သတင်းများ

ပြည်ပမှပြန်လာသူများအား COVID – 19 အခြေအနေစောင့်ကြည့်ရန် ထားရှိမည့် သိမ်ဖြူလက်ဝှေ့ရုံ စည်ပင်ပိုးသတ်ဆေးဖြန်း

March 22, 2020

မတ် ၂၂ ၊ ၂၀၂၀ (မော်ကွန်း) ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများအား COVID- 19 အခြေအနေ စောင့်ကြည့်ထားရှိမည့် သိမ်ဖြူလက်ဝှေ့ရုံကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ယနေ့ နံနက်ပိုင်းက ပိုးသတ်ဆေးဖြန်းခဲ့သည်။ ထို့အပြင် ကြည့်မြင်တိုင်တွင်ရှိသည့် ဗဟိုစံပြငါးဈေးတွင် ပိုးသတ်ဆေးဖြန်းခဲ့ကြပြီး ယမန်နေ့ကလည်း ပုဇွန်တောင်ဈေးရှိ သားငါးတန်းတွင် စည်ပင်ဝန်ထမ်းများက ပိုးသတ်ဆေးဖြန်းခဲ့သည်။ ဓာတ်ပုံ – ဂေ ထော #Dailynews

အပြည့်အစုံဖတ်ရန်

သင်္ဃန်းကျွန်းတွင် တရားဝင်နေထိုင်ခွင့်မရှိသေးသည့် တရုတ်နိုင်ငံသားကိုးဆယ်ခန့် တွေ့ရှိ၊ COVID-19 သံသယမရှိ

March 22, 2020

ကောင်းထက်စံ ရန်ကုန် – ၂၀၂၀ မတ် ၂၂ (မော်ကွန်း)   သင်္ဃန်းကျွန်းမြို့နယ်မှာ တရားဝင်နေထိုင်ခွင့်ပြုမထားတဲ့ တရုတ်နိုင်ငံသားကိုးဆယ်နီးပါး တွေ့ရှိရတာကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက မနေ့ကညနေပိုင်းမှာ ဝင်ရောက်စစ်ဆေးရာ ပုံမှန်အပူချိန်သာရှိတဲ့အတွက် COVID-19 သံသယဖြစ်ဖွယ်မရှိကြောင်း တာဝန်ရှိသူများကပြောပါတယ်။   မနေ့ညနေ ၅း၀၀ ခန့်က သင်္ဃန်းကျွန်း ရန်ကုန်သစ်ရပ်ကွက် နှင်းဆီနီလမ်းနဲ့ပန်းဝါလမ်းမှာ တရုတ်နိုင်ငံသား အများအပြားရောက်ရှိနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေက သတင်းပို့ တာကြောင့် လွှတ်တော်ကိုယ်စားလှယ်၊ လဝက အရာရှိတွေနဲ့ ကျန်းမာရေးတာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့ရာ COVID-19 သံသယ ဖြစ်ဖွယ်မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက အတည်ပြုပါတယ်။   “ ကိုယ်ပူချိန်တိုင်းကြည့်တဲ့အခါ ပုံမှန်အပူချိန်ပဲတွေ့ရပါတယ်” လို့သူက နှင်းဆီနီလမ်းက တရုတ်နိုင်ငံသားတွေ နေထိုင်တဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မနေ့ညသန်းခေါင်ယံကပြောပါတယ်။ […]

အပြည့်အစုံဖတ်ရန်

ပုဇွန်တောင်ဈေး သားငါးတန်းများ စည်ပင်ပိုးသတ်ဆေးဖြန်း

March 21, 2020

ရန်ကုန် – ၂၀၂၀၊ မတ် ၂၁ (မော်ကွန်း) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် We Love Yangon ပရဟိတအဖွဲ့ တို့ပူးပေါင်းပြီး Covid 19 ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပုဇွန်တောင်ဈေးရှိ သား၊ငါးတန်းများတွင် စည်ပင်ဝန်ထမ်းများက ပိုးသတ်ဆေးဖြန်းခြင်းများ ယနေ့ လုပ်ဆောင်ခဲ့သည်။ ဓါတ်ပုံ – ဂေထော #Dailynews

အပြည့်အစုံဖတ်ရန်

ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားချက်

March 21, 2020

————————————————————– နေပြည်တော်- ၂၀၂၀ မတ် ၂၁   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်နိုင်ရေးအတွက် မေတ္တာရပ်ခံ ပန်ကြားချက် ဖြစ်ပါသည်။ #Dailynews

အပြည့်အစုံဖတ်ရန်

COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ တရုတ်ထောက်ပံ့၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ထားရှိစစ်ဆေးမည်

March 20, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ မတ် ၁၈ (မော်ကွန်း) တရုတ်အစိုးရက ထောက်ပံ့သော လူနှစ်ထောင်ကျော်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးကိရိယာများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ထားရှိကာ စစ်ဆေးသွားမည်ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။ ဒါတွေက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာပဲ ထားပြီး ရောဂါပိုးကို စမ်းသပ် စစ်ဆေးသွားရမှာပါ။ Rappid Test Kit (အမြန်စစ်ကိရိယာ) မဟုတ်တော့ တခြားနေရာတွေမှာ ဖြန့်ဝေသုံးစွဲသွားရမှာမဟုတ်ဘူးဟု ၎င်းကပြောသည်။ လူဦးရေ ၂,၀၁၆ ဦးအတွက် COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးကိရိယာများသည် မတ် ၁၇ ရက် ညတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယနေ့ညနေပိုင်းက […]

အပြည့်အစုံဖတ်ရန်

အခြေခံဥပဒေပြင်ဆင်ရေးမဲခွဲပွဲပြီးဆုံး၊ ၁၃၅ချက်အနက် လေးချက်ပြင်ဆင်နိုင်

March 20, 2020

ကျော်ဇေယျ ရန်ကုန်-၂၀၂၀ မတ် ၂၀ (မော်ကွန်း) အခြေခံဥပဒေကိုပြင်ဆင်ဖို့ တင်ပြထားတဲ့အချက် ၁၃၅ ချက်အနက် လိုအပ်တဲ့ ထောက်ခံမဲရရှိတဲ့ လေးချက်ကို ပြင်ဆင်သွားမယ်လို့ ဒီနေ့ပြီးဆုံးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒမဲခွဲပွဲအပြီးမှာ ပြည်ထောင်စုလွှတ်တော်နာယက က ကြေညာခဲ့ပါတယ်။ ၇၅ ရာခိုင်နှုန်းကျော် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ ရခဲ့တဲ့ အခြေခံဥပဒေပါ ဒီပုဒ်မလေးခုကို အခြေခံ ဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေတွေနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့လည်း သူက ပြော ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) မှာ အကျုံးဝင်တဲ့ ပြင်ဆင်ချက် ၅၅ ခုအနက် လိုအပ်တဲ့ ထောက်ခံ ဆန္ဒမဲ ရခဲ့တဲ့ ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က)ပါ ပြဌာန်းချက်တွေထဲက “အိုမင်းမစွမ်းသူများ”၊ “မသန်မစွမ်းသူများ” ဆိုတဲ့ ပြဌာန်းချက် တွေအစား “ […]

အပြည့်အစုံဖတ်ရန်

လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာနေ့တွက်စရိတ်ကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီသို့လှူဒါန်း

March 19, 2020

အောင်ပိုင် ရန်ကုန် – ၂၀၂၀၊ မတ် ၁၉ (မော်ကွန်း) ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာ ၁၂၈ သိန်းကျော်ကို လှူဒါန်းသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် ကြေညာသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ် ၈၅သိန်း၊ရှစ်သောင်းကျပ်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦး၏ နေ့တွက်စရိတ် ၄၃ သိန်း စုစုပေါင်း ၁၂၈ သိန်း၊ ရှစ်သောင်းကျပ်ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ “ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာ အစုအဖွဲ့ကိုယ်စားလှယ်တို့က ဗဟိုကော်မတီသို့ ယနေ့ မနက်ပိုင်းတွင် ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။ ဇန်နဝါရီ ၃၀ […]

အပြည့်အစုံဖတ်ရန်

ကိုဗစ်-၁၉ ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရေးထိခိုက်နိုင်

March 19, 2020

အောင်ထူးနိုင် ရန်ကုန် – ၂၀၂၀ မတ် ၁၉ (မော်ကွန်း) ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် လူစုလူဝေးဖြစ်စေမယ့် အခမ်းအနားနဲ့ ပွဲလမ်းသဘင်တွေကို အစိုးရက ပိတ်ပင်လိုက်ပြီးနောက် လေးကြိမ်မြောက်အဖြစ် ဧပြီလထဲမှာ ကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးဟာလည်း ဖြစ်နိုင်ချေနည်းသွားပြီလို့ ငြိမ်းချမ်းရေးဆိုင်ရာလေ့လာသူနဲ့ ပါဝင် ပတ်သက်နေသူတစ်ချို့က ပြောပါတယ်။ “ ဧပြီ ၃၀ ရက်နေ့အထိ လူစုလူဝေးက ကန့်သတ်ထားတဲ့ အတွက်ကြောင့်မို့ ဒီလိုအနေအထားမျိုးမှာ လုပ်ဖို့ဆိုတာကတော့ တော်တော်ခဲယဉ်းသွားလိမ့်မယ်” လို့ ညီလာခံကျင်းပနိုင်ချေအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောတယ်။ ဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်အဖြစ် လူစုလူဝေးကန့်သတ်ချက်ကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မတိုင်မီ ပြုလုပ်ရမယ့်အစည်းအဝေးတွေဖြစ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲမှုကော်မတီ (UPDJC) အစည်းအဝေး၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ခေါ်ယူဖို့လည်း အခက်အခဲဖြစ်မယ်လို့ […]

အပြည့်အစုံဖတ်ရန်
1 … 268 269 270 271 272 273 274 … 288

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."