မတ္တရာ – ၂၀၂၃ မေ ၈ (မော်ကွန်း) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ညောင်မြစ်ကို မနေ့မနက် ၂း၀၀နာရီဝန်းကျင်က လှေနဲ့ဖြတ်ကူးတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေ လှေမှောက်ပြီး ခြောက်ဥိီးသေဆုံးတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်ဗိုလ်ကျားကြီးကပြောပါတယ်။ မတ္တရာမြို့နယ်၊ မြွေပုံကန်ကျေးရွာကိုရောက်ရှိနေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ပေ ၁၀၀ အကျယ်ရှိတဲ့ ညောင်မြစ်ကိုလှေနဲ့ဖြတ်ကူးချ်ိန်မှာလှေမှောက်ပြီး သေဆုံးကြတာလို့ သူကပြောပါတယ်။ “ရေစီးကနည်းနည်းသန်တယ်၊ ချောက်ထဲကျတာပေါ့၊ ရေကသိပ်ပြောပလောက်အောင်မနစ်ဘူး၊ သူတို့ကျောပိုးအိတ်တွေကလေးတော့ သူတို့မကူးနိုင်ဘဲနစ်ကြတာ”လို့ဗိုလ်ကျားကြီးကပြောပါတယ်။ အနီးနားကဒေသခံတွေကိုဖမ်းဆီးပြီး ရေငုပ်အလောင်းရှာခိုင်းနေကာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကိုရောက်ရှိနေတဲ့စစ်သား ၅၀ ဝန်းကျင်က အနောက်ဘက်ခြမ်းမှာကင်းစောင့်ပေးနေတယ်လို့ဗိုလ်ကျားကြီးကပြောပါတယ်။ ဆယ်ယူရရှိတဲ့အလောင်းတွေကို အာဏာသိမ်းစစ်တပ်က အရှေ့ဘက်ကမ်းကိုတင်ဆောင်သွားပြီး အလောင်းဆယ်ယူမှုကိုဆက်လုပ်နေတယ်လို့ သူကပြောပါတယ်။ #Dailynews
ဆားလင်းကြီး – ၂၀၂၃ မေ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး၊ ထန်းတောကူးတို့ဆိပ်မှာ အာဏာသိမ်းစစ်တပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး အဲဒီနောက်မှာ ကူးတို့ဆိပ်အနီးအနားက နေအိမ်တွေနဲ့ဆိုင်ခန်းတွေကို မီးရှို့သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်း ဆားလင်းကြီးကနေ လက်ပံတောင်းတောင်ကို အာဏာသိမ်းစစ်တပ်ဟာ အင်အား ၁၃၀ ဝန်းကျင်နဲ့ရောက်ရှိလာပြီး ညောင်ပင်ကြီး၊ ထန်းတောရပ်ကွက်တွေကို ဖြတ်ကာ ထန်းတောကူးတို့ဆိပ်ကိုရောက်လာချိန် မိုင်းဆွဲခံရတာပါ။ “မုံရွာဘက်ကို ဇာတ်နဲ့ကူးဖို့ သဲသောင်ပြင်အဆင်းမှာ မိုင်းဆွဲခံရတာ”လို့ ဒေသခံကပြောပါတယ်။ မိုင်းဆွဲခံရလို့ ကူးတို့ဆိပ်အနားက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကို အာဏာသိမ်းစစ်တပ်က မီးရှို့သွားပြီးအလုံး ၂၀ လောက် မီးထဲပါသွားတယ်လို့ သူကပြောပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့စစ်သားတွေကို ဇာတ်ပေါ်ကိုတင်ပြီး အာဏာသိမ်းစစ်တပ်ဟာ ပြန်လည်ပစ်ခတ်ရင်း မုံရွာဘက်ကို ကူးသွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ မုံရွာဘက်ကိုကူးသွားတဲ့ ဇာတ်ပြန်လာချိန်မှာ […]
မုံရွာ – ၂၀၂၃ မေ ၈ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မုံရွာ – အမြင့်လမ်း၊ ညောင်ပင်ဇောက်ရပ်က တစ်နေရာကို အာဏာသိမ်းစစ်တပ်က ဘက်ဟိုးတစ်စီးနဲ့အတူ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အိမ်စီးကားရယ်၊ မြေကော်တဲ့ဘက်ဟိုးတစ်စီးရယ်ခေါ်လာပြီးတော့မှ တခါတည်းလမ်းကိုဖျက်၊ ဖျက်ပြီးတော့မှ ၄း၃၈ မိနစ်လောက်မှာ မြို့ထဲကို ပြန်ဝင်သွားကြတယ်ဗျ”လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။ မုံရွာ – အမြင့် ကျေးလက်လမ်းပိုင်း၊ ညောင်ပင်ဇောက်ရပ်ကွက်၊ ကျောက်ပေါက်ကွေ့က လမ်းကို အင်အား ၂၀ ဝန်းကျင်နဲ့ ဘက်ဟိုးကိုလုံခြုံရေးယူပေးပြီး ဖျက်ဆီးသွားတာလို့ ဒေသခံကပြောပါတယ်။ အခုဖျက်ဆီးခံရတဲ့နေရာဟာ နှစ်ကြိမ်မြောက်ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး “ခုနေရာက မြို့ထဲဝင်ရင် သုံးမိနစ်လောက်ပဲဝေးတဲ့နေရာ”လို့ ဒေသခံကပြောပါတယ်။ မုံရွာမြို့နယ်အနီးဆုံးဖြစ်တဲ့ အခုဖျက်ဆီးသွားတဲ့ အမြင့်လမ်းနေရာတင်မကဘဲ အရင်ကလည်း မုံရွာနားက မုံရွာစက်မှုဇုန်၊ ကျွဲရဲ၊ လယ်ဇင်လမ်းတွေကိုလည်း စစ်တပ်ကဖျက်ဆီးခဲ့ဖူးပါတယ်။ ဒီနေ့ အမြင့်လမ်းကို […]
တောင်ကြီး – ၂၀၂၃ မေ ၈ (မော်ကွန်း) ရှမ်းပြည််နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်က ပင်းပက်သံမဏိစက်ရုံကို ၂၀၂၃/၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြန်လည်ပတ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်က အပူတပြင်းလုပ်ဆောင်နေကြောင်း ဒေသခံတွေဆီကစုံစမ်းသိရှိရပါတယ်။ ပင်းပက်(အမှတ် ၂ ၊ သံမဏိစက်ရုံ)ကနေ မြင်းခြံ(အမှတ် ၁ သံမဏိစက်ရုံ)ကို သတ္တုသံရိုင်းတွေ ပို့ဆောင်နိုင််ဖို့ ရထားလမ်းတွေလည်း ဖောက်လုပ်နေပြီး စက်ရုံရဲ့ စက်ပစ္စည်းပိုင်းဆိုင်ရာ ပြင်ဆင်၊ တပ်ဆင်မှုနဲ့ ဝန်ထမ်းသစ်တွေ ခေါ်ယူမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေက ဖော်ပြကြပါတယ်။ “ပြီးခဲ့တဲ့မတ်လက မင်းအောင်လှိုင် ကိုယ်တိုင်လာသွားတယ်။ စက်ရုံနားတွေမှာ ရဟတ်ယာဉ်တွေ ဝဲနေတယ်။ ဌာနဆိုင်ရာဝန်ကြီးတွေရော၊ တိုင်းမှူးတွေရော ပါလာတယ်။ ဒီစက်ရုံလည်ပတ်ဖို့ သူတို့တော်တော်အားစိုက်နေတာတွေ့ရတယ်ပေါ့။ ရထားလမ်းတွေလည်း တော်တော်များများဖောက်လုပ်ပြီးစီးနေပြီ။ သံတွေလည်း တပ်ဆင်နေပြီ။ ဘူတာလို တိုက်အပုအဆောက်အအုံပုံစံမျိုးလည်း တွေ့နေရတယ်” ဟု ပင်းပက်ဒေသခံတစ်ဦးကပြောပါတယ်။ […]
ဒူးပလာယာ – ၂၀၂၃ မေ ၇ (မော်ကွန်း) ကော်သူးလေ၊ ကေအဲန်ယူတပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်း တိုက်ပွဲပေါင်း ၃၀ နီးပါးဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၆ က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်က ၁၀၇ ဦးသေဆုံးပြီး ၈၅ ဦးဒဏ်ရာရကာ အဲဒီအထဲမှာ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ KNLA ၊ KNDO နဲ့ ပူးပေါင်းစစ်ကြောင်းတွေဘက်က ၁၀ ဦးကျဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကာ လေကြောင်းကနေ ၃၁ ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မြေပြင်ကနေ လက်နက်ကြီးတွေနဲ့ အကြိမ် ၁၈၀ ကျော်ပစ်ခတ်ခဲ့တာကြောင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ […]
ရန်ကုန်၊ ၂၀၂၃ မေ ၇ (မော်ကွန်း) မြန်မာ့ကမ်းရိုးတန်းကို အားကောင်းတဲ့ ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်နိုင်တဲ့ သတင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသ ကမ်းရိုးတန်းနဲ့နီးတဲ့ မြို့နယ်တွေကကျေးရွာတွေမှာ ရွာလုံးကျွတ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေတယ်လို့ ရွှေ့ပြောင်းလာသူတွေဆီက သိရပါတယ်။ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်နဲ့ ဧရာဝတီတိုင်း၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး အစရှိတဲ့ မြို့နယ်တွေက ပယ်လယ်ကမ်းစပ်နဲ့ နီးတဲ့ ကျေးရွာတွေကဒေသခံတွေဟာ နီးစပ်ရာကုန်းတွင်းပိုင်းမြို့နယ်တွေကို ယာယီရွှေ့ပြောင်းနေကြတယ်လို့ ဘိုကလေးဒေသခံ ဦးမြင့်ဦးက ပြောပါတယ်။ မနေ့ကစတင်ပြီး ဒေသခံတွေ အခုလိုရွှေ့ပြောင်းနေကြတာဖြစ်ကာ မအူပင်-ကျိုက်လတ်-ဖျာပုံ-ဘိုကလေး ကားလမ်းပေါ်မှာ ကားတွေဆိုင်ကယ်တွေနဲ့ အရေးပေါ်ရွှေ့ပြောင်းနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ပယ်လယ်ထဲက အလုပ်တွေအကုန်သိမ်းနေကြတယ်။ ပင်လယ်နဲ့နီးတဲ့ရွာတွေ ရွာလုံးကျွတ်ပြောင်းပြေးကြတာ။ ဒုတိယ နာဂစ်လိုဖြစ်မှာ တော်တော်ကြောက်ပြီး ပြောင်းနေကြတယ်။ ကားလမ်းပေါ်မှာ ပြောင်းနေတဲ့ကားတန်းကြီး အပြည့်ပဲ၊ တချို့ပြေးတာ ရန်ကုန်ထိရောက်တယ်” လို့ […]
စစ်ကိုင်းတိုင်း – ၂၀၂၃ မေ ၇ (မော်ကွန်း) တိုင်းပြည်ကိုအကြမ်းဖက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရုတ်အစိုးရအနေနဲ့ ပူးပေါင်းဆက်ဆံနေတာကို ဆန့်ကျင်တဲ့အနေနဲ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တရုတ်အလံကိုမီးရှို့ပြီး ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စလို့ တရုတ်ကအမြဲတမ်းပြောနေပေမယ့် အာဏာသိမ်းစစ်တပ်ကိုထောက်ခံနေတာကြောင့် ရွာပေါင်းစုံသပိတ်က “သိုးရေခြုံတဲ့ ဝံပုလွေမလုပ်နဲ့”လို့ တရုတ်အစိုးရကို ဆိုထားပါတယ်။ ဓါတ်ပုံ – ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ် #Dailynews
ယင်းမာပင် – ၂၀၂၃ မေ ၆ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ တောင်ကုန်းပေါ်ကနေ ဒရုန်းနဲ့ဗုံးသီးတွေချပြီး ကျေးရွာတွေကို တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းမှာ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းတံတားအနောက်ဘက်၊ ရွှေတောင်ဦးကုန်းပေါ်ကနေ မြောက်ဘက်က စည်သူရွာသစ်ကွင်းနဲ့ အနီးအနားတဝိုက်ကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာလို့ ဒေသခံကပြောပါတယ်။ လတ်တလောမှာ ထိခိုက်ဒဏ်ရာမရရှိသေးပေမယ့် စိုးရိမ်ပူပန်မှုတွေတော့ရှိနေတယ်လို့ ဒေသခံကပြောပါတယ်။ အဲဒီကုန်းပေါ်မှာ အာဏာသိမ်းစစ်တပ်ဟာ ဒီနှစ် မတ်လကတည်းက အထိုင်ချတပ်စွဲနေပြီး ၁၂၀ မမ လက်နက်ကြီးကိုပါ ထိုင်ထားတယ်လို့ ဒေသခံကပြောပါတယ်။ #Dailynews
တကောင်း – ၂၀၂၃ မေ ၆ (မော်ကွန်း) မန္တလေးတိုင်း၊ တကောင်းမြို့၊ ဆူးတောရွာက နေအိမ် ၁၅လုံးကို အာဏာသိမ်းစစ်တပ်က မနေ့မနက်အစောပိုင်းမှာ မီးရှို့ခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။ စစ်သား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကားနှစ်စီးဟာ တကောင်းမြို့လက်ပန်ကုန်းရွာကားလမ်းမှာ လူချထားခဲ့ပြီး ဆူးတောရွာကိုမီးဝင်ရှို့ခဲ့တာလို့ တကောင်းပ.က.ဖကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံမာမီကပြောပါတယ်။ ” သူတို့ကားပေါ်ကဆင်းကတည်းကအရက်သောက်ပြီးမူးရူးနေတာ၊ အော်ဟစ်ဆဲဆိုနေသေးတယ်၊ လက်ပန်ကုန်းရွာကနေအိမ်တွေကနေ ပစ္စည်းတွေယူ၊ခြင်းကျားထဲထည့်သယ်ကြတာ၊ ပြီးမှဆူးတောကိုမီးရှို့တာ”လို့မာမီကပြောပါတယ်။ ဆူးတောရွာကနေအိမ်တွေက်ိုမီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေကို တကောင်းပကဖ က မနက်၈နာရီခွဲအချိန်မှာအလစ်ဝင်တိုက်ပစ်ခတ်ခဲ့ပြီးစစ်သား၁၁ဦးနေရာတင်သေဆုံး ခဲ့တယ်လို့ပြောပါတယ်။ ” သူတို့ကမီးရှို့နေချိန်ကျွန်တော်တို့ကရုတ်တရက်ဝင်ပစ်တော့၊ သူတို့ချက်ချင်းပြန်ပစ်ချိန်မရလိုက်ဘူး၊ တိုက်ပွဲအပြန်အလှန်ပစ်တာ တစ်နာရီလောက်ကြာတယ်”လို့မာမီကပြောပါတယ်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးဒဏ်ရာရစစ်သားတွေကို နာရေးကားသုံးစီးနဲ့သယ်ဆောင်သွားကာ ညနေပိုင်းမှာတကောင်းသုသာန်မှာသဂြိုလ်လိုက်တယ်လို့ပြောပါတယ်။ ပုံစာ – မီးရှို့ခံရတဲ့ဆူးတောရွာ ဓာတ်ပုံ – တကောင်း ပ.က.ဖ #Dailynews
အရာတော် – ၂၀၂၃ မေ ၅ (မော်ကွန်း) စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ကြွေပုဂံရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်ပိုင်းမှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ရွာထဲကိုသေနတ်ပစ်ဖောက်ပြီးဝင်လာတယ်၊ တိုက်ပွဲ ဖြစ်တာမျိုးတော့မရှိဘူး၊ ရွာထဲဝင်လာပြီးတော့ရွာကိုစတင် မီးရှို့တာ”လို့ဒေသခံတစ်ဦးကပြောပါတယ်။ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်က စစ်သား ၆၀ ဝန်းကျင် ဝက်ခဲကျေးရွာဘက်ကနေ ကြွေပုဂံရွာကိုဝင်ရောက်လာပြီး ရွာကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်း အနီးနားမှာရှိနေသေးတာကြောင့် နေအိမ်ပျက်စီးမှုအခြေအနေကိုအတည်မပြုနိုင်သေးဘဲ ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကြွေပုဂံကျေးရွာကနေအိမ် ၂၉လုံးကိုလည်း ဒီနှစ်မတ်လ ၂၉ရက်က ပထမအကြိမ်မီးရှို့ခဲ့ပြိီး အခုဒုတိယအကြိမ်ရှို့တာလို့ဒေသခံတွေကပြောပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၃ ၊ဖေဖော်ဝါရီ ၂၈ရက်အထိ စစ်ကိုင်းတိုင်းမှာ ၄၇,၇၇၈ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar က မတ်လ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။ […]
ရန်ကုန်- ၂၀၂၃၊ မေ ၄ (မော်ကွန်း) ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ကြောင်မျက်ရှင်လမ်းမှာ အငြိမ်းစားဗိုလ်မှူးရဲမင်းသန်းသတ်ခံရပြီးနောက် ရပ်ကွက်ထဲက လူ ၁၅ ယောက်နီးပါးအဖမ်းခံထားရပြီးအခုထိပြန်မလွှတ်သေးဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။ ရပ်ကွက်ထဲကလူတွေကိုလည်း သူ့အကြောင်းသိစေရမယ်လို့ အငြိမ်းစားဗိုလ်မှူး ရဲမင်းသန်းရဲ့ဇနီးဖြစ်သူကကြိမ်းမောင်းထားတယ်လို့ဆိုပါတယ်။ ရပ်ကွက်အတွင်းရှိတော်လှန်ရေးရဲဘော်တွေကိုသတင်းပေးဒလန်လုပ်လို့ဆိုပြီး အငြိမ်းစားဗိုလ်မှူးရဲမင်းသန်းကို ဗဟန်းမြို့နယ်ပျောက်ကျားအဖွဲ့ (Bahan Guerrilla Force) က ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ရှင်းလင်းခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ ၎င်းသတ်ခံရပြီးညတွင်းချင်းမှာပဲတစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းဝင်စစ်တာ၊ ဖုန်းယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး လူ ၁၅ ယောက်နီးပါးလောက်ဖမ်းဆီးသွားတာပါ။ “ ည ၁၁ နာရီလောက်ကြီး အန်တီတို့အိမ်ပေါ်ထိတက်လာပြီး ဖုန်းတွေစစ်တာ။ သူတို့က ခုံပေါ်မှာထိုင်၊ အန်တီက အောက်မှာထိုင်ပြီး ဖုန်းထဲကဟာတွေပြပေးရတာ။ စကားပြောတာအရမ်းရင့်တယ်။ ပစ်လိုက်ရမလားဆိုတာချည်းပဲ”လို့ ကြောင်မျက်ရှင်လမ်းမှာနေထိုင်သူတစ်ဦးကပြောပါတယ်။ အခုဖမ်းဆီးခံထားရတဲ့ထဲမှာ အသက် ၁၃ နှစ်အရွယ်လူငယ်နှစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။ […]
စဉ့်ကူး – ၂၀၂၃ မေ ၄ (မော်ကွန်း) မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ် ကြက်တူရွေးကျေးရွာက နေအိမ်သုံးလုံးကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၆:၀၀နာရီဝန်းကျင်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကြက်တူရွေး၊ ဟင်္သါမ၊ မြစ်ကမ်းကြီးရွာတွေကို အာဏာသိမ်းစစ်သား ၇၀ ပါ စစ်ကြောင်းက မနေ့နေ့ခင်းပိုင်းမှာစစ်ကြောင်းထိုးလာပြီး ညနေဘက်မှာလက်နက်ကြီးရမ်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ “သူတို့စစ်ကြောင်းရောက်ပြီး သူတို့နားကပ်မှာစိုးလို့ လက်နက်ကြီးရမ်းထုတာ ညကိုလက်နက်ကြီး ခုနစ်လုံးထုတယ်၊ အနောက်ဘက်ခြမ်းက သရက်ခြံထဲကို သုံးလုံးကျတယ်၊ နှစ်လုံးကွဲတယ်၊ တစ်လုံးမကွဲဘူး၊ တောင်ဘက်ခြမ်းကိုလေးလုံးကျတယ်၊ ပြည်သူနေအိမ်နှစ်လုံးကျတယ်”လို့ဒေသခံတစ်ဦးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာလို့ အနီးအနားကျေးရွာတွေက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ပြည်သူကိုလက်နက်ကြီးထိမှန်သူမရှိဘူးလို့ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဟင်္သါမဘုန်းကြီးကျောင်းထဲအထိုင်ချထားပြီး ကြက်တူရွေးကျေးရွာမှာလည်း ရှိနေလို့ အနီးနားကျေးရွာကဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ဒေသခံက ပြောပါတယ်။ ပုံစာ – မီးရှို့ခံနေရသည့် ကြက်တူရွေးရွာ ဓာတ်ပုံ – ဒေသခံ #Dailynews
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."