ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၇ (မော်ကွန်း) ပြီးခဲ့တဲ့ ရက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်လိုက်ပြီးနောက်မှာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ယောနယ်ကို တိုက်ပွဲကူးစက်လာနိုင်ပြီး ဒီဒေသမှာ စစ်ရေးတင်းမာနေတယ်လို့ ယောဒေသခံတချို့က ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) နဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုတွေဟာ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို အခုလ ၂၁ ရက်နဲ့ ၂၂ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်လိုက်တာပါ။ ဒီမြို့တွေကို သိမ်းပိုက်ခံလိုက်ရပြီးနောက်မှာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်း ယောနယ်မှာရှိတဲ့ ဆော၊ ကျောက်ထု စတဲ့မြို့နယ်တွေကို စစ်ကောင်စီက စစ်အင်အားတိုးချဲ့နေပြီး ဒေသတွင်း စစ်ရေးတင်းမာနေတဲ့ အခြေအနေရှိတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။ ဆောနဲ့ ကျောက်ထုမြို့တွေက စစ်ကောင်စီစခန်းတွေမှာ အခုရက်ပိုင်း […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၆ (မော်ကွန်း) ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး ဂွမြို့မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေအကြား ဒီနေ့မနက်ပိုင်းကနေ မွန်းလွဲပိုင်းထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဂွဒေသခံ သတင်းရင်းမြစ်တချို့က ပြောပါတယ်။ AA တပ်တွေဟာ ဒီလ ၁၃ ရက်က စတင်ကာ ရခိုင်တောင်ပိုင်းဂွမြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး တိုက်ပွဲကာလ နှစ်ပတ်ကျော်လာတဲ့အထိ နှစ်ဖက် တိုက်ပွဲဆက်လက်ပြင်းထန်နေတာပါ။ ဒီနေ့မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ဂွမြို့ပေါ်ကို ကြည်း၊ ရေ၊ လေ အင်အားသုံးကာ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေ ပြင်းထန်ဖွယ်ရှိတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “မနေ့က ညပိုင်းထိတော့ နည်းနည်းငြိမ်နေတာ ဒီနေ့မနက်ကနေ စပြီးပစ်နေတာ၊ အခုထိ (မွန်းလွဲပိုင်း) ပစ်နေတုန်းပဲ။ သင်္ဘောကလည်းပစ်တယ်။ လေယာဉ်နဲ့လည်းပစ်တယ်။ လက်နက်ကြီးတွေလည်းတောက်လျှောက်ပစ်ခတ်သံကြားရတယ်” […]
စစ်တွေ- ၂၀၂၄ ဒီဇင်ဘာ ၂၄ ( မော်ကွန်း) စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်( AA) တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းအနီးမှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော်(AA)တို့ကြား မိနစ်အနည်းငယ်အကြာ အပြန်အလှန်ပစ်ခတ်မှုရှိခဲ့တယ်လို့ စစ်တွေမှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ” အဲ့ဒီဆိပ်ကမ်းမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတာ။ ပြီးတော့ရွှေမင်းဂံ ဆိပ်ကမ်းအနီးမှာရပ်ထားတဲ့ စစ်ကောင်စီနေဗီ(ရေတပ်)တွေကလည်း လက်နက်ကြီးတွေနဲ့လှမ်းထုတယ်။ လက်နက်သံတွေက ဆူညံနေရော” လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ကလည်း စစ်တွေပင်လယ်ပြင်မှာရှိတဲ့ စစ်ကောင်စီရေတပ်က AA သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်ဘက်ကို ဝင်ရောက်လာတဲ့အတွက် AA ဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်ကာ တားဆီးခဲ့ရတယ်လို့လည်း ပြောပါတယ်။ ” စစ်တွေပင်လယ်ပြင်မှာ လုံခြုံရေးချထားတဲ့နေဗီတွေ အများကြီးရှိပါတယ်။ အဲ့ဒီထဲက […]
ရန်ကုန်-၂၀၂၄ ဒီဇင်ဘာ ၂၄ (မော်ကွန်း) ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းနဲ့ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ စိန့်မေရဘုရားကျောင်းမှာ ခရစ္စမတ်နေ့ ဝတ်ပြုဆုတောင်းပွဲကို ဒီနေ့ ညနေ ၅ နာရီမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ယုံကြည်သူတွေများစွာ တက်ရောက်လာတာလည်း တွေ့ရပါတယ်။ အခမ်းအနားရဲ့ ပုံရိပ်တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓါတ်ပုံ- မော်ကွန်း
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၄ (မော်ကွန်း) ကချင်ပြည်နယ် ဗန်းမော်-မံစီ လမ်းပိုင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်တိုက်နေတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။ မံစီမြို့မှာရှိတဲ့ မြို့ခံတပ်ရင်း ဌာနချုပ်သုံးခုကို ဒီနေ့မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဒီမနက် ရှစ်နာရီခွဲလောက်ကပြီး မံစီဘက်က လက်နက်ကြီးတောက်လျှောက်ပစ်တယ်။ ဗန်းမော်မြို့ပေါ်မှာလည်း လက်နက်ကြီးတွေကျတယ်။ အရင်ကတော့ မံစီဘက်က မတိုက်သေးဘဲဝိုင်းထားတဲ့ တပ်ရင်းတွေကို အခုဒီရက်မှာဝင်တိုက်နေတာပေါ့” လို့ ၎င်းသတင်းရင်းမြစ်ကပြောပါတယ်။ လက်ရှိ ဗန်းမော်စစ်မျက်နှာပြင်မှာ စစ်ကောင်စီက ဗန်းမော်မြို့မှာရှိတဲ့ စကခ (၂၁) ဌာနချုပ်ကနေ လက်နက်ကြီးပစ်ကူပေးကာ တိုက်ခိုက်နေပြီး KIA တပ်တွေကလည်း ဗန်းမော်မြို့တွင်း ထိန်းချုပ်ထားတဲ့ စစ်ကောင်စီရဲ့ကာကင်းတွေ၊ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၂၄ (မော်ကွန်း) ရန်ကုန်မြို့က ဆင်ခြေဖုန်းမြို့နယ်တချို့မှာပြေးဆွဲနေတဲ့ ဘေးတွဲဆိုင်ကယ်တွေကို အမိုးဖြုတ်ပြီး မောင်းနှင်ဖို့ စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ၎င်းဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူတချို့က ပြောပါတယ်။ ယာဉ်အန္တရာယ်ကြောင့်ဆိုကာ ဆိုင်ကယ်ဘေးတွဲတွေရဲ့ အမိုးတွေကိုဖြုတ်ပြီး မောင်းနှင်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက ဒီရက်ပိုင်းမှာ လိုက်လံကြေညာနေတယ်လို့ တောင်ဒဂုံမြို့နယ်က ဆိုင်ကယ်ဘေးတွဲ မောင်းနှင်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လှည့်ကင်းနဲ့ စစ်ဆေးမှုတွေလည်းမကြာခဏရှိနေပြီး လှည့်ကင်းနဲ့တွေ့ပြီးဖမ်းဆီးခံရပါက ဒဏ်ငွေကျပ်ငါးသောင်းထိ ဆောင်ရတယ်လို့လည်း ၎င်းဘေးတွဲယာဉ်မောင်းက ပြောပါတယ်။ “အရင်က နေပူမိုးရွာ စီးလို့ရအောင်ဆိုပြီး ဘေးတွဲတော်တော်များများ အမိုးတွေဆင်ထားတယ်။ သံဖရိန်တွေနဲ့ အခိုင်အမာတွေဆင်ထားတာတွေပါ အကုန်ဖြုတ်ရတယ်။ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းဘက်တွေအကုန်ပါတယ်” လို့ ၎င်းကပြောပါတယ်။ ရန်ကုန်တိုင်းမှာ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် သင်္ဃန်းကျွန်း၊ ကာကေတ၊ […]
ရန်ကုန်- ၂၀၂၄ ဒီဇင်ဘာ ၂၀ (မော်ကွန်း) ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က ဒီနေ့ နေ့လယ်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒါဟာ စစ်ကောင်စီရဲ့ ဒုတိယမြောက် တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်တွေဘက်က သိမ်းနိုင်တာဖြစ်ပြီး အဲဒီမတိုင်မီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်(MNDAA) က သိမ်းယူထားပါတယ်။ “ ဒီနေ့လယ်ပိုင်းမှာကတည်းက ရတာ။ အခု တပ်ဖွဲ့ဝင်တွေ သိမ်းဆည်း ရှင်းလင်းတာတွေလုပ်နေတယ်” လို့ အမ်းရှေ့တန်းက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သိမ်းတဲ့ AA ထိုးစစ်အတွင်း ထောင်နဲ့ချီတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချကြတဲ့ ရုပ်သံဖိုင်တွေကိုလည်း AA က သတင်းထုတ်ပြန်ထားပါတယ်။ နပခသိမ်းတိုက်ပွဲအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် […]
သံတွဲ- ၂၀၂၄ ဒီဇင်ဘာ ၂၀ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားသုံးဦး ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ မနေ့ကည ၁၁ နာရီကျော်မှာ ဂျက်ဖိုက်တာလေယာဉ်နှစ်စီးနဲ့ သံတွဲမြို့က အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်တွေပေါ် ကြဲချခဲ့တာဖြစ်ပြီး အမှတ် ၁ ရပ်ကွက်မှာ လူထိခိုက်မှု ဖြစ်ခဲ့တာလို့ ပြောပါတယ်။ ” အဖွားတစ်ယောက်က ပေါင်တဖက်ပြတ်သွားတယ်။ နောက်ထပ်သက်ကြီးပိုင်း နှစ်ယောက်ကတော့ လက်တွေနဲ့ ခန္ဓာကိုယ်တွေ ဒဏ်ရာရရှိသွားပါတယ်။ လက်ချောင်းလေးတွေလည်း ပြတ်ထွက်သွားပါတယ်။ နေအိမ်တွေလည်း မီးလောင်သွားကြတာ ရှိတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် သံတွဲမြို့ ၊ အမှတ် […]
ရန်ကုန် – ဒီဇင်ဘာ ၂၀ (မော်ကွန်း) ချင်းပြည်နယ်က မင်းတပ်နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီလက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ ချင်းညီနောင် (Chin Brotherhood) တပ်ဖွဲ့က ဒီနေ့ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဖလမ်းမြို့နဲ့ တောင်ပိုင်းမှာရှိတဲ့ မင်းတပ်မြို့ကို ချင်းညီနောင်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့လ ၉ ရက်ကစပြီး Opretion CB လို့ အမည်ပေးထားတဲ့ မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမှာ ဖလမ်းနဲ့ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ်ကာလ တစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ မင်းတပ်မြို့ပေါ်က စစ်ကောင်စီတပ်နဲ့ရဲတွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း (စံပြရပ်ကွက်) ၊ ခရိုင်ဆောက်လုပ်ရေးဌာနဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့် စေတီကုန်းနဲ့ လေးမိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ […]
ရန်ကုန် – ၂၀၂၄ ဒီဇင်ဘာ ၁၉ (မော်ကွန်း) မန္တလေးတိုင်း မတ္တရာအရှေ့ခြမ်းကျေးရွာတွေမှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီနဲ့ ဒေသတွင်း တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တချို့ကပြောပါတယ်။ မတ္တရာမြို့ အရှေ့ခြမ်းမှာရှိတဲ့ ထန်းပင်ကုန်း၊ ကျောက်တံခါး စတဲ့ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) တပ်တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင်လာပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ ဒေသခံတချို့လည်း ထိခိုက်မှုရှိတယ်လို့ ၎င်း ဒေသခံက ပြောပါတယ်။ “တိုက်ပွဲအခြေအနေတော့ မသိသေးဘူး။ အဲဒီရွာတွေက စစ်တပ်ထိန်းထားတဲ့ရွာတွေ။ PDF တွေ ဝင်တိုက်တော့ ဒီဘက်ကလည်း မတ္တရာမြို့ […]
ယင်းမာပင်- ၂၀၂၄ ဒီဇင်ဘာ ၁၉ (မော်ကွန်း) မနေ့တုန်းက စစ်ကောင်စီလေတပ်ရဲ့ ဒုတိယအကြိမ်ဗုံးကြဲခံရတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲက ကျောက်လှေကားကျေးရွာမှာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ပြီး နွားခုနစ်ကောင်သေဆုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီရွာကို ဒီလ ၁၆ ရက်မှာ ပထမအကြိမ်ဗုံးကြဲတုန်းက ရွာသားငါးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ပါသေးတယ်။ ည ၁၀ နာရီ ဝန်းကျင်မှာတော့ ဒုတိယအကြိမ်ဗုံးကြဲခဲ့တာလို့ ဒေသခံတချို့က ပြောပါတယ်။ သုံးရက်အတွင်း နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။ ” လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ခုနစ်ကြိမ်။ အပြစ်မဲ့ လာတိုက်ခိုက်နေတာ။ လူတွေတော့မထိခိုက်ဘူး။ ဒီဇင်ဘာ ၁၆ ရက်ကလည်း ပစ်တယ်။ တစ်ရက်ခြားပြီးဆက်ပစ်တယ်” လို့ ကျောက်လှေကားရွာအနီး ဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။ ဒီလ ၁၆ ရက်မှာ ဗုံးကြဲခံရကတည်းက […]
မောင်တော- ၂၀၂၄ ဒီဇင်ဘာ ၁၉( မော်ကွန်း) ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ စစ်ကောင်စီရေတပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ဒေသခံ လူငယ်နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မောင်တောဒေသက သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဒဏ်ရာရခဲ့တဲ့လူငယ်တွေဟာ မောင်တောမြို့နယ်၊ ဦးဒေါင်းကျေးရွာကဖြစ်ပြီး မနေ့က ညနေပိုင်းမှာ ရေတပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာအနီးကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ ” စစ်ကောင်စီကတော့ မောင်တောကို လက်လွှတ်လိုက်ရပြီးကတည်းက လေကြောင်းကရော ၊ နေဗီ(ရေတပ်)ကရော တောက်လျှောက်ပစ်နေတာ။ နေအိမ်တွေ မီးလောင်လိုက်၊ လူတွေထိခိုက်လိုက်နဲ့ ရမ်းပစ်နေတာပဲ။ အခုဒဏ်ရာရသွားတဲ့ လူငယ်တွေကတော့ အသက်မစိုးရိမ်ရပေမယ့် အခုလိုမျိုး လျှောက်ပစ်နေတော့ ပြည်သူတွေက ကြောက်လန့်နေကြရတာပေါ့” လို့ မောင်တောဒေသက သတင်းရင်းမြစ်က ပြောပါတယ်။ မောင်တောမြို့ရဲ့ နောက်ဆုံးလက်ကျန် စစ်ကောင်စီတပ်စခန်း နခခ(၅) ကို […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."