လွိုင်ကော် – ၂၀၂၃ ဧပြီ ၁၅ (မော်ကွန်း)
ကရင်နီပြည်၊ လွိုင်ကော်မြို့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ သင်္ကြန်မဏ္ဍပ်ကို လွိုင်ကော် PDF နဲ့ Falcon Wings တို့က ဒီနေ့ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာဟာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အကြွေးဆပ်ခိုင်းတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်းဒေသတွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်တိုက်ခိုက်ခဲ့ကြောင့် ပြည်သူတွေအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။
ဒီကနေ့နံနက်မှာတော့ လွိုင်ကော်မြို့၊ ဒ.က.စ ဗဟိုကင်းနဲ့ အာဏာသိမ်းစစ်တပ်သိမ်းပိုက်ထားတဲ့ ပြည်နယ်အစိုးရရုံးထဲက ဗဟိုမဏ္ဍပ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်မှုတွေရှိတယ်လို့ လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။
#Dailynews

