ဆားလင်းကြီး – ၂၀၂၄ ဩဂုတ် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က အရပ်သားနေထိုင်ရာ ကျေးရွာတွေဘက်ကို အာဏာသိမ်းစစ်ကောင်စီဟာ မနေ့က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦးကို ထိမှန်ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မုံရွာဘက်ခြမ်းကနေ စစ်ကောင်စီတပ်တွေပစ်ခတ်လိုက်တဲ့ ၁၂၀ မမ လက်နက်ကြီးတွေဟာ ချင်းတွင်းမြစ်တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာစာသင်ကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
အသက် ၁၄ နှစ်အရွယ် မအင်ကြင်းခိုင်နဲ့ ၄၅ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းတို့ကို လက်နက်ကြီးကျည်စတွေ ထိမှန်တာကြောင့် ဒဏ်ရာတွေပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံကပြောပါတယ်။
” မအင်ကြင်းခိုင်ရဲ့ ပေါင်ထိမှန်တာ ပြတ်လုနီးပါးဖြစ်ခဲ့ပြီး အသက်၄၅နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းက လက်နက်ကြီးစ နောက်ကနေ ခါးကိုမှန်တယ်၊ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေနေမှာရှိတယ်” ဆားလင်းကြီး ပ.အ.ဖ အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
မုံရွာမြို့နယ် ညောင်ပင်သာစစ်ကောင်စီဂိတ်ကနေ ပစ်ခတ်တာဖြစ်ပြီး လက်နက်ကြီးအကြိမ်ရေ ငါးကြိမ်လောက်ရှိခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပ.အ.ဖအဖွဲ့ဝင်ကပြောပါတယ်။
ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံပို့ဆောင်ထားပြီး ၁၄ နှစ်အရွယ်မိန်းကလေးဟာ ပေါင်ဖြတ်ရနိုင်ချေရှိကာ ၄၅ နှစ်အရွယ်ကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆေးရုံကိုပို့ဆောင်ပေးခဲ့သူတစ်ဦးကပြောပါတယ်။
အခုလထဲမှာ မုံရွာမြို့ဘက်ကမ်းက စစ်ကောင်စီတပ်တွေ ဆားလင်းကြီး၊ ယင်းမာပင်နယ်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားထိမှန်တာ နှစ်ကြိမ်ရှိပြီး ကိုယ်ဝန်ဆောင်တစ်ဦးလည်း ဆီးစပ်ကိုထိမှန်ခဲ့လို ကိုယ်ဝန်ပျက်ကျခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်ခဲ့တဲ့ ၁၄ နှစ်အရွယ်မိန်းကလေး
ဓါတ်ပုံ – Supplied
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

