စစ်ကိုင်းတိုင်း – ၂၀၂၃ ဧပြီ ၁၄ (မော်ကွန်း) ဧပြီ ၁၁ ရက်က အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက အရပ်သားပြည်သူတွေအတွက် ယင်းမားပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က ကူညီထောက်ပံ့ဖို့ ဒီကနေ့သပိတ်မှာ အလှူခံခဲ့ကြတယ်လို့ သပိတ်ကော်မတီဆီကသိရပါတယ်။ “မနေ့ကစပြီး အလှူခံနေတာ၊ အညာဆိုတော့ တတ်နိုင်သလောက်လေးတွေဆိုတော့ သိပ်တော့မရဘူးပေါ့”လို့ သပိတ်ကော်မတီဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ သင်္ကြန်ကာလကျော်တဲ့အခါ ထောက်ပံ့ငွေတွေကို သပိတ်ကော်မတီက ပဇီကြီးကို သွားရောက်ပေးအပ်မယ်လို့ သူကပြောပါတယ်။ ပဇီကြီးရွာ လေကြောင်းတိုက်ခံရမှုကြောင့် နောက်ဆုံးသတင်းတွေအရ ၁၇၀ ကျော်သေဆုံးမှုရှိထားပြီး အဲဒီအထဲမှာ ကလေးသူငယ်နဲ့အမျိုးသမီးတွေလည်းပါဝင်နေပါတယ်။ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၇၆၄ ရက်မြောက်ရှိလာပြီး မြို့နယ်အတွင်းက သပိတ်အင်အားစုတွေနဲ့ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီကနေ့မှာ ရွာပေါင်းစုံသပိတ်၊ ရွှေရေကြည်သပိတ်နဲ့ ကယ်တင်ရှင်မရှာ တို့ကျေးရွာသပိတ်တွေက သံချပ်အဖွဲ့တွေ ပါဝင်ပြီး သံချပ်ထိုးကြတာ ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုလည်း […]
ရန်ကုန်- ၂၀၂၃ ဧပြီ ၁၃ (မော်ကွန်း) ဒီနေ့ကျရောက်တဲ့သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်မြို့အတွင်းလမ်းမတွေပေါ်မှာရေပက်ခံထွက်တာတွေ၊လူအသွားအလာတွေမရှိသလောက်နည်းပါးခြောက်ကပ်နေပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့နယ်တ်ောတော်များများရှိ ရပ်ကွက်တွေထဲမှာ ကစားစရာလေထိုးရေကူးကန်လေးတွေ နဲ့ ကလေးငယ်တစ်ချို့သာရေကစားကြသလို၊ လူငယ်တော်တော်များများကလည်း ရန်ကုန်မြို့အတွင်းက ဟိုတယ်တွေမှာ သူငယ်ချင်းအုပ်စုလိုက်အပန်းဖြေအနားယူကြပြီးသင်္ကြန်အကြိုနေ့ကိုဖြတ်သန်းနေကြတယ်လို့သိရပါတယ်။ “သင်္ကြန်မှာပွဲလမ်းသဘင်တွေမသွားချင်လို့၊ ကိုယ့်သူငယ်ချင်းတွေစုပြီး ဟိုတယ်မှာ staycation နေကြပြီး အေးဆေးဖြတ်သန်းဖြစ်တာ” လို့ ရန်ကုန်မြို့နေထိုင်သူတစ်ဦးကပြောပါတယ်။ စစ်ကောင်စီကတော့ရန်ကုန်မြို့လယ်ခေါင်ရှိ မြို့တော်ဝန်မဏ္ဍပ်နဲ့ ပြည်သူ့ရင်ပြင်မှာလုံခြုံရေးအထူးတင်းကြပ်ထားတာကိုတွေ့ရပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာ့နှစ်သစ်ကူးင်္သကြန်ကို ပျော်ရွှင်စွာမဆင်နွှဲခဲ့ကြတာ အခုဆိုရင် သုံးနှစ်ရှိပါပြီ။ တော်လှန်ရေးအင်အားစုတွေကလည်းစစ်ကောင်စီကပြုလုပ်တဲ့အတုအယောင်သင်္ကြန်မှာမပါဝင်ကြဖို့ တိုးတိုးတိတ်တိတ်ပျော်ကြဖို့၊ လူသားချင်းစာနာမှုဖြင့်သင်္ကြန်ကာလကိုဖြတ်သန်းကြဖို့တိုက်တွန်းထားပါတယ်။ Photo: Mawkun #Dailynews
သပိတ်ကျင်း – ၂၀၂၃ ဧပြီ ၁၂ (မော်ကွန်း) မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ ဒီနေ့ အာဏာသိမ်းစစ်တပ်စစ်ကား နှစ်စီးကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီးထိခိုက်ပျက်စီးကာ ကားပေါ်ပါစစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့ တကောင်းမြို့နယ် ပ.က.ဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမာမီက မော်ကွန်းကိုပြောပါတယ်။ အင်းနက်ကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေပါတဲ့ ၁၂ ဘီးကားနှစ်စီးကို လေးမိုင်ရွာနဲ့ ခြောက်မိုင်ရွာကြားမှာ တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နောင်လုံသံတံတားအနီးမှာ မိုင်း သုံးလုံးနဲ့တစ်ကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မာမီကပြောပါတယ်။ ” ပထမတစ်ခါတော့ ကားနောက်ခြမ်းပဲထိသွားတာ၊ ကားရှေ့ဆက်သွားတော့မိုင်းဆွဲတာ၊ ကားထိပြီးပျက်စီးတယ်၊ ကားပေါ်ပါစစ်သားတွေညောင်ကုန်းရွာထဲဝင်ပြီး ကြာမှကားကိုကြိုးနဲ့လာဆွဲသွားတာ”လို့ မာမီကပြောပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သား၁၅ဦး သေဆုံးကာ ငါးဦးခြေပြတ်လက်ပြတ်ဖြစ်သွားခဲ့တယ်လို့ သူကပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေကို တကောင်းမြို့ထဲကနေ နာရေးကား၃စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။ ပုံစာ – တကောင်း ပ.က.ဖ တပ်ဖွဲ့ဝင်များ ဓါတ်ပုံ – တကောင်း ပ.က.ဖ #Dailynews
မန္တလေး – ၂၀၂၃ ဧပြီ ၁၂ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ရဲ့မန္တလေးမြို့သင်္ကြန်မဏ္ဍပ်တွေမှာ မနေ့ကစတင်ပြီး အကအဖွဲ့တွေ ကြိုတင်အကလေ့ကျင့်တာတွေလုပ်ဆောင်နေတယ်လို့ မြို့ခံတွေကဆီကသိရပါတယ်။ မန္တလေးမြို့တော်မဏ္ဍပ်မှာ မနေ့ညပိုင်းက အကအဖွဲ့တွေ အကကြိုတင်လေ့ကျင်နေကြသလို ဒီကနေ့ မန္တလေးစျေးချိုမဏ္ဍပ်မှာလည်း ကြိုတင်အကလေ့ကျင့်တာတွေရှိနေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။ ” မဏ္ဍပ်တွေလည်းအကြီးကြီးပဲ၊ ကျုံးပတ်လည်အပြည့်ပဲ၊ လမ်းလျောက်သင်္ကြန်တွေအတွက် မဏ္ဍပ်တွေလည်း ရှယ်လုပ်ထားတာ၊ အကတွေတောင်ကြိုတိုက်နေကြသေးတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ မန္တလေးမြို့ပေါ်က ကျုံးပတ်လည်မှာ မဏ္ဍပ်တွေဆောက်ထားပြီး မင်္ဂလာမန္တလေးအနီးမှာလည်း လမ်းလျောက်သင်္ကြန်မဏ္ဍပ်အပြင် မန္တလေးမြို့ပေါ် မှာ မဏ္ဍပ် ၁၃ခုကျော်ရှိတယ်လို့ မြို့ခံကပြောပါတယ်။ တော်လှန်ရေးမြေပေါ်မြေအောက်အဖွဲ့အစည်းတွေကတော့ နိုင်ငံတဝန်းလူသတ်၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီး အရပ်သားပြည်သူတွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်က ပြုလုပ်မယ့်သင်္ကြန်ပွဲတွေမှာ မပါဝင်ကြဖို့ တောင်းဆိုထားကြပါတယ်။ ပုံစာ – မန္တလေးမြို့တော်မဏ္ဍပ်မှာမနေ့ညပိုင်းက အကလေ့ကျင့်နေစဉ် ဓါတ်ပုံ – Mawkun Magazine #Dailynews
ရန်ကုန် – ၂၀၂၃ ဧပြီ ၁၀ (မော်ကွန်း) ရန်ကုန်မြို့အခြေစိုက် တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ရဲ့ ထုတ်ပြန်ချက်အတုတစ်စောင် ဒီကနေ့ညမှာထွက်ရှိလာပါတယ်။ Dark Shadow ဘက်ကတော့ ဒီစာဟာ အတုဖြစ်ကြောင်း သူတို့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။ စာအတုမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်လုပ်မယ့် သင်္ကြန်မဏ္ဍပ်တွေရှိတဲ့ တစ်မိုင်ပတ်ချာလည်အတွင်းက ပြည်သူတွေဟာ နေအိမ်ကနေ မနက်ဖြန်ကစလို့ အမြန်ဆုံးထွက်ခွာဖို့အထိ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ လမ်းညွှန်ချက်တွေအရ ပြည်သူတွေရဲ့အသက်အိုးအိမ်၊စည်းစိမ်တွေကို ကာကွယ်ချင်လို့ ဒီလိုအကြောင်းကြားရတာဆိုပြီးလည်း ထည့်သွင်းထားပါသေးတယ်။ Dark Shadow ဘက်ကတော့ NUG အပါအဝင် ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်ထားတာမရှိဘူးလို့ ပြောထားပါတယ်။ စာအတုထွက်ပေါ်လာတာနဲ့ပတ်သက်လို့ Dark Shadow အဖွဲ့ဝင်တွေ ဘေးကင်းကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်ဆီက သိရပါတယ်။ Dark Shadow ဟာ […]
ယင်းမာပင် – ၂၀၂၃ ဧပြီ ၈ (မော်ကွန်း) စစ်အာဏာရှင်ကို နေ့စဉ်မပြတ်ဆန့်ကျင်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်တွေထဲကတစ်ခုဖြစ်တဲ့ ယင်းမာပင်မြို့နယ်မြောက်ခြမ်းသပိတ်ဟာ ပြည်သူတွေအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ပြုလုပ်မယ့်သင်္ကြန်မှာ မပါဝင်ဘဲ တော်လှန်သင်္ကြန်သာ သတ်မှတ်ကြဖို့ ဒီကနေ့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ #Dailynews
ရှမ်းမြောက် – ၂၀၂၃ ဧပြီ ၈ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့က အာဏာသိမ်းစစ်တပ်စခန်းတစ်ခုဖြစ်တဲ့ လယ်ကြီးဂိတ်စခန်းကို မနေ့ မနက်အစောပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ” မနေ့မနက်ပိုင်းက ပစ်ခတ်ခံရတာ၊ အကြာကြီးပဲ၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာ၊လမ်းတွေပိတ်ထားတယ်၊ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုမသိရသေးဘူး”လို့ မိုင်းလုံမြို့ဒေသခံတစ်ဦးကဆိုပါတယ်။ လယ်ကြီးဂိတ်စခန်းဟာ မိုင်းလုံမြို့နဲ့မိုးကုတ်မြို့ကြားက အာဏာသိမ်းစစ်တပ်စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ဒေသခံတစ်ဦးကဆိုပါတယ်။ “သေတဲ့သူကအရင်ကမိုးကုတ်မှာနေတာ၊ အရင်ကတော့ပန်းရောင်းတယ်၊ ခုတော့ မိုင်းလုံဘက်ပြောင်းပြီးကြက်သွန်တွေရောင်းတာ၊ သူ့မိန်းမနဲ့ကလေးသုံးယောက်ကျန်ခဲ့တယ်”လို့ မိုးကုတ်မြို့ဒေသခံကဆိုပါတယ်။ သေဆုံးသူရဲ့ရုပ်အလောင်းကို အခုချိန်ထိသယ်ခွင့်မရသေးဘူးလို့ ဒေသခံဆီသိရပါတယ်။ မိုးကုတ်မြို့ကနေ မိုင်းလုံမြို့ကိုသွားတဲ့ လမ်းကိုအာဏာသိမ်းစစ်တပ်က မနေ့ကစတင်ကာ ပိတ််ထားပြီးမနေ့ညပိုင်းအထိလက်နက်ကြီးပစ်သံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ အာဏာသိမ်းစစ်တပ်စခန်းကို ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခတ်သွားတယ်ဆိုတာကိုမသိရသေးသလို တော်လှန်ရေးအဖွဲ့တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။ #Dailynews
စစ်ကိုင်း – ၂၀၂၃ ဧပြီ ၈ (မော်ကွန်း) အာဏာသိမ်းစစ်တပ်ဟာ Mi-35 ရဟတ်ယာဥ်နဲ့ ပစ်ခတ်ပြီး နောက်ထပ်ရဟတ်ယာဉ်တွေနဲ့ စစ်သားတွေချကာ စစ်ကိုင်းမြို့၊ တလိုင်းရွာကို တိုက်ခိုက်ခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။ “ဒီကနေ့လေ လေးခေါက်ပြန်ချတာ၊ရွှေဘိုကနေ လေးခေါက်ပျံတာ၊ မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကနေ နှစ်ခေါက်ပစ်ကူလာတာ၊တလိုင်းဘက်ကိုဝင်ပစ်ပြီး လူတွေလည်းချတယ်”လို့ ဗိုလ်ကျားကြီးအဖွဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးကပြောပါတယ်။ အာဏာသိမ်းစစ်တပ်က Mi-35ရဟတ်ယာဥ် နဲ့ပတ်ပစ်ပြီးနောက်စစ်သား ၁၀၀ ဝန်းကျင်ကို Mi-17 နဲ့ တလိုင်းရွာအနီးမှာလာရောက်ချခဲ့တာပါ။ တလိုင်းရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေထဲက ပစ္စည်းတွေသယ်ဆောင်သွားကာ နေအိမ်နှစ်လုံးက်ုမီးရှို့ထားခဲ့တယ်လို့ ဗိုလ်ကျားကြီးကပြောပါတယ်။ တလိုင်းရွာကနေ အုတ်ဖိုရွာဘက်ကို ထွက်လာတဲ့ စစ်ကြောင်းကို ဗိုလ်ကျားကြီးအဖွဲ့ နဲ့ရဲရဲတောက်အဖွဲ့တို့ တိုက်ခိုက်ခဲ့တယ်လို့ဗိုလ်ကျားကြီးပြောပါတယ်။ “စစ်ကြောင်းအထွက်ကိုတိုက်တာ ၊ ထိပ်တိုက်ဖြစ်တာသူတို့ဘက်ကအထိအခိုက်ကတော့ရှိတယ်၊ ဒါပေမဲ့အတိအကျမသိရဘူး၊ အချိန်ကတော့တစ်နာရီလောက်ကြာတယ်၊ သူတို့ဘက်ကလက်နက်ကြီး […]
ရန်ကုန်၊ ၂၀၂၃ ဧပြီ ၆ (မော်ကွန်း) အိန္ဒိယနဲ့ မြန်မာကုန်သွယ်ရေးမှာ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ပေးချေတဲ့စနစ်ကို အသုံးပြုဖို့ အိန္ဒိယနိုင်ငံဗဟိုဘဏ်နဲ့ စစ်ကောင်စီဗဟိုဘဏ်တို့အကြား သဘောတူထားပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး ရူပီး – ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှုအတွက် လုပ်ထုံးလုပ်နည်းတွေကို ဗဟိုဘဏ်၊ အစိုးရဌာနတွေ၊ နိုင်ငံပိုင်ဘဏ်တွေ၊ ပုဂ္ဂလိကဘဏ်တွေ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ-အိန္ဒိယ ကုန်သွယ်မှုမှာ ပြည်တွင်းငွေကြေးသုံးစွဲမှု တိုးမြှင့်ဖို့ ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို စတင်အကောင်အထည်ဖော်သွားမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဲ့ဒီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို အကောင်အထည်ဖော်ဖို့ အိန္ဒိယရဲ့ ပန်ဂျပ်အမျိုးသားဘဏ် (Punjab National Bank, India) […]
ရန်ကုန်၊ ၂၀၂၃ ဧပြီ ၆ (မော်ကွန်း) ကမ္ဘောဇဘဏ်ရဲ့ Core Banking စနစ် အဆင့်မြင့်မှုကို လုပ်ဆောင်မှာဖြစ်တဲ့အတွက် အစိုးရရုံးပိတ်ရက်တွေမှာ အွန်လိုင်းဘဏ်ဝန်ဆောင်မှုတွေကို ရပ်နားထားမယ်လို့ KBZ ဘဏ်က ထုတ်ပြန်ထားပါတယ်။ ဘဏ်စနစ် အဆင့်မြှင့်တင်ရေးလုပ်ငန်းကို လာမယ့် အစိုးရရုံးပိတ်ရက်တွေဖြစ်တဲ့ ဧပြီ ၇ ရက် သောကြာနေ့ ည ၁၁နာရီ ၄၅ မိနစ်ကနေ ဧပြီ ၁၂ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီအထိ ဆောင်ရွက်သွားမှာလို့ ထုတ်ပြန်ထားတာပါ။ အဲ့ဒီလို Core Banking စနစ် အဆင့်မြှင့်နေစဉ်ကာလအတွင်း KBZ ဘဏ်ရဲ့ အွန်လိုင်းဝန်ဆောင်မှုတွေဖြစ်တဲ့ i-Banking စနစ်၊ mBanking စနစ် ၊ Debit နဲ့ Credit Card […]
ရန်ကုန်- ၂၀၂၃ ဧပြီ ၆ (မော်ကွန်း) စစ်ကောင်စီကပြုလုပ်မယ့်သင်္ကြန်ပွဲမှာ မပါဝင်ကြဖို့ စတစ်ကာကမ်ပိန်းကို မြေအောက်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Mayangone Democratic Front နဲ့ KMD18 တို့ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ မြို့နယ်နှစ်ခုမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ “ပြည်သူတွေအားလုံးက ဒီလာမယ့်သင်္ကြန်မှာ တော်လှန်သင်္ကြန်အနေနဲ့ဘဲ ဆင်နွှဲကြဖို့နဲ့ စကစ က ယခုထိအာဏာသိမ်းထားဆဲဆိုတာကို မမေ့ဖို့ရယ် စစ်အာဏာရှင်ကျဆုံးရေးအတွက်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ရဲဘော်တွေ၊ အကျဥ်းချခံထားရတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေကို မမေ့ကြပါနဲ့ စကစကပြုလုပ်တဲ့င်္သကြန်မှာမပါဝင်ကြဖို့နှိုးဆော်တာပါ။” လို့ Mayangone Democratic Front မှ တာဝန်ခံက ပြောပါတယ်။ “သွေးနဲ့ပက်တဲ့သင်္ကြန်ပွဲပြည်သူအားလုံးမဆင်နွှဲ။” “အပျော်သင်္ကြန်တို့ငြင်းဆန်၊ တော်လှန်သင်္ကြန်ပြည်သူ့အသံ။” “သွေးစွန်းသင်္ကြန်တို့မဆင်နွှဲ။” “တစ်နိုင်ငံလုံးမှာစစ်၊အတာသင်္ကြန်မဖြစ်၊ အာဏာရှင်ကိုတော်လှန်ပစ်။” ဆိုတဲ့ စာသားတွေပါဝင်တဲ့စတစ်ကာတွေကို ဘတ်စ်ကားမှတ်တိုင်တွေနဲ့ လူသွားလူလာများတဲ့နေရာတစ်ချို့မှာကပ်ထားခဲ့ကြတာပါ။ စစ်ကောင်စီကပြုလုပ်မယ့်င်္သကြန်ပွဲတော်ဟာလာမယ့် ဧပြီ ၁၃ ရက် […]
တကောင်း – ၂၀၂၃ ဧပြီ ၆ (မော်ကွန်း) မန္တလေးတိုင်း၊ တကောင်းမြို့နယ်၊ အရုဏ်ဦးရွာနဲ့ကွမ်းတောလမ်းကြားမှာကင်းပုန်းဝပ်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေရဲ့ မနေ့မွန်းလွဲပိုင်းက ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ တကောင်းမြို့နယ် ပ.က.ဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမာမီက မော်ကွန်းကိုပြောပါတယ်။ အာဏာသိမ်းစစ်တပ်၊ စစ်သား ၈၅ယောက်ခန့်ပါတဲ့ တွဲကားသုံးစီးကို သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး ကင်းပုန်းဝပ်နေတဲ့စစ်သားတွေပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာလို့ သူကဆိုပါတယ်။ ” ကင်းပုန်းဝပ်နေတဲ့စစ်သားတွေ လမ်းဘေးဘယ်ညာရမ်းပစ်တာ၊ နေအိမ်ပေါ်မှာထမင်းချက်နေတဲ့အမျိုးသမီးတစ်ဦးလည်ပင်းကျည်ထိမှန်ပြီးသေတယ်၊ သူတို့ကမြင်ရက်နဲ့ပစ်သွားတာ”လို့ တကောင်းမြို့နယ်ပ.က.ဖသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံမာမီက ဆိုပါတယ်။ ထီးချိုင့်မြို့ကနေ မန္တလေးမြို့ကိုလာတဲ့ စစ်ယာဥ်တန်းကို မိနှစ်၂၀ခန့် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ စီးနင်းပစ်ခတ်ခဲ့တာလို့သူကဆိုပါတယ်။ “သူတို့ဘက်ကအတော်သင့်ပဲပြန်ပစ်တယ်၊ ကားကတော့ဇကာပေါက်ဖြစ်သွားတယ်၊ မောင်းလို့ရသေးတာမို့ဆက်မောင်းသွားကြတယ်”လို့မာမီက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်သေဆုံးသူရှိပေမယ့်အတည်မပြုနိုင်သေးပါဘူး။ အရုဏ်ဦးရွာနဲ့ ကွမ်းတောလမ်းကြားမှာ ကင်းပုန်းဝပ်နေတဲ့စစ်သားတွေက ရွာအနီးကလူနေအိမ် ၃လုံးကိုလည်းမီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ပြည်သူတွေအနေနှင့် […]
"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."