မန္တလေး- ၂၀၂၅ ဧပြီ ၄ ( မော်ကွန်း)
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်ထဲက တဘက်ဆွဲနဲ့ ခံလူးရွာတွေမှာ စစ်ကိုင်းငလျင်ဘေးကြောင့် ၂၅ ဦးသေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ အဲဒီရွာတွေက ဘာသာရေးခေါင်း ဆောင်တချို့က ပြောပါတယ်။
တဘက်ဆွဲရွာမှာ ၂၁ ဦး သေဆုံးပြီး ခံလူးရွာမှာ လေးဦး သေဆုံးခဲ့ရတယ်လို့ ဘာသာရေး ခေါင်းဆောင်တချို့က ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ နောက်ဆုံးသောကြာနေ့ ဆုတောင်းဝတ်ပြုချိန်နဲ့ တိုက်ဆိုင်ခဲ့တဲ့ဒီငလျင်ကြောင့် ဟောင်းနွမ်းနေတဲ့ဗလီအဆောက်အအုံအများအပြား မန္တလေးတိုင်းအတွင်းပြိုကျခဲ့ရာ ရာပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်တွေ အဆောက်အအုံပိပြီး သေဆုံးခဲ့ရပါတယ်။
နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာရတဲ့အထိ ဖျက်ဆီးအားပြင်းတဲ့ ပြီးခဲ့တဲ့လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်းအားအလွန်ပြင်းတဲ့ စစ်ကိုင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း လူ ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၄,၅၀၀ ကျော် ဒဏ်ရရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပုံစာ- ဒီနေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ နေပူထဲ ဝတ်ပြုဆုတောင်းနေကြတဲ့ ခံလူးရွာက အစ္စလာမ်ဘာသာဝင်တချို့နဲ့ ပြိုကျပျက်ဆီးနေတဲ့ ခံလူးနဲ့ တဘက်ဆွဲရွာက ဗလီများ။
ဓါတ်ပုံ- မော်ကွန်း

