ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတစ်ခုဖြစ်တဲ့ ရပ်စောက်-နောင်ချို ကားလမ်းကို စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းက စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ဒီလမ်းကြောင်းကို ကိုယ်တိုင်ဖြတ်သန်းလာသူ တချို့က ပြောပါတယ်။ ရပ်စောက်- နောင်ချိုကားလမ်းအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းကို တက်မယ့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေက ဒီမနက်ကစပြီး ပြန်လှည့်ခိုင်းနေတယ်လို့ ဒေသခံ ခရီးသည်တင်ယာဉ်မောင်း တချို့က ပြောပါတယ်။ ဒီလမ်းပိုင်းကို ရပ်စောက်မြို့ အထွက်မှာရှိတဲ့ ဗထူးတပ်မြို့ကစပြီး ပိတ်ထားလိုက်တာဖြစ်ကာ ရှမ်းမြောက်က ဆင်းလာတဲ့ ကားတချို့ကို စစ်ဆေးပြီး ဝင်ခွင့်ပေးနေပေမယ့် ရှမ်းမြောက်ဘက်ကို တက်မယ့် ကားတွေကိုတော့ လုံးဝပေးမဝင်တော့ဘူးလို့ ရပ်စောက်ကနေ နောင်ချိုကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းက ယာဉ်မောင်းတစ်ဦးက […]
ဘူးသီးတောင် – ၂၀၂၄ နိုဝင်ဘာ ၁၂ ( မော်ကွန်း) စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီ ကြောင့် အသက်ဘေးအတွက် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရတယ်လို့ ဗုံးကြဲခံရတဲ့ ရခိုင်စစ်ရှောင်စခန်းတွေက ဒုက္ခသည်တချို့က ပြောပါတယ်။ ” အကုန်လုံးကို ဆုံးရှုံးပြီး ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေကိုတောင် တမင်လိုက်သတ်နေတယ်။ ကျွန်တော်တို့မှာ ပိုင်ဆိုင်တာဆိုလို့ အသက်ပဲ ကျန်တော့တယ်။ ဒါတောင် အလွတ်မပေးသေးဘူး။ အဲဒီနေ့ကလည်း ကျွန်တော်တို့ အိပ်နေတဲ့ ကျောင်းဆောင်နားက အဆောင်မှာလာကျတာ။ ကံကောင်းလို့မသေလိုက်တာ” လို့ ဒီလ ၉ ရက်က လေကြောင်းတိုက်ခိုက်ခံရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ “ အနီးအနားက လူတွေတော့ ထိခိုက်သေဆုံးသွားရတယ်။ ကိုယ့်မျက်စိရှေ့တင်ပဲ ဖြစ်ပျက်သွားတာဆိုတော့ ဆက်မနေရဲတော့ဘူး။ တစ်ခြားထွက်ပြေးစရာ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း) အခုရက်ပိုင်းအဆက်မပြတ်ရွာသွန်းနေတဲ့မိုးကြောင့် စပါးခင်းတွေရိတ်သိမ်းဖို့ အခက်အခဲကြုံနေရတယ်လို့ မကွေးတိုင်း၊ ယော ဒေသက စပါးစိုက်တောင်သူတချို့က ပြောပါတယ်။ ပုံတောင်ပုံညာ တောင်တန်းနဲ့ ချင်းတောင်တန်းတွေကြားမှာရှိတဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော စတဲ့မြို့နယ်တွေ ပါဝင်တဲ့ ယောဒေသမှာ ပြီးခဲ့တဲ့ လကုန်ပိုင်းထဲက စပါးရိတ်သိမ်းဖို့အတွက် ပြင်ဆင်နေပြီး ရိတ်သိမ်းရာသီကို ရောက်ရှိလာပြီဖြစ်ပေမယ့် မိုးက မစဲနိုင်သေးဘဲ ဒီနေ့ထိ ဆက်ရွာနေတာကြောင့် ရိတ်သိမ်းချိန်နောက်ကျနေတယ်လို့ ဆောဒေသခံတစ်ဦးက ပြောပါတယ်။ ” ပုံမှန်ဆိုရင်တော့ လကုန်(အောက်တိုဘာ)လောက်ကတည်းက ရိတ်ရတော့မှာ။ မိုးက တောက်လျှောက် ကောင်းနေတော့ အဓိကတော့ စပါးခင်းတွေ ပျက်မှာ စိုးတယ်။ ရိတ်သိမ်းရင်လည်း ရိတ်သိမ်းခတွေ ရှိသေးတော့ နောက်တစ်ရာသီအတွက် စိုက်ပျိုးစရိတ်ကလည်း ရှိသေးတယ်လေ။ စိုက်ပျိုးစရိတ် မကာမိမှာလည်း […]
အမ်း- ၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်က အမ်းမြို့ကို အာရက္ခတပ်တော်(AA) တိုက်ခိုက်လာချိန်မှာ စစ်ရှောင်ခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် စစ်ကောင်စီက သူတို့နဲ့အတူ ပိတ်လှောင်ထားတဲ့ မြို့ခံတွေဟာ ဆန်ပြတ်လပ်လာတဲ့ အတွက် အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ အမ်းမြို့ခံတချို့က ပြောပါတယ်။ ” ဆန်က စျေးတက်သွားတဲ့အပြင် ရှာလို့ပါ မရတော့ဘူး။ စစ်တပ်နဲ့ နီးစပ်တဲ့ သူတွေကိုပဲ ထုတ်ရောင်းခွင့် ပေးထားတယ်။ အဲဒီမှာလည်း သာမန်အရပ်သားတွေဆို မရောင်းပေးဘူး။ စစ်တပ်ကို ထောက်ခံတဲ့သူ အချင်းချင်းသာ ဝယ်လို့ရတာ။ ကျန်တဲ့ သူတွေကတော့ ရှိတဲ့ဆန်လေးနဲ့ မိသားစုတွေ လောက်ငအောင် ဆန်ပြုတ်ကျိုသောက်တဲ့သူသောက်၊ အငတ်နေတဲ့သူနေပေါ့။ တခြား ဆီ၊ ဆား၊ ကြက်သွန်တွေကတော့ စျေးမတက်ဘူး။ ဆန်မရှိရင် အဲဒီစားကုန်တွေက အသုံးမှ […]
ဘုတလင်-၂၀၂၄ နိုဝင်ဘာ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ကို အခြေချပြီး မြို့နယ်အတွင်းထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မနေ့တုန်းက မြို့အရှေ့ဘက်ခြမ်းက သဖန်းရွာကို မီးရှို့ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီမြို့နယ်ဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အခြေစိုက်ရာ မုံရွာမြို့နယ်နဲ့ နယ်ချင်းဆက်နေတဲ့အတွက် စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှု၊ မီးရှို့မှုနဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တဲ့ဒဏ်ကို အခံရဆုံးမြို့နယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။ ” စစ်ကြောင်းထိုးတာက နှစ်လကျော်ပြီ။ ပြည်သူတွေလည်း ဒုက္ခရောက်လှပါပြီ။ နိုဝင်ဘာ ၇ ရက်နေ့ မနက်ခင်းမှာလည်း ဘုတလင်မြို့ အရှေ့အခြမ်းက သဖန်းရွာကို မီးရှို့တယ်။ ၃၄ အိမ် မီးလောင်ခဲ့တယ်။ အိမ်တွေရိုက်ဖျက်ဖောက်ထွင်းပြီး ပစ္စည်းတွေ ယူသွားတယ်” လို့ မီးဘေးသင့် ဒေသခံတစ်ဦးက ဒီနေ့ ပြောပါတယ်။ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၅ (မော်ကွန်း) မြောက်ပိုင်းညီနောင်မဟာမိတ်တွေထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးနဲ့နောင်ချိုမြို့တွေကို လေကြောင်းကနေ စစ်ကောင်စီ ဗုံးကြဲတာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ နောင်ချိုမြို့ပေါ်က ဘူတာရပ်ကွက်ကို ဒီလ ၃ ရက်နဲ့ မနေ့က နေ့လယ်ပိုင်းတွေမှာ ဆက်တိုက်ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ်အများအပြားပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့မရှိဘူးလို့ နောင်ချိုဒေသခံတချို့က ပြောပါတယ်။ ဒါ့အပြင် ဒီနေ့မနက် တစ်နာရီဝန်းကျင်မှာ လားရှိုးနဲ့ ငါးမိုင်အကွာမှာရှိတဲ့ မယ်ဟန်ရွာကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာကြောင့် ရွာဆေးပေးခန်းအနီးက လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။ နေအိမ်မှာ လူမနေတဲ့အတွက် ထိခိုက်သူတော့ မရှိခဲ့ဘူးလို့ လားရှိုးမြို့အခြေစိုက် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ Freedom Youth Volunteers-FYV က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း လားရှိုး၊ […]
ကနီ- ၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၊ ကြားကာလပညာရေးတာဝန်ခံ ဦးဝင်းဌေးမိသားစု နိုဝင်ဘာ ၄ ရက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီမိသားစုလုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် ဒေသတွင်းစုံစမ်းရေးတွေလုပ်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်မယ်လို့လည်း NUG ပညာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။ ဇနီးဖြစ်သူရော လသားအရွယ်ကလေးငယ်ပါ သတ်ဖြတ်ခံရတဲ့ ဒီဖြစ်စဉ်ဟာ နိုဝင်ဘာ ၄ ရက် ညပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ဒေသခံတချို့က ခန့်မှန်းကြပြီး မနေ့က နေ့လယ်ပိုင်းမှာမှ အိမ်နီးချင်းတွေက အလောင်းတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ” ဆရာတို့ မိသားစု လုပ်ကြံခံရတာကို အိမ်နီးချင်းတွေက စသိတာ။ ညက အသတ်ခံရတာကို (နောက်နေ့) နေ့ခင်း တစ်နာရီမှ သိရတယ်။ ကုတင်ပေါ်မှာ […]
ပုလဲ-၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက အိုင်းမရွာကို မနေ့က ညနေပိုင်းမှာ လေယာဉ်နဲ့ စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ငါးဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ တိုက်ပွဲမရှိပေမယ့် မနေ့တုန်းက အဲဒီရွာမှာ ကျင်းပနေတဲ့ ဘုံကထိန်အလှူပွဲတစ်ခုကို လေယာဉ်နဲ့လာပြီး ဗုံးကြဲခဲ့တာလို့ အဲဒီဒေသက ပြည်သူ့ အုပ်ချုပ်ရေး(ပအဖ)အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။ ” Jet Fighter နဲ့ လာပစ်တာ။ သတင်းပေးကြောင့်လို့ ယူဆရတယ် ။ ကံကောင်းတာက ဘုန်းကြီးကျောင်းထဲ မကျပဲ ဘေးက အိမ်ပေါ်ကျလို့ ။ မဟုတ်ရင် အများကြီးသေမှာ။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးရဲ့ အလှူကို လာပစ်တာ။ အမျိုးသားတစ်ဦး ၊ အမျိုးသမီးသုံးဦး သေသွားတယ်။ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦး ဒဏ်ရာပြင်းထန်တဲ့ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၆ (မော်ကွန်း) တရုတ်ဘက်ကနေ မြန်မာဘက်ကို စက်သုံးဆီအပါအဝင် နယ်စပ်ကနေ ကုန်စည် တင်ပို့ခွင့်တွေကို ကန့်သတ် ပိတ်ဆို့လိုက်တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နယ်စပ်က မူဆယ်မြို့မှာ စက်သုံးဆီဈေး သုံးဆနီးပါး မြင့်တက်သွားတယ်လို့ ဒေသခံ တချို့က ပြောပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဘက်ကနေ ဟင်းသီးဟင်းရွက်၊ အသား၊ငါး တချို့ကိုပဲ တင်သွင်းခွင့် ပေးနေပြီး စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်နဲ့ အိုင်တီပစ္စည်း တွေကို အဓိကထားပြီး ကန့်သတ်ထားတာလို့ နယ်စပ်ကုန်သည် တချို့က ပြောပါတယ်။ တရုတ်နိုင်ငံက ပြီးခဲ့တဲ့လ ၂၂ ရက်ကစပြီး တရုတ်-မြန်မာ အဓိက နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ်ဂိတ် အပါအဝင် သူတို့နဲ့ နယ်မြေထိစပ် ဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ် အားလုံးကို ရက်အကန့်အသတ်မရှိ […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ဖြစ်နေတဲ့ လေပွေလှိုင်း/လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းနေကာ တချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ဒီမနက်ပိုင်းမှာ ထုတ်ပြန်အသိပေးပါတယ်။ ရန်ကုန်မြို့မှာတော့ မနေ့ကညပိုင်းကစပြီး ရွာသွန်းနေတဲ့မိုးက ဒီနေ့နေ့လယ်အထိ မြို့နယ်အများအပြားမှာ ရွာသွန်းဆဲလို့ လူမှုကွန်ယက်တွေမှာ တချို့က ရေးသားကြပါတယ်။ စက်တင်ဘာလတုန်းက ရေဘေးသင့်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာလည်း မနေ့ကညပိုင်းထဲက မိုးကောင်းနေတယ်လို့ ရေးသားကြပါတယ်။ အဲဒီတုန်းက ရေကြီးရေလျှံခဲ့ပြီး အခုထိရေပြန်မကျဆင်းသေးတဲ့ အင်းလေးကန် ဒေသမှာဆိုရင်လည်း မနေ့ကတည်းက ရွာနေတဲ့ မိုးကြောင့် ရေပြန်ပြီး မြုပ်မှာကို စိုးရိမ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စက်တင်ဘာ ရေဘေးကြောင့် အင်းလေးဒေသရဲ့ နာမည်ကျော်ဖောင်တော်ဦးဘုရားပွဲတော်ကိုလည်း […]
ရန်ကုန်-၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း) စစ်ကိုင်းတိုင်းအတွင်းကို တပ်တွေရွေ့ပြီး စစ်ကောင်စီကို တော်လှန်မယ်လို့ ပြောပြီးနောက် အမှတ်(၃၀၈)၊ အညာစစ်ဒေသအတွက် တပ်သားသစ် ခေါ်ယူနေပြီလို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က လူမှုကွန်ယက်ကတဆင့် မနေ့က အသိပေးပါတယ်။ ဒါဟာ သူတို့တပ်တွေ အညာမှာ စစ်ရှိန်မြှင့်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး၊ ဦးရည်မွန်နဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံနဲ့တကွ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ လူထုကို အသိပေးပြီးတဲ့နောက် တပ်သားသစ် ရွေးချယ်ဖို့ပါ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ “ BPLA က ဗမာလူမျိုးစု ကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကို ရှေးရှုပြီး အညာဒေသခံတပ်ဖွဲတွေ အားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို အစဉ်တစိုက်ကြိုးစားသွားမယ်လို ကတိပြုပါတယ်” […]
ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း) ဒီနှစ် ၁၀လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီမှတ်တမ်းကို အခုနှစ်ဇန်နဝါရီကနေ အောက်တိုဘာလထိ ပြုစုခဲ့တာဖြစ်ပြီး တစ်လပျှမ်းမျှ လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ သဘောပါ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၄၀ ကျော်သေခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ၄၇၅ ဦး သေဆုံးခဲ့ရတာကို AAPP က အမည်တွေနဲ့တကွ အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရခိုင်ပြည်နယ်က အရပ်သား ၂၅၀ ကျော် သေဆုံးခဲ့ရပြီး […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."