ကနီ – ၂၀၂၃ ဧပြီ ၁၅ (မော်ကွန်း)
ဧပြီ ၁၁ ရက်က အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြရတဲ့ ကန့်ဘလူ၊ ပဇီကြီးရွာ ဒေသခံပြည်သူတွေအတွက် ဝမ်းနည်းကြောင်း ညသပိတ်ကို ကနီပြည်သူလူထုက ဒီကနေ့ညမှာပြုလုပ်ခဲ့ကြပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာက သေဆုံးရတဲ့ ပြည်သူဦးရေဟာ နောက်ဆုံးရရှိတဲ့ ဒေသအချက်အလက်တွေအရ ၁၇၀ ကျော်ရှိလာပါပြီ။
ဒီကနေ့ညသပိတ်ကို ကနီမြို့နယ်နွေဦးတော်လှန်ရေးသပိတ်အင်အားစုနဲ့ ဒေသခံတွေက ဒေသတွင်းကျေးရွာတစ်ရွာမှာပြုလုပ်ခဲ့ကြတာပါ။
ဓာတ်ပုံ – ကနီသပိတ်
#Dailynews

