အမရပူရ-၂၀၂၅ ဧပြီ ၆ (မော်ကွန်း)
ယနေ့တွေ့ရတဲ့ မန္တလေး၊ အမရပူရမြို့က ငလျင်ဘေးသင့် မြင်ကွင်းတွေဖြစ်ပါတယ်။
မန္တလေးမြို့ထက်ရှေးပိုကျတဲ့ ဒီမြို့ဟာလည်း ပြီးခဲ့တဲ့လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် မြို့တွင်းက ရှေးဟောင်းပုထိုး၊ စေတီတွေအပြင် တိုက်တာအဆောက်အအုံတွေလည်း ပြိုကျခဲ့တာပါ။
မြို့မှာရှိတဲ့ သက်တမ်းရင့်အဆောက်အအုံ အားလုံး ပြိုကျ သို့မဟုတ် ကွဲအက်ပျက်စီးသွားတဲ့အထဲ မြန်မာပြည်ထဲက သက်တမ်းအရင့်ဆုံးတရုတ်ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ အမရပူရ တရုတ်ဘုံကျောင်းလည်း ပြိုကျခဲ့တာကို တွေ့ရပါတယ်။
အထပ်မြင့်အဆောက်အအုံ သိပ်မရှိပေမယ့် သက်တမ်းရင့်မြို့ဟောင်းဖြစ်တာကြောင့်လည်း ပိုထိခိုက်တာလို့ မြို့ခံတွေက ပြောကြပါတယ်။
နာမည်ကျော် ဦးပိန်တံတား အပါအဝင် ရှေးဟောင်း ကျွန်းလုံးတိုင်တွေနဲ့တည်ဆောက်ထားတဲ့ အမရပူရမြို့က တံတားတွေလည်းကျိုးခဲ့ပြီး အခုပိတ်ထားပါတယ်။
ငလျင်ကြောင့် ဆယ်နဲ့ချီတဲ့ သေဆုံးမှုတွေရှိပေမယ့် သတင်းသမားတွေကို နှိပ်ကွပ်တယ်လို့ နာမည်ကြီးတဲ့ မအရပူရအာဏာပိုင်တွေကို မတွေ့ရဲတာကြောင့် အချက်အလက်သေချာမသိရပါဘူး။

ဓါတ်ပုံ – မော်ကွန်း

