သတင်းများ

ရေလွှမ်းမိုးမှုကြောင့် မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေထဲမှာ သေဆုံးသူအများအပြားရှိလာ

September 12, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၁၂ (မော်ကွန်း) မန္တလေးတိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတို့မှာ ရေကြီးရေလျှံပြီး ရေထဲမျောပါသွားတာကြောင့် သေဆုံးသူတွေအများအပြားရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ် ဆည်ကြီး၊ ညောင်အိုင်၊ မြင်းနားနဲ့ ကံသာအေး စတဲ့ကျေးရွာတွေမှာ ရေလွှမ်းမိုးတာကြောင့် ဒေသခံ ၁၀ ဦး  သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီမနက်မှာထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်းမှာပဲ ရမည်းသင်းမြို့နယ်ထဲမှာ ရေစီးနဲ့အတူ မျောလာတဲ့ အလောင်းခုနစ်လောင်း ထပ်မံတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာဆိုရင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူတချို့ရှိခဲ့ပြီး ရေထဲမျောပါသူတချို့လည်းရှိခဲ့တာပါ။ တပ်ကုန်းမြို့မှာဆိုရင် ဒီနေ့မနက်ပိုင်းက ရေစီးနဲ့မျောပါသွားတာကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတချို့က ထုတ်ပြန်ထားပါတယ်။ လက်ရှိဖြစ်နေတဲ့ရေဘေးကြောင့် သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ မပြေးလွှားနိုင်တဲ့သူတွေနဲ့ အမျိုးသမီးတွေ ပါဝင်တယ်လို့ […]

အပြည့်အစုံဖတ်ရန်

မြဝတီမှာ သောင်ရင်းမြစ်ရေတက်လာလို့ နေအိမ်တွေပါ ရေနစ်မြုပ်

September 12, 2024

မြဝတီ – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း) ထိုင်း-မြန်မာနယ်စပ်ကြားက သောင်ရင်းမြစ်ရေတွေ မြင့်တက်လာပြီး မြဝတီမြို့ပေါ်မှာ နေအိမ်တွေပါ နစ်မြုပ်တဲ့အထိ ရေကြီး၊ ရေလျှံမှုတွေဖြစ်နေကြောင်း မြို့ခံတွေဆီကသိရပါတယ်။ မြဝတီလိုပဲ သောင်ရင်းမြစ်တစ်ဘက်ကမ်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ချစ်ကြည်ရေးတံတားအနီးတဝိုက်မှာလည်း ရေကြီး၊ ရေလျှံမှုတွေဖြစ်နေပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ်အောက်ကနေ အထက်ကို စက်တင်ဘာ ၈၊ ၉၊ ၁၀ ရက်တွေမှာ လျှင်မြန်စွာမြင့်တက်လာတာကို ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ ၁၀ ရက် မနက်ပိုင်းကစလို့ သောင်ရင်းမြစ်နဲ့နီးတဲ့ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်တွေကို ရေစဝင်ပြီး နေအိမ်တွေ ရေနစ်မြုပ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။ ဒီနေ့ မြဝတီဒေသခံကို ဆက်သွယ်မေးမြန်းရာမှာ“ပြည်သူတွေက ရေဘေးရှောင်နေရတယ်၊ ဘုန်းကြီးကျောင်းတို့၊ အမျိုးအိမ်တို့မှာ သွားနေကြပါတယ်၊ ရေကမကျဘဲနဲ့ […]

အပြည့်အစုံဖတ်ရန်

တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်းမှာ မိုးများပြီး ရေလွှမ်းမိုးမှုများဖြစ်ပေါ်

September 12, 2024

တောင်ကြီး – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း) အခုရက်ပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်း Yagi ကြောင့် ရှမ်းတောင်နဲ့ အရှေ့ပိုင်းဒေသက မြို့တချို့မှာ ရေကြီးရေလျှံနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအသင်းတချို့က ပြောပါတယ်။ ရှမ်းတောင်ပိုင်းက တောင်ကြီး၊ ရွှေညောင်၊ ညောင်ရွှေ၊ အောင်ပန်းနဲ့ ကလောမြို့တို့မှာ အခုရက်ပိုင်းက အဆက်အပြတ်ရွာသွန်းတဲ့ မိုးကြောင့် ရေကြီးရေလျှံမှုတွေဖြစ်နေတာပါ။ ဒီနေ့မနက်ပိုင်းမှာ ရွှေညောင်-ညောင်ရွှေ လမ်းပိုင်းရေနစ်မြုပ်ကာ ကားတွေပိတ်နေပြီး ရွှေညောင်မြို့မဈေးတစ်ခုလုံး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ “ရွှေညောင်က အရေးပေါ်ဖြစ်နေပါပြီ၊ ပြည်ထောင်စုလမ်းနဲ့ ရထားလမ်းကလွဲပြီး တစ်မြို့လုံးနစ်မြုပ်နေတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။ ဒါ့ပြင် တောင်ကြီးမြို့မှာဆိုရင်လည်း ဒီနေ့မနက်ပိုင်းမှာ တောင်အောက်က အနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနစ်မြုပ်နေကာ အခြေခံကျောင်းတွေနဲ့ ပုဂ္ဂလိကစာသင်ကျောင်းတချို့ကိုပါ ပိတ်ထားရပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ကျောက်ဖြူမြို့ကို ဈေးလာဝယ်တဲ့ အမျိုးသမီးခြောက်ဦးကို စစ်ကောင်စီက တရားမဝင်ရိက္ခာသယ်ယူမှုဖြင့်စွပ်စွဲကာ ထောင်ချ

September 12, 2024

ကျောက်ဖြူ – ၂၀၂၄ စက်တင်ဘာ ၁၁( မော်ကွန်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကျောက်ဖြူမြို့ကို နယ်ဘက်ကနေ ဈေးလာဝယ်ကြတဲ့ အမျိုးသမီးခြောက်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် တရားမဝင်ရိက္ခာသယ်ယူသည်ဟုစွပ်စွဲကာကာ ထောင်ဒဏ်တစ်လ အသီးသီးချမှတ်လိုက်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီခြောက်ဦးဟာ ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာဒေသခံတွေဖြစ်ကြပြီး စက်တင်ဘာလ ၈ ရက် မနက်ပိုင်းက ကျောက်ဖြူမြို့ကို ရေလမ်းမှစက်လှေနဲ့ ရောက်လာစဉ် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ပြောကြပါတယ်။ ” အဖမ်းခံလိုက်ရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦးလည်း ပါပါတယ်။ အမျိုးသမီး သီးသန့်စုပြီး အဖော်နဲ့ဈေးလာဝယ်ကြတာ ထင်ပါတယ်။ GTI တက္ကသိုလ်ကျောင်း အနောက်ဘက်မှာ အဖမ်းခံလိုက်ရတာ” လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက ဒီနေ့ ပြောပါတယ်။ ဖမ်းပြီးနောက် ကျောက်ဖြူမြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ကာ နောက်ရက်မှာပဲ ထောင်ဒဏ် တစ်လချလိုက်တာလို့ ဂုံးချိန်ရွာ […]

အပြည့်အစုံဖတ်ရန်

နေပြည်တော်က ကျေးရွာအများအပြား ရေကြီးနစ်မြုပ်နေ

September 12, 2024

နေပြည်တော် – ၂၀၂၄ စက်တင်ဘာ ၁၁ (မော်ကွန်း) စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်တွေမှာ ဒီနေ့မနက်က ရေကြီးရေလျှံတာကြောင့် ရပ်ကွက်၊ ကျေးရွာအများအပြား ရေနစ်မြုပ်နေကာ ဒေသခံတွေပိတ်မိနေလို့ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေရတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတချို့က ပြောပါတယ်။ နေပြည်တော်က ပျဉ်းမနား၊ တပ်ကုန်းမြို့တွေနဲ့ မန္တလေးတိုင်းက ရမည်းသင်းနဲ့ လယ်ဝေး စတဲ့မြို့နယ်တွေမှာ ဒီနေ့မနက်ပိုင်းက တောင်ကျချောင်းရေတွေ ဝင်ရောက်လာတာကြောင့် ရေကြီးနစ်မြုပ်နေတာပါ။ ရန်ကုန်-မန္တလေးလမ်းဟောင်းအပါအဝင် အဲဒီလမ်းဟောင်းတစ်လျှောက်က ရွာတော်တော်များများဟာ ဒီနေ့မနက်ပိုင်းမှာ ရေနစ်မြုပ်နေကာ ပိတ်မိနေတဲ့ ဒေသတွေက လူမှုကယ်ဆယ်ရေးအသင်းတွေဆီ ဆက်သွယ်အကူအညီတောင်းခံနေကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း တွေ့မြင်ရပါတယ်။ နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့ တပ်ကုန်းမြို့နယ်မှာ ရေလွှမ်းမိုးမှုဟာ အဆိုးဝါးဆုံးဖြစ်နေပြီး ကျေးရွာတချို့မှာဆိုရင် နေအိမ်ခေါင်မိုးတွေထိ ရေနစ်မြုပ်နေကာ ဒေသခံတွေလည်း အများအပြားပိတ်မိနေတာပါ။ ငလိုက်ဆည်ဘက်ကကျလာတဲ့ တောင်ကျချောင်းရေစီးဆင်းတာကြောင့် နေအိမ်တချို့ […]

အပြည့်အစုံဖတ်ရန်

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကုတ်မြို့ပေါ် ရပ်ကွက်တချို့ ရေနစ်မြုပ်နေ

September 12, 2024

တောင်ကုတ် – ၂၀၂၄ စက်တင်ဘာ ၁၂ ( မော်ကွန်း) မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရခိုင်ပြည်နယ် ၊တောင်ကုတ်မြို့ပေါ်က ရပ်ကွက်တစ်ချို့မှာ တောင်ကျချောင်းရေတွေ ဝင်ရောက်ကာ ရေနစ်မြုပ်နေပါတယ်။ တောင်ကုတ်မြို့ပေါ်ရှိ ဂူတာရပ်ကွက်အုပ်စုက ဆေးရုံကွက်သစ်၊ မီးစက်ကွက်သစ်၊ ကံပိုင်းရပ်ကွက်အုပ်စုက အင်းခုံတောင်၊ ချောင်းကောက်ရပ်ကွက်နှင့် သိမ်တောင်ရပ်ကွက်စတဲ့မြေနိမ့်ပိုင်းတွေမှာ ရေလွှမ်းမိုးနေတာပါ။ ” မိုးက အဆက်မပြတ်ရွာနေတာက လေးရက်ရှိပြီ ။ မိုးကတအားသည်းတော့ တောင်ကျချောင်းရေတွေက အနိမ့်ပိုင်းရပ်ကွက်တွေကို ဝင်ပြီးတော့ အိမ်တွေပါနစ်မြှုပ်နေတယ်။ မိုးဒီလိုအဆက်မပြတ်ရွာပုံမျိုးနဲ့ဆို ရေကထပ်တက်လာနိုင်ခြေရှိပါသေးတယ်” လို့တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။ လက်ရှိမှာ ရေနစ်မြှုပ်နေတဲ့ရပ်ကွက်တွေကဒေသခံအချို့ဟာ ရေထပ်တက်လာမှာကို စိုးရိမ်ပြီး ကုန်းမြင့်ပိုင်းဒေသက ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေဆီပြောင်းရွှေ့နေကြရပါတယ်။ ” ရေကဒီလောက်နဲ့ပြန်ကျသွားမယ့် အခြေအနေမရှိလို့ အရေးပေါ်အခြေအနေမဖြစ်ခင် ကြိုတင်ပြောင်းရွှေ့နေတာပါ။ ကလေးတွေနဲ့ဆိုတော့ စိတ်ပူတယ်။ ချောင်းရေက ဝင်ပြီဆိုတာနဲ့ဒလဟောဝင်လာတာ။ အခုတောင် စားဖို့သောက်ဖို့ ဘာမှမပါလာဘူး။ အိမ်မှာရှိတဲ့ဆန်အိတ်တွေလည်း […]

အပြည့်အစုံဖတ်ရန်

လေကြောင်းတိုက်ခိုက်မှုဘေးကြောင့် စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေရတယ်လို့ ရခိုင်ဒေသခံတစ်ချို့ဆို

September 10, 2024

မြောက်ဦး- ၂၀၂၄ စက်တင်ဘာ ၁၀ (မော်ကွန်း) တိုက်ပွဲမရှိတဲ့ ရခိုင်ပြည်နယ်ကမြို့ရွာတွေအပေါ် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာတွေ ဆက်တိုက်ဆိုသလို လုပ်လာတဲ့နောက် စိုးရိမ်ထိတ်လန့်စွာ ရှင်သန်နေကြရတယ်လို့ ရခိုင်ဒေသခံတစ်ချို့က ပြောပါတယ်။ စစ်ကောင်စီဟာ ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်က အာရက္ခတပ်တော်(AA) သိမ်းထားပြီးဖြစ်တဲ့ မြို့တွေကို ဗုံးကြဲတာတွေ ဆက်တိုက်လုပ်တာကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးမှု မြင့်တက်နေတာပါ။ ” ကျွန်တော်တို့မြို့မှာ လေယာဉ်လာရင် သတိပေးတဲ့ဥသြဆွဲသံတွေလည်းမရှိတော့ ကမန်းကတမ်းထပြေးရတဲ့ အချိန်တွေရှိတယ်။ ဗုံးခိုကျင်းကလည်း ရေပြည့်နေတော့ ပုန်းခိုဖို့နေရာတွေလည်းခက်ခဲတယ်” လို့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကဒေသခံတစ်ဦးက ဒီနေ့ပြောပါတယ်။ ဒီမြို့ကို ဒီလ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် မြို့ပေါ်မှာ နေထိုင်သူတစ်ဦးသေကာ ငါးဦးဒဏ်ရာရခဲ့တာပါ။ “ လူစုလူဝေးတွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ […]

အပြည့်အစုံဖတ်ရန်

ဗျိုင်းဖြူရွာသား နောက်ထပ် ၁၄၀ ကို စစ်ကောင်စီက ထောင်ဒဏ် သုံးနှစ်စီချမှတ်

September 9, 2024

စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၇ (မော်ကွန်း) မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နဲ့ အမှုဖွင့်ခံထားရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာသား နောက်ထပ် ၁၄၀ ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်စီ မနေ့တုန်းက ချမှတ်လိုက်တယ်လို့မိသားစုဝင်တချို့က ပြောပါတယ်။ ” အကုန်လုံးကို နေ့လယ် ၂ နာရီကျော်လောက်က ရုံးထုတ်ပြီးတော့ အမိန့်ချလိုက်တာပါ။ AA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတာပါ။ ဥပေဒက သူတို့လက်ထဲမှာပဲရှိတာကိုး၊ ဘယ်တတ်နိုင်ပါ့မလဲ။ သက်ရှိထင်ရှားရှိနေသေးတာကိုပဲကံကောင်းတယ်လို့ မှတ်ယူရတော့မှာပေါ့” လို့ ထောင်ဒဏ်ချမှတ်ခံရသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။ သြဂုတ် ၃၀ရက်ကလည်း မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ခံထားရတဲ့ ဗျိုင်းဖြူရွာသား ၁၄၈ ဦးကို စစ်တွေထောင် စစ်ကောင်စီအထူးတရားရုံးကနေ ထောင်ဒဏ် သုံးနှစ်စီချမှတ်ခဲ့ပါသေးတယ်။ မေလ၂၉ ရက်တုန်းက စစ်ကောင်စီတပ်သားတွေနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ […]

အပြည့်အစုံဖတ်ရန်

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲ၊ အထက်တန်းပြကျောင်းဆရာ တစ်ဦးသေဆုံးကာငါးဦးဒဏ်ရာရရှိ

September 9, 2024

သံတွဲ- ၂၀၂၄ စက်တင်ဘာ ၉ ( မော်ကွန်း) အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်‌တောင်ပိုင်းက သံတွဲမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် အထက်တန်းပြကျောင်းဆရာတစ်ဦး သေဆုံးကာ ငါးဦးဒဏ်ရာရသွားခဲ့တယ်လို့ မြို့ခံတချို့က ပြောပါတယ်။ စက်တင်ဘာလ ၇ ရက် ညနေပိုင်းက ဂျက်ဖိုက်တာတစ်စီးနဲ့ လာရောက်ဗုံးကြဲတာကြောင့် သံတွဲမြို့က အမှတ်(၇) ဗောဓိကုန်းရပ်ကွက်နဲ့ အံတော် (၈)ရပ်ကွက်တို့က နေအိမ်တွေကို ဗုံးသီးတွေ ကျရောက်ပေါက်ကွဲကာ အခုလိုသေဆုံးဒဏ်ရာရရှိသွားကြတာဖြစ်တယ်လို့ သံတွဲမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ ” သေသွားတဲ့ကျောင်းဆရာဆို သူ့အိမ်မှာသူနေရင်း အိမ်ပေါ်ကိုဗုံးကျပြီး ပွဲချင်းပြီးသေသွားတာပါ။ ပြီးတော့ အမှတ် ၇ ရပ်ကွက်မှာလည်း ဗုံးသီး သုံးလုံးလာကျတယ်။ ဒဏ်ရာရရှိသူတွေအကုန်လုံးက တစ်ရပ်ကွက်တည်းသားတွေချည်းပဲ။ အကုန်လုံးအိမ်မှာပဲနေရင်း ဗုံးစထိပြီးဒဏ်ရာရရသွားကြတာ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

အနန်းကွင်းအနီးက ကျုံခဝန်ရွာကို စစ်ကောင်စီ ဗုံးကြဲ

September 9, 2024

ဝင်းရေး – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း) ကေအဲန်ယူ- တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ အနန်းကွင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေချိန် အနန်းကွင်းရွာအနီးက ကျုံခဝန်ရွာကို လေကြောင်းကနေ ဒီကနေ့ နံနက်အစောပိုင်း ဗုံးကြဲတိုက်ခိုက်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ဖျက်အားပြင်းဗုံးတွေကို အသုံးပြုခဲ့ပြီး ကျုံခဝန်ရွာတောင်ခြေကိုကြဲချတာကြောင့် အသက် ၅၀ ကျော်အမျိုးသားတစ်ဦးနဲ့ ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။ နောက်ထပ် ဒေသခံတစ်ဦးရဲ့ နေအိမ်ကတော့ ပျက်စီးသွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ရွာမှာမရှိဘူးဘူးလို့ ဒေသခံကပြောပါတယ်။ လတ်တလော စစ်ကောင်စီဟာ အရပ်သားနေထိုင်ရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ ကရင်နီဒေသ စစ်ရှောင်စခန်း၊ အညာဒေသ မြိုင်မြို့နယ်က စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအနည်းဆုံး […]

အပြည့်အစုံဖတ်ရန်

လားရှိုးမှာ စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ကျဥ်းတစ်ဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရ

September 9, 2024

လားရှိုး – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီနေ့မနက် ၁၀း၀၀ နာရီဝန်းကျင်က လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် နိုင်ငံရေးအကျဥ်းသားတစ်ဦးသေဆုံးပြီး ပြည်သူ ၁၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူဆီကသိရပါတယ်။ လားရှိုးမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနဲ့ ဗျူဟာလမ်းမပေါ် မှာ လေယာဥ်နဲ့ ကြဲချတဲ့ ဗုံးပေါက်ကွဲခဲ့ပြီး ထွေအုပ်ရုံးနဲ့ အနီးတစ်ဝိုက်က ပြည်သူတွေ ထိမှန်ခဲ့တာလို့ လားရှိုးမြို့နေထိုင်သူ တစ်ဦးကပြောပါတယ်။ “ တစ်ဦးသေဆုံးပါတယ်၊ ၁၃ ယောက်လောက် ပြည်သူထိခိုက် ဒဏ်ရာရထားပါတယ်၊ အသေးစိတ် ထပ်တိုးမသိရသေးပါဘူး” လို့ သူကပြောပါတယ်။ လားရှိုးမြို့ ကို စစ်တပ်က မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသပေးနေတယ်လို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) က […]

အပြည့်အစုံဖတ်ရန်

မြန်မာကျပ်ငွေ အနည်းငယ်ပြန်မာလာ

September 9, 2024

ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၉ (မော်ကွန်း) ငွေကြေးဈေးကွက်ထဲမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ဆက်တိုက်ကျဆင်းလာပြီးဒီနေ့မှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ အောက်ကို စတင်ရောက်ရှိလာတယ်လို့ ဈေးကွက်လေ့လာကြည့်သူတချို့က ပြောပါတယ်။ ငွေဈေးဖွင့်လှစ်မှုတွေအရ အမေရိကန်ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ် တို့အပါအဝင် နိုင်ငံခြားငွေဈေးတွေ အရှိန်ကောင်းကောင်းနဲ့ ကျဆင်းနေပြီး အကျအားကောင်းနေသေးတဲ့ အနေအထားဖြစ်တယ်လို့ ပြည်တွင်းငွေကြေးဈေးကွက် လေ့လာစောင့်ကြည့်လေ့လာတဲ့ Myanmar Market Price ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့လယ်ပိုင်းက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက တစ်ဒေါ်လာကို ၆,၀၀၀ ကျပ်ဝန်းကျင်မှာရှိတဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းဟာ သီတင်းပတ်တစ်ပတ်ကျော်အတွင်းမှာ တစ်ဒေါ်လာကို ကျပ် ၅,၀၀၀ ဝန်းကျင်ကို စတင်ကျဆင်းသွားပြီး တစ်ဘတ်ကို ၁၆၉ ကျပ် ဝန်းကျင်ရှိတဲ့ ထိုင်းဘတ်လဲလှယ်နှုန်းဟာ ဒီနေ့မှာတော့ တစ်ဘတ်ကို ၁၄၀ ကျပ် […]

အပြည့်အစုံဖတ်ရန်
1 … 40 41 42 43 44 45 46 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."