ရန်ကုန် – ၂၀၂၃ ဧပြီ ၆ (မော်ကွန်း) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောဖျားချောင်း ဒေသမှာရှိတဲ့ စစ်ရှောင်စခန်းသုံးခုက စစ်ဘေးရှောင်ငါးရာကျော် စားနပ်ရိက္ခာပြတ်လို့ အခက်အခဲကြုံနေရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်အသင်း P.D.Y.O က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ “တစ်ခါတလေ ကြားပုဂ္ဂလိကအလှူရှင်တွေ အဖွဲ့အစည်းလေးတွေလာရင် ရတာလေးတွေစားတယ်၊ ဝါးခုတ်မျှစ်ခုတ်လို့ရောင်းစားနေရတာ သူတို့က။ ဒါပေမယ့် အခုကသင်္ကြန်နားနီးပြီဆိုတော့ ဝယ်မယ့်သူလည်းမရှိတော့ဘူး၊ ရောင်းလည်းမရောင်းရ စားစရာလည်းမရှိ အဲ့လိုအခက်အခဲ ဖြစ်နေတာ” လို့ပြောပါတယ်။ အိမ်အသုံးဆောင်ပစ္စည်းတွေသာရရှိပြီး အဓိကဖြစ်တဲ့ ဆန်နဲ့ စားနပ်ရိက္ခာ မရတာကြာပြီဖြစ်လို့ ထမင်းတစ်နပ်စားရဖို့ အတော်ခက်ခဲနေတယ်လို့ သူကဆိုပါတယ်။ လက်ရှိအချိန်မှာ အဲဒီစခန်းတွေက စစ်ရှောင်တွေဟာ ထမင်းကျန်တွေကိုမပစ်ဘဲ အခြောက်လှမ်းထားတဲ့ထမင်းခြောက်တွေကိုပါ ပြန်ကျိုချက်စားသောက်နေရတဲ့အထိ အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။ အဲဒီ စစ်ဘေးရှောင်စခန်းသုံးခုဟာ ခွေးထီး၊ […]
ရေစကြို – ၂၀၂၃ ဧပြီ ၅ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့တပ်ထဲကနေထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ကကို ဒီနေ့မနက် ၇:၃၀ အချိန်၊ မြို့အဝင်သချိုင်းကုန်းအဆင်းမြောက်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖဆီက သိရပါတယ်။ “မိုင်း ခြောက်လုံးတွဲဆင်ထားတဲ့နေရာပေါ်ကို သူတို့ငါးယောက်အရောက်မှာမိုင်းဆွဲခဲ့တာ၊ လူတွေကောသေနတ်တွေကောလွင့်သွားတယ်၊ ဒဏ်ရာရတဲ့တစ်ယောက်က ဒူးအောက်ပိုင်းတောင်ပြုတ်သွားတယ်၊ တော်တော်ဆိုးဆိုးဒဏ်ရာရသွားတာ”လို့ ရေစကြို ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ရေစကြိုတပ်ထဲက ထွက်လာတဲ့ စစ်သား ၃၀ ကိုမိုင်းဆွဲတိုက်ခိုက်ရာမှာ ငါးဦးနေရာတင်လွင့်သွားပြီး သေနတ်နဲ့အလောင်းတွေကို စစ်တပ်ဘက်ကလာရောက်သယ်ဆောင်ခြင်းမရှိသေးဘူးလို့ သူကဆိုပါတယ်။ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကိုလည်း ဧပြီ ၃ရက်က ရေစကြို ပ.က.ဖနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က စခန်းမှူးအပါအဝင် ခုနစ်ဦးသေဆုံးခဲ့ပါတယ်။ #Dailynews
ရန်ကုန် – ၂၀၂၃ ဧပြီ ၅ (မော်ကွန်း) ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီနေ့တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ်သုံးသောင်းကျော်ထိ မြင့်တက်ခဲ့တယ်လို့ ရွှေအရောင်းအဝယ်ဈေးကွက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ မနေ့က တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၃ သောင်းကျော် (၂,၉၃၇,၀၀၀) ကနေ ဒီနေ့မှာ တစ်ကျပ်သားကို ကျပ် ၂၉ သိန်း ၇ သောင်းကျော်နဲ့ ဈေးကွက်ဖွင့်ခဲ့ပြီး ကျပ်သုံးသောင်းကျော် မြင့်တက်ခဲ့တာပါ။ ဒါ့အပြင် ရွှေဈေးနှုန်းတွေကိုလည်း မွန်းလွဲ ၂ နာရီခန့်မှ ဈေးကွက်ဖွင့်နိုင်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုတွေကြောင့် ပြည်တွင်းရွှေဈေးကွက်မှာ လှုပ်ခတ်မှုတွေရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်အသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “ ဈေးအရမ်းဟသွားမှာကြောင့်ရယ် ရွှေအသင်းက အစည်းအဝေးလုပ် တိုင်ပင်ပြီးမှ ဈေးကွက်ဖွင့်ခဲ့တယ်။ အရောင်းအဝယ်လည်း သိပ်မလုပ်ရဲကြဘူး။ အတက်ကြီးပဲ ဖြစ်နေတာဆိုတော့ […]
ရေစကြို – ၂၀၂၃ ဧပြီ ၄ (မော်ကွန်း) မကွေးတိုင်း၊ ရေစကြိုမြို့၊ မအူရဲစခန်းကို မနေ့မနက် ၅း၀၀ နာရီကစတင်ကာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကျည်ကုန်လို့ ကျောက်ခဲနဲ့ပါပစ်ခဲ့ရတယ်လို့ ရေစကြို ပ.က.ဖ ဆီကသိရပါတယ်။ မအူရဲစခန်းကို ဝင်ပစ်ချိန်မှာကျည်မလုံလောက်တဲ့အပြင် သုံးရတဲ့လက်နက်အရေအတွက်များတာကြောင့် ကျည်ကုန်ခဲ့ပြီး စခန်းအတွင်းကစစ်သားတွေကို ခဲနဲ့ထုခဲ့ရတယ်လို့ ရေစကြိုပကဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်။ “စခန်းသိမ်းတဲ့အခြေအနေမှာ သုံးရတဲ့လက်နက်အရေအတွက်များတာရယ်၊ ရှိတဲ့ပစ္စည်းအင်အားနဲ့ကျည်အင်အားကမမျှခဲ့တာပေါ့၊ အချိန်လည်း သုံးနာရီခွဲလောက်ကြာခဲ့တယ်ဆိုတော့ ကျည်မလောက်ခဲ့တာ”လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ မအူရဲစခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းထဲက ဘန်ကာနဲ့အဆောင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်မီးရှို့နိုင်ခဲ့ပါတယ်။ “စခန်းသိမ်းတော့ ကျည်လုံလောက်မှုမရှိခဲ့ဘူး၊အဲ့ဒါကြောင့်လည်း လက်နက်နည်းနည်းပဲရခဲ့တာ၊ ကျည်ကုန်တော့ ရန်သူကိုလာတဲ့တပ်ကူကိုလည်း ပြန်ထပ်မချနိုင်ခဲ့တာ”လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူ ဗိုလ် Cross ကပြောပါတယ်။ မအူရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်လို့ အာဏာသိမ်းစစ်တပ်ဘက်က […]
ရန်ကုန်၊ ၂၀၂၃ ဧပြီ ၄ (မော်ကွန်း) ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်တွေနဲ့ ပူးပေါင်းရေးဆွဲနေတဲ့ ဆန်စပါးဥပဒေကို ယခုနှစ်လယ်ပိုင်းမှာပြဋ္ဌာန်းသွားဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စစ်ကောင်စီရဲ့ စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆန်စပါးအသင်းက ကျွမ်းကျင်သူတွေပါဝင်အဖွဲ့ဟာ ဆန်စပါးဥပဒေကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရေးဆွဲနေတာလို့ ဆိုပါတယ်။ လက်ရှိမှာ အဆိုပါဥပဒေနဲ့ပတ်သက်လို့ ဆန်စပါးလုပ်ငန်းရှင်တွေ၊ တောင်သူတွေနဲ့တွေ့ဆုံမှုတွေ ပြုလုပ်နေတယ်လို့ ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူက ပြောပါတယ်။ “အခုက ဥပဒေကြမ်းတော့ ပြီးသလောက်တောင်ဖြစ်နေပြီ။ ရခိုင်၊ မွန်နဲ့ ရန်ကုန်က တောင်သူတွေ ဆန်စက်လုပ်ငန်းရှင်တွေကို ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှင်းလင်းတာ၊ ဆွေးနွေးတာတွေလုပ်နေတယ်။ သူတို့အသံတွေလည်း ထည့်ရမယ်ဆိုတာကြောင့်။ ဥပဒေက ဒီနှစ်လယ်ပိုင်းမှာ ပြဋ္ဌာန်းဖြစ်မယ်လို့ သိထားတယ်” လို့ သူကပြောပါတယ်။ အဲ့ဒီရေးဆွဲနေတဲ့ ဆန်စပါးဥပဒေကြမ်းမှာ ဆန်စပါးနဲ့ […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၄ (မော်ကွန်း) ဧပြီ ၁ရက်က ဆားလင်းကြီးမြို့နယ်ကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးရင်း ကံကုန်းကျေးရွာက ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးသွားကာ ယာခင်းထဲမှာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ “ကျွန်တော်တို့က ဖမ်းသွားပြီး မုံရွာ န.မ.ခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကို ခေါ်သွားတယ်ပဲ မှတ်တာ၊ ဒီမနက်အလောင်းတွေ့မှ အတော်စိတ်မကောင်းဖြစ်ရတယ်”လို့ ဒေသခံက ပြောပါတယ်။ အသတ်ခံရသူဟာ ဆားလင်းကြီး၊ ကံကုန်းရွာက အသက် ၅၀ အရွယ် ကိုနိုင်ဆိုသူဖြစ်ကာ လက်ပံတောင်းတောင်၊ စီနိုဟိုက်ဒရိုကုမ္ပဏီ Workshop ဌာနက ဝန်ထမ်းဖြစ်ပါတယ်။ သူ့ကိုဖမ်းသွားတဲ့နေ့က အာဏာသိမ်းစစ်တပ်ဟာ ဆားလင်းကြီး၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် ရိက္ခာသယ်ယူဖို့နဲ့ စီမံကိန်းက တရုတ်လူမျိုးတွေရဲ့ လုံခြုံရေးအကြောင်းပြကာ ပုသိမ်-မုံရွာလမ်းမ ဘေးဝဲယာတလျှောက် စစ်ကြောင်းထိုးနေခဲ့တာပါ။ ဒီလို လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက တရုတ်လူမျိုးတွေရဲ့ သွားလာမှု၊ […]
ပုလဲ – ၂၀၂၃ ဧပြီ ၃ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နှောကန်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့က မီးရှို့ခဲ့တာကြောင့် အသက် ၇၈ နှစ်အရွယ်အဘွားတစ်ဦးမီးလောင်သေဆုံးခဲ့ပြီး အသက် ၇၂နှစ်အရွယ်အဘိုးတစ်ဦးမီးလောင်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။ “ရွာမီးရှို့ခံရတော့ အဘွားကမပြေးနိုင်ဘဲကျန်ခဲ့တာ၊ မီးလောင်သေသွားတယ်၊ အဘိုးတစ်ဦးကတော့ မီးလောင်ဒဏ်ရာပဲရတာ၊ လွတ်သွားခဲ့တယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်က အိမ်ခြေ ၁၃၀ ဝန်းကျင်ရှိတဲ့နှောကန်ရွာကိုမီးရှို့တာကြောင့် နေအိမ် ၆လုံးဝန်းကျင်သာကျန်ပြီး ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ နှောကန်ရွာက သုံးဘီးဆိုင်ကယ်၊ ဆန်စက်၊ ထွန်စက်၊ ရေစက်၊ ထန်းလျှော်တောင်းပြုလုပ်တဲ့ ကုန်ကြမ်းတွေ၊ နွားနှစ်ကောင်၊ ကောက်ပဲသီးနှံတွေ၊ လှည်းတွေနဲ့စိုက်ပျိုးရေးသုံးပစ္စည်းတွေကိုပါမီးရှို့သွားခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။ Data for Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီလကုန်ထိ စောင့်ကြည့်တွက်ချက်မှုတွေအရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့လို့ […]
ရန်ကုန် – ၂၀၂၃ ဧပြီ ၃ (မော်ကွန်း) ကုမ္ပဏီလုပ်ငန်း ဒါရိုက်တာစာရင်းမှာပါတဲ့သူတွေဟာ စစ်ကောင်စီရဲ့ ရဲစခန်းတွေမှာ ရဲစခန်းထောက်ခံစာပြုလုပ်ရမယ်လို့ စစ်ကောင်စီက ယခုလ ၁ ရက်က ညွှန်ကြားထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ မှတ်ပုံတင်ပြီး နှစ်လအတွင်း နှစ်စဉ်အစီရင်ခံစာတင်ပြရာမှာ ကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေဟာ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နဲ့ တင်ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဧပြီ ၁ ရက် ရက်စွဲနဲ့ညွှန်ကြားထားတာပါ။ “ကုမ္ပဏီ ဒါရိုက်တာတွေ တည်ဆဲဥပဒေပေါ့၊ အဲ့ဒါတွေလိုက်နာမှုရှိ၊ မရှိ။ ပြီးတော့ PDF တို့ NUG တို့နဲ့ ဆက်စပ်မှုရှိလား၊ အကြမ်းဖက်မှုနဲ့ ငြိတာတွေရှိလား စစ်ဆေးမလို့ထင်တယ်။ ရဲစခန်းထောက်ခံစာတွေ အကုန်တင်ရမယ်ပြောတယ်” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေ၊ ပါဝင်သူတွေအနေနဲ့ […]
မင်းကင်း – ၂၀၂၃ ဧပြီ ၂ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စခန်းကို မနေ့ကနဲ့ဒီနေ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင် အမှတ် ၁၁ တပ်ရင်း၊မင်းကင်းက တာဝန်ရှိသူကပြောပါတယ်။ မအူရွာက အာဏာသိမ်းစစ်တပ်စခန်းကို မနေ့မနက် ၉:၀၀ နာရီမှာ ၆၀ မမတစ်လုံးပစ်ခတ်ခဲ့ပြီး ၁၁:၀၀ နာရီမှာ ဒရုန်းနဲ့ အီနာဂါ လေးလုံးချတိုက်ခိုက်ခဲ့ကာ ညနေ ပိုင်းမှာ ၆၀မမ သုံးလုံး၊ ၄၀မမ နှစ်လုံးနဲ့လက်နက်ငယ်တွေနဲ့ပါတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ “ပျူရွာပါ၊ သူတို့ဘက်ကလည်း ၆၀ မမ ၊ လက်နက်ငယ်တွေနဲ့ပြန်ပီးပစ်ခတ်မှုတွေရှိပါတယ်၊ မီတာ ၃၀၀အတွင်းလောက်ဆိုတော့ အနီးကပ်ဖြစ်တယ်၊ သူတို့အထိခိုက်များနိုင်မယ်လို့ယူဆရတယ်”လို့ ကလေးခရိုင်အမှတ် ၁၁ တပ်ရင်း (မင်းကင်း)တာဝန်ရှိသူက ဆိုပါတယ်။ မအူရွာအာဏာသိမ်းစစ်တပ်စခန်းကို ဒီနေ့မှာလည်း […]
ယင်းမာပင် – ၂၀၂၃ ဧပြီ ၂ (မော်ကွန်း) မကြာသေးခင်ကမှ အရှေ့တောင်တိုင်း စစ်တိုင်းမှူးတာဝန်ကနေ ဖယ်ရှားခံလိုက်ရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တစ်ဦးကို ဇာတိဒေသဖြစ်တဲ့ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာက နေအိမ်မှာ အာဏာသိမ်းစစ်တပ်က ဒီကနေ့ လာရောက်ခေါ်ဆောင်သွားတယ်လို့ ဒေသတော်လှန်ရေးသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။ “အာဏာသိမ်းပြီးကတည်းက စုန်းချောင်းက သူ့အိမ်ကို စခတွေက တပ်စိတ်တစ်စိတ်စာ အမြဲလုံခြုံရေးယူပေးနေခဲ့တာ၊ ဒီနေ့တော့ သူ့ညီလို့ပြောတယ် လာခေါ်သွားတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။ ဒီကနေ့နံနက်အစောပိုင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ မုံရွာ) ကနေ စစ်ကားတစ်စီး ထွက်လာပြီး အာဏာသိမ်းစစ်တပ်ရဲ့ခြေပြတ်၊ လက်ပြတ်သူတွေ နေထိုင်တဲ့ အောင်ဇေယျမြို့သစ်ကိုရောက်လာကာ စုန်းချောင်းရွာကို စစ်ကြောင်းစထိုးခဲ့တာလို့ သူကပြောပါတယ်။ စစ်ကြောင်းထိုးထွက်လာတုန်းမှာ ကွေ့ချောင်းရွာနဲ့ စုန်းချောင်းက အမျိုးသားနှစ်ဦးကို ဖမ်းဆီးပြီး ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုရှိရာ စုန်းချောင်းရွာကနေအိမ်ကို လမ်းပြခေါ်ဆောင်သွားခဲ့တာလို့ သတင်းရင်းမြစ်ကပြောပါတယ်။ “မြတ်သက်ဦးသေလို့ […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ (မော်ကွန်း) ဒီကနေ့ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာက အမျိုးသားတစ်ဦးကို လမ်းမပေါ်တင် ကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးရင်း ပစ်သတ်သွားခဲ့ပါတယ်။ အသတ်ခံရသူဟာ ကံကုန်းရွာက ကိုတိုးကြီးဖြစ်ပြီး အသက် ၄၀ ကျော်ရှိပြီလို့ ဒေသခံကပြောပါတယ်။ “စစ်ကြောင်းထိုးတဲ့အချိန် ညောင်ပင်ကြီးက သူ့သူငယ်ချင်းဆီရောက်နေတာ၊ စစ်ကြောင်းထိုးပြီဆိုတော့ သူ့မိန်းမနဲ့ကလေးကို စိုးရိမ်ပြီး မသွားပါနဲ့တားတဲ့ကြားထဲကနေ ထွက်သွားတာ”လို့ ကိုတိုးကြီးရဲ့ သူငယ်ချင်းတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ ကိုတိုးကြီးဟာ သူ့နေအိမ်ကို ပုသိမ်-မုံရွာလမ်းကနေ မပြန်ဘဲ တောလမ်းကနေ ပတ်ဝင်ခဲ့ပေမယ့် ရွာမှာ ကြိုရောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကတွေ့သွားပြီး ပစ်သတ်ပစ်ခဲ့တာလို့ သူငယ်ချင်းဖြစ်သူကပြောပါတယ်။ “စစ်ကြောင်းထွက်သွားတဲ့အချိန် သွားကြည့်တော့ နောက်ကနေပစ်ထားတာ၊ ရင်ဘတ်ပွင့်သွားတယ်ပေါ့၊ ဆိုင်ကယ်ပေါ်ကပြုတ်ကျပြီးတော့ နဖူးဒဏ်ရာရထားတာလည်းတွေ့ရတယ်”လို့ သူကပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ […]
ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၁ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်အရှေ့ခြမ်းကို ဒီကနေ့နံနက် အစောပိုင်းက အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။ မုံရွာမှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ – မုံရွာ)ကနေထွက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကားနှစ်စီးဟာ ဒီကနေ့နံနက် ၇း၀၀ နာရီလောက်က ပုသိမ်-မုံရွာလမ်းဘေး ယင်းမာပင်မြို့နယ်အရှေ့ခြမ်းနဲ့ဆားလင်းကြီးမြို့နယ်က ကျေးရွာတွေဆီကို စစ်ကြောင်းထိုးလာတာပါ။ လတ်တလောမှာ ယင်းမာပင်မြို့နယ်၊ ဘိန်းနွယ်ချောင်ရွာက အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသခံဆီကသိရပါတယ်။ ပုသိမ်-မုံရွာလမ်းဘေး ထွက်ပြေးနေရတဲ့ရွာတွေကတော့ ကျေးစာကျ၊ ဒုန်းတော၊ ဂုဏ်တော၊ ဘိန်းနွယ်ချောင်၊ ကံကုန်း၊ ရွာသာနဲ့ ပေကုန်းစတဲ့ရွာတွေဖြစ်ပြီး လူဦးရေ ၄,၀၀၀ လောက်ရှိနိုင်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့သတင်းရင်းမြစ်ကဆိုပါတယ်။ ပုသိမ်-မုံရွာလမ်းဘေး ယင်းမာပင်၊ ဆားလင်းကြီးဒေသဟာ အာဏာသိမ်းစစ်တပ်ရဲ့ […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."