ရန်ကုန် – ၂၀၂၅ မေ ၅ (မော်ကွန်း) ပြီးခဲ့တဲ့ရက်ပိုင်းမှာ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် စစ်ကောင်စီဟာ မိုးကုတ်၊ နောင်ချိုနဲ့ ကျောက်မဲမြို့တွေကို လေကြောင်းကနေ ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်ရက် မနက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ၎င်းတိုက်ခိုက်မှုမှာ ဒေသခံတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရသွားခဲ့တာပါ။ အလားတူပဲ မနေ့က တစ်ရက်တည်းမှာပဲ TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်နဲ့ နောင်ချိုမြို့က ကျေးရွာတွေကို ထပ်မံပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံတစ်ဦးထိခိုက်ဒဏ်ရကာ စာသင်ကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။ ဒါ့အပြင် ဒီနေ့မနက် ၁၁ နာရီခန့်ကလည်း ရှမ်းမြောက်က ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချပြီး […]
ကော့ကရိတ် – ၂၀၂၅ မေ ၃ (မော်ကွန်း) မနေ့က နေ့လယ် ၁၂း၄၅ မိနစ်အချိန်လောက်မှာ ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက စစ်ရှောင်တွေ တည်းခိုနေထိုင်တဲ့ နေရာတစ်ခုကို အာဏာသိမ်းစစ်ကောင်စီက Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့ပါတယ်။ ဒီလို ဗုံးကြဲခဲ့တဲ့အတွက် အိမ် ၁၀ လုံးလောက် ပျက်စီးသွားပြီး အရပ်သားသုံးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။ လတ်တလောက ကော့ကရိတ် – ကျုံဒိုး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ကော့ကရိတ်မြို့တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီဟာ မြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေယာဉ်နဲ့ လာရောက်ပစ်ခတ်တာတွေ နေ့စဉ် ပုံမှန်ရှိနေပါတယ်။ ပုံစာ – စစ်ကောင်စီ ဗုံးကြဲလို့ ပျက်စီးသွားတဲ့ အဆောက်အဦများ ဓါတ်ပုံ – Mawkun Magazine
မိုးကုတ် – ၂၀၂၅ မေ ၃ (မော်ကွန်း) မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ကွက်၊ ကသဲအနောက်ဘုန်းကြီးကျောင်းအနီးကို အာဏာသိမ်းစစ်ကောင်စီက ဒီနေ့မနက် ၉း၀၀ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာကြောင့် လမ်းခင်းနေတဲ့ ပန်းရံဆရာတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပ.က.ဖဆီက သိရပါတယ်။ ” အခင်းနေရာမှာရှိတဲ့ ကိုနောင်နောင်ကတော့ ထိခိုက်ဒဏ်ရာပြင်းထန်တယ်၊ ကသဲ ဆုတောင်းပြည့်ဘုရားနားမှာ လမ်းခင်းနေတဲ့ ပန်းရံဆရာ ကတော့ခေါင်းပြတ်သွားတယ် “လို့ မိုးကုတ်မြို့ နယ် ပကဖကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဗုံးစထိမှန်သေဆုံးသူက မိုးကုတ်အနောက်ပိုင်း ကသဲတောင်ပေါ်ကုန်းရပ်ကွက်ကဖြစ်ပြီး ဗုံးကြဲခံရတဲ့နေရာအနီးမှာ မင်္ဂလာဆောင်တစ်ခုရှိပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့မြို့ခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကမနေ့ည ၁၁နာရီ ဝန်းကျင်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ဗမွန်ရွာနဲ့ အနောက်ပိုင်း အုတ်အင်းရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့ပေမယ့်လူထိခိုက်မှုမရှိခဲ့ဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။ မိုးကုတ်မြို့ သစ်စိမ့်ကုန်းရွာနဲ့ ကျောက်ပုတ်ရွာတို့ကိုလည်း ဧပြီ […]
ရန်ကုန် – ၂၀၂၅ မေ ၂ (မော်ကွန်း) စစ်ကောင်စီနဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တရုတ်နိုင်ငံ ကူးမင်းမြို့မှာ ထပ်မံတွေ့ဆုံကြပေမယ့် နှစ်ဖက်သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲပြီးဆုံးသွားတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကထစ) ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုအရ ပြီးခဲ့တဲ့လ ၂၈ ရက်နဲ့ ၂၉ ရက်မှာ ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့ကြတာပါ။ ၎င်းတွေ့ဆုံပွဲမှာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် မြို့တွေက TNLA တပ်တွေအားလုံးကို […]
ရန်ကုန် – ၂၀၂၅ မေ ၂ (မော်ကွန်း) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့ထဲက စစ်ကောင်စီတပ်စခန်းငါးခုကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ဒီနေ့မှာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က မုန်းမြို့က စစ်ကောင်စီတပ်တွေ ခြေကုပ်ထားတဲ့ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်) တောင်စု ကျေးရွတွေကို KNLA ပူးပေါင်းတပ်တွေ တက်ရောက်သိမ်းယူနိုင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ “အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်များ ထိုနေရာများတွင်တပ်စွဲထားမှုကြောင့် ထိုနေရာတွင် ရှိသည့် ကျေးရွာများသည် မိမိပိုင်ဆိုင်မှုများကို ထားခဲ့ကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် […]
ရန်ကုန်- ၂၀၂၅ ဧပြီ ၃၀ (မော်ကွန်း) မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းနဲ့ အငှားဈေးကွက် ပိုပြီးသွက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၇ အင်အားရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက် မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် နိုင်ငံအလယ်ပိုင်းမှာ နေအိမ်အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ၎င်းငလျင်အပြီးမှာ ရန်ကုန်မြို့ပေါ်ကို နေပြည်တော်၊ မန္တလေး စတဲ့မြို့တွေကနေ ပြောင်းရွှေ့လာသူတွေရှိလာပြီး အိမ်ခြံမြေဈေးကွက် ပိုပြီးသွက်လာတယ်လို့ ရန်ကုန်မြို့တွင်းက အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ “နေပြည်တော်ဝန်ထမ်း မိသားစုတွေ ရန်ကုန်ကို ပြန်ပြောင်းလာတာရှိတယ်။ မန္တလေး၊ စစ်ကိုင်းဘက်တွေကလည်း ရန်ကုန်ကို ပြန်ပြောင်းလာတာ ဒီရက်ပိုင်းတွေ့ရတယ်” လို့ ၎င်းအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲကာ နိုင်ငံတစ်ဝန်းက […]
မန္တလေး-၂၀၂၅ ဧပြီ ၂၉ (မော်ကွန်း) ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေး၊ အားကစားနှင့်ကာယပညာသိပ္ပံ (အား/ကာသိပ္ပံ-မန္တလေး)က ပျက်စီးကျွံကျနေတဲ့ ဝန်ထမ်းလိုင်းခန်းတွေကို ပြုပြင်မွမ်းမံပေးတာမျိုးမရှိဘဲ စစ်ကောင်စီအာဏာပိုင်တွေက ဆက်လက်နေထိုင်ခိုင်းတဲ့အတွက် ရာနဲ့ချီတဲ့ဝန်ထမ်းမိသားစုတွေ ဒုက္ခရောက်နေကြတယ်လို့ အဲဒီကဝန်ထမ်းတစ်ချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခဲ့တဲ့ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် မန္တလေးမြို့က ထောင်နဲ့ချီတဲ့ အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို အား/ကာသိပ္ပံဝန်းထဲက ဝန်ထမ်းလိုင်းခန်းတွေလည်း ထိခိုက်ပျက်စီးခဲ့တာပါ။ “ လာတော့ကြည့်သွားကြတယ်။ တိုင်းကလူတွေရော၊ နေပြည်တော်ကလူတွေရော လာကြည့်သွားတယ်။ ပြီးတော့ ဘာမှမဖြစ်ဘူး၊ ဆက်နေဆိုပြီး ပြောသွားတယ်။ ကြမ်းခင်းတွေကျွံ၊ တိုင်တွေအက်ကွဲ၊ လှေကားတွေကျွံကျနိမ့်ဝင်နေတဲ့ အဆောက်အအုံမှာ ဘယ်လိုပြန်နေရဲမလဲ” လို့ မန္တလေးအား/ကာသိပ္ပံက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ ငလျင်ဒဏ်သင့်တာ တစ်လပြည့်ပြီဖြစ်ပေမယ့် ဝန်ထမ်းအများစုဟာ သင့်သလိုနေပြီး ရုံးတက်ပေးနေရတယ်လို့လည်း သူကပြောပါတယ်။ ကျောင်းပိတ်ရာသီမို့ ကျောင်းသားတွေမရှိသေးတဲ့အတွက် […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၂၉ (မော်ကွန်း) ပဲခူးတိုင်း ၊ ရွှေကျင် (ဆောထိ) မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေအကြား ဒီရက်ပိုင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ရွှေကျင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့ပစ်ခတ်မှုတွေ အကြိမ်ကြိမ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သလို၊ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေတယ်လို့ မနေ့က ထုတ်ပြန်တဲ့ ၎င်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ လက်ရှိမှာ တိုက်ပွဲဖြစ်ပွားရာဒေသအနီးက လိပ်ကုလား၊ စံဒွန်း၊ ကွမ်းဆိပ်၊ ကျုံချောင်၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစုနဲ့ ဇလုပ်ကြီး ကျေးရွာတွေက အိမ်ခြေပေါင်း ၈၅၅ လုံးက လူဦးရေ ၄,၁၉၆ ဦးဟာ […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၂၈ (မော်ကွန်း) ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကာ လက်နက် ၁၁ လက်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ က ဒီနေ့မှာထုတ်ပြန်ပါတယ်။ စစ်ကောင်ီစတပ်ဟာ သာယာဝတီခရိုင် မင်းလှမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ရက်က အင်အားရာချီစစ်ကြောင်းထိုးလာပြီး ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ ၎င်းစစ်ကောင်စီစစ်ကြောင်းဟာ မင်းလှမြို့နယ် ငမိုးရိပ်ရွာနဲ့ ဇရစ်မြောင်ရွာတို့ကို စစ်ကြောင်းထိုးဝင်လာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း၊ ဂျက်ဖိုက်တာနှစ်စင်း အသုံးပြုကာ လေကြောင်းကနေ ပစ်ကူပေးပြီး စစ်ကြောင်းဆုတ်ခွာသွားတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။ တိုက်ပွဲအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးသွားပြီး လက်နက်ငယ် […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၂၈ (မော်ကွန်း) ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို ဒီနေ့မှာ စစ်ကောင်စီဟာ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းကပါ တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထုတ်ပြန်ပါတယ်။ ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်စခန်းကနေ အင်အား ၃၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းက မိုးဗြဲမြို့ကို စစ်ကြောင်းထိုးလာတာကြောင့် ဒီမြို့တွင်းမှာ နေရာယူထားတဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။ ၎င်းစစ်ကြောင်းကို ရှမ်းတောင်စစ်ဒေသခွဲ PDF ဗျူဟာအမှတ်(၁) လက်အောက်ရှိတပ်ရင်းတပ်ဖွဲ့တွေ၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF နဲ့ မဟာမိတ်တပ်ပေါင်းစုတွေ ခုခံတိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတာပါ။ ၎င်းတိုက်ပွဲမှာ စစ်ကောင်စီဟာ ဖယ်ခုံနဲ့ လွိုင်ကော်မြို့တွေကနေ လက်နက်ကြီးပစ်ကူ မိုးရွာသလို ပစ်နေတဲ့အပြင် ဂျက်ဖိုက်တာတွေနဲ့လည်း လေကြောင်းက ပစ်ခတ်နေတယ်လို့ […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၂၅ (မော်ကွန်း) ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်းမြို့မှာ အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့် နေအိမ်နဲ့ အဆောက်အအုံတွေ အပျက်အစီးများခဲ့ပေမယ့် အကူအညီတွေ မရှိသလောက်နည်းနေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့လ ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ စစ်ကိုင်းပြတ်ရွေ့ကြောငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးအပါအဝင် ရှမ်းတောင်ပိုင်းဒေသတွေမှာ အထိအခိုက်များခဲ့တာပါ။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ပင်လောင်းမြို့နယ်မှာ ငလျင်ဒဏ်ကြောင့် ကျေးရွာ ၃၅ ရွာက နေအိမ်အဆောက်အအုံပေါင်း ၇၆၅ လုံး ပျက်စီးခဲ့ကာ လူသုံးဦးသေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က စာရင်းပြုစုထားပါတယ်။ ဒါ့အပြင် ပင်လောင်းဒေသရဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကို သတင်းမီဒီယာတွေမှာ ဖော်ပြမှု […]
ရန်ကုန် – ၂၀၂၅ ဧပြီ ၂၅ (မော်ကွန်း) ပဲခူးတိုင်း၊ ပြည်ခရိုင် ပေါင်းတလည်-ပေါက်ခေါင်း ကားလမ်းပိုင်းမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်းဟာ ပေါင်းတလည်-ပေါက်ခေါင်း ကားလမ်းပိုင်းက ထိန်တော၊ ဒွ၊ သပြေတောင်နဲ့ ကုန်းတန်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာပါ။ ပဲခူးတိုင်းအနောက်ခြမ်းမှာရှိတဲ့ ၎င်းဒေသတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ခရိုင်၊ သာယာဝတီခရိုင် တပ်ရင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေလှုပ်ရှားနေတာပါ။ စစ်ကောင်စီစစ်ကြောင်းဟာ ပေါက်ခေါင်းမြို့နယ်ထဲက ကျေးရွာတွေထဲဝင်ရောက်ပြီး ဒေသခံတွေကို စစ်ဆေးတာတွေကို ဒီနှစ်ရက်အတွင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ပေါက်ခေါင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။ “အဲဒီလမ်းတစ်လျှောက်ရွာတွေကို ဖောကားနှစ်စီးသုံးစီးနဲ့ အင်အားများတယ် ဝင်မွှေနေတာ။ လူငယ်တွေနဲ့ ဒေသခံတွေလည်း ကြောက်လန့်ပြီး အရေးပေါ် စစ်ဘေးရှောင်နေတဲ့ရွာတွေရှိတယ်။ အခု အဲဒီလမ်းမှာ ဘယ်သူမှမသွားရဲတော့ဘူး” […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."