ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်အနီးက တိုင်ကျိုးကမ်းခြေရွာအနီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။ AA ရဲ့ ထိုးစစ်ဟာ ဂွမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ရွာတွေကို ပြီးခဲ့တဲ့ လပိုင်းကတည်းက ရောက်ရှိလာခဲ့ပြီး ဂွမြို့မရောက်မီ ကုလားပြင်(ရတနာမြိုင်)၊ ကြွေချိုင် စတဲ့ ကျေးရွာတွေကို ကျော်လွန်လာပြီး တိုင်ကျိုးကမ်းခြေရွာအနီးကို ရောက်ရှိလာတာပါ။ ထိုးစစ်ကို အရှိန်လျှော့နိုင်ဖို့ ဂွ-သံတွဲ ကားလမ်းပေါ်မှာ ရှိတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီက မိုင်းထောင်ဖောက်ခွဲပြီး ဆုတ်ခွာခဲ့ပေမယ့် AA ရဲ့ ထိုးစစ်တပ်ဦးက ဂွမြို့အနီးထိ ကပ်လာတာလည်း ဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ […]
မင်းပြား – ၂၀၂၄ နိုဝင်ဘာ ၇ ( မော်ကွန်း) အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေကြောင့် အလုံးစုံ ပိတ်ဆို့ ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ စပါးဈေးထိုးကျ နေတဲ့အတွက် လယ်သမားတွေ အခက်အခဲ ကြုံနေရတယ်လို့ လယ်သမားတချို့ ပြောပါတယ်။ တိုက်ပွဲတွေ မဖြစ်ခင်က စပါးတင်း ၁၀၀ ကို ကျပ်ခြောက်သိန်းခွဲကနေ ရှစ်သိန်းအထိ ဈေးရှိခဲ့တဲ့ ရခိုင်မှာ ဒီနှစ်စပါးဝယ်ယူမယ့် ကုန်သည်တွေ မရှိတာကြောင့် ကျပ် ငါးသိန်းအထိ ဈေးကျနေတယ်လို့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မင်းပြားမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။ အဲဒီမြို့နယ်ဟာ တကျော့ပြန်စစ်ပွဲတွေအတွင်း AA တပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေတဲ့ မြို့နယ်ဖြစ်ပါတယ်။ ” အရင်နှစ်တွေကဆို ကုန်သည်တွေက နယ်ဘက်တွေကို ဆင်းပြီး လိုက်ဝယ်တော့ စျေးကောင်းရတယ်။ ဒီနှစ်တွေက […]
ယင်းမာပင်-၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ ဒီရက်ပိုင်း သည်းထန်စွာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် အနှံထွက်စ စပါးခင်းတွေ လဲပြိုကာ ရေမြုပ်ပျက်စီးကုန်ပြီး ဒီနှစ်စပါးအထွက်နှုန်းလျော့ကျမှာကို စိုးရိမ်တယ်လို့ အဲဒီက စပါးစိုက်တောင်သူတချို့က မော်ကွန်းကို ပြောပါတယ်။ ” မိုးရွာတာက သုံးရက်ကြာပြီဗျ။ နိုဝင်ဘာ ၅ရက်က စရွာတာ။ မိုးရွာတာနဲ့ လေနည်းနည်းတိုက်တာရောကြောင့် စပါးပင် အနှံထွက်ချိန်နဲ့ တိုက်ဆိုင်တော့ လဲကုန်တယ်ဗျ။ အနှံရင့်မှည့်ချိန်ဆိုရင် ကိစ္စမရှိဘူး။ အခုက နို့ရည်ခဲချိန်လို့ခေါ်တာပေါ့နော်။ အနှံစထွက်ချိန်မှာလဲတော့ အနှံအောင်ဖို့ မသေချာတော့ဘူး” လို့ ယင်းမာပင်မြို့နယ်ထဲက လယ်သမား ဦးခင်က ပြောပါတယ်။ ဒီလို ကြုံရတဲ့အတွက် စပါးအထွက်နှုန်းလည်း ထိုးကျသွားဖို့ ရှိတယ်လို့ သူက ဆိုပါတယ်။ သူတို့ ဒေသမှာ ရာသီဥတုမှန်ရင် တစ်ဧကကို စပါး […]
ရန်ကုန်၊ ၂၀၂၄ နိုဝင်ဘာ ၄ (မော်ကွန်း) အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းက ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံအရှေ့ပိုင်းနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ အတွက် လူငယ်တွေရဲ့ စာရင်းတွေကို ကောက်ယူသွားတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာသူတချို့က ပြောပါတယ်။ အဲဒီ မြို့နယ်တွေက ရပ်ကွက်တွေမှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လူငယ်တွေရှိတဲ့ နေအိမ်တွေကို လာရောက်ကာ စစ်မှုထမ်းသင်တန်းအတွက် မဲနှိုက်စေခဲ့ပြီး မဲပေါက်သွားတဲ့လူငယ်တွေရဲ့ စာရင်းတွေကို ကောက်ယူသွားတာလို့ ဒဂုံမြို့သစ်တောင်ပိုင်း ၅၇ ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ ဒီလိုမဲဖောက်မယ့်သတင်းကြောင့် တိမ်းရှောင်သွားသူတချို့လည်း ရှိခဲ့ပြီး လူမလာနိုင်တဲ့ အိမ်တွေကိုလည်း ကိုယ်စားစနစ်နဲ့ မဲနှိုက်စေခဲ့ပါသေးတယ်။ “လူမရှိလည်းရတယ်။ သူ့ဘာသာနှိုက်ပြီး စာရင်းထည့်သွားတယ်။ အခုတော့ မဲပဲနှိုက်ရတယ်။ မဲပေါက်တဲ့သူရဲ့ စာရင်းသွင်းထားရတယ်။ ခေါ်တော့မခေါ်သွားသေးဘူး” လို့ ကိုယ်တိုင်ကြုံလာသူတစ်ဦးက ပြောပါတယ်။ […]
ဘုတလင်- ၂၀၂၄ နိုဝင်ဘာ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း ပြီးခဲ့တဲ့လက စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးချိန် အဖမ်းခံရတဲ့ အရပ်သား တွေထဲက သုံးဦးကို မနေ့တုန်းက ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ” မနေ့က အန်တီအပါဝင် သုံးယောက် လွှတ်ပေးလိုက်တာ။ အသက်ရွယ်ကြီးသူတွေ လွှတ်တဲ့ သဘောလားတော့ မသိဘူး။ အန်တီတို့က ညီအစ်မနှစ်ယောက်၊ ဘုတလင်မြို့ပေါ်က အမျိုးသားတယောက်။ အဖမ်းခံရတာတော့ ၅၀၊ ၆၀ ရှိတယ်။ အဖမ်းခံရတဲ့ သူတွေကို အတူမထားဘူး။ အဖွဲ့ခွဲပြီးထားတာ။ တစ်ဖွဲ့ကို ၁၁ ယောက် ။ အန်တီတို့အဖွဲ့ကိုတော့ ညှင်းပန်း နှိပ်ဆက်တာမရှိဘူး။ အခြားအဖွဲ့တွေတော့ မသိဘူး ။ အန်တီတို့ကို ဘာမှမခိုင်းဘူး။ အသက်အရွယ်ကြောင့်လားမသိဘူး။ (အသက်က) ၅ဝ ကျော် […]
အမ်း- ၂၀၂၄ နိုဝင်ဘာ ၁ ( မော်ကွန်း) ရခိုင်ပြည်နယ်၊ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အနီးမှာရှိတဲ့ ချင်းကုန်းနဲ့ ပြောင်းချောင်းကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေက မနေ့က ညနေပိုင်းမှာ ဝင်ရောက်မီးရှိခဲ့တယ်လို အမ်းဒေသခံတချို့က ပြောပါတယ်။ အဲ့ဒီကျေးရွာ နှစ်ရွာဟာ နပခ နဲ့ နှစ်ဖာလုံကျော်လောက်သာဝေးပြီး ရွာသားတွေ စစ်ဘေးရှောင်နေကြတဲ့အချိန် စစ်ကောင်စီက ဝင်ရောက်မီးရှိခဲ့တာဖြစ်တယ်လို အမ်းဒေသခံတစ်ဦးက ပြောပါတယ်။ ” ဒေသခံတွေက နပခ ကို AA က ထိုးစစ်ဆင်လာရင် တိုက်ပွဲထဲ ညပ်ပါမှာစိုးလို အကုန်လုံးနီးပါး AA ထိန်းချုပ်ထားတဲ့ နေရာတွေဆီ ပြေးသွားကြပြီ။ စစ်ကောင်စီကလည်း အဲ့ဒီရွာတွေက နပခနဲ့ နီးတော့ AA က နေရာယူ တိုက်မှာစိုးလို မီးရှို့ လိုက်တာ ထင်ပါတယ်။ […]
တောင်ကုတ်- ၂၀၂၄ အောက်တိုဘာ ၃၁ (မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြိုနယ်က မောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီရွာကို မနေ့ကမနက်ပိုင်း ၁၀ နာရီလောက်မှာ ဂျက်ဖိုက်တာလေယာဉ်တစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့တာလို ဒေသခံတစ်ဦးကပြောပါတယ်။ ” ပထမတစ်ခေါက် လေယာဥ်လာဝဲကတည်းက ရွာသားတွေကကြောက်ပြီး ပုန်းတဲ့သူပုန်းနေကြပြီ။ သိပ်မကြာဘူး ဒုတိယတစ်ခေါက်လာဝဲပြီးတော့ ဗုံးချသွားတာပါ။ လမ်းပေါ်ကလူတွေရော ၊ အိမ်တွင်းမှာရှိတဲ့သူတွေရော အစစိုက်ပြီး သေဆုံးဒဏ်ရာရရှိသွားကြတာပါ” လို့ ပြောပါတယ်။ လက်ရှိမှာ တောင်ကုတ်မြိုနယ်အတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ကြား နှစ်ဘက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး တောင်ကုတ်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက် AA က မြို့ပတ်လည်ကို ဝိုင်းရံပိတ်ဆို့ ထားပါတယ်။ တောင်ကုတ်မြို့ […]
ကြို့ပင်ကောက်-၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ ပဲခူးရိုးမတောင်တန်းပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကြောင့် ဒေသခံ တစ်သောင်းကျော်လောက် စစ်ဘေးရှောင်နေရတယ်လို့ ကယ်ဆယ်ကူညီပေးသူတချို့က ပြောပါတယ်။ ဒီလ ၂၄ ရက်ကတည်းက ထိုးလာတဲ့အဲဒီစစ်ကြောင်းကြောင့် သခွတ်ပင်၊ အင်တိုင်း၊ ရုံးချောင်း၊ ဥယျာဥ်ကြီး၊ အေးရွာလေးနဲ့ သင်္ခရိုင်ရွာတွေက ဒေသခံတစ်သောင်းလောက် ပဲခူးရိုးမတောတွင်း ဘေးလွတ်ရာတွေကို ထွက်ပြေးနေရပြီး ဒီနေ့အထိ အဲဒီစစ်ကြောင်းဟာ ကြို့ပင်ကောက်မြို့နယ်၊ ဘော်ဘင်ရေလှောင်တမံဘေးက သင်္ခရိုင်ပရဟိတကျောင်းမှာ တပ်စွဲထားဆဲဖြစ်တယ်လို့ ရိုးမထဲကတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ ဒီနေ့မနက် ခုနစ်နာရီက သင်္ခရိုင် ပရဟိတကျောင်းထဲက စခ (စစ်ကောင်စီတပ်သား) ၇၀ ခန့်က ဘော်ဘင်ဆည်ဘောင်အတိုင်း ဘော်ဘင်ရွာကို ပြန်ထွက်သွားတယ်။ အလောင်းတွေကို ဖျာနဲ့လိပ် ထမ်းသွားတယ်လို့ သိရပါတယ်။ သင်္ခရိုင် ပရဟိတကျောင်းမှာတော့ တစ်ဝက်ကျန်ခဲ့သေးတယ်။ တပ်ပြန်မဆုတ်သေးဘူး။ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း) စစ်ကောင်စီတပ်ဟာ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) ရဲ့ နယ်မြေမှာရှိတဲ့ စစ်သုံ့ပန်းတွေချုပ်နှောင်ထားတဲ့ အချုပ်ထောင်ကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်း ၁၆ ဦးထိ သေဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့အချုပ်ထောင်ကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ်ရက် ညနေပိုင်းနဲ့ မနေ့ကမနက်အစောပိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ မနေ့က ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှာတော့ ဖမ်းဆီးခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ရှစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးကာ ၆၀ ဦးခန့် ဒဏ်ရာရသွားပြီး မနေ့ကမနက်အစောပိုင်းတိုက်ခိုက်မှုမှာတော့ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးထပ်မံသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတစ်ဦးရှိခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ထားတာပါ။ ဒီဗုံးကြဲခံခဲ့ရတဲ့ အချုပ်ထောင်ရဲ့ တည်နေရာကိုတော့ […]
ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း) ဒီသီတင်းပတ်ကစပြီး တရုတ်နယ်စပ်ဂိတ်မှာ မြန်မာဘက်ကိုသယ်ယူတဲ့ ကုန်ပစ္စည်းတွေကို တရုတ် အာဏာပိုင်တွေဘက်က တင်းတင်းကျပ်ကျပ်နဲ့ စစ်ဆေးနေတာဖြစ်ပြီး လျှပ်စစ်နဲ့ဆက်စပ်ပစ္စည်း၊ အိုင်တီပစ္စည်း၊ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ သယ်ယူခွင့်မရဖြစ်နေတယ်လို့ မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ “အရင်က ကိုယ့်ကားနဲ့ တစ်နိုင်တစ်ပိုင် ဝယ်သွားလို့ရတယ်။ အခုဘာမှမရဘူး။ အကုန်ဖောက်စစ်တယ်။ သူတို့ကန့်သတ်ကုန်တွေဆို ပေးမဖြတ်ဘူး။ တခါတည်း ဂိတ်မှာပုံထားတယ်။ ဂိတ်ကိုတော့ မပိတ်ထားဘူး။ ဖွင့်ပေးထားတယ်။ သေချာတင်းတင်းကျပ်ကျပ်စစ်ဆေးပြီးမှ ဖြတ်ခွင့်ပေးတယ်” ၎င်း နယ်စပ်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး မူဆယ်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တွေအပါအဝင် “ဝ” ဒေသနဲ့ မိုင်းလားဒေသက နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က ကန့်သတ်လိုက်ပြီး ပြည်တွင်းကို တင်သွင်းတဲ့ ကုန်စည်တွေကို […]
အမ်း- ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီအကြား နှစ်ဘက်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးထိမှန်တာကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မော်ကွန်းကို မနေ့က ပြောပါတယ်။ အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်က အထက်ပါအုပ်ချုပ်ရေးမှူးဟာ မနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေချိန် နေအိမ်အပြင်ကို အခြေအနေထွက်ကြည့်စဉ် ဘေးနားကိုလက်နက်ကြီးကျည်ဆန်ကျပြီး ထိမှန်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ” တိုက်ပွဲ အခြေအနေကတော့ အရမ်းကြမ်းပါတယ်။ စစ်ကောင်စီကလည်း လေယာဥ်တွေနဲ့ တောက်လျှောက်လာကြဲတယ်။ AA တပ်တော်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ တစ်မြို့လုံး ပစ်ခတ်သံတွေနဲ့ ဆူညံနေရော။ အဲဒီ အုပ်ချုပ်ရေးမှူးကလည်း ပစ်ခတ်နေတဲ့ကြားထဲ အပြင်ထွက်ကြည့်ရာကနေ လက်နက်ကြီးအစ ထိသွားတာ” လို့ ရခိုင်စစ်ရေး […]
ဘုတလင်- ၂၀၂၄ အောက်တိုဘာ ၃၀ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ဒုတိယအကြိမ် စစ်ကြောင်းပြန်ထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့တုန်းကတော့ သူတို့ဝင်ရောက်တပ်စွဲထားတဲ့ အင်းတဲရွာကို မီးတင်ရှို့နေတယ်လို့ ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။ အဲဒီရွာဟာ ဘုတလင်မြို့ရဲ့ အရှေ့ဘက်ခြမ်းဒေသမှာ ရှိတဲ့ ကျေးရွာပါ။ “ ၂၈ ရက်က ပဲပြစ်တော(အရှေ့) ရွာကနေ နှောရင်းရွာကို စစ်ကြောင်းထိုးတပ်စွဲခဲ့တယ်၊။ ညအချိန်ကတည်းက ပြည်သူတွေဖမ်းခံရတယ် ။ စစ်ရှောင်တဲ့ပြည်သူတွေ နေရာဒေသမတူတော့ ဘယ်နှယောက်အဖမ်းခံရတယ်ဆိုတာ အတည်ပြု မရဘူး ဖြစ်နေတယ်ဗျ။ လတ်တလော ၁၅ ယောက် ဝန်းကျင်လို့ ခန့်မှန်းရတယ်။ အရင်အပတ်က စစ်ကြောင်းထိုးတုန်းက ဖမ်းခံရတဲ့ပြည်သူတွေလည်း ပြန်မလွတ်သေးဘူး။ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းမှာ အင်းတဲရွာကိုဝင်ပြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."