သတင်းများ

မြိုင်မြို့နယ် မန်ကျန်းကန်ရွာတိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် လူနာတွေဆေးကုသဖို့ခက်ခဲနေ

April 20, 2023

မြိုင် – ၂၀၂၃ ဧပြီ ၂၀ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ကာ ဝင်ရောက်စီးနင်းပြီး​နောက် တိုက်နယ်ဆေးရုံကိုပါ မီးရှိ့ဖျက်ဆီးခဲ့တာကြောင့် ဆေးကုသနေတဲ့လူနာတွေအခက်ခဲဖြစ်နေတယ်လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။ “ဆေးရုံကတော့ ပင်မဆောင်တစ်ဆောင်လုံးကိုရှို့သွားတာ၊ ဆေးရုံကဆက်မလည်ပတ်န်ိုင်တော့ လူနာနဲ့လူနာစောင့်တွေကိုတော့ တခြားနယ်ဝေးဘက်တွေကိုလွှဲပြောင်းပေးထားရတယ်”လို့ ဗိုလ် Cross က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က ဆေးရုံပင်မဆောင်ကို မီးရှို့ခဲ့ရာမှာ ဆေးဝါးသုံး စက်ပစ္စည်းနဲ့ ဆေးဝါးတွေပါမီးလောင်ပျက်စီးခဲ့ရပါတယ်။ မန်ကျည်းကန်တိုက်နယ်ဆေးရုံကို ရေစကြို ၊ဆားလင်းကြီး၊ ပုလဲ ၊ပေါက်၊ မြိုင် ၊ ကနီနဲ့အနီးနားကျေးရွာတွေကဒေသခံတွေလာရောက်ဆေးကုသကြပါတယ်။ တိုက်နယ်ဆေးရုံ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဆေးကုသဖို့ခက်ခဲနေတဲ့အပြင်အခြားနယ်ဝေးတွေမှာသွားရောက်ကုသဖို့သွားရေးလာရေးခက်ခဲတယ်လို့ပြောပါတယ်။ မြိုင်မြို့နယ်မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်တိုက်လေကြောင်းသုံးပစ်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးတွေပျက်စီးခဲ့ပြီး ပြည်သူ သုံးဦး ရှပ်ထိဒဏ်ရာရခဲ့တယ်လို့ ဗိုလ် […]

အပြည့်အစုံဖတ်ရန်

ခင်ဦးအနောက်ခြမ်းမှာ စကစတပ် အင်အားရာချီလှည့်ပတ်နေတာကြောင့် ဒေသခံသောင်းနဲ့ချီထွက်ပြေးနေရ

April 19, 2023

ရန်ကုန် – ၂၀၂၃၊ ဧပြီ ၁၉ (မော်ကွန်း) စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်အနောက်ခြမ်းရှိ အင်းပတ်ကွေ့စျေးတန်းကို ဒီနေ့နံနက် ၆း၀၀ နာရီဝန်းကျင်လောက်က အင်အား ၁၀၀ ကျော်ပါတဲ့ စကစ စစ်ကြောင်းထပ်မံဝင်ရောက်လာတာကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှဒေသခံ သောင်းချီထွက်ပြေးနေရတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရပါတယ်။ “လတ်တလောစစ်ကြောင်းက ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အောင်သာကျေးရွာထဲကိုရောက်ပြီးတော့ မီးစရှို့နေပြီ” လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှ်ိသူကပြောပါတယ်။ ယမန်နေ့နံနက်ပိုင်းကလည်း အင်အား ၉၀ ဝန်းကျင်နဲ့ ခင်ဦးမြို့နယ်ထဲဝင်ရောက်ခဲ့တာကြောင့်အနီးအနားရွာတွေမှဒေသခံငါးထောင်နီးပါးထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့မှာတော့ အင်အား ၁၀၀ ကျော်နဲ့ဝင်ရောက်လာခဲ့တာကြောင့်ဒေသခံတွေထပ်မံထွက်ပြေးတိမ်းရှောင်နေရတာပါ။ မနေ့က စကစစ်ကြောင်းတွေဝင်ရောက်ခဲ့တဲ့အင်းပတ်ကျေးရွာ၊ အင်တိုင်းလေးတောင်ရွာ/မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ် စတဲ့ ကျေးရွာတွေအပါအဝင် အနီးအနားက ရွာပေါင်း ၂၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။ နောက်ပြီး အဲဒီစကစတပ် စစ်ကြောင်းလှည့်ပတ်နေစဉ်အတွင်းမှာ မြကန်ကျေးရွာအနီးတဝိုက်မှာ စကစတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်ရှိခဲ့သလို […]

အပြည့်အစုံဖတ်ရန်

အိန္ဒိယနယ်စပ် ပို့ကုန်လုပ်ငန်းအားလုံးနီးပါး ပိတ်ထားရ

April 19, 2023

ရန်ကုန်၊ ဧပြီ ၁၉ နယ်စပ်မှာဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေကာ အိန္ဒိယကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းအများစုဟာ ပိတ်ထားရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတည်းက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တမူး-မိုးရေးဂိတ်ကို အိန္ဒိယဘက်ကပိတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီလို သုံးနှစ်နီးပါးခန့် ပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနယ်စပ်ကတင်ပို့တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံဘက်က တရားဝင် အခွန်ဆောင်ပြီး တင်ပို့မှုရှိပေမယ့် အိန္ဒိယနိုင်ငံဘက်မှာတော့ တရားမဝင်သဘောမျိုး စီးဆင်းနေတာကြောင့် အိန္ဒိယက ကုန်သွယ်ရေးလမ်းကြောင်းကို အသေပြန်ပိတ်ထားတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ဒါ့အပြင် အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေကာ ကုန်တင်ယာဉ်တွေ တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

တကောင်းတိုက်နယ်အတွင်းက စစ်ရှောင်ပြည်သူတွေ ဝမ်းပျက်ဝမ်းလျှောဖြစ်နေ

April 19, 2023

သပိတ်ကျင်း – ၂၀၂၃ ဧပြီ ၁၉ (မော်ကွန်း) မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ် ၊ တကောင်းတိုက်နယ်အတွင်းမှာ စစ်ရှောင်ပြည်သူ ၄၀၀၀ ဝန်းကျင်ရှိပြီး သောက်သုံးရေအခက်ခဲကြောင့် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေကြတယ်လို့ စစ်ရှောင်တွေဆီကသိရပါတယ်။ “မိုးရွာတုန်းက ကျန်ရှိနေတဲ့ရေ၊ ကျောက်တွေကစိမ့်ထွက်နေတဲ့ ရေအိုင်အသေးလေးတွေကနေ စစ်ပြီးယူသုံးနေရတယ်၊ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေအဖြစ်များနေတယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ သောက်သုံးရေအခက်ခဲ ဖြစ်နေတဲ့အပြင်ချိုးဖို့ရေပါမရှိတာကြောင့်တကိုယ်ရေသန့်ရှင်းရေးလည်းမလုပ်နိုင်ဘူးလို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ နွေရာသီီ၊ နေ့ဘက်မှာအပူချိန်လွန်ကဲတာကြောင့် သစ်ပင်အရိပ်အောက်တွေကိုရှာပြီး စုထိုင်နေကြရတယ်လို့ စစ်ရှောင်ကပြောပါတယ်။ “အပင်အောက်တွေမှာအဆင်ပြေသလိုနေရပါတယ်၊ ရေချိူးရဖို့ထက် ရေသောက်ရဖို့ကအရေးကြီးတာပါ၊ မနေနိုင်လည်းနေရပါတယ်”လို့ စစ်ရှောင်တစ်ဦးကပြောပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ဧပြီလ ၁၃ရက်ကနေ ၂၀ရက်အတွင်း အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ကနေ ၄၆၊၄၇ ထိ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောဆိုထားကြပါတယ်။ နွေရာသီပူတဲ့အပြင် သောက်သုံးရေမရှိတာကြောင့် ချက်ပြုတ်စားသောက်ဖို့ရေကို လှည်းနဲ့အနီးစပ်ဆုံး ရေတွင်း၊ ဘုံဘိုင်တွေကနေ သယ်ခပ်တာတွေလုပ်နေရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

ကနီတာဝါတိုင်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲတွင် PDF ဘက်မှ တစ်ဦးကျဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့

April 19, 2023

ကနီ – ၂၀၂၃ ဧပြီ ၁၉ (မော်ကွန်း) ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်က တာဝါတိုင်စခန်းကုန်း စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးကျဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒဏ်ရာရရဲဘော်တွေကို ‌ကူညီစောင့်ရှောက်ပေးသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။ ဒဏ်ရာရ ရဲဘော် ၁၂ ဦးမှာ ခုနစ်ဦးက ပြင်းထန်ပြီး တစ်ဦးဟာ မျက်လုံးကျွတ်ထွက်သွားကာ တစ်ဦးကတော့ လက်တစ်ဘက်ပြတ်သွားတယ်လို့ အထက်ပါ သတင်းရင်းမြစ်ကပြောပါတယ်။ “ရဲဘော်အားလုံးဆေးကုသမှုခံယူနေတယ်၊ တစ်ယောက်ကတော့ အသက်လုနေရတယ်၊ ရှင်ရင်တော့ အောက်ပိုင်းမလှုပ်နိုင်လောက်ဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။ ကနီတာဝါတိုင်ကုန်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ငယ် ၁၅ လက်နဲ့ ၆၀ မမ လက်နက်ကြီးတစ်လက်အပါအဝင် ခဲယမ်း၊ စစ်သုံးပစ္စည်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရယူနိုင်ခဲ့ပါတယ်။ ဒီတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)က တိုက်ခိုက်ခဲ့တာလို့ […]

အပြည့်အစုံဖတ်ရန်

မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ်လေယာဥ်နဲ့ပစ်ခတ်၊ ထိခိုက်သေဆုံးမှုမသိရသေး

April 18, 2023

မြိုင် – ၂၀၂၃ ဧပြီ ၁၈ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ် မန်ကျည်းကန်ရွာကို အာဏာသိမ်းစစ်တပ်က Mi 35တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ဒီနေ့မနက် ၁၁ :၀၀ ဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့​​ မြိုင် ပ.က.ဖက တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။ ” တစ်ရွာလုံးကိုပတ်ပစ်သွားတာ၊ ဆေးရုံတွေကော၊ ပစ်တာ တစ်နာရီကျော်လောက်ကြာတယ်၊ ရဲဘော်တွေတောင်ခုမှအဆက်သွယ်ရတာ၊ ရွာထဲမှာရွာသားတွေလည်းရှိနေတယ်၊ ထိခိုက်မှုကတော့အတည်မပြုနိုင်သေးဘူး”လို့ ဗိုလ် Corss က မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ Mi 17နှစ်စီးနဲ့ စစ်သားတွေကိုမန်ကျည်းကန်ရွာအနီးချခဲ့ပြီးနောက် Mi 35 နှစ်စီးနဲ့ မြေပြင်ကိုပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးကဆိုပါတယ်။ ” လေယာဥ်နဲ့ကျဲသွားပြီ၊ မြေပြင်မှာမီးလောင်နေတဲ့မီးခိုးလုံးတွေ့နေရတယ်၊ မီးရှို့တာလား၊ လေယာဥ်ကပစ်တဲ့ဟာလောင်တာလားသေချာမသိရ​သေးဘူး၊ Mi 35ကအကြာကြီးဝဲနေသေးတယ်”လို့ မန်ကျည်းကန်ရွာအနီးဒေသခံတစ်ဦးကဆိုပါတယ်။ မန်ကျည်းကန်ရွာအတွင်းက ဒေသခံရွာသားတွေတိမ်းရှောင်ချိန်မရဘူးလို့သိရပြီး လတ်တလောမှာ […]

အပြည့်အစုံဖတ်ရန်

င်္သကြန်ပျော်ပါးခဲ့တဲ့စကစတပ် ခင်ဦးကိုစစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေရ

April 18, 2023

ရန်ကုန်- ၂၀၂၃၊ ဧပြီ၁၈ (မော်ကွန်း) သင်္ကြန်ကာလ စစ်ကိုင်းတိုင်းရေဦးမြို့နယ်မှာ ရေကစားပျော်ပါးခဲ့ကြတဲ့စစ်ကောင်စီ စစ်ကြောင်းက ဒီနေ့မနက် ခင်ဦးမြို့နယ်ထဲကို အင်အား ၉၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတာကြောင့် အနီးအနားရွာတွေမှ ဒေသခံငါးထောင်ခန့် စိုးရိမ်ပြီးထွက်ပြေးနေကြရတယ်လို့ ခင်ဦးမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။ ရေဦးမြို့နယ်ကနေဝင်လာတဲ့ အဲဒီစစ်ကြောင်းဟာ ခင်ဦးမြို့နယ်အနောက်ခြမ်း၊ အင်းပတ်ကွေ့စျေးတန်းမှတစ်ဆင့် ခင်ဦးမြို့နယ်ထဲကိုဝင်ရောက်လာခဲ့တာကြောင့် အင်တိုင်းတောင်မြောက်ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်၊ အင်းပတ် နဲ့ ယာတော်ကျေးရွာတွေမှ ဒေသခံ ငါးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတာပါ။ “ဒီပဲယင်းကနေဘူဒိုဇာကားကြီးတွေနဲ့ဆင်းလာတာ။သင် သကြန်မတိုင်မီမိုင်းရှင်းလင်းရေးပုံစံမျိုးနဲ့ရေဦးမြို့နယ်ကိုရောက်နေတာကြာပြီပေါ့။ သင်္ကြန်ကာလတုန်းက ရေဦးမြို့ထဲမှာလုံခြုံရေးယူပြီး မဏ္ဍပ်မှာပျော်ကြတယ်ပေါ့။ ပျော်ပြီးတော့အခုင်္သကြန်ပြီးတာနဲ့တန်းပြီးတော့စစ်ရေးလှုပ်ရှားလာတဲ့အနေထားပေါ့။” လို့သူကပြောပါတယ်။ အခုလို စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် သရက်ပင်စုနဲ့ အင်တိုင်းလေးမြောက်ရွာမှာဆိုရင်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေကျန်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစစ်ကြောင်းဟာ လတ်တလောမှာတော့ နေအိမ်တွေကိုမီးရှို့တာတွေတော့မရှိသေးပေမယ့် နေအိမ်အတွင်းကပစ္စည်းတွေကိုထုရိုက်ဖျက်ဆီးနေတာတွေတော့ရှ်ိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းခဏခဏထိုးနေတဲ့ခင်ဦးမြို့နယ်မှာ ကျေးရွာ ၆၈ ရွာမှ နေအိမ်အလုံး […]

အပြည့်အစုံဖတ်ရန်

အကျဉ်းသားသုံးထောင်ကျော်ပြန်လွှတ်မည်ဆိုသောကြောင့် အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းသူများပြား

April 17, 2023

ရန်ကုန်-၂၀၂၃ ဧပြီ ၁၇ (မော်ကွန်း) အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အကျဉ်းသူ၊အကျဉ်းသား သုံးထောင်ကျော်ကို ဒီကနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ ပြန်လွှတ်ပေးမယ်လို့ထုတ်ပြန်ပါတယ်။ ပြန်လွှတ်ပေးမယ့်သူတွေအထဲမှာ နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်းသား ၉၈ဦးကိုလည်း ပြည်နှင်ဒဏ်ပေး လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ အဲဒီထုတ်ပြန်ချက်ကြောင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ လာရောက်စောင့်မျှော်နေသူ အများအပြားရှိနေပါတယ်။ “၅၀၅တွေပါမယ်လို့တော့ ထင်တာပဲ၊ ရှေ့အခေါက်တွေတုန်းကလည်းလာစောင့်တယ်။ ပါမလာတာ လေးငါးခေါက်ရှိပြီဆိုတော့ ရင်တောင်မခုန်တော့ဘူး။ မျှော်တော့မျှော်မိတာပေါ့” လို့ ၅၀၅(က)နဲ့ ထောင်ကျနေတဲ့ သားဖြစ်သူကို လာစောင့်နေတဲ့ ဖခင်ဖြစ်သူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူတွေ ပါဝင်မှုရှိမရှိကိုတော့ သေချာမသိရပါဘူး။ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူ ၂၁,၀၀၀ ကျော်ရှိပြီး ၁၇,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ […]

အပြည့်အစုံဖတ်ရန်

မှုခင်းရှုထောင့်က ရဲသတင်းပေး ရာအိမ်မှူးကို နတ်တလင်း PDF ရှင်းလင်း

April 17, 2023

နတ်တလင်း – ၂၀၂၃ ဧပြီ ၁၇ (မော်ကွန်း) ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမအစပ် လယ်မအင်းအုပ်စု၊ တောင်ညိုလေးရွာက အာဏာသိမ်းစစ်တပ်ခန့် ရာအိမ်မှူး ဌေးလွင်ဆိုသူကို ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က နတ်တလင်းမြို့နယ် PDF ၊ MRF – Nattalin က ရှင်းလင်းလိုက်တယ်လို့ အဆိုပါ တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရာအိမ်မှူးဌေးလွင်ဟာ သတင်းမီဒီယာအမည်ခံ လိုင်းကြေးကောက်၊ ရဲသတင်းပေးအဖွဲ့ဖြစ်တဲ့ “မှုခင်းရှုထောင့်”က အဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ MRF-Nattalin က ထုတ်ပြန်ပါတယ်။ “ကျွန်တော်တို့ တပ်စိတ်တစ်စိတ်လွှတ်ပြီး ရှင်းခိုင်းလိုက်တာ၊ ၁၅ ရက်နေ့ ညနေပိုင်းမှာပဲ လေးချက်ပစ်ခဲ့တယ်၊ ခေါင်းကိုနှစ်ချက်၊ ခါးနဲ့ဗိုက်ကို တစ်ချက်စီပေါ့”လို့ MRF-Nattalin တာဝန်ရှိသူက မော်ကွန်းကို ပြောပါတယ်။ ဌေးလွင်ဟာ အကြမ်းဖက်စစ်တပ်နဲ့အတူနေထိုင်သွားလာတာတွေ၊ သတင်းပေးတာ၊ […]

အပြည့်အစုံဖတ်ရန်

သပိတ်အဖွဲ့ဝင် လေးဦးဖမ်းဆီးခံရပြီး ကလေးမြို့ ဒ.က.စတွင် စစ်ဆေးနေ

April 16, 2023

ကလေးမြို့ – ၂၀၂၃ ဧပြီ ၁၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အဖွဲ့ဝင် လေးဦးဟာ ဒီကနေ့မြို့ပေါ်သပိတ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်ခတ်ဖမ်းဆီးမှုကို ခံထားရတယ်လို့ သပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။ “လောလောဆယ် လေးယောက်ပါသွားတယ်လို့သိရတယ်။ သူတို့က သပိတ်လုပ်တဲ့အခါ စ.က.စ ဘက်က သေနတ်နဲ့ပစ်ဖောက်ပြီးအဖမ်းခံရတာပေါ့။ လောလောဆယ် ဘယ်သူတွေ ဒဏ်ရာရရှိတယ်ဆိုတာကတော့မသိရသေးဘူး၊ လက်ရှိ ဒ.က.စမှာရောက်နေတယ်”လို့ ကိုဗိုက်ပူကပြောပါတယ်။ အဖမ်းခံရတဲ့ သပိတ်အဖွဲ့ဝင်တွေနဲ့ ဆက်စပ်တဲ့ ပြည်သူတွေရှိရင် အမြန်ဆုံးတိမ်းရှောင်ကြဖို့လည်း ကလေးမြို့ပင်မသပိတ်က အသိပေးကြေညာထားပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ဒီကနေ့ဆို ၇၉၉ ရက်ရှိလာပြီဖြစ်ပါတယ်။ ပုံစာ – ကလေးမြို့ပင်မသပိတ်က ကြေညာထားသည့် အဖမ်းခံရသူများ၏ Facebook စာမျက်နှာများ #Dailynews

အပြည့်အစုံဖတ်ရန်

ပဇီကြီးအတွက် ကနီနယ်က ဝမ်းနည်းကြောင်း ညသပိတ်ပြုလုပ်

April 16, 2023

ကနီ – ၂၀၂၃ ဧပြီ ၁၅ (မော်ကွန်း) ဧပြီ ၁၁ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြရတဲ့ ကန့်ဘလူ၊ ပဇီကြီးရွာ ဒေသခံပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ညသပိတ်ကို ကနီပြည်သူလူထုက ဒီကနေ့ညမှာပြုလုပ်ခဲ့ကြပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာက သေဆုံးရတဲ့ ပြည်သူဦးရေဟာ နောက်ဆုံးရရှိတဲ့ ဒေသအချက်အလက်တွေအရ ၁၇၀ ကျော်ရှိလာပါပြီ။ ဒီကနေ့ညသပိတ်ကို ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ဒေသခံတွေက ဒေသတွင်းကျေးရွာတစ်ရွာမှာပြုလုပ်ခဲ့ကြတာပါ။ ဓာတ်ပုံ – ကနီသပိတ် #Dailynews

အပြည့်အစုံဖတ်ရန်

အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို အကြွေးဆပ်ခိုင်းတဲ့အနေနဲ့ မဏ္ဍပ်ကိုတိုက်ခိုက်တာလို့ လွိုင်ကော် PDF ထုတ်ပြန်

April 15, 2023

လွိုင်ကော် – ၂၀၂၃ ဧပြီ ၁၅ (မော်ကွန်း) ကရင်နီပြည်၊ လွိုင်ကော်မြို့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ သင်္ကြန်မဏ္ဍပ်ကို လွိုင်ကော် PDF နဲ့ Falcon Wings တို့က ဒီနေ့ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာဟာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အကြွေးဆပ်ခိုင်းတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်းဒေသတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။ ဒီကနေ့နံနက်မှာတော့ လွိုင်ကော်မြို့၊ ဒ.က.စ ဗဟိုကင်းနဲ့ အာဏာသိမ်းစစ်တပ်သိမ်းပိုက်ထားတဲ့ ပြည်နယ်အစိုးရရုံးထဲက ဗဟိုမဏ္ဍပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်မှုတွေရှိတယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။ #Dailynews

အပြည့်အစုံဖတ်ရန်
1 … 136 137 138 139 140 141 142 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."