သတင်းဆောင်းပါးများ

အကူအညီ လိုအပ်နေသော ‘ ကူညီပါရစေ ‘ များ အပိုင်း(၂)

August 16, 2016

လစာနည်းပါး ရဲဝန်ထမ်းများအနေနှင့် လုပ်ဆောင်ရ သည့် တာဝန်ဝတ္တရား များပြားသည့်တိုင် ရရှိလာသော လစာအနေအထားက နည်း ပါးလှကြောင်း ရဲဝန်ထမ်းတွေက ညည်း တွားကြသည်။ ဦးသိန်းစိန် အစိုးရလက် ထက်တွင် လစာနှုန်းထားများ ပြောင်းလဲ လာသော် လည်း လောက်ငမှုမရှိသေးပေ။ ပြောင်းလဲလာသော  လစာနှုန်း ထားများအရ ရဲတပ်သားတစ်ဦးလျှင် ယခင် ၇၅,ဝဝဝ ကျပ်မှ ယခု ၁၂ဝ,ဝဝဝ ကျပ်ရှိပြီး သူ့ထက်တစ်ဆင့် ရာထူး ကြီးသည့် ဒုတပ်ကြပ်တစ်ဦးလျှင် ယခင် ၈၁,ဝဝဝ ကျပ်မှ ၁၃၅,ဝဝဝ ကျပ်သို့ တိုး မြှင့်ထားသည်။ ဆိုရလျှင် ရဲတပ်သားမှနေ ၍ ရာထူးအဆင့် တစ်ဆင့်ချင်းအတွက် ကျပ် ၁၅,ဝဝဝ စီ ကွာဟတိုးမြှင့်ထားခြင်း ဖြစ်၏။ ယင်းကို ဒုရဲမှူးကြီးလှသန်းက”လက်ရှိရနေတဲ့ ရဲဝန်ထမ်းလစာဆိုတာ […]

အပြည့်အစုံဖတ်ရန်

အကူအညီ လိုအပ်နေသော ‘ ကူညီပါရစေ ‘ များ အပိုင်း(၁)

August 16, 2016

ဒေါ်ခင်မာတစ်ယောက် တစ်သက်နှင့်တစ်ကိုယ် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ ခွင့်ရ လိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့မိပါ။ သို့သော်လည်း သူမျှော်လင့်မထားသည့် အခွင့် အရေးတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကိုယ်တိုင်ကြုံခဲ့ရပြီဖြစ်သည်။ သူ့ခင်ပွန်းဒုတပ်ကြပ်စောထွန်းဦး တာဝန်ကျရာ ရမည်းသင်းမြို့ရှိ ရဲသင်တန်း ကျောင်းတွင် တွေ့ကြုံရခြင်းဖြစ်၏။ ယင်းသင်တန်းကျောင်းသို့ ယခင်က နိုင်ငံတော် အကြီးအကဲတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ဖူးပေ။ ယခုတော့ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ခဲ့ပြီဖြစ်သည်။ လိုင်းခန်း ပေါင်း တစ်ရာကျော်ရှိသည့်အနက် သူတို့ နေအိမ်လိုင်းခန်းပေါ်သို့ ဆိုက်ဆိုက်မြိုက် မြိုက် ရောက်လာခဲ့ခြင်းလည်း ဖြစ်သည်။ သို့အတွက် သူ့ရင်မှာ အတိုင်းမသိ ပျော်ရွှင်မိ၏။ ယခင်ကတော့ ဒေါ်အောင် ဆန်းစုကြည်ကို အစိုးရအား အတိုက် အခံလုပ်နေသူအဖြစ်နှင့်သာ သူသိထား ၏။ ယခုများတော့ အသက်ခုနစ်ဆယ့် တစ်နှစ်ရှိပြီဖြစ်သည့် […]

အပြည့်အစုံဖတ်ရန်

ကုစားရန် လိုနေသည့် နာတာရှည် ရွှေ့ပြောင်းလုပ်သား ပြဿ နာအပိုင်း(၂)

August 9, 2016

မလေးရှားက ဘဝများ မလေးရှားတွင်ရှိသော မြန်မာရွှေ့ ပြောင်းလုပ်သားများမှာလည်း အသက် အန္တရာယ်လုံခြုံရေးအပါအဝင် လုပ်ငန်း ရှင်များ၏ ဖိနှိပ်မှုနှင့် အချိန်မရွေးဖမ်းဆီးခံရမည့်အခြေအနေများနှင့်ပါ ရင်ဆိုင်နေ ရသည်ဟု မလေးရှားရောက် မြန်မာရွှေ့   ပြောင်းလုပ်သားများအရေးဆောင်ရွက် နေသူ ဦးမျိုးညွှန့်က ဆိုပါသည်။ မလေးရှားတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများလုပ်ကိုင်ရသည့်အလုပ် များမှာ စက်ရုံ၊ အလုပ်ရုံ၊ ဆီအုန်းခြံများ၊ ဥယျာဉ်ခြံလုပ်ငန်း၊ စားသောက်ဆိုင် အစ ရှိသည်တို့တွင် လုပ်ကိုင်ကြပြီး လုပ်သား ဦးရေ ခြောက်သိန်းကျော်ရှိလိမ့်မည်ဟု အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။ အများဆုံးမှာ စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများဖြစ်ပြီး တစ်လပျမ်းမျှ ဝင်ငွေမှာ မလေးရှားငွေ ရင်းဂစ် ၇ဝဝ ခန့် (မြန်မာငွေ နှစ်သိန်းကျော်) ရရှိကြသည် ဟု ဦးမျိုးညွန့်က ဆိုပါသည်။ လုပ်ငန်းခွင်အတွင်းကြုံရသည့် ပြဿနာများမှာ ကျန်သည့်ဒေသတွင်း နိုင်ငံများနည်းတူ […]

အပြည့်အစုံဖတ်ရန်

ကုစားရန်လိုနေသည့်နာတာရှည်ရွှေ့ပြောင်းလုပ်သား ပြဿ နာအပိုင်း(၁)

August 9, 2016

မဲဆောက်မြို့ရဲစခန်းရှေ့။ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများ အပါအဝင် ကျား၊ မ ကြီးငယ်နှစ်ဆယ်ခန့် စုရုံးနေကြသည်။ အမျိုးသမီးတချို့က ထဘီတိုတိုဝတ်ထားကြသည်။ တချို့အမျိုး သမီးများ၏ ပါးပြင်ပေါ်တွင် သနပ်ခါးပါးကွက်ကြားများကို အထင်းသားမြင် နေရသည်။ ပုဆိုးခပ်နွမ်းနွမ်းဝတ်ထားသူများ၊ ဆေးပေါ့လိပ်ခဲကာ လွယ် အိတ်စလွယ်သိုင်းထားသူများလည်း တွေ့ရသည်။ ထိုနေ့က မေ ၁ ရက်နေ့။ အလုပ် သမားနေ့ဖြစ်သည့်အတွက် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတချို့နှင့် အလုပ်သမားအရေး ဆောင်ရွက်နေကြ သော အဖွဲ့အစည်းများ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ရန် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ နယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့ရှိ ရဲ စခန်းရှေ့တွင် စုရုံးနေကြခြင်း ဖြစ်သည်။ မနက် ၈ နာရီခွဲတော့ လူတစ်ရာ့ငါး ဆယ်ခန့် စုရုံးမိပြီး စုရပ်မှထွက်ခွာရန် ပြင် ကြပြီ။ လေးယောက်တစ်တန်း တန်းစီကာ […]

အပြည့်အစုံဖတ်ရန်

ကြုံရဆုံရ စက်ခေါင်းမောင်းဘဝ အပိုင်း(၂)

August 8, 2016

ဝမ်းနည်းစရာဖြစ်ရပ်များ ထိုသို့ပျော်ရွှင်ကြည်နူးရသည့်အဖြစ်အပျက်များရှိသလို စက်ခေါင်းမောင်းလောကတွင် စိတ်ပျက်စရာနှင့် စိတ်မကောင်း ဖြစ်ရသည့် ကိစ္စတစ်ခုလည်းရှိသည်။ အခြား စက်ခေါင်းမောင်းသူ များနည်းတူ ဦးအောင်စန်းဝင်းလည်း ထိုကိစ္စမျိုးကို ကြုံရသည်။ အဲဒီတုန်းက ဦးအောင်စန်းဝင်းက သင်တန်းဆင်းခါစ လုပ်သက် နှစ်နှစ်ပဲရှိသေးသည်။ ခရီးတိုလေးတွေ မောင်းနေရချိန်ဖြစ်သည်။ အချိန်က ၈၈ အရေးအခင်းပြီးခါစ။ ညမထွက်ရအမိန့် ထုတ်ထားသည့်အချိန်။ ပတ်ဝန်းကျင်က မှောင်မည်းတိတ်ဆိတ် နေသည်။ ည ၁၁ နာရီဝန်းကျင်လောက်မှာ ဆည်တော်ဘူတာသို့ ကုန်ပစ္စည်းသွားပို့ပြီး မန္တလေးသို့ စက်ခေါင်းတစ်လုံးတည်း မောင်းကာ သူတစ်ယောက်တည်းပြန်လာခဲ့သည်။ မန္တလေး ရောက်ခါနီး ရှမ်းစုဘူတာကိုကျော်လာသည်။ ထိုနေရာတွင် လမ်း က အကွေ့ဖြစ်နေသည်။ ကွေ့လိုက်သည့်အခါ ရထားမီးရောင်အောက် သံလမ်းပေါ် တွင် အသက် ၅ဝ အရွယ်အမျိုးသားတစ်ဦး အိပ်နေသည်ကို ဘွား ခနဲလှမ်းတွေ့လိုက်ရတော့သည်။ အလွန်နီးကပ်သွားပြီ၊ […]

အပြည့်အစုံဖတ်ရန်

ကြုံရဆုံရ စက်ခေါင်းမောင်းဘဝ အပိုင်း(၁)

August 8, 2016

ဇူလိုင် ပထမပတ်၏ နေ့လယ်ခင်းသည် တစွတ်စွတ် ရွာနေသော မိုးကြောင့် စိုထိုင်းထိုင်း ရှိလှသည်။ မလွှကုန်းဘူတာ အနီး မီးရထား စက်ခေါင်းမောင်းများ နေထိုင်သည့် ဝန်ထမ်းလိုင်းခန်း တစ်ခုထဲတွင် ဦးအောင်စန်းဝင်း တစ်ယောက် အိပ်စက် အနားယူနေသည်။

အပြည့်အစုံဖတ်ရန်

စည်ပင်နဲ့ ဈေးသည်တို့ရဲ့ မပြီးသေးတဲ့ တိုက်ပွဲ အပိုင်း(၂)

August 4, 2016

တကယ်တော့ လမ်းဘေးဈေးသည်ဆိုတာ မြန်မာတစ် နိုင်ငံတည်းမှာ ရှိနေတာမဟုတ်ပါဘူး။ နိုင်ငံတကာမှာလည်း လမ်းဘေးဈေးသည်တွေ ရှိကြပါတယ်။ ဒါပေမဲ့ တိုးတက်တဲ့ နိုင်ငံ တချို့မှာ ဈေးသည်တွေကို တရားဝင်ရောင်းချခွင့် ပြုထားကြ ပါတယ်။

အပြည့်အစုံဖတ်ရန်

စည်ပင်နဲ့ ဈေးသည်တို့ရဲ့ မပြီးသေးတဲ့ တိုက်ပွဲ အပိုင်း(၁)

August 4, 2016

လမ်းဘေးဈေးသည်တွေ ရောင်းချတဲ့ အစားအသောက် တွေဟာ ဘယ်မှာ ဘယ်လိုထုတ်လုပ်မှန်း၊ ချက်ပြုတ်ထားမှန်း အလွယ်တကူသိနိုင်ခြင်းမရှိလို့ နောက်ကြောင်းပြန်စစ်ဆေးနိုင် ခြင်း (Traceability) လည်း မရှိပါဘူး။ ဒါကြောင့် ရောင်းချတဲ့ အစားအသောက်အပေါ် အပြည့်အဝတာဝန်ယူမှုလည်း မရှိ ဘူးလို့ သူက ရှင်းပြပါတယ်။

အပြည့်အစုံဖတ်ရန်

ကမ္ဘာ့ကြိုးဝိုင်း အပြင်က မြန်မာ့ရိုးရာလက်ဝှေ့ အပိုင်း(၃)

August 3, 2016

လက်ရှိ ကမ္ဘာပေါ်တွင် မွေထိုင်း၊ K-1၊ MMA စသည်ဖြင့် ကိုယ်ခံပညာပြိုင်ပွဲများမှာ တစ်ခုပြီးတစ်ခုထွန်း ပေါက်အောင်မြင် လျက်ရှိသည်။ မွေထိုင်းလက်ဝှေ့ပွဲများကို ပရိသတ်ရိုးအီသွားချိန် တွင် ထူးထူးခြားခြားဖြစ်နေသည့် မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားမှုများလာနေသည်ဟု မြန်မာ့ရိုးရာလက်ဝှေ့ကျွမ်းကျင်သူ များက သုံးသပ်သည်။

အပြည့်အစုံဖတ်ရန်

ကမ္ဘာ့ကြိုးဝိုင်း အပြင်က မြန်မာ့ရိုးရာလက်ဝှေ့ အပိုင်း(၂)

August 3, 2016

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာလက်ဝှေ့သည် ဘောလုံးပြီး လျှင် ဒုတိယလူကြိုက်အများဆုံး အားကစားဖြစ်ပြီး အခြားသော ရေကူး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တင်းနစ်စသည့် ကစားနည်းများထက်လည်း ပြိုင်ပွဲအရေအတွက်နှင့် ပရိသတ် အားပေးမှု ပိုမိုများပြားသည်ဟု မြန်မာ့လက်ဝှေ့လောကသား များက ဆိုကြသည်။

အပြည့်အစုံဖတ်ရန်

ကမ္ဘာ့ကြိုးဝိုင်း အပြင်က မြန်မာ့ရိုးရာလက်ဝှေ့ အပိုင်း(၁)

August 3, 2016

ယနေ့ မြန်မာနိုင်ငံတွင် ရိုးရာလက်ဝှေ့ကလပ် ၃ဝ ကျော်နှင့် ကြေးစားလက်ဝှေ့သမား ၁၅ဝ ခန့်သာရှိနေသေးသည်။ သဘော ကတော့ မြန်မာနိုင်ငံရှိ ရိုးရာလက်ဝှေ့ကလပ်အရေအတွက်သည် ရုရှားတွင်ရှိသည့် မြန်မာ့လက်ဝှေ့ကလပ်အရေအတွက်၏ သုံးပုံ တစ်ပုံနီးပါးသာရှိပြီး ကြေးစားလက်ဝှေ့သမားမှာလည်း ရုရှား နိုင်ငံထက် ၅ဝ ခန့်နည်းနေသည်။

အပြည့်အစုံဖတ်ရန်

အားကိုးထိုက်သော ရဲတပ်ဖွဲ့ဖြစ်ရေးအစိုးရသစ် အရေးတကြီး ပံ့ပိုးရန်လို

August 1, 2016

တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသည့် ယနေ့လိုအချိန်မျိုးတွင် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးကို အကောင် အထည်ဖော်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုပါ တစ်ပါတည်း ထိထိရောက်ရောက်ပြုပြင်ပြောင်းလဲပေးရန်  အလွန် အရေးကြီးပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အာဏာရှင်ဆန်သော အစိုးရအဆက်ဆက်၏ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ရသောကြောင့် နာမည်ပျက်လျက်ရှိပါသည်။ ပြည်သူအချို့ကလည်း ရဲမြင်လျှင် မိမိတို့ကို အကာအကွယ်ပေးမည့်သူများအဖြစ် မမြင်ကြဘဲ နှိပ်စက် ညှဉ်းဆဲမည့်သူများ၊ ဖမ်းဆီးငွေညှစ်မည့်သူများအဖြစ် ထင်မြင်ယူဆကြသည်။ ထို့ပြင် ရဲဝန်ထမ်းအချို့သည် တရားမဝင်သောနည်းဖြင့် ဝင်ငွေရှာသည့်လုပ်ငန်းများတွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေခြင်း များလည်းရှိရာ ယင်းအချက်ကြောင့်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပုံရိပ်သည် ညစ်ထေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူမှုအဝန်းအဝိုင်းက မကောင်းမြင်ကြသည့် အဓိကအချက်မှာ ခြစားမှုဖြစ်သည်ဟု နိုင်ငံတကာလုံခြုံရေး နှင့် အာရှရေးရာများကို ဆယ်စုနှစ်လေးခုကြာလေ့လာခဲ့သူ အန်ဒရူးဆဲ့သ်(Andrew Selth)က ‘မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်း လဲရေး – ရည်မှန်းချက်၊ အဟန့်အတားနှင့် အကျိုးရလဒ်များ’ […]

အပြည့်အစုံဖတ်ရန်
1 … 15 16 17 18 19 20 21 … 34

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."