော့ ပစ်သံပေးနေတယ်။ ကျွန်တော်တို့နေတဲ့ နေရာလောက်ကနေဆိုရင် မနေ့က လက်နက်ကြီးပစ်သံတွေ ကြားရတယ်။ တစ်ချက်ချင်းအုံးကနဲ အသံတွေအပြင် အတွဲလိုက်ပစ်တဲ့ အသံတွေကြားရတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။ အာရက္ခတပ်တော် (AA) တပ်တွေ ပြီးခဲ့တဲ့လပိုင်းက […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တချို့က လွတ်လပ်ရေးပွဲတော်

January 4, 2025

ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း) ၇၇ နှစ်မြောက်၊ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတချို့ကို ဒီနေ့ညနေပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ကြရာမှာ မြို့ဆင်ခြေဖုံးရပ်ကွက်တချို့က ပျော်ပွဲရွှင်ပွဲ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

တမီးလ်လူမျိုးတွေရဲ့ ဥပုသ်ထွက်ပွဲတော်

January 4, 2025

ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း) အိန္ဒိယတောင်ပိုင်းနွယ်၊ မြန်မာပြည်ဖွား တမီးလ်လူမျိုးတွေရဲ့ ၄၈ ရက် ဥပုသ်ထွက်ပွဲတော်(သျှရီ ရာသာကရိသျှနား= စရီ အိုက်ယပ္ပါ ဆွာမိ ပွဲတော် )ကို ဒီနေ့မှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က စရီ အိုက်ယပ္ပါ ဆွာမိ ဘုရားကျောင်းတော်မှာ ကျင်းပခဲ့ပါတယ်။ ယုံကြည်သူတွေဟာ ဒီ ၄၈ ရက်အတွင်း ခြေဗလာနဲ့ နေရသလို ဘာသာရေးယုံကြည်မှုအရ သတ်မှတ်ထားတဲ့ ဝတ်ရုံနဲ့ သတ်မှတ်ထားတဲ့ နေထိုင်စားသောက်မှုစည်းကမ်းတွေကို လိုက်နာ တည်ဆောက်ရတာဖြစ်ပါတယ်။ အိုက်ယပ္ပါဆွာမိယုံကြည်သူတွေရဲ့ အခမ်းအနားက ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ-မော်ကွန်း

အပြည့်အစုံဖတ်ရန်

အင်းစိန်ထောင်မှာ အကျဉ်းသားစလွှတ်

January 4, 2025

ရန်ကုန်-၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း) ဒီကနေ့ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၆,၀၀၀ နီးပါးကို နိုင်ငံတဝန်းက အကျဉ်းထောင်တွေကနေ လွှတ်ပေး နေရာမှာ ရန်ကုန်မြို့က အင်းစိန်ဗဟိုအကျဉ်းထောင်ရှေ့ နေ့လယ်ပိုင်း မြင်ကွင်းတွေကို ဖော်ပြလိုက်ပါတယ်။ အခု နေ့လယ် ပထမအသုတ် လွှတ်ပေးလိုက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခြားအမှုနဲ့ ထောင်ကျနေသူတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

အကျဉ်းသား ခြောက်ထောင်နီးပါးပြန်လွှတ်ပေး

January 4, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၄ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အကျဥ်းသား၊ အကျဥ်းသူ ၅,၈၆၄ ဦးကို လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လိုက်ပါတယ်။ ဒီနှစ် လွတ်လပ်ရေးနေ့ လွှတ်ပေးတဲ့အကျဉ်းသား အရေအတွက်ဟာ မနှစ်က လွတ်လပ်ရေးနေ့ကထက် ၃,၇၀၀ ကျော်လျော့ကျသွားတာပါ။ မနှစ်က ၇၆ နှစ်ပြည့် လွတ်လပ်ရေးနေ့မှာတော့ နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲက အကျဉ်းသားပေါင်း ၉,၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။ ဒီနှစ်မှာလည်း အကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို ပြန်လွှတ်ပေးမယ်လို့ သတင်းတချို့ ထွက်ပေါ်နေခဲ့တာကြောင့် နိုင်ငံရေးအသိုင်းအဝိုင်းက စောင့်ကြည့်မှုတွေလည်း ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာတော့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်အရှေ့မှာ အကျဉ်းသား မိသားစုဝင် အများအပြားက လွတ်မြောက်လာမယ့်သူတွေကို စောင့်ဆိုင်းနေကြပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီဗုံးကြဲလို့အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသေဆုံး

January 4, 2025

မြေပုံ- ၂၀၂၅ ဇန်နဝါရီ ၃ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ မြေပုံမြိုနယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီက ဒီနေ့မနက် တစ်နာရီခွဲခန့် လူခြေတိတ်ချိန်မှာ လေယာဉ်နဲ့ဗုံးလာကြဲခဲ့တာကြောင့် အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပါတယ်။ ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံနဲ့ စာသင်ကျောင်းအနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ သုံးကြိမ်တိတိ လာရောက်ဗုံးချခဲ့တာဖြစ်တယ်လို ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ” ဆေးရုံကို လာချတာထင်ပါတယ်။ ဒါပေမယ့် ညဥ့်သန်ခေါင်ကျော်အချိန်ဆိုတော့ ဆေးရုံကိုမကျဘဲ ဆေးရုံနားကို လာကျတာ။ အခု ဒဏ်ရာရပြီးသေဆုံးသွားတဲ့အဘွားကလည်း ဆေးရုံနားမှာနေတာ” လို့ ပြောပါတယ်။ လိုအပ်တဲ့ဆေးဝါကုသမှုတွေပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးကုသမှုခံယူနေရင်း သေဆုံးသွားတာ ဖြစ်တယ်လို့လည်း အထက်ပါသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် အရင်ရက်တွေတုန်းက ဗုံးကြဲခံရမှုကြောင့် တိုက်နယ်ဆေးရုံရှိ အဆောင်များအားလုံးပျက်စီးသွားသလို စာသင်ကျောင်းဆောင်တချို့လည်း ပျက်စီးသွားတယ်လို့ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ရခိုင်တောင်ပိုင်းနဲ့ ဧရာဝတီတိုင်း ထိစပ်နေတဲ့ကျေးရွာတွေမှာ တိုက်ပွဲတွေစဖြစ်လာ

January 4, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၃ (မော်ကွန်း) အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ ဂွမြို့ရဲ့ တောင်ပိုင်းက ဧရာဝတီတိုင်းနဲ့ထိစပ်နေတဲ့ ကျေးရွာတွေမှာ ဒီနေ့နဲ့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဧရာတီတိုင်းရဲ့ အစပ်မှာရှိတဲ့ ဂွရဲ့ တစ်ဖက်ကမ်း ကျောက်ချွန်ကမ်းခြေအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တွေအကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီဟာ ဂွမြို့ကိုပြန်လည်ရရေးအတွက် စစ်ကူတွေကို ဧရာဝတီတိုင်း သာပေါင်း-မကျီးဇင်-ဂွ လမ်းပိုင်းကနေပို့လွှတ်နေပြီး ဧရာဝတီတိုင်းအစပ်ထိ တပ်ဖြန့်လာတဲ့ AA တပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နယ်မြေအခြေအနေကိုသိတဲ့ ဂွဒေသခံတစ်ဦးက ပြောပါတယ်။ “ဂွတံတားက အခုထိသုံးလို့ရသေးတဲ့ အနေအထားရှိတယ်။ AA ကလည်း အဲဒီတံတားကိုသုံးပြီး ဒီဘက် ချမ်းသာ၊ ကျောက်ချွန်တို့လို ကမ်းခြေရွာတွေနားထိ တပ်ဖြန့်ထားတာပေါ့။ စစ်ကောင်စီကလည်း […]

အပြည့်အစုံဖတ်ရန်

ဂွမြို့ကိုသိမ်းပိုက်ပြီး AA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေ၊ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ စောင့်ကြည့်နေဆဲဖြစ်

January 4, 2025

ရန်ကုန် – ၂၀၂၅ ဇန်နဝါရီ ၂ (မော်ကွန်း) ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်တဲ့ ဂွမြို့ပေါ်နဲ့ ဒေသတစ်ဝိုက်ကို AA တပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ဒေသခံတွေနေရပ်ပြန်ဖို့ စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ အာရက္ခတပ်တော် (AA) ဟာ ၂၀၂၃ နိုဝင်ဘာမှာ စတင်ခဲ့တဲ့ ထိုးစစ်အတွင်း ရခိုင်ပြည်နယ်က မြို့အမြောက်အမြားကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူခဲ့တာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့လကုန်ပိုင်းမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နဲ့ ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို AA တပ်တွေ ရှေ့ဆင့်နောက်ဆင့် ထပ်မံသိမ်းယူနိုင်ခဲ့တာပါ။ ဂွမြို့ကို သိမ်းပိုက်ပြီးနောက်မှာ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ရဲ့ အစပ်လမ်းကြောင်းတွေဖြစ်တဲ့ ငသိုင်းချောင်း-ဂွ လမ်းပိုင်း၊ ဂွ- မကျီးဇင်-သာပေါင်း လမ်းပိုင်းတွေမှာ AA […]

အပြည့်အစုံဖတ်ရန်

စစ်ကောင်စီခေါင်းဆောင်ခရီးစဉ်ကြောင့် ဒလတစ်မြို့လုံးပိတ်ဆို့ခံထားရ

January 1, 2025

ရန်ကုန်- ၂၀၂၅ ဇန်နဝါရီ ၁ (မော်ကွန်း) ပုံမှန်နေ့တွေဆိုရင် ပုရွက်ဆိတ်တွေအလား လှုပ်ရှားရုန်းကန် အသက်မွေးနေကြရတဲ့ ရန်ကုန်မြို့တစ်ဖက်ကမ်းက ဒလ မြို့ သားတွေအဖို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကြောင့် ဒီနေ့တစ်ရက်တော့ အနားရ ခဲ့ကြပါတယ်။ ကိုလိုနီခေတ်ကတည်းကရှိနေခဲ့တဲ့ နာမည်ကျော် ဒလသင်္ဘောကျင်းရဲ့ နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ သူတက်ရောက်မှာမို့ သူ့နောက်လိုက်စစ်ကောင်စီတပ်သားတွေက တစ်မြို့လုံးကို ပိတ်ဆို့ လုံခြုံရေးယူလိုက်တာကြောင့်ပါ။ ဘယ်လောက်ပိတ်ဆို့လိုက်သလဲဆိုရင် ဒလ- ရန်ကုန် ဆက်သွယ်ရာမှာ အဓိကကျတဲ့ ချယ်ရီကူးတို့သင်္ဘောအပါအဝင် ကားကူးတဲ့ဇက်သင်္ဘောတွေ၊ မြို့သူမြို့သားတွေ အားထားရာ စက်လှေကူးတို့တွေ၊ ဧရာဝတီတိုင်းနဲ့ ဒလပြေးဆွဲတဲ့ယာဉ်လိုင်းတွေအပါအဝင် မြို့တွင်းရဲ့ အဓိကလမ်းမကြီးပေါ်ကို ယာဉ်တက်ခွင့် ပိတ်တဲ့အထိ တားမြစ်ထားတာကို တွေ့ရပါတယ်။ မနေ့ကညနေပိုင်းကတည်းက စတင်ပိတ်ဆို့မှုတွေကို လုပ်ခဲ့ရာမှာ ဒီမနက်မှာတော့ မြို့ဟာ လုံးဝ ရပ်တန့်နေပါပြီ။ ပြီးခဲတဲ့ […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့က ကရင်နှစ်သစ်ကူးပွဲတော်

January 1, 2025

ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၃၀ (မော်ကွန်း) ဒီနေ့ ကျရောက်တဲ့ ၂၇၆၄ ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်မြို့၊ တိုင်းရင်းသားကျေးရွာမှာကျင်းပခဲ့ပြီး စစ်ကောင်စီဝင်တချို့ လုံခြုံရေး အပြည့်နဲ့ တက်ရောက်လာတာကို တွေ့ရပါတယ်။ ဒီအခမ်းအနားမှာ ရိုးရာအက၊ ရိုးရာလက်ဝှေ့ပွဲအပါအဝင် အခြားပျော်ပွဲရွှင်ပွဲနဲ့ ဈေးရောင်းပွဲတော်တွေပါ ပူးတွဲကျင်းပခဲ့တဲ့အထဲ့က ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း

အပြည့်အစုံဖတ်ရန်

ရန်ကုန်က လမ်းမတော်ပွဲဈေး

January 1, 2025

ရန်ကုန်-၂၀၂၄ ဒီဇင်ဘာ ၂၉ (မော်ကွန်း) လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်မှာ ကျင်းပတဲ့ ညပွဲဈေး မြင်ကွင်းတချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။ ဒီပွဲတော်ကို ဒီလ ၂၇ ရက်ကနေ ၃၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဓါတ်ပုံ-မော်ကွန်း

အပြည့်အစုံဖတ်ရန်

ဘုတလင်နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်း အရပ်သားရာနဲ့ချီဖမ်းဆီးထား

January 1, 2025

ဘုတလင်-၂၀၂၄ ဒီဇင်ဘာ ၂၉ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မြို့တော်မုံရွာနဲ့ကပ်လျက်က ဘုတလင်မြို့နယ်ထဲကို ဒီလ ၂၅ ရက်ကတည်းက စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့ပေါ်နဲ့ မြို့နယ်ထဲမှာ ရက်ပိုင်းအတွင်း လူ ၂၀၀ နီးပါးကို ဖမ်းထားတယ်လို့ ဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မနေ့တုန်းကလည်း ကင်းစမ်းရွာအနောက်ဘက်တောစပ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်ခဲ့ပြီး အနီးနားက ဆိုင်ကယ်ငါးစီးကိုလည်း မီးရှို့သွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” ပြည်သူတွေ ဖမ်းခံရတာ ၂၀၀ နီးပါးရှိမယ်။ ဘုတလင်မြို့မှာ ဒီဇင်ဘာ ၂၆ ညက ဖမ်းပြီးပေါ်တာဆွဲတာဆိုရင် ၁၂ နှစ်အရွယ်တွေတောင်ပါတယ်။ နွား ခုနစ်ရှဥ်းပါယူသွားပြိီး ထမ်းပိုးတုံးမှာ အထုတ်အပိုးတွေချည်နှောင်ပြီး စစ်ကြောင်းထိုး နေတယ်”လို့ ဘုတလင်မြို့နယ်က စစ်‌ဘေးရှောင် ဦးတင်က ပြောပါတယ်။ ဖမ်းစီးခံရတဲ့သူတွေထဲမှာ […]

အပြည့်အစုံဖတ်ရန်
1 … 26 27 28 29 30 31 32 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."