သတင်းများ

သံတွဲမြို့နယ်က မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက်ရရှိ

August 28, 2024

သံတွဲ- ၂၀၂၄ သြဂုတ် ၂၈ ( မော်ကွန်း) ရခိုင်ပြည်နယ် တောင်ပိုင်း၊ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က ဒီနေ့မနက်ပိုင်းက သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဒီနေ့မနက်ပိုင်းကမှ အလံဖြူထောင်ပြီး လက်နက်ချအဖမ်းခံကြတာပါ။ အာရက္ခတပ်တော်က အပြင်းအထန်တိုက်နေတော့ မခံနိုင်ကြတော့ဘဲ အညံ့ခံလိုက်ကြတာ။ တချို့စစ်သားတွေကတော့ အဖမ်းမခံဘဲ စက်လှေတွေနဲ့ ပင်လယ်ဘက်ကို ထွက်ပြေးသွားကြတာလည်း ရှိပါတယ် ” လို့ အထက်ပါ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒီလ ၂၅ ရက်ကလည်း မောင်ရွှေလေးရေတပ်စခန်းကို AA က ရှော့တိုက်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဆိုပါရေတပ်စခန်းမှ ဗိုလ်မှူးအဆင့်ရှိ ဖြိုးမောင်မောင်ဆိုသူ အပါအဝင် စစ်ကောင်စီတပ်သားငါးဦး သေဆုံးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နှစ်ဖက်ပစ်ခတ်မှုတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ကြပြီး AA […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်မြို့က ဆန်အိတ်အငှါးထမ်းနေတဲ့ အလုပ်သမားသုံးဦးကို စစ်ကောင်စီဖမ်းဆီး

August 28, 2024

တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၈ ( မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့က ကြိုးကြာကွင်းစစ်ဆေးရေးဂိတ်အနီးမှာ ဆန်အိတ်ထမ်းနေတဲ့ ကျပန်းအလုပ်သမားသုံးဦးကို စစ်ကောင်စီကဖမ်းဆီးသွားတယ်လို့ တောင်ကုတ်ဒေသခံတချို့က ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တောင်ကုတ်မြို့နယ်၊ စေတီကွင်းကျေးရွာက မောင်မင်းချစ်နိုင် (၂၂) နှစ်၊ ကိုကိုဦး (၃၂) နှစ်နဲ့ မောင်ချစ်မင်းသူ (၂၃) နှစ်တို့ဖြစ်ပြီး မနေ့တုန်းက ဖမ်းဆီးခံရတာလို့ တောင်ကုတ်ဒေသခံတချို့က ဆိုပါတယ်။ သူတို့ဟာ မနေ့တုန်းက တောင်ကုတ်- ပြည် ကားလမ်းကို ပိတ်စစ်နေတဲ့ ကြိုးကြာကွင်းစစ်ဆေးရေးဂိတ် အနောက်ဘက်က ဂိတ်ရှောင်တောလမ်းမှာ ဆန်အိတ်အငှါးထမ်းနေကြစဉ် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့က လာရောက်ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်တယ်လို တောင်ကုတ်ဒေသခံသတင်းရင်းမြစ်တစ်ဦးကလည်း ပြောပါတယ်။ ” စားဝတ်နေရေးအဆင်မပြေလို့ ဆန်အိတ်ထမ်းခ (ကျပ်)တစ်သောင်းခွဲနဲ့ အငှါးပြောင်းနေကြတာ။ အဲဒီအချိန်မှာ စစ်ဆေးရေးဂိတ်က စစ်သားတွေကရောက်ချလာပြီး ဖမ်းသွားတာ။ […]

အပြည့်အစုံဖတ်ရန်

သီပေါမှာစစ်ကောင်စီပစ်ခတ်တာကြောင့် ယခုလအတွင်း အရပ်သား ၂၀ ကျော်သေဆုံး

August 28, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၇ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒီလအတွင်း လူ ၂၀ ကျော်သေဆုံးခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရသိရပါတယ်။ TNLA ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်ကောင်စီတပ်က ဒီသီတင်းပတ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး အရပ်သားနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။ ဒီနေ့မနက်အစောပိုင်း နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်ဟာ Y-12 လေယာဉ်နဲ့ သီပေါမြို့ပေါ်ကို ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ သီပေါမြို့ အုတ်ကျင်းရပ်ကွက်က လူနေအိမ်တွေထိမှန်ခဲ့ကာ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရသွားပါတယ်။ ဒါ့အပြင် […]

အပြည့်အစုံဖတ်ရန်

စစ်တွေမှာ ရွာကိုစီးနင်းပြီးဖမ်းသွားတဲ့ ၁၆ ဦးအနက် ၁၃ ဦးကို စစ်ကောင်စီက လွှတ်ပေးပြီး သုံးဦးကိုဆက်ဖမ်းထား

August 28, 2024

စစ်တွေ- ၂၀၂၄ သြဂုတ်၂၇ (မော်ကွန်း) ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက မင်းဒြားချိတ်ရွာဟောင်းကို ဝင်စီးပြီး ရွာသား ၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ၁၃ ဦးကို ပြန်လွှတ်ပေးလိုက်ပေမယ့် သုံးဦးကို ဆက်လက်ဖမ်းချုပ်ထားတယ်လို့ ဒေသခံတချို့က ဒီနေ့ ပြောပါတယ်။ အဲဒီ ၁၆ ဦးကတော့ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီးရှိ မင်းဒြားချိတ်ရွာဟောင်းမှ ကိုဌေးဌေး၊ ထွန်းထွန်းနိုင်၊ မစန္ဒာဝင်း၊ မောင်ချေ၊ မောင်ခြောက်ချေ၊ ကိုသိန်းမင်းဌေး၊ သန်းဇော်ဌေး၊ ဆန်းမောင်လှ၊မဝင်းဝင်းဇော် ၊သားကြီး၊ နေမင်းထွန်း၊ သန်းဇော်ဦး၊ဦးကျော်ချေ၊ညီပုချေဆိုသူနှင့် မောင်သားပုချေတို့ သားဖနှစ်ဦးဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။ သူတို့ကို သြဂုတ် ၂၁ ရက်၊ ည ၁၂ နာရီလောက်မှာ စစ်ကောင်စီရဲ့ ရဲနဲ့စစ်သားတွေက ရွာကိုဝင်စီးနင်းပြီး ဖမ်းဆီးသွားခဲ့ကြတာလို့ ဒေသခံတချို့က ပြောပါတယ်။ ” […]

အပြည့်အစုံဖတ်ရန်

ရွှေစျေး အနည်းငယ်ပြန်လည်ကျဆင်း

August 28, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၇ (မော်ကွန်း) ပြီးခဲ့တဲ့သီတင်းပတ်က တစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်ထိ မြင့်တက်သွားတဲ့ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ဒီသီတင်းပတ်မှာတော့ အနည်းငယ် ပြန်လည်ကျဆင်းလာတယ်လို့ ဈေးကွက်လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။ မနေ့ကတော့ ဈေးကွက်အဖွင့်မှာ တစ်ကျပ်သားကို ကျပ် ၇၄ သိန်းနဲ့ စဖွင့်ခဲ့ပြီး ဒီနေ့ညနေပိုင်းမှာတော့ တစ်ကျပ်သားကို ကျပ်သိန်း ၇၀ ဝန်းကျင်မှာပဲ ဈေးကွက်ပိတ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး အတက်ကြမ်းနေတဲ့ ၁၆ ပဲရည် အခေါက်ရွှေဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ ဒီလလယ်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးတွေကိုရောက်ရှိခဲ့ပါတယ်။ အခုလ ဒုတိယအပတ်မှာဆိုရင် ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၈၀ ဝန်းကျင်နဲ့ ကန်ဒေါ်လာဈေးဟာလည်း တစ်ဒေါ်လာကို ၇,၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့တာပါ။ ဒီနောက်ပိုင်း စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးခဲ့ပြီးနောက်မှာ […]

အပြည့်အစုံဖတ်ရန်

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ အရေပြားရောဂါဖြစ်ပွားနေ

August 27, 2024

ပုဏ္ဏားကျွန်း – ၂၀၂၄ သြဂုတ်၂၆ (မော်ကွန်း) အာရက္ခတပ်တော်(AA) ရဲ့ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင် ၂၅၀ ကျော်မှာ အရေပြားရောဂါတွေဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေနဲ့ ကူညီနေသူတချို့က ပြောပါတယ်။ သူတို့ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေဖြစ်ကြပြီး လူဦးရေ ၃၀၀ ကျော်ရှိတဲ့အနက် ကလေးငယ်တွေအပါအဝင် ၂၅၀ ကျော်မှာ အရေပြားရောဂါဝေဒနာတွေ ခံစားနေကြရတာ ဖြစ်တယ်လို့ သူတို့ကပြောကြပါတယ်။ ” တစ်ကိုယ်လုံးမှာ အဖုလေးတွေထွက်ပြီး ဖြစ်နေကြတာ။ ယားနာလိုမျိုး၊ ကူးတယ်။ လက်နဲ့ကုပ်မိရင် အနာစေးတွေက တခြားတစ်နေရာကိုထိမိပြီး ထပ်ပေါက်တယ်။ အဲဒီလိုနဲ့ပဲ ခန္ဓာကိုယ်အနှံ့ပြန့်သွားတယ်။ လူကြီးတွေက လက်နဲ့မကုပ်မိအောင် ထိန်းလို့ရပေမယ့် ကလေးတွေကကျတော့မခံနိုင်ကြဘူး။ ယားရင်လက်နဲ့ကုပ်လိုက် ၊ အနာတွေကပိုပွားလာလိုက်နဲ့ ဖြစ်နေကြတာ “လို့ အဲဒီ စစ်ဘေးရှောင်စခန်းက […]

အပြည့်အစုံဖတ်ရန်

ဂွကစစ်ကောင်စီတပ်တွေ နေ့စဉ် လက်နက်ကြီးပစ်ကူနေ၊ မြို့ခံတချို့ ပြန်ဝင်နေကြတယ်လို့ဆို

August 27, 2024

ဂွ- ၂၀၂၄ ဩဂုတ် ၂၆ (မော်ကွန်း) ဂွမှာ အခြေစိုက်တဲ့စစ်ကောင်စီတပ်က ဂွမြို့နယ်နဲ့သံတွဲမြို့နယ်အစပ်ဘက်ကို လက်နက်ကြီးပစ်တာတွေ နေ့စဉ် တောက်လျှောက် လုပ်ဆောင်နေပေမယ့် မြို့ခံတချို့ကတော့ မြို့ကိုပြန်ဝင်နေကြတာတွေရှိတယ်လို့ ဂွမြို့ခံတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဂွမြို့နယ်နဲ့သံတွဲမြို့နယ်အစပ်က ကျိန္တလီမြို့မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဂွမြို့ပေါ်က စစ်ကောင်စီဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့အတွက် မြို့ခံတွေလည်း တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။ “ ဂွ-ငါးသိုင်းချောင်းလမ်း ရိုးပေါ် ၁၂ မိုင်နားမှာ မရမ်းဆိုတဲ့နေရာရှိတယ်။ အဲဒီမှာထိုင်ထားတဲ့တပ်ကနေ ပစ်တာ။ တစ်ချက်၊ တစ်ချက်ဆို မြေကြီးပါတုန်တယ်။ အဲဒီအချိန်တော့ လမ်းသွားလမ်းလာတွေကို သူတို့က( စစ်ကောင်စီ) ခဏပိတ်ထားတယ်။ နည်းတာကြီးတွေမဟုတ်ဘူး။ ဖင်ကမီးတွေထွက်ပြီး ကောင်းကင်မှာပြေးသွားတာကို အတိုင်းသားတွေ့နေရတာ” လို့ ဒီနေ့ အဲဒီပစ်ခတ်မှုကြောင့် ခေတ္တလမ်းပိတ်မိခဲ့တဲ့ ဂွမြို့ခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။ မြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကထက် လူတွေပိုမိုစည်းကားလာတယ်လို့လည်း […]

အပြည့်အစုံဖတ်ရန်

ဆားလင်းကြီးကရွာတွေဘက်ဆီ စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားအမျိုးသမီးနှစ်ဦးကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်

August 25, 2024

ဆားလင်းကြီး – ၂၀၂၄ ဩဂုတ် ၂၄ (မော်ကွန်း) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က အရပ်သားနေထိုင်ရာ ကျေးရွာတွေဘက်ကို အာဏာသိမ်းစစ်ကောင်စီဟာ မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မုံရွာဘက်ခြမ်းကနေ စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေဟာ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာစာသင်ကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ အသက် ၁၄ နှစ်အရွယ် မအင်ကြင်းခိုင်နဲ့ ၄၅ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတို့ကို လက်နက်ကြီးကျည်စတွေ ထိမှန်တာကြောင့် ဒဏ်ရာတွေပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံကပြောပါတယ်။ ” မအင်ကြင်းခိုင်ရဲ့ ပေါင်ထိမှန်တာ ပြတ်လုနီးပါးဖြစ်ခဲ့ပြီး အသက်၄၅နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းက လက်နက်ကြီးစ နောက်ကနေ ခါးကိုမှန်တယ်၊ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်” ဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မုံရွာမြို့နယ် […]

အပြည့်အစုံဖတ်ရန်

မြိုင်နယ်တိုက်ပွဲအပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအပါအဝင် အခြားအဆင့် အလောင်းငါးလောင်းထပ်မံတွေ့ရှိ

August 25, 2024

မြိုင် – ၂၀၂၄ ဩဂုတ် ၂၄ (မော်ကွန်း) မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွာသစ်ကျေးရွာကနေ ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းငါးလောင်းထပ်တွေ့ခဲ့ရတယ်လို့ အညာမြေတပ်ပေါင်းစု၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မော်ကွန်းကိုပြောပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေ ရွာသစ်ကျေးရွာကို နယ်မြေ ရှင်းလင်းခဲ့ပြီးတဲ့နောက် ဗိုလ်မှူးမင်းသိန်းကျော်၊ တပ်ကြပ်ကြီးခင်မောင်လွင်၊ တပ်သားရဲရင့်သွေးနဲ့ အမည်မသိရတဲ့ တပ်သားနှစ်ဦးအလောင်းတွေ မြေမြုပ်ထားတဲ့ ကျင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ရွာသစ်ဘုန်းကြီးကျောင်းအတွင်းပိုင်းနဲ့ ကျောင်းအရှေ့ဘက်တွေမှာ အလောင်းတွေကိုတွေ့ရတာဖြစ်ပြီး “တစ်ကျင်းတည်း နှစ်လောင်း သုံးလောင်းမြှုပ်ထားတာလည်းရှိတယ်၊ စုစုပေါင်းသုံးကျင်းတွေ့ရတယ်”လို့ အညာမြေတပ်တပ်ပေါင်းစုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မော်ကွန်းကို ပြောပါတယ်။ မနေ့ညနေမှာ စစ်ကောင်စီစစ်ကြောင်းဟာ သရက်ကန် ပျူစောထီးကျေးရွာကို ဆုတ်ခွာသွားပြီး နယ်မြေရှင်းလင်းချိန်မှာ 81mm ၊ 40mm ၊ RPG လက်နက်ကြီးကျည်တွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကန်ဒေါ်လာဈေးနှုန်းအနည်းငယ်ပြန်မာလာ

August 24, 2024

ရန်ကုန် – ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း) စက်သုံးဆီလုပ်ငန်းရှင်တွေကို စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ အခုရက်ပိုင်းအတွင်း ထုတ်ရောင်းပြီးနောက် ကျဆင်းသွားတဲ့ဒေါ်လာဈေးဟာ အခုရက်ပိုင်းမှာတော့ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ဟာ အခုသီတင်းပတ်အတွင်းမှာ ဒေါ်လာ သန်း ၁၀၀ ခန့်ရောင်းချပေးခဲ့ပြီးနောက်မှာ ဒေါ်လာဈေးဟာ အကျဘက်ကို ရောက်ရှိခဲ့ပြီး တစ်ဒေါ်လာကို ၅,၉၀၀ ကျပ်ဝန်းကျင်ကို ပြန်ရောက်သွားပေမယ့် လက်ရှိမှာ တစ်ဒေါ်လာကို ၆,၁၀၀ ကျပ် ဝန်းကျင်နဲ့ ပြင်ပဈေးကွက်မှာ ပေါက်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်း ဒေါ်လာပြင်ပပေါက်ဈေးဟာ တစ်ဒေါ်လာကို ကျပ် ၇,၀၀၀ နီးပါးထိ မြင့်တက်ခဲ့ပြီး ပြည်တွင်းမှာလည်း စက်သုံးဆီရှားပါးပြတ်လပ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်စစ်ကောင်စီဗဟိုဘဏ်ဟာ နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို အခုလ ၁၅ ရက်နဲ့ ၁၉ ရက်တို့မှာ ဒေါ်လာ […]

အပြည့်အစုံဖတ်ရန်

တောင်ကုတ်မြို့ပိတ်လိုက်တာကို မသိဘဲတက်လာတဲ့ဒေသခံခုနစ်ဦးကို စစ်ကောင်စီဖမ်း၊ အခုထိသတင်းမရသေးဘူးလို့ မြို့ခံတချို့ဆို

August 24, 2024

တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၃( မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ကို စစ်ကောင်စီစတင်ပိတ်ဆို့တဲ့ ဒီလ ၂၀ ရက်နေ့ကတည်းက အဖမ်းခံလိုက်ရတဲ့ ဒေသခံခုနစ်ဦးနဲ့ ဒီနေ့အထိအဆက်အသွယ်ပြန်မရသေးဘူးလို့ တောင်ကုတ်မြို့ခံတချို့က ပြောပါတယ်။ အဲဒီခုနစ်ဦးဟာ ဩဂုတ် ၂၀ ရက်မှာ တောင်ကုတ်မြို့၊ အဝင်အထွက်ကို စစ်ကောင်စီပိတ်ဆို့လိုက်တာမသိဘဲ မြို့ကိုတက်ပြီးဈေးလာဝယ်တဲ့ ကျေးလက်ကဒေသခံတွေလို့ မြို့ခံတချို့ကဆိုပါတယ်။ ” ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်တစ်ဖက်မှာ ရွာလေးတွေရှိကြတယ်။ အဲဒီနယ်ကလူတွေက မြို့ထဲကို ဈေးလာဝယ်နေကျပါ။ အဲဒီနေ့က မြို့အဝင်အထွက်ပိတ်တာကိုမသိဘဲ ဈေးလာဝယ်ကြရင်း အဖမ်းခံရတာလို့တော့ ယူဆတာပဲ။ ဒီနေ့အထိတော့ပြန်လွတ်သံ မကြားမိသေးဘူး” လို့ တောင်ကုတ်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကို တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်းတွေမှာ ထိန်းသိမ်းထားတယ်လို့ သတင်းတွေကြားရပြီး မြို့အဝင်အထွက်ပိတ်ထားတာကြောင့် ဖမ်းဆီးခံရသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်းကို သိနိုင်ဖို့ခက်ခဲတယ်လို့လည်း သတင်းရင်းမြစ်ကပြောပါတယ်။ ” […]

အပြည့်အစုံဖတ်ရန်

တစ်ပတ်အတွင်း တိုက်ပွဲသတင်း

August 24, 2024

ရန်ကုန်- ၂၀၂၄ ဩဂုတ် ၂၃ (မော်ကွန်း) ဒီသီတင်းပတ်ထဲမှာလည်း နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက်ရှိနေခဲ့ပြီး နယ်မြို့ကြီးတချို့ကို မဆုံးရှုံးရစေဖို့ စစ်ကောင်စီဟာ အသည်းအသန်ခုခံနေရပါတယ်။ စစ်ကိုင်း စစ်ကိုင်းတိုင်းက အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးနဲ့ ဒီပဲယင်းမြို့တွေက စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီသီတင်းပတ်ထဲမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလ ၁၆ ရက်မှာ အင်းတော်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေထိ တော်လှန်ရေးတပ်တွေက ဝင်တိုက်ခဲ့ပြီး မြို့ပေါ် တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲတွေကြောင့် မန္တလေး-မြစ်ကြီးနား ကားလမ်းဟာ အင်းတော်ဒေသမှာ ပိတ်ထားလိုက်ရပြီး ကုန်တင်ကားနဲ့ ခရီးသည်တင်ကားတွေ ရာနဲ့ချီပိတ်မိခဲ့ကာ မန္တလေး- ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းဟာ ပြတ်တောက်သွားခဲ့ပါတယ်။ ဒီလ ၁၅ ရက်မှာ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲမှာရှိတဲ့ ပင်လည်ဘူးမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ […]

အပြည့်အစုံဖတ်ရန်
1 … 43 44 45 46 47 48 49 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."