သတင်းဆောင်းပါးများ

ပုဂံမှာ ဘုရားတွေ ပုဂ္ဂလိကပိုင် အသိမ်းခံနေရပြီလား (အပိုင်း – ၁)

April 20, 2015

    (မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအမွေအနှစ်၊ ရှေးဟောင်း စေတီပုထိုးမြောက်များစွာရှိသော ပုဂံဒေသ တွင်ဖြစ်ပေါ်နေသည့် အဂါရဝဆန်သည့် အပြုအမူများ၊ ရှေးဟောင်းစေတီများ အပိုင်သိမ်း ခံနေရသည့် ကိစ္စများ၊ လုပ်ငန်းရှင်အချို့၏ ဥပဒေမဲ့လုပ်ဆောင်မှုများအား တာဝန် ရှိသူများသိရှိပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရန် မော်ကွန်းက စုံစမ်းဖော်ထုတ်ထားပါသည်။) ဧပြီ ၂၀၁၅ (ပုဂံ) ပုဂံကိုရောက်ပြီး နောက်တစ်ရက်တွင် ဘုရားတွေကိုသိမ်းထားသည်ဆိုသည့် ဟို တယ်များအနက် တစ်ခုသော ဟိုတယ်ထဲကို နံနက်စာစားရင်းနှင့် ကြည့်ဖို့ ရောက်သွားသည်။ စားစရာတွေမှာပြီးချိန်မှာတော့ ကျွန်တော် ဘေးဘီကို အကဲခတ် ကြည့်လိုက်မိသည်။ ဤနေရာ ပုဂံမြေမှဟုတ်ပါလေစ…။ ကျွန်တော်ထိုင်နေသည့် အရှေ့တည့်တည့်တွင်တော့ ပြာ လဲ့လဲ့ရေကူးကန်။ ရေကူးကန်ပတ်လည်တွင်တော့ ကမ်းခြေတွေ မှာတွေ့ရတတ်သည့် ခုတင်ကဲ့သို့ ပက်လက်ထိုင်ခုံကြီးများရှိသည်။ ဆိုဖာတပ်ထားသော ယင်းခုံများပေါ်တွင် နိုင်ငံခြားသား အမျိုး […]

အပြည့်အစုံဖတ်ရန်

အညာဒေသ ဒုတိယအီသီယိုးပီးယားဖြစ်လာမလား

March 25, 2015

FEATURE (အောက်ဖော်ပြပါဆောင်းပါးမှာ ဧပြီ ပထမပတ်တွင် ဖြန့်ချိမည့် မော်ကွန်းအမှတ် ၂၂ (ဧပြီလထုတ်)မှဖြစ်ပါသည်။) (အပူပိုင်းဒေသပြန်လည်ထူထောင်ရေး အရေးတကြီးလုပ်ဆောင်ကြရန် သတိပေးတပ်လှန့်သည့်အနေဖြင့် ကျွန်ုပ်တို့မော်ကွန်းက ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။) သက်ဦးမွန် ရေးသည်။ ပေါက်ချောင်းအထက်စု (ဧပြီ၊ ၂၀၁၅) တစ်ခေါင်းလုံး သွပ်မိုးထားသလို ဆံပင်တွေဖြူဖွေးနေပြီး ကြေးနီရောင်အသားအရေကို ပိုင်ဆိုင်ထားတဲ့ အညာသားကြီး ဦးတင်စိန်ဟာ သူတို့မိသားစုပိုင်ဆိုင်ထားတဲ့ ခိုင်းနွားတစ်ကောင်ကို ရောင်းဖို့ စိုင်းပြင်းနေပါတယ်။ ကျပ်သုံးသိန်းခွဲလောက်ဈေးခေါ်ထားပေမယ့် ပိန်လှီလှတဲ့ သူ့ရဲ့ နွားဝါကို ဝယ်မယ့်သူက အခုအထိပေါ်မလာသေးပါဘူး။ အဲဒီနွားရောင်းစွံသွားရင်တော့ သူတို့မိသားစုခြောက်ယောက်ရဲ့ စားရေးသောက်တာကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်း နိုင်လိမ့်မယ် လို့ ဦးတင်စိန်က ယူဆထားပါတယ်။ အဓိက ကြုံတွေ့ရတဲ့ပြဿ      နာက မိုးမမှန်တာပဲ။ မိုးက မမှန် တော့ စိုက်သမျှသီးနှံအားလုံး ပျက်စီးပြီး အရှုံးပေါ်ခဲ့ရတယ်လို့ […]

အပြည့်အစုံဖတ်ရန်

အစိုးရဝန်ထမ်း ရဲတပ်ဖွဲ့ မှသည် ပြည်သူ့ဝန်ထမ်း ရဲတပ်ဖွဲ့ဆီသို့

March 12, 2015

 ဤဖော်ပြပါ ဆောင်းပါးမှာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် ထုတ်ဝေခဲ့သော မော်ကွန်း မဂ္ဂဇင်း အမှတ်စဉ် ၇ တွင် ဖော်ပြခဲ့သည့် မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ရန်ကုန်-နေပြည်တော်-ပြင်ဦးလွင် သြဂုတ် ၂၀၁၃ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းလဲရေးလုပ်ငန်းစဉ် တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် လူထု၏ယုံကြည်ကိုးစားမှု မြင့်မားလာအောင် ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရေးသည် အရေးတကြီး လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအနက် တစ်ခု အပါအဝင်ဖြစ်သည်ဟု မော်ကွန်းမဂ္ဂဇင်းက  ယုံကြည်ပါသည်။ ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သောမူဝါဒများနှင့် ရဲတပ်ဖွဲ့ဝင်အချို့၏ မလျော်မကန်ကျင့်ကြံမှုများကြောင့် ရဲတပ်ဖွဲ့ အပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုမှာ ကျဆင်းလျက်ရှိ ပါသည်။ အစိုးရဝန်ဆောင် ရဲတပ်ဖွဲ့မှသည် ပြည်သူ့ဝန်ဆောင်ရဲ တပ်ဖွဲ့ဖြစ်ရေး ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရာတွင် လူထု က မိမိတို့အပေါ် မည်သို့မည်ပုံရှုမြင်သနည်း၊ မည်သို့သောကိစ္စများ ကြောင့် ထိုကဲ့သို့ရှုမြင်ရသနည်းဟူသောအချက်များကို ဦးစွာ ဆန်းစစ်ကြည့်ဖို့လိုပါလိမ့်မည်။ […]

အပြည့်အစုံဖတ်ရန်

ချစ်သူများနေ့မှာ ဒါဖတ်ပြီးမှ ချစ်သူကို ပန်းပေးပါ

February 13, 2015

ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့တွေက ခိုင်မာစွာရှိနေပြီး မြန်မာနိုင်ငံတွင်တော့ စား သုံးသူတွေအတွက် အကာအကွယ်ပေးမှု အားနည်းနေပါတယ်။ ထို့ကြောင့် အဓိကကျတဲ့စားသုံးသူတွေကသာ မိမိနေ့စဉ်သုံးစွဲ နေတဲ့ အသုံးအဆောင်စားသောက်ကုန်များကို ရွေးချယ်စား သောက်၍ မိမိကိုယ်ကိုယ်ကာကွယ်ပြီး အစိုးရနှင့် ထုတ်လုပ်သူ တွေကို ဖိအားပေးဆောင်ရွက်ရမယ်လို့ ၎င်းက ဆိုပါတယ်။

အပြည့်အစုံဖတ်ရန်

မြန်မာပြည်ရဲ့ ဂရပ်ဖစ်တီလောက အပစ်ပယ်ခံနေရဆဲပါ

January 14, 2015

 ညသန်းခေါင်ယံလောက်မှာ ရန်ကုန်မြို့လယ်က လမ်းမ တွေပေါ်ကို ကျွန်တော်တို့လူငယ်တစ်စု တာဝန်ကိုယ်စီခွဲယူပြီး ညဘက်မှောင်ရိပ်ကို အကာအကွယ်ယူရင်း လမ်းလျှောက်လာခဲ့ ကြတယ်။ ကျွန်တော်တို့လူစုရဲ့ အဝတ်အစားတွေကလည်း လွတ် လပ်ပေါ့ပါးတဲ့ တီရှပ်အင်္ကျီနဲ့ ဘောင်းဘီအတိုတွေဖြစ်ပါတယ်။ အကြောင်းကတော့ ပြေးရလွှားရ လွယ်ကူအောင်လို့ပါ။ ကျွန်တော်တို့လူစုထဲက အချို့ကတော့ ကျောပိုးအိတ်တွေ လွယ်ထား ကြတယ်။ အဲဒီအိတ်တွေထဲက “ဂလောက်၊ ဂလောက်”နဲ့ မြည်နေတဲ့ အရာတွေကိုလည်း ပတ်ဝန်းကျင်က သတိမထားမိအောင် ဂရုတစိုက် သယ်ဆောင်လာခဲ့ရပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကတော့ ကျွန်တော်တို့ကို မသင်္ကာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ကျွန်တော်တို့လူစုကို ဒုစရိုက်လုပ်မယ့်ကောင်တွေလို့ သူတို့တစ်တွေက ထင်ချင်ထင် နေကြမှာ။ ကိုယ်တွေကလည်း ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ဆို တော့ ဂရုမစိုက်အားဘဲ ဆက်လျှောက်လာခဲ့ကြပါတယ်။ ရှေ့ကဦးဆောင်တဲ့ နှစ်ယောက်က လူသူရှင်းတဲ့ လမ်းတစ်ခုကို တွေ့သွားပြီး အဲဒီလမ်းထဲကို […]

အပြည့်အစုံဖတ်ရန်

မြေမြှုပ်မိုင်းတွေကြားက ကျိုးပျက်သွားသော ဘဝများ

January 14, 2015

( ဤ ဆောင်းပါးသည် ထုတ်ဝေပြီးခဲ့သော မော်ကွန်း အမှတ်စဉ် ခြောက် ဇူလိုင်လ ၂၀၁၃ တွင် ဖော်ပြခဲ့သော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ ) သက်ဦးမွန်၊ နှင်းကိုနှင့် ဉာဏ်လင်း ရေးသည်။ (ကောင်းမြတ်မိုး ပံ့ပိုးသည်။) မုန်း-ရွှေကျင်-ကျောက်ကြီး-ဘားအံ (ဇူလိုင်၊ ၂၀၁၃) မေလဆန်း၏ နံနက်ခင်းနေရောင်က ပူပြင်းလှသည်။ မည်မျှပင်ပူလှသော်လည်း ထိုအပူကို အန်တုရင်း ကိုပြည့်ဖြိုးအောင်သည် သူ၏အဖော် နှစ်ယောက်နှင့်အတူ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မုန်းမြစ်ကမ်းဘေးမှာ ငါးမျှားလို့ကောင်းမည့်နေရာ တစ်ခုကို ရှာဖွေနေသည်။ မုန်းမြစ်ကမ်းတစ်လျှောက် တွင် ဝါးရုံတောများက ထူထူထဲထဲ ပေါက်ရောက်နေ ကြသည်။ နေရာကောင်းလိုက်ရှာရင်းဖြင့် တစ်နေရာအရောက်မှာ ပုလင်းတစ်လုံးကို ရိုက်ခွဲလိုက်သည့် အသံလိုလို အသံအကျယ် ကြီးတစ်ခုကို ကြားလိုက်ရသည်။ ဒါမိုင်းကွဲသည့်အသံပဲဆိုတာ ကိုပြည့်ဖြိုးအောင် သိလိုက်သည်။ […]

အပြည့်အစုံဖတ်ရန်

အစိုးရ၊ တပ်မတော်နှင့် သတင်းမီဒီယာ နားလည်မှု ယူဖို့ လိုပါသလား

January 8, 2015

ဒီဇင်ဘာ၊ ၂၀၁၄ မြန်မာသတင်းမီဒီယာများအနေဖြင့် အုပ်ချုပ်သူ အစိုးရ ထံမှ သတင်းယူရသည်မှာ လွယ်ကူခဲ့သည်တော့ မဟုတ်ပါ။ အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်းမှာတော့ မဆို သလောက် ပွင့်လင်းလာခဲ့သည်။ ယနေ့အချိန်အထိ မီဒီယာကို ပြန်လည်ဖြေကြားရန် အခက်အခဲရှိသည့် အစိုးရဌာနများ ရှိနေ ဆဲဖြစ်ပြီး အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်ကပင် မီဒီယာသမားများ ကို တရားစွဲဆိုအရေးယူမှုများပင်ရှိနေသည်။ အုပ်ချုပ်သူ အစိုးရသည် ၎င်းတို့လုပ်သမျှသော စီမံကိန်း များ၊ သုံးစွဲသမျှသော ဘဏ္ဍာငွေများသည် ပြည်သူ့ဘဏ္ဍာ များဖြစ်သောကြောင့် မည်မျှရပြီး မည်မျှပြန်လည်သုံးစွဲခဲ့သည်ဆို ခြင်းကို ပြည်သူများသိရှိအောင် ပွင့်လင်းမြင်သာစွာ ထုတ်ပြန် ရ မည်မှာ အစိုးရ၏တာဝန်သာဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူတို့၏ နား၊ မျက်စိများဖြစ်သော မီဒီယာမှ တစ်ဆင့် ထုတ်ပြန် ပေးရမည်သာဖြစ်၏။ သမ္မတဦးသိန်းစိန်လက်ထက်တွင် သတင်းမီဒီယာများတွင် […]

အပြည့်အစုံဖတ်ရန်

ARV ရေရှည်ရရှိရေး ရတက်မအေးစရာ

January 7, 2015

၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။ ခင်မောင်မြင့် ရေးသည်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၄ မနွေးနွေးသည် သူ၏ လေးနှစ်အရွယ် သမီးလေး လူ့လော ကတွင် သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် စိုးရိမ်မကင်းဖြစ် နေသည်။ သူ့သမီးလေး လူဘဝတွင် သက်တမ်းစေ့ နေထိုင်ရန် မျှော်လင့်ချက်က တစ်စုံတစ်ခုတည်းပေါ်တွင် မူတည်နေသည်။ ယင်းမှာ Antiretroviral (ARV) ခေါ် ပိုးထိန်းဆေးပဲ ဖြစ် ပါသည်။ ယင်းဆေးသည် HIV ကြောင့် ကိုယ်ခံအားကျဆင်းနေသူ များ ကိုယ်ခံအားကို ထိန်းနိုင်ရန် တိုက်ကျွေးသော ဆေးပဲဖြစ် သည်။ ယနေ့အခါ မနွေးနွေးတို့ သားအမိနှစ်ယောက်စလုံး ARV ဆေးသောက်နေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။ ရှေ့ဆက်ပြီး အသက်ရှင်သန်နေသမျှ ကာလပတ်လုံး ARV […]

အပြည့်အစုံဖတ်ရန်

ကျန်းမာပါရဲ့လား ကျေးလက်

January 6, 2015

လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်သူများက လုပ် ဆောင်ရမည်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် အား နည်းနေသည့်အတွက်ကြောင့် လူထုကြားထဲတွင် ကျန်းမာရေး အသိပညာ လျော့ပါးနေရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်မင်းက ကောက်ချက်ချသည်။

အပြည့်အစုံဖတ်ရန်

ကျန်းမာရေးစောင့်ရှောက်မှုစနစ် အသစ်ဖြစ်ပြီလား

January 6, 2015

 ၂၀၁၄ ဒီဇင်ဘာ- ၂၀၁၅ ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ မျက်နှာဖုံး ဆောင်းပါး ဖြစ်ပါသည်။ မော်ကွန်းသတင်း အဖွဲ့ရေးသည်။ ရန်ကုန်၊ ဒီဇင်ဘာ ၂၀၁၄ နိုဝင်ဘာ ၂၉ ရက် မွန်းတည့်နေရောင်သည် ပိတောက် ပင်၏ အရွက်အကိုင်းအခက်အလက်တို့ကို ထိုးဖောက်၍ အောက် ခြေရှိ အုတ်ခုံနှင့် အနီးဝန်းကျင်အပေါ်ဖြာကျနေသည်မှာ ပန်းဇာ ပြောက်တို့အလား ထင်မှတ်မှားစရာပင်။ အုတ်ခုံပေါ်ရှိ အနားစုတ် နေသော ပိုက်ဖျာပေါ်တွင်တော့ အနက်ရောင် တက်ထရွန်ရှပ် အင်္ကျီကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် တစ်နှစ်ရှစ် လ အရွယ်ကလေးငယ်ကို နို့တိုက်နေသည်။ ထိုအမျိုးသမီး၏ အင်္ကျီနှင့် အနီရောင်ပါတိတ်အဆင်လုံ ချည်တို့သည် ကြေးအထပ်ထပ်တက်နေသည်။ သူ့ဘေးတွင် အမည်းရောင်ကြွပ်ကြွပ်အိတ်တစ်ထုပ်၊ ခပ်နွမ်းနွမ်းစောင်တစ် ထည်၊ ဓာတ်မှန်တစ်ခု၊ ဖနောင့်နှင့် […]

အပြည့်အစုံဖတ်ရန်

မြန်မာ့တရားစီရင်ရေးကို ဘယ်လိုကယ်ထုတ်ကြမလဲ

December 29, 2014

၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်( ၁၈) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။ မော်ကွန်းသတင်းအဖွဲ့ရေးသည်။ တိမ်ကင်းစင်ပြီး ပူလောင်အိုက်စပ်သည့် နေရောင်အောက်တွင် လူများ၊ ကားများက ဥဒဟို လှုပ်ရှား သွားလာနေကြသည်။ ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ အစိမ်းနုရောင် သုံးထပ်အဆောက်အအုံရှေ့ ပလက်ဖောင်း တစ်လျှောက်တွင် အစီအရီဖွင့်ထားသည့် ဈေးဆိုင်များတစ်လျှောက် လူများလှုပ်ရှားသွားလာနေသည်မှာ ပွဲတော်တစ်ခု အလား ထင်မှတ်မှားနိုင်စရာရှိသည်။ ယင်းနေရာကို လူအများက မစည်ကားအပ်သောနေရာ များထဲတွင် ထည့်သွင်းထားကြသော်လည်း စည်ကား လျက်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါ အစိမ်းနုရောင်သုံးထပ်အဆောက်အအုံမှာ တရားရုံးဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။ ထိုအနောက်ပိုင်းခရိုင်တရားရုံးသည် ရှေးဟောင်း အဆောက်အအုံဖြစ်ပြီး လွတ်လပ်ရေးမရခင် ဒုတိယကမ္ဘာစစ် အတွင်းကာလက ဗုံးဒဏ်ခံခဲ့ရသည့် အဆောက်အအုံလည်း ဖြစ်သည်။ တရားရုံးအဝင်ဝတွင် လူများပြည့်နေသည်။ ရုံးအတွင်း […]

အပြည့်အစုံဖတ်ရန်

ရန်ကုန်မြို့ကို ဘယ်သူ့လက်ထဲထည့်မလဲ

October 16, 2014

“ရန်ကုန်မြို့သူမြို့သားတွေက ဘာနဲ့တူနေလဲဆိုတော့ ထောင်ကြီးတစ်ခုထဲမှာ နေရတာနဲ့ တူနေတယ်။ ဘာလဲဆိုတော့ မြို့ပတ်ပတ်လည်က မြစ်ကမ်းနား(River View)အလှအပတွေ ကို မတွေ့ရတော့ဘူး”

အပြည့်အစုံဖတ်ရန်
1 25 26 27 28 29

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."